Monday, 7 July 2014

အမျိုးသားများက လုပ်နေပေမယ့် ဘယ်တော့မှ ဝန်မခံချင်ကြတဲ့အရာ (၉)မျိုး


အမျိုးသားအားလုံး (ယောင်္ကျားစိတ်အပြည့်ရှိတဲ့သူများသာ) က အခြားဘယ်သူမှ မသိစေချင်တဲ့ သူတို့အကြောင်းတွေရှိပါတယ်။ မသင့်တော်တဲ့အပြုအမူတွေမဟုတ်ပဲ ဝန်ခံရမှာရှက်ကြတဲ့ သေးမွှားတဲ့ဖြစ်ရပ်လေးတွေပါ။
၁။ ပုံမှန် မျက်နှာဂျီးချွတ်တတ်ကြတယ်။
ဒါယောင်္ကျားအများစုလုပ်တဲ့အရာပေါ့ ဒါပေမယ့် ဝန်မခံတတ်ကြပါဘူး။ သူတို့ ပါးသိုင်းမွှေးရိုတ်ကြတယ် ဒီလောက်ထိပဲ ပြောရင်ပြောကြလိမ့်မယ်။ သူတို့တွေကလည်း အလှကုန်ပစ္စည်းတွေနဲ့ နှုတ်ခမ်းအဆီတွေ ဆောင်ထားတတ်ကြပါတယ်။ ပြီးတော့ ပုံမှန် အလှပြင်ဆိုင်မသွားရင်တောင်မှ
အိမ်မှာ ကိုယ့်မျက်နှာလေးကို ဂရုတစိုက်နဲ့ မျက်နှာနူးညံ့စေတဲ့အလှကုန်တွေ အသုံးပြုကြပါတယ်။ သူတို့လည်း အသားအရေကို ဂရုစိုက်ကြပါတယ်... ဒါသူတို့ အမှန်တကယ်လုပ်ကြပါတယ်။
၂။ မိန်းကလေးတွေသောက်တတ်တဲ့အအေးတွေကို မှာသောက်တတ်ကြတယ်။
ယောင်္ကျားလေးတွေကလည်း တချိန်လုံး ဘီယာခပ်အေးအေးကိုပဲ သောက်နေကြတာမဟုတ်ဘူး… တခါတလေ ပေါ့ပါးပြီး ပြင်ပြင်ဆင်ဆင်ရှိတဲ့ ခွက်ကလေးနဲ့ သောက်ရတဲ့အချိုရည်၊ ဝိုင်တွေကိုလည်း မှာသောက်တတ်ကြပါတယ်။
၃။ အမျိုးသမီးတွေနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းနဲ့ ဟာသအချစ်ဇာတ်လမ်းတွေကိုလည်း ကြည့်ကြတယ်။
အမျိုးသမီးတွေပဲ အဓိကမဟုတ်ပါဘူး။ အမျိုးသားတွေကလည်း ခေါင်းအုံးဖက်ပြီး ပေါက်ပေါက်ဗူးနဲ့ ဒီလိုဇာတ်လမ်းတွေကိုလည်း ကြည့်တတ်ကြပါတယ်။ “The Notebook” လို ဝမ်းနည်းကြေကွဲဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေကိုလည်း သူ
တို့ ညနက်ထိထိုင်ကြည့်တတ်ကြတာ ဘယ်တုန်းက ဝန်ခံဖူးလို့လဲ။
၎။ ငိုကြတယ်။
အမျိုးသားတွေက ဘေးနားမှာ လူတွေများနေရင် သူတို့ရဲ့ တန်ဖိုးရှိတဲ့ မျက်ရည်ကို ဘယ်တော့မှ ကျခွင့်ပေးကြမှာ မဟုတ်ပါဘူး။ သင် လက်ခံချင်မှ လက်ခံပေါ့။ သူတို့ အလွန်ဆုံးမှ ရှိုက်ရုံလောက်ပဲရှိမှာပါ။ နှလုံးသားတစ်ခုလုံးခါဝါချပြီး ငိုပစ်လိုက်တာမျိုးက ခပ်ရှားရှားပါ။ ဒါပေမ
ယ့် သူတို့လည်း ငိုကြတယ်ဆိုတာကို သင်သိထားသင့်ပါတယ်။
၅။ မြတ်မြတ်နိုးနိုးဖက်ထားတာ ခံချင်ကြတယ်။
ဒီလိုပြောရင် မထူးဆန်းပါဘူးဆိုပြီး သင်ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ချစ်တဲ့ကောင်မလေးရဲ့ မြတ်မြတ်နိုးနိုးဖက်ထားတာမျိုးကိုလည်း သူတို့နှစ်သက်ကြတယ်… ဆိုလိုချင်တာကတော့ ဖက်တဲ့သူပဲ တချိန်လုံးဖြစ်မနေချင်ဘူး ခံရတဲ့သူလည်း ဖြစ်ချင်တာပေါ့။ အချစ်တွေနဲ့ ခဏခဏ
ပွေ့ဖက်တတ်ကြတဲ့စုံတွဲဟာ ပိုပြီးနီးစပ်ကြပြီး စိတ်ဖိစီးမှုလည်း လျော့နည်းစေတယ်။
၆။ ဈေးဝယ်ထွက်ကြတယ်။
အဝတ်အစားဝယ်တာကတော့ မထူးဆန်းပါဘူး။ ယောင်္ကျားလေးတွေကလည်း အိမ်သာသုံးပစ္စည်းတွေ၊ မီးဖိုချောင်သုံးတွေ ဝယ်တဲ့အကျင့်ရှိကြတယ်။ ဒီလိုပစ္စည်းတွေဝယ်တော့မယ်ဆိုရင်တော့ သူတို့မိဘ၊ ချစ်သူကောင်မလေး တွေကို လိုက်ခဲ့ဖို့ မဖိတ်ခေါ်ဖူးကြပါဘူး။ ဒီကိစ္စဟာလည်း သူတို့
ဘဝရဲ့ တစိတ်တပိုင်းမှာ နေရာယူထားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။
၇။ အခြားယောင်္ကျားလေးတွေရဲ့ ပုံစံတွေကို အကဲခတ်ကြတယ်။
မေးရင်တော့ သူတို့ဝန်ခံမှာ မဟုတ်တာသေချာတယ်။ ဂရုမစိုက်သလိုအေးစက်စက်နေပေမယ့် ကွယ်ရာကနေ သဘောကျတဲ့စတိုင်ကို အကဲခတ်ပြီး မသိမသာအတုခိုးတတ်ကြတယ်။
၈။ ပိုပြီးခန့်ညားသွားအောင် ဗိုက်သားကို ကျုံ့ထားတတ်ကြတယ်။
ဒါကတော့ ရယ်စရာကောင်းပေမယ့် တကယ်မှန်ပါတယ်။ ယောင်္ကျားလေးတွေ ဓါတ်ပုံရိုက်တော့မယ်ဆိုရင် မမြင်နိုင်တဲ့အင်္ကျီအောက်ကနေ ဗိုက်သားကို ကျုံ့ထားပြီး အသက်ရှူအောင့်ထားကြပါတယ်။ အဖေ၊ အဖိုးအရွယ်ထိ ဖြစ်ခဲ့တဲ့ ရှေးရိုးစဉ်ဆက် ခုချိန်ထိ ယောင်္ကျားတိုင်းလိုလို လုပ်လျက်ရှိကြတဲ့ ရ
ယ်စရာအကျင့်လေးတစ်ခုပါပဲ။
၉။ ကွယ်ရာမှာ အတင်းတုပ်ကြတယ်။
ဘယ်သူက အမျိုးသမီးတွေပဲ အတင်းပြောတယ်ဆိုပြီး ပြောနိုင်လဲ။ သူငယ်ချင်းအုပ်စု အတူထိုင်ကြပြီဆိုရင် ယောင်္ကျားတွေလည်း သူတို့အနီးအနားမှာ ဖြစ်နေတဲ့ အတင်းတွေ ပြောတတ်တယ်ဆိုတာ ယုံလိုက်ပါ။ ဒီအမှန်တရားကို ဘယ်လိုယောင်္ကျားတွေကမှ ဝန်ခံချင်ကြမယ်လို့ မထင်ပါဘူး။
Ref:mensxp.com
Trend Myanmar

Wednesday, 2 July 2014

ရန်ကုန်မြို့၌ ဇွန်လအတွင်း လျှပ်စစ်ကြိုးပြတ်ကျမှုများနှင့် နေအိမ်သို့သွယ် တန်းထားသော လျှပ်စစ်ကြိုးမှ သွပ်မိုးနံရံသို့ လျှပ်စစ်စီးဝင်ကာ လူသေဆုံးမှုအပါအ၀င် ဓာတ်လိုက်သေဆုံးသူ ၂၀ အထိရှိ

ရန်ကုန်မြို့၌ ဇွန်လအတွင်း လျှပ်စစ်ကြိုးပြတ်ကျမှုများနှင့် နေအိမ်သို့သွယ်
တန်းထားသော လျှပ်စစ်ကြိုးမှ သွပ်မိုးနံရံသို့ လျှပ်စစ်စီးဝင်ကာ လူသေဆုံးမှုအပ
ါအ၀င် ဓာတ်လိုက်သေဆုံးသူ ၂၀ အထိရှိ
ဇွန် ၃၀ ရက်ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြေ
ာင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်လအတွင်း ရန်ကုန်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုနှင့် လျှ
ပ်စစ်နှင့်ပတ်သက်သော အခြားဆက်စပ်ဖြစ်စဉ်များကြောင့် သေဆုံးသူဦးရေ ၂၀ ဦးအထိ ရှိလာပြီ
ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းများအရ စုံစမ်းသိရသည်။
ဇွန် ၃၀ ရက် ညနေ ၄ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် ပုလဲလမ်းတ
ွင် ကန်စွန်းခင်းထဲမှ ကန်စွန်းရွက်ခူးနေသူတစ်ဦးသည် ကန်စွန်းခင်းဘောင်ပေါ်မှ သဲအိတ်များပေ
ါ် ကန်စွန်းရွက်များကို တင်ပြီးရေခါနေချိန်တွင် သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ
သွားပြီး ၎င်း၏ပခုံးကိုပတ်မိကာ ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ၂၅ နှစ်အရွယ်အမျိုးသားသည် ကန်စွန်းခင်းတွင် သုံးဦး လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ
မှုကြောင့် ဓာတ်လိုက်ပြီး  မိနစ်နှစ်ဆယ်ခန့်အကြာ ဆေးရုံသို့သွားရာလမ်းတွင် သေဆုံးသွားခဲ့
ခြင်းဖြစ်သည်။
“ကန်စွန်းရွက်ခူးနေတာက သုံးယောက်ခူးနေတာပါ။ ညီလေးက ကန်စွန်းရွက်ရေခါဖို့ ဘောင်ပေါ်တ
က်နေတုန်း သူ့ပခုံးပေါ်ကို ဓာတ်ကြိုးကပြတ်ကျပြီး ပတ်သွားတာ။ ကျန်နှစ်ယောက်ကတော့ ဘာဒ
ဏ်ရာမှမရပါဘူး။ သေတဲ့လူကလည်း သေပြီဆိုတော့ ကံလို့ပဲသတ်မှတ်ရပါတော့မယ်။ ဘာမှ
မထူးတော့ပါဘူး။ လျှပ်စစ်ရုံးကိုလည်း အမှုမဖွင့်ချင်ပါဘူး” ဟု သေဆုံးသူအမျိုးသား၏အစ်ကို
ဖြစ်သူ ကိုမင်းမင်းထွန်းကဆိုသည်။
ပြတ်ကျသွားသောလျှပ်စစ်ဓာတ်ကြိုးသည် ကြေးကြိုး ၇/၁၂ ၄၀၀ ဗို့လိုင်းဖြစ်ပြီး
၂၀၀၆ ခုနှစ်က သွယ်တန်းထားသော ဓာတ်ကြိုးများဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်လျှပ်စ
စ်ရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“သေဆုံးသွားတဲ့လူကို နာရေးကိစ္စနဲ့ ရက်လည်ကိစ္စတွေအတွက် ကျွန်တော်တို့တာဝန်
ယူပေးသွားမှာပါ။ ကျန်တဲ့ကိစ္စအပိုင်းတွေကိုတော့ ရန်ကုန်တိုင်းလျှပ်စစ်ရုံးက တာဝန်ယူသွားမယ်
လို့သိရပါတယ်။ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုတွေအတွက် လူတွေ ဆောင်ရန်၊ ရှောင်ရန်ဖြစ်
အောင်လို့ လက်ကမ်းစာစောင်တွေလိုက်ဝေထားတယ်။ အခုလည်း နေရာတော်တော်များများမှာ ဓာတ်အားလိုင်
းတွေ၊ ဓာတ်ကြိုးတွေကို ပြင်ဆင်မှုတွေလုပ်နေပါတယ်” ဟု မြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးမှူး ဦ
းဝင်းမြင့်ဇော်က ပြောကြားသည်။
ဇွန် ၃၀ ရက် ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျသ
ည့်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်
မှာ ဇွန် ၂၁ ရက် ညနေပိုင်းက ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီး မိုးသည်းထန်စွာရွာသွန်
းနေချိန်၌ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်
ဦးတို့ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်သေဆုံးခဲ့ပြီး အခြားလူနှစ်ဦးမှာလည်း
ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ရွှေပြည်သာမြို့နယ်တွင်လည်း ဇွန် ၂၃ ရက်ညပိုင်းက အမျိုးသားတစ်ဦးသည်
လမ်းဘေးတွင်အိကျနေသော လျှပ်စစ်ဝိုင်ယာကြိုးပေါ်သို့ချော်လဲရာမှ ဓာတ်လိုက်သေဆုံးခဲ့ရသ
ည်။
တစ်လအတွင်း ရန်ကုန်တွင် လျှပ်စစ်ဓာတ်လိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၂၀ဦးအထိ
ရှိလာပြီး သေဆုံးသူများမှာ စက်ရုံလုပ်သားများ၊ လျှပ်စစ်ဝန်ထမ်းများ၊ ဖုန်းပြုပြင်ရေးလုပ်သားများ၊ ပန်
းရန်လုပ်သားများဖြစ်ကြပြီး လုပ်ငန်းခွင်ဝင်နေစဉ်အချိန်အတွင်း မတော်တဆမှုများကြောင့် ဓ
ာတ်လိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
Eleven

ငွေပြန်အမ်းလိုက် - ဟာသ


ငွေပြန်အမ်းလိုက် - ဟာသ
ချမ်းသာ ကြွယ်ဝသော လူတစ်ယောက်သည် မသေမီ အလွန် ကပ်စေးနည်း သော်လည်း ကွယ်လ
ွန်သော အခါ နတ်ပြည် ၀င်ခွင့် ပြုရန် သိကြားမင်းထံသို့ ခွင့်ပန်လေသည်။
"မောင်ရင်ကို နတ်ပြည် ၀င်ခွင့် ပြုနိုင်ဖို့ လူ့ပြည်တုန်းက ပြုခဲ့တဲ့ ကောင်းမှု့
ကုသိုလ်တွေ ပြောပြစမ်း"
"တစ်ခါက သူတောင်းစား တစ်ယောက်ကို ဆယ်ပြား ထည့်ဖူးပါတယ်... ရပ်ကွက် သံဃာ့ဒါန
အလှုခံမှာ ငါးမူး လှူခဲ့ပါတယ်"
"သြော်... မေ့လို့ ဘုရားဖူး ထွက်တော့ စံပယ်ပန်း ဆယ့်ငါးပြားဖိုး လှုခဲ့ပါတယ်"
"အင်း... အားလုံး လှုခဲ့တာ သုံးမတ်ပဲ"
"ဟေ့ မာတလိ... ဒီကောင်ကို ပိုက်ဆံ သုံးမတ် ပြန်အမ်းပြီး ငရဲ ပို့လိုက်ပါကွာ"
credit > unknown
မချိုမချဉ်ဟာသများ