Wednesday, 14 September 2016

:://ကွန်ဒုံးအစား ကြွတ်ကြွတ်အိတ်သုံးတဲ့စုံတွဲ ဆေးရုံရောက်

ငယ်ရွယ်တဲ့ စုံတွဲလေးရဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဗီယက်နမ်က စုံတွဲတစ်တွဲဟာ သူတို့ရဲ့ပထမဆုံးအကြိမ် ချစ်တင်းနှောချိန်မှာ ကွန်ဒုံးအဖြစ် ပလတ်စတစ်အိတ်တစ်အိတ်ကို သုံးလိုက်တဲ့အတွက် ဒဏ်ရာတွေ ဆိုးဆိုးရွားရွား ရသွားခဲ့ပါတယ်။

သူတို့စုံတွဲဟာ လိင်အင်္ဂါဒဏ်ရာများ၊ ပွန်းပဲ့ဒဏ်ရာများ၊ သွေးထွက်ခြင်းတို့ကြောင့် ဆေးရုံမှာ ဆေးကုသခံယူခဲ့ရပါတယ်။

နှစ်ယောက်စလုံး ကောလိပ်ကျောင်းသားတွေဖြစ်တယ်လို့ ဟာနွိုင်းကျောက်ကပ်ဆေးရုံက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ငုရန်သီလောင်က ပြောပြပါတယ်။

အမျိုးသားဟာ ကွန်ဒုံးဝယ်ရမှာ ရှက်တဲ့အတွက် အခုလို ပလတ်စတစ်အိတ်ကို အသုံးပြုခဲ့ခြင်းဖြစ်တယ်လို့ ယင်းဆရာဝန်က ပြောပါတယ်။

ပလတ်စတစ်အိတ်တွေ ဆန့်ကျုံ့နိုင်ခြင်းမရှိသလို ချောဆီလည်း မပါဝင်တဲ့အတွက် ပွန်းပဲ့ခြင်းတွေနဲ့ လိင်အင်္ဂါတွေ စုတ်ပြဲနိုင်တဲ့အပြင် ကွန်ဒုံးလို ဘာကိုမှ ကာကွယ်မပေးနိုင်ဘူးလို့ ဒေါက်တာ ငုရန်သီလောင်က ရှင်းပြခဲ့ပါတယ်။

Source & Photos : Mirror
Duwun