Friday, 30 March 2018

“ကျွန်မကို ကလေး ရအောင်လုပ်ပေးရင် ရှင့်ကို ငါးရာပေးမယ်..”

“ရှင့်မှာ ပျော်စရာတွေရှိတယ်။ ဒီ့အတွက် ကျွန်မ ယူရို ငါးရာပေးမယ်။ ကျွန်မကိုကလေး ရအောင်လုပ်ပေး” ဆိုတဲ့ စာသားအချို့ကို ရိုမေးနီးယားက အင်တာနက်အသုံးပြုသူ အမျိုးသမီးတစ်ဦးက ရေးသားတင်ထားတာကို ကမ္ဘာတစ်ဦးလုံးက အင်တာနက်အသုံး ပြုသူအမျိုးသားတွေအကြား စိတ်ဝင်တစားရှိနေကြပါတယ်။ “ ချစ်ရေးချစ်ရာအတွက် ငယ်ရွယ်နုပျိုပြီး အတွေ့အကြုံမရင့်ကျက်သေးတဲ့ ကောင်လေး တွေနဲ့ သမီးရည်းစားမဖြစ်ချင်တော့ပါဘူး။ အဲ့ဒီ သမီးရည်းစားဘဝတွေလည်း ငြီးငွေ့ နေပါပြီ။ အခုချိန်မှာ လိုတာက ကျွန်မအတွက် ပျော်စရာဖန်တီးပေးနိုင်မယ့် ကလေး လေးကို ကိုယ်ဝန်ဆောင်စေနိုင်မယ့် ယောင်္ကျားတစ်ဦးကိုပဲ လိုချင်ပါတယ်။ သူ့ကို ကျွန်မ ခနအငှားခေါ်ထားချင်ပါတယ်။ ယူရို ငါးရာနဲ့ပေါ့” စသဖြင့် ရေးသားထားပြီး အဲ့ဒီ စာသားတွေရဲ့ အောက်မှာ စိတ်ဝင်တစားရှိကြတဲ့ အမျိုးသားတွေက ထင်ကြေးအမျိုး မျိုးပေး မေးမြန်းကြတာမျိုးတွေရှိပါတယ်။ဒါ့အပြင် သူမရဲ့ ဖိတ်ခေါ်ကမ်းလှမ်းမှုကို စိတ်ဝင်စားကြတဲ့ အမျိုးသားတွေကိုလည်း သူမကိုယ်တိုင်က သန္ဓေအောင်မအောင် စစ်ဆေးပြီးမှ ငှားရမ်းယူမယ်လို့လည်းစည်း ကမ်းဖော်ပြရေးသားထားတာကို တွေ့ရပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com) ဖိုးသူတော် Team မှ ဘာသာပြန်သည်။