Tuesday, 28 March 2017

ချစ်သူ ကို ပရိသတ် တွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ရွှေမှုံရတီ

Live လွှင့်ပြီး ပြောပြလိုက်တာ ဖြစ်ပါတယ်။ သရုပ်ဆောင် ရွှေမှုံရတီ ကတော့ သူမရဲ့ ချစ်သူကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ မောင်လို့ သူမအမြဲခေါ် နေတဲ့ ချစ်သူကို ဖေ့စ်ဘွတ် ပေါ်မှာ Live လွှင့်ပြီးတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တာပါ။ အဲ့ဒီ Live ထဲမှာတော့ ရွှေမှုံ က ဟော့ပေါ့ပ်ဆိုင် ရောက်နေကြောင်း ပြောရင်း ချစ်သူမောင်နဲ့ ပရိသတ်တွေကို Live ထဲကနေ မိတ်ဆက်ပေးခဲ့ ပါတယ်။ playရွှေမှုံ က သူမရဲ့ ချစ်သူ ကို မောင်လို့ ချစ်စနိုးနဲ့ ခေါ်တာကတော ပရိသတ်တွေ အားလုံးသိနေပါပြီ။ ဖေ့စ်ဘွတ် ပေါ် မှာတော့ တစ်ခါမှ ချစ်သူ နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ တွေ မတင်ဖူးတဲ့ သူမက မတ်လ(၂၅)ရက်နေ့က ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်ပါတယ်။ ဓာတ်ပုံ နဲ့အတူတူ “သူရှက် ကဲသူ့မျက်နှာမြင်ချင်သူများကြည့်ကျလော့” ဆိုတဲ့ စာသားလေးပါ ရေးသားထားပါတယ်။ playဒါပေမယ့် ဖေ့စ်ဘွတ် ပေါ် တင်ပြီး နာရီပိုင်းလောက်မှာတော့ ဓာတ်ပုံကို ပြန်ဖျက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ပရိသတ်တွေက ချစ်သူ နဲ့ တွဲရိုက်ထားတဲ့ ရွှေမှုံ ရဲ့ ပုံတွေကို သိမ်းထားကြပါတယ်။ အဲ့ဒီပုံကလည်း လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြန့်နေပါတယ်။ ငယ်ရွယ်ပြီး ချစ်စရာကောင်းလှတဲ့ ရွှေမှုံရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေက ဝေဖန်ပြောဆိုခြင်း မရှိပဲ သူမစိတ်ချမ်းသာနေတာကို မြင်ပြီး အားလုံးကလည်း ပျော်ရွှင်နေကြပါတယ်။ ရွှေမှုံဟာ ချစ်သူမောင်နဲ့ ပတ်သတ်ပြီး ခံစားရတဲ့ အချစ်ခံစားချက်တွေကို ဖေ့စ်ဘွတ်ပေါ်မှာ အမြဲတင်လေ့ရှိသူလည်း ဖြစ်ပါတယ်။ မကြာသေးခင်လ ပိုင်းလောက် က ချစ်သူမောင်ကို ရွှေနဲ့လုပ်ထားတဲ့ ဖုန်းကာဗာ ကို လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့ သတင်း ဟာလည်း ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ဆေးလိပ်ဆက်မသောက်ရင် နို့တိုက်မယ်ဆိုတဲ့ ကောင်မလေး :D

ဆေးလိပ်ဆက်မသောက်ရင် နို့တိုက်မယ်ဆိုတဲ့ ကောင်မလေး :D

https://youtu.be/GgtzYMxAdPo

သားငယ် ဒုန်းဒုန်း

မတ်လ ၂၈ ရက် ည ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာရှိတဲ့ ရန်အောင်မြေဘုရားကြီးကွင်း မှာ အမျိုးတွေ နဲ့ ပရိသတ်တွေကို ဖျော်ဖြေနေတဲ့ Myanmar Idol Season 2 WINNER သားငယ်အားတွေ့ရစဉ် ၂၈.၃.၂၀၁၇ Photo - Myanmar Idol