Saturday, 14 June 2014

အသက် ၁၁၀ အဖွားဒေါ်ခွေး အကူအညီလိုနေပါသည်


၁၀-၆-၂၀၁၄ နတ်မောက်မြို့နယ် မကျီးချိကျေးရွာအုပ်စုတွင်နေထိုင်တဲ့ အဖွားဒေါ်ခွေးသည် အသက် ၁၁၀
တိတိရှိပြီလို့သိရပါတယ် ရွာမှာနေတယ်ဆိုတော့ အဖွားအတွက်စားရေးသောက်ရေးကဆင်းရဲတယ် မိသား
စုရှိသော်လည်း နွမ်းပါးလို့အပြည့်အဝမထောက်ပံ့နိုင်ဘူး မြန်မာပြည်မှာ အသက် ၁၁၀ ရှိတဲ့လူကြီးဆိုတာ
တွေ့ရဖို့အင်မတန်ခဲရင်းတယ် ပြီးတော့ဒီလိုအသက်ကြီးတွေကို ပူဇော်ကန်တော့ရဖို့ ပိုပြီးတော့ခက်ခဲတယ်
သီတင်းကျွတ်ပြီဆိုရင် မြို့မှာအလုပ်လုပ်နေတဲ့လူငယ်များက ရွာပြန်လာပြီး ကူညီစောင့်ရှောက်ကန်တော့ကြ
တယ်။ အဖွားဒေါ်ခွေးကအသက် ၁၁၀ ရှိပါပြီ မျက်စိလည်းမမြင်တော့ပါဘူး တစ်ယောက်တည်းဒုက္ခအရမ်း
ရောက်ပါတယ် စားဖို့မပြည့်စုံတဲ့ကြားထဲ မျက်စိကမမြင်ဆိုတော့ သနားဖို့အရမ်းကောင်းပါတယ်။ကျောက်ပန်
တောင်းဘူတာကနေရထားစီးသွားပြီးပင်းချောင်းဘူတာမှာဆင်းပြီး ဆိုင်ကယ်နဲ့သွားရင်လည်းအဖွားဒေါ်ခွေး
တို့ရွာကိုရောက်ပါတယ် လှူချင်လို့အဖွားရှိတဲ့နေရာကိုလိုက်ပို့ခိုင်းရင်လည်းရပါတယ် လူငယ်တစ်ယောက်
လိုက်ပို့ပါလိမ့်မယ် ဖုန်းနံပါတ်က (၀၉၄၂၀၀၈၃၇၁၁) နာမည် ကိုညီမင်းခိုင် ဖြစ်ပါတယ်။ အဖွားဒေါ်ခွေးအ
ကူညီအမြန် ရပါစေလို့ ဆုတောင်းပေးပါတယ်။

         လေးစားလျက်
         13.6.2014
          Tin Wai