Thursday, 14 January 2016

://မတ္တရာမြို့နယ်၌မောင်းနှင်လာသောယာဉ်ကိုတား၍ ကလေးလုယူမှုဖြစ်ပွား

မတ္တရာ ဇန်နဝါရီ ၁၄

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် လင်းမွေချောင်း ကျေးရွာအနီး မန္တလေး-မိုးကုတ် ကားလမ်းပေါ်၌ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲ က အမည်မသိ လူလေးဦးက မောင်းနှင်လာသောယာဉ်ကို တားဆီး ၍ ကားပေါ်၌ လိုက်ပါလာသော ကလေးအား လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နေ ဦးမျိုးနိုင် ဇနီးဖြစ်သူ မဆန်းနုဝေနှင့် အသက် ခုနစ်နှစ်အရွယ်ရှိ မစုလဲ့နိုင်၊ လေးနှစ် အရွယ်ရှိ မောင်ခန့်ညားနိုင်နှင့် အိမ် အကူဖြစ်သူ မဇူးဇူးစံတို့သည် သပိတ် ကျင်းမြို့မှ မန္တလေးမြို့သို့ 5H/----ယာဉ်ဖြင့် ပြန်လာရာ မတ္တရာမြို့နယ် လင်းမွေချောင်းကျေးရွာအနီး ဒဟတ် တောကျေးရွာ ဇရပ်မြောက်ဘက် အရောက်တွင် ကားလမ်းပေါ်၌ လူလေးဦးတို့က ကားလမ်းပိတ်ရပ် နေသဖြင့် အရှိန်လျှော့မောင်းစဉ် အဆိုပါ လူလေးဦးအနက် တစ်ဦးက ကားပေါ်သို့တက်ပြီး ကားနောက် ခန်းတွင် လိုက်ပါလာသော ကလေး သုံးဦးအနက်မှ မစုလဲ့နိုင်အား အတင်းဆွဲခေါ်ရာ အိမ်အကူဖြစ်သူ မဇူးဇူးစံက ကလေးငယ်ကို ပြန်လည် ဆွဲယူရာ အဆိုပါလူ၏လက်မှ လွတ် မြောက်သွားသည်ကို မြင်တွေ့ရသဖြင့် ကားရပ်ပြီး အမည်မသိလူအား ဖခင် ဖြစ်သူ ဦးမျိုးနိုင်က လုံးထွေးသတ်ပုတ် စဉ် ကျန်အမည်မသိလူသုံးဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ထိုသို့ လုံးထွေးသတ်ပုတ်နေစဉ် လမ်းသွားလမ်းလာ ဆိုင်ကယ်သမား ငါးဦး ရောက်ရှိလာပြီး ဝိုင်းဝန်း ဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူမှာ ကြည်မြင့်(၃၂ နှစ်) ပခုက္ကူမြို့နယ် နန်းတော်ကျေးရွာ နေသူဖြစ်ကြောင်း သိရပြီး ဦးမျိုးနိုင် က သမီးဖြစ်သူအား ကားပေါ်မှ အတင်းဆွဲခေါ်သူ ကြည်မြင့်နှင့် လူသုံးဦးတို့အား တရားလိုပြု တိုင်တန်းသဖြင့် မတ္တရာမြို့မရဲစခန်း က အမှုဖွင့်ပြီး ရဲအုပ် ယဉ်အောင် နှင့် အဖွဲ့က ကြည်မြင့် အား အမှုနှင့် ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး ထွက်ပြေးလွတ်မြောက်သွား သော ပြစ်မှုကျူးလွန်သူများကို လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Wednesday, 13 January 2016

ကမ္ဘာ့အကြီးဆုံး လိင်တံ ပိုင်ရှင်က သူ့ရဲ့ လိင်တံကို အလေးချိန် ချိန်တွယ်ပြခဲ့





ကမ္ဘာ့အကြီးဆုံး လိင်တံ ပိုင်ရှင် လို့အခိုင်အမာ ဆိုထားတဲ့ အမျိုးသားဟာ သူ့ရဲ့  လိင်တံဟာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြဖို့ သူ့ရဲ့ လိင်တံကို အလေးချိန် ချိန်တွယ်ကြည့်ခဲ့တယ်လို့ သိရပါတယ်။

ရောဘတ်တို အက်စ်ကွီဗယ်လ် ကာဘရီရာ က သူ့မှာ ၁၈.၉ လက်မ ရှည်လျားတဲ့ လိင်တံ ရှိကြောင်းကို အခိုင်အမာ ဆိုခဲ့ပြီး သူ့ရဲ့ လိင်တံကို တိုင်းတာ ချိန်တွယ်ပြခဲ့ပါတယ်။ အသက် ၅၂ နှစ်အရွယ် ကာဘရီရာဟာ သူ့ရဲ့ ဖွားဖက်တော်ကို ခြေအိတ်တစ်ခုထဲထည့်သွင်းပြီး ချိန်တွယ်ကြည့်ခဲ့ရာမှာ အလေးချိန် ၂.၂ ပေါင် လေးလံတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ၂.၂ ပေါင်ဆိုတာ ၁ ကီလို နီးပါး အလေးချိန်ရှိပါတယ်။

ရောဘတ်တို ရဲ့  ဖွားဖက်တော်ဟာ တွဲလောင်းကျနေတဲ့အခါမှာ သူရဲ့  ဒူးခေါင်းအောက်အထိ ကျနေပြီး သူဟာ သူ့ရဲ့  ဖွားဖက်တော်ကို ကမ္ဘာ့ ဂင်းနစ်စံချိန် မှာ ထည့်သွင်းပါဝင်စေချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မက္ကဆီကန် နိုင်ငံသား ရောဘတ်တို အတွက် တိကျသေချာတဲ့ အဖြေ မထွက်လာသေးပါဘူး။

သူဟာ သူ့ကိုယ်သူ မသန်စွမ်းတစ်ယောက်အဖြစ်လည်း မှတ်ပုံတင်ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဖွားဖက်တော်ဟာ သူ့လမ်းလျှောက်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်လာစေတဲ့အတွက် သူ့အနေနဲ့ အလုပ်တစ်ခုခုကို လုပ်ဖို့လည်း အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မက္ကဆီကို နိုင်ငံ အရှေ့ မြောက်ပိုင်း မှာရှိတဲ့ ကိုအာဟွီလာ ပြည်နယ် ၊ ဆယ်လ်တီလို မြို့  မှာနေထိုင်တဲ့ ရောဘတ်တို ကာဘရီရာဟာ သူ့ရဲ့ လိင်တံအပေါ် သံသယရှိနေသူတွေအတွက်လည်း ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေလုပ်ခဲ့ပြီး X-ray ဓါတ်မှန်လည်း ရိုက်ပြခဲ့ပါတယ်။

ဆရာဝန်တွေကတော့ ဓါတ်မှန်အရ သူ့ရဲ့ လိင်တံဟာ ကမ္ဘာ့စံချိန်ဝင်နေတယ်လို့ အတည်ပြုပြောပြခဲ့ပါတယ်။ ဆရာဝန်တွေပြောတာတော့ သူ့ရဲ့  အဓိက လိင်တံ အစိတ်အပိုင်းတွေဟာ ၆ လက်မကျော်ခန့်ရှည်လျားပြီး ကျန်တဲ့ အစိတ်အပိုင်းတွေဟာ အရေပြားအပိုတွေဖြစ်တယ်လို့ သိရပါတယ်။

ကံမကောင်းစွာနဲ့ပဲ ရောဘတ်တို ကာဘရီရာဟာ အမျိုးသမီး ကိစ္စတွေမှာတော့ ကံမကောင်းခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတိုင်းဟာ သူနဲ့ ချစ်တင်းနှောဖို့ ကြောက်ရွံ့ နေကြလို့ပါ။ သူဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကနေ ဆယ်တီလို ကို ပြောင်းရွှေ့ လာခဲ့ပြီး သူ့အစ်ကိုတွေ ပေးထားတဲ့ အခန်းတစ်ခန်း မှာ တစ်ယောက်တည်း နေထိုင်ပါတယ်။ သူ့မှာသူငယ်ချင်းလည်း တစ်ယောက်မှ မရှိသလို လူတွေကလည်း သူ့ကို ရှိန်နေကြတယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Monday, 11 January 2016

/:::::မိခင်ကို သတ်ရန် ဓားနှင့်လိုက်သူ မြေမြိုခြင်း

            ဇွန်လ (၂) ရက်နေ့တွင် သားဖြစ်သူမှာ ခါးထိအောင် မြေမြုပ်နေ၍ လာရောက်ကြည့်ရှုခြင်း။

          ကေအင်ဒီအိုများမှာ ထိုအဖြစ်အပျက်ကို တွေ့မြင်ရ၍ တုန်လှုပ်ကာ အပြုအမူပြောင်းလဲနေခြင်း။

အနီးသို့ မကပ်နိုင်။

(မြန်မာ့အလင်း ၅-၆-၅၁)

          ကျိုက်ပိရွာအဖျား မစိုးရိမ်ရွာ အနီး ဗောဒိညောင်ပင်နှင့် (၁၀) လံ အကွာအရပ်တွင် ကေအင်ဒီအို တစ်ယောက် မြေမျိုသော သတင်းတစ်ရပ် ထွက်ပေါ်လာသဖြင့် စုံစမ်းကြည့်ရာ အောက်ပါအတိုင်း သိရှိရကြောင်း။

          ကော်သူလေး အစိုးရ ရုံးစိုက်နေသော ကျိုက်ပိရွာမှ ကရင်ကပြား အသက် (၂၀) ရှိ ချစ်ဖေသည် ဗုဒ္ဓသာသနာ ရတနာသုံးပါးကို အလွန် ကြည်ညိုသော ၎င်း၏ မိခင်အသက် (၄၅) နှစ်ရှိ မသာလိအား နေ့စဉ်နှင့် အမျှ ရိုက်ပုတ်ဆဲရေးသည် ဆိုကြောင်း။  ချစ်ဖေသည် မသာလိ ရတနာသုံးပါး ကိုင်းရှိုင်းနေသည့် အတွက် ၎င်း၌ အလုပ်အကိုင် လမ်းမသင့်ဘဲ ရှာဖွေလုပ်ကိုင်၍ မရဟု အယူရှိပြီးလျှင် ၎င်း၏ မိခင်အား အမြဲတစေကြိမ်း မောင်းရိုက်နှက် ဆဲဆိုသောကြောင့် မယားဖြစ်သူ ချစ်မေက မအေကို ယခုကဲ့သို့ မလုပ်သင့်ကြောင်းနှင့် ပြောသည် ဆိုကြောင်း။

နောက်ပြောလျှင် ဓားနှင့်ခုတ်မည်

          ချစ်ဖေသည် မယားစကားကို နားမထောင်သည့် အပြင် နောက်တစ်ကြိမ် ပြောလျှင် ဓားနှင့် ခုတ်မည်ဟု ပြောထားသဖြင့် မပြောဝံ့တော့ဟု ဆိုကြောင်း။ သို့ဖြင့် မေလ (၂၅)ရက် နေ့ နံနက် (၆) နာရီအချိန်တွင် မသာလိ ဘုရားရှိခိုးနေစဉ် သားချစ်ဖေသည် ခြေနှင့်ကန်၊ လက်သီးနှင့်ထိုး အမျိုးမျိုး ပြုလုပ်ဆဲဆိုကာ ဓားဖြင့် ခုတ်ရန် လိုက်တော့သည် ဆိုကြောင်း။ သို့ဖြင့် မသာလိသည် ကေအင်ဒီအို ကော်လေးစက်ရုံသို့ အဆောတလျှင် ပြေးပြီး တိုင်ကြားရတော့သည် ဆိုကြောင်း။

ဗောဓိညောင်ပင် အနီးတွင်

          မိခင်အား ဓားကိုင်လိုက်သော ချစ်ဖေသည် ကော်လေးစက်ရုံနှင့်  မနီးမဝေး ဗောဓိညောင်ပင်နှင့် (၁၀) လံကွာသို့ ရောက်သောအခါ ခြေလှမ်း မရတော့ဘဲ ဓားထမ်းပြီး ခြေစုံရပ်နေတော့သည် ဆိုကြောင်း၊ ကော်သူလေး စစ်ဗိုလ်အမိန့်ဖြင့် ချစ်ဖေကို ခေါ်ရန်လာသော ကေအင်ဒီအို တစ်ယောက်သည် ချစ်ဖေနှင့် (၁၅) လံ ကွာသော နေရာသို့ ရောက်လျှင် အလွန်ပူသဖြင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသောကြောင့် ဗိုလ်ကြီးက လာရမည်ဟု ပြောဆိုကြောင်း။

ခြေနှစ်ချောင်း မြေမှခွာမရ

          ခြေနှစ်ချောင်း မြေကခွာမရ၍ မလာနိုင်ကြောင်းနှင့် ချစ်ဖေက ပြန်ပြောရာ နောက်တစ်ကြိမ် ကော်သူလေး စစ်ဗိုလ်နှင့် ငယ်သားများ လိုက်လာကြသော်လည်း ချစ်ဖေအနီးသို့ မည်သူမျှ မကပ်နိုင်ကြသဖြင့် အဝေးကသာ စကားပြောကြရသည် ဆိုကြောင်း။ ထိုအချိန်တွင် ချစ်ဖေ၏ ခြေမျက်စိသည် မြေထဲသို့ မြုပ်နေပြီ ဆိုကြောင်း၊ ၎င်းနောက် ကေအင်ဒီအို တပ်သားများသည် ချစ်ဖေအနားသို့ ကပ်၍ ဆွဲယူရန် အမျိုးမျိုး ကြံစည်ကြသော်လည်း နေပူရှိန်ထက် အဆပေါင်းများစွာ ပူလောင်သောကြောင့် ဘယ်သူမှ မကပ်နိုင်ဘဲ ရှိနေရာ ချစ်ဖေမှာလည်း စကားပြောရုံမှ တစ်ပါး အခြား ကိုယ်ကာယတို့ကို မည်သို့မျှ မလှုပ်ရှားနိုင်ဟု ဆိုကြောင်း

လူကလေး အမေ့ကို ရှိခိုးလိုက်

          ယခုကဲ့သို့ ဖြစ်ပျက်နေစဉ် အတွင်း မသာလိ ရောက်လာပြီးလျှင် လူကလေး အမေ့ကို ရှိခိုးလိုက်။ မင်းကို မြေမျိုနေပြီဟု ငိုယိုကာ အော်ပြောသည် ဆိုကြောင်း။ ချစ်ဖေက လက်လှုပ်၍ မရပါ။ မှားသမျှ လွန်သမျှ ၀န်ချ တောင်းပန်ပါသည်ဟု ပြောနေစဉ် မိုးသည်းထန်စွာ ရွာသွန်းလိုက်သည် ဆိုကြောင်း။ မိုးရပ်သွားသော အခါ အပူရှိန် ပိုမိုပြင်းထန်လာသဖြင့် ချစ်ဖေအနီးသို့ အလံ (၂၀)ခန့် ကသာ လူအများ ကြည့်နိုင်တော့သည် ဆိုကြောင်း။

ခါးထိအောင် မြုပ်နေပြီ။

          မေလ (၂၈) ရက်နေ့တွင် ချစ်ဖေသည် ဒူးမြုပ်၍ မေလ (၃၁) ရက်နေ့၌ ခါးထိအောင် မြုပ်နေပြီ ဆိုကြောင်း၊ ခါးမမြုပ်မီ ချစ်ဖေက အမေ ကျွန်တော့်ကို မကယ်နိုင်တော့ဘူးလား ဟု ပြောပြီးနောက် ယခု သတင်းရေးနေသော ဇွန်လ (၂) ရက်နေ့ အထိ မြေမျိုခံရသော ချစ်ဖေသည် လုံးဝ စကားမပြောနိုင်ဟု ဆိုကြောင်း၊ မသာလိမှာ သားဖြစ်ပုံကို မကြည့်နိုင်သဖြင့် မတ်တပ်မှ လဲကာ မေ့မြောသွား၍ လူအများက ပွေ့ထူနှာနှပ်ယူကြရကြောင်း။

တုန်လှုပ် ချောက်ချားနေကြပုံ

          ကော်သူလေး ကေအင်ဒီအိုများသည် ချစ်ဖေ၏ အဖြစ်အပျက်ကို ဒိဋ္ဌတွေ့ကြရ၍ အလွန်အမင်း တုန်လှုပ် ချောက်ချားပြီးလျှင် ကရင် -ဗမာလူကြီးများကို အရိုအသေပေးခြင်း၊ ဘုရားကိုးဆူ ပူဇော်ခြင်း၊ သံဃာတော်များပင့်၍ ပရိနာခြင်း၊ ဆွမ်းလှူခြင်း အစရှိသော ဗုဒ္ဓဘာသာ တရားတို့ကို အထူးလေ့လာ ပြုလုပ်နေကြသည် ဆိုကြောင်း။

လူ(၁၀၀၀)နှင့် (၂၀၀၀)ကြားတွင်

          မြေမျိုသော နေရာသို့ ကေအင်ဒီအိုများ နေ့ညမပြတ် စောင့်ကြပ်နေကြပြီးလျှင် လာရောက်ကြည့်ကြသော လူများကိုလည်း ဘယ်သို့မျှ တားမြစ်ခြင်း မရှိဟု ကော်သူလေး နယ်မှ ရောက်လာသော ဈေးဝယ် တစ်ဦးက ပြောပြကြောင်း၊ လာရောက်ကြည့်ကြသော လူများသည် နေ့စဉ် (၁၀၀၀) နှင့် (၂၀၀၀) ကြားရှိ၍ သိကြားသာသနာ နီးကပ်လာ၍ ယခုကဲ့သို့ အရိပ်အယောင် သင်ခန်းစာ တစ်ရပ် အနေဖြင့် ပြသည်ဟု ပြောသည်ကိုလည်း ကြားခဲ့ရသည် ဆိုကြောင်း။

messenger journal

Wednesday, 6 January 2016

သေဒဏ်ပေးသင့် မပေးသင့်


ရေးသူ-မြတ်သရဖူ(အထက်မင်းလှ)
အမည်ရင်း-ဒေါ်ခင်မြမူ
နေရပ်လိပ်စာ-(တရားလွှတ်တော်ရှေ့နေ)
မင်းလှမြို့(မကွေးတိုင်းဒေသကြီး)

ဥက္ကဌ စာရေးဆရာအသင်း
မင်းလှမြို့ (မကွေးတိုင်းဒေသကြီး)

ကျွန်မယောက်ျားက ရေနံခပ်ပါတယ်။ကျွန်မကတော့ခိုင်းသူရှိရင် ဘောက်အလုပ်လုပ်ပါတယ်။
ကျွန်မတို့မှာ သမီး(၂)ယောက်ရှိပြီး အကြီးက(၄)နှစ်ကျော်,။အငယ်က(၃)နှစ် နားမကြား စကား
မပြောတတ် မသန်စွမ်းပါဘူး။လွန်ခဲ့တဲ့ တပို့တွဲလဆန်း(၁)ရက် နေ့လည်(၂)နာရီမှာ ကျွန်မက
အလုပ်ရှိလို့ သမီးကြီးနဲ့ အငယ်မကို တဲမှာထားခဲ့ရပါတယ်။ယောက်ျားက အလုပ်သွားလို့ မရှိပါဘူး
ကျွန်မညနေ(၄)နာရီ အလုပ်ပြီးလို့ ပြန်လာတော့တဲထဲမှာ အမဖြစ်သူသာတွေ့ပြီး အငယ်မ(၃)နှစ်
သမီးကို မတွေ့ပါဘူး။အကြီးမက "မောင်ချဲ"ကမုန့်ပြပြီး ခေါ်သွားတယ်လို့ ပြောနေတုန်း သမီး
ငယ်ရဲ့ စူစူးဝါးဝါး အော်ငိုသံကြားရလို့ ပြေးကြည့်လိုက်ပါတယ်။ တဲနဲ့ဝါး ၃။၎ ရိုက်အကွာ ခြံအ
နောက်ဘက် တောထဲမှာ မောင်ချဲက သမီးငယ်ကို မုဒိန်းကျင့်နေပြီး ငိုနေတဲ့(၃)နှစ် သမီးငယ်ရဲ့
ခေါင်း,ကျောတွေကို ရှားငုတ်နဲ့ လွှဲလွှဲရိုက်နေပါတယ်။
သမီးငယ်လေးရဲ့ အောက်ပိုင်းမှာ သွေးတွေရွှဲနေပြီး ခေါင်း,ကျော,လည်ဂုတ်မှာ ရိုက်ထားတဲ့
ဒဏ်ရာကြောင့် သွေးယိုစီးနေတာကို မမြင်ဝံ့စရာ မြင်တွေ့ခဲ့ရပါတယ်။
ကျွန်မလဲ ကလေးကိုပြေးလုတော့ မောင်ချဲကသူမှားပါတယ်လို့ပြောနေတုန်း အနားမှာရှိနေတဲ့
ရွှေပန်းခင်း လဘက်ရည်ဆိုင်မှ ဦးခင်မောင်သန်းဒေါ်မှုံဌေး တို့က ညည်းယောက်ျားနဲ့တခြားသူ
တွေလာရင် သတ်ကြမှာ။ မောင်ချဲကို ငါတို့ဆိုင်ထဲမှာ ထိန်းသိမ်းပေးပါ့မယ် လို့ပြောပါတယ်။
ဦးခင်မောင်သန်းက မောင်ချဲအဖေနဲ့ ညီအကိုရင်း တော်ပါတယ်။ဒေါ်မှုံ ဌေးနဲ့ တူအရီးတော်ပါ
တယ်။သူတို့နှစ်ယောက်က ငွေ(၁၀)သိန်း ပေးပါ့မယ်။ငုတ်ပေါ်ကျတယ် ပြောပေးပါ။မတိုင်ပါနဲ့။
မောင်ချဲအတွက်ငါတို့အာမခံပါတယ်။ထွက်မပြေးစေရပါဘူးလို့ပြောပါတယ်။
ကျွန်မတို့လည်း ချက်ချင်းမင်းလှဆေးရုံကိုလာပြီးကလေးရဲ့ မိန်းမကိုယ်စုတ်ပြဲဒဏ်ရာတွေကို
မေ့ဆေးပေးချုပ်ပြီး ရှားငုတ်နဲ့ ရိုက်တဲ့ဒဏ်ရာတွေအားလုံးပျောက်ကင်းအောင် ဆေးရုံမှာ တစ်ပတ်
ကျော်တက်ခဲ့ရပါတယ်။

ကဲ-မိတ်ဆွေတို့ရေ
အခု မောင်ချဲ(ဘ)ဦးရှိန် ကံသာရွာ။မြိုင်မြို့နယ် နေသူကလည်း ကထွက်ပြေးသွားပါပြီ။
မောင်ချဲကို မပြေးအောင် အာမခံတဲ့ ဦးခင်မောင်သန်းဒေါ်မှုံဌေး ရွှေပန်းခင်း
လဘက်ရည်ဆိုင်ကလည်းငနောင်မုန်းမှော်ထဲကိုပြောင်းရွှေ့သွားပါပြီ။
မင်းလှမြို့ ရဲစခန်းကတော့ အမှုဖွင့်ပြီး တရားခံကို လိုက်ရှာနေပါတယ်။
် အူအသဲပြတ်မတတ် ငိုနေသည့် နစ်နာရှာသူမူလကပင် စကားမပြောနိုင်,နားမကြားသူ ဘဝမှ
ခပ်ကြောင်ကြောင်ဖြစ်နေသည့် နစ်နာသူသမီးငယ်။
သမီးလေးကို ဖက်၍ ရှိုက်ကြီးတငင် ငိုနေသည့်ဖခင် နှင့် မိခင် တို့ကို စာနာမိမည်ဆိုပါလျှင်
နိုင်ငံခြားသူအား မုဒိန်းကျင့် ရိုက်နှက်လုယက်သူကို ထောင် ၄၃-နှစ် ချတဲ့အတွက်..
၃-နှစ်သမီး ကျန်းမာရေးချို့တဲ့သူကို မုဒိန်းကျင့်ရိုက်သတ်သူကို မိတ်ဆွေများတွေ့ခဲ့လျှင်...
"သေဒဏ်ချသင့် မချသင့်"
သင်ဘယ်လို မြင်ပါသလဲ??

မြတ်သရဖူ
အထက်မင်းလှ
စာရေးသူဆရာမကြီးမြတ်သရဖူ၏ခွင့်ပြုချက်နှင့်
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ရဲသွေးနီ
2-2-2015်

MP4 YoU

Friday, 1 January 2016

လိပ်ကျွန်းလူသတ်မှု စီရင်ချက်နှင့် ပတ်သက်၍ ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံရှိ တရားမ၀င်လုပ်သားများ စစ်ဆေးဖမ်းဆီးခြင်း ခံနေရ

 

လိပ်ကျွန်းလူသတ်မှု စီရင်ချက်နှင့် ပတ်သက်၍ ပြည်​တွင်းပြည်​ပ၌ ဆန္ဒပြတောင်းဆိုမှုများ ​​ဖြစ်​​ပွား​ခဲ့ပြီး​နောက်​ ထိုင်းနိုင်​ငံရှိ တရားမ၀င် ​လုပ်​သားများ စစ်​ဆေးဖမ်းဆီးခြင်း ခံ​နေရ

ထိုင်းနိုင်​ငံ လိပ်​ကျွန်းလူသတ်​မှုမှ မတရား သေ​ဒဏ်​ချခံရ​သော မြန်​မာနိုင်​ငံသားနှစ်​ဦးအား တရားမျှတသည့်​ တရားစီရင်​​ရေး ဖြစ်​​စေ​ရေးအတွက်​ ပြည်​တွင်း၊ ပြည်​ပတွင် ဆန္ဒပြ​တောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး​နောက်​ ထိုင်းနိုင်​ငံရှိ တရားမ၀င် ​အလုပ်​သမားများမှာ ထိုင်းရဲများ၏ စစ်​​ဆေးဖမ်းဆီးခြင်းကို ခံ​နေရ​ကြောင်း မဲ​ဆောက်​မြို့​ရောက်​ မြန်​မာနိုင်​ငံသားများထံမှ သိရသည်​။

“ မြန်မာပြည်က ဆန္ဒပြတော့ ကြွက်မနိုင် ကျီမီးရှို့နည်းနဲ့ ဆောက်လုပ်ရေးဆိုက်၊ မွေးမြူရေးခြံ၊ စိုက်ခင်းပျိုးခင်း၊ စက်ရုံအလုပ်ရုံ စတာတွေက တရားမ၀င်လုပ်သားတွေ ထိုင်းပုလိပ်တွေ နေ့စဉ် လှည့်ပတ်စစ်ဆေးနေလို့ ရှောင်ပြေးနေရတာ လေးငါးရက်ရှိနေပြီ” ဟု မဲ​ဆောက်​မြိုတွင်​​ နေထိုင်​သည့်​ မြန်​မာနိုင်​ငံသားတစ်​ဦးက​ ပြောကြားသည်​။

မဲ​ဆောက်​အ​ခြေစိုက်​ မြန်​မာနိုင်​ငံသားများ ကူညီ​စောင့်ရှောက်​​ရေး​ဆောင်​ရွက်​​နေသူ ဦးမိုးကြိုးက “စက်ရုံပိတ်တာတော့ မရှိသလောက်ပဲ။ ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့၊ မြန်မာဈေးသည်တချို့ကတော့ လုပ်လက်စ အလုပ်တွေရပ်တာ၊ ဆိုင်ပိတ်ထား ရတာတွေရှိတယ်လေ။ လိပ်​ကျွန်းလူသတ်မှု နောက်ဆက်တွဲအနေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဆန္ဒပြမှာစိုးရိမ်လို့ လိပ်ကျွန်း အမှုမဆုံးဖြတ်ခင် ၃၊ ၄ ရက်အလိုကတည်းက မြန်မာဈေးသည်တွေ ဖမ်းလိုက်၊ အထောက်အထားမဲ့တွေ ဖမ်းလိုက်နဲ့ လုပ်လာတာ”ဟု ပြောကြားသည်​။

ပြည်​တွင်း၌ အလုပ်​အကိုင် ​ရှားပါးခြင်း၊ လုပ်​အားခလစာ နည်းပါးခြင်း​တို့ကြောင့်​ အိမ်​နီးချင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်​အတွင်း မြန်​မာလုပ်​သား လေးသိန်း လာ​ရောက်​လုပ်ကိုင်​​နေကြပြီး အ​ထောက်အထားမဲ့​ နေထိုင်​လုပ်​ကိုင်သူ များပြား​ကြောင်း၊ ယင်းအလုပ်​သမားများမှာ ကျီးလန့်​စာစားပြီး ရှောင်​တိမ်းနေရ​သော ဘ၀ကို မနှစ်​သက်​​တော့​ကြောင်း​ ပြောဆိုကြသည်​။

“ကျီးလန့်စာစား နေ့လာဖမ်းမလား။ ညလာဖမ်းမလားနဲ့ စက်ရုံတွေထဲမှာလည်း အပြင်မထွက်ရဘဲနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေရတာ။ တချို့က အထောက်အထားမရှိလို့ နေ့အလုပ်လုပ်ပြီး ညဘက်အသိအိမ်တွေ၊ မြ၀တီဘက်က ဘုန်းကြီးကျောင်းတွေ၊ တချို့ ခြံတောင်ယာတွေမှာ တိမ်းရှောင်နေရတဲ့ဘ၀တွေကို မနှစ်သက်ကြတော့ဘူး။ မဲဆောက်က စက်ရုံတချို့မှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စက်ရုံအပြင်မထွက်ဘဲ တိတ်တဆိတ်အလုပ်လုပ်ကြဖို့ ၀ယ်ခြမ်းစရာရှိရင် စက်ရုံက ထိုင်းတွေကပဲ ဈေးထွက်ဝယ်ပေးကြတယ်​။ မြန်မာဈေးဆိုင်တွေ တော်တော်များများ ထိုင်းစည်ပင်ရဲ လာဖမ်းမှာစိုးလို့ လုံးဝပိတ်ထားသူပိတ်၊ မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေကျတော့ ရှေ့ဘက်တံခါးပိတ်ထားပြီး တိတ်တဆိတ် ရောင်းချနေကြတယ်။ လမ်းသွားလမ်းလာလည်းပါးနေတယ်” ဟု ထိုင်းနိုင်ငံ မဲ​ဆောက်​မြို့မှ ကြေးနန်းကြိုးစက်​ရုံတစ်ရုံ၌ အလုပ်​လုပ်​​ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်​ဦးက​ ပြောကြားသည်။                                  

Writer: ကိုရွှေသိန်း(မြ၀တီ)
လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနှစ်ဦး သေဒဏ်ချမှတ်ခံရမှုအား မြ၀တီမြို့တွင် ကန့်ကွက်ဆန္ဒပြနေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-ကိုရွှေသိန်း)

Eleven

လူကြိုက်မများတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ

ဒီယေဂိုကော်စတာဆိုတာ လက်ရှိဘောလုံးကမ္ဘာမှာ ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်ပါတယ်။ တိုက်စစ်မှူးဖြစ်ပေမယ့် သူ့ရဲ့ ကြမ်းတမ်းပြီး ပရိယာယ်များတဲ့ ကစားပုံနဲ့ စောဒကတက်မှုတွေကြောင့် မကြာခဏ အဝါကတ်၊ နီကတ်တွေ ပြသခံရသူလည်း ဖြစ်ပါတယ်။ ကော်စတာရဲ့ ပုံစံက ပြိုင်ဘက်အသင်းနဲ့ ပရိသတ်တွေအတွက် မုန်းစရာကောင်းပေမယ့် သူကိုယ်စားပြုကစားတဲ့ အသင်းအတွက်တော့ အကျိုးရှိစေတယ်ဆိုတာ ငြင်းမရပါဘူး။ ဒီလို ထိပ်တန်းအဆင့်ကို ရောက်ဖို့ ခက်ခဲတဲ့ ဘောလုံးသမားဘဝကို ဖြတ်သန်းလာခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ဘဝမှာ အမှတ်ရစရာတွေ အများကြီးရှိတဲ့ အထဲက အချက်အလက်အချို့ကို ဖော်ပြလိုက်ပါတယ်။

လမ်းပေါ်က ဘောလုံးသမား

ကော်စတာဟာ ဘရာဇီးက နာမည်ကျော် ဘောလုံးသမားများနည်းတူ လမ်းပေါ်မှာပဲ ဘောလုံးကစားရင်း ကြီးပြင်းလာသူဖြစ်ပါတယ်။ သူ့ရဲ့မွေးရပ်မြေ ဘရာဇီးနိုင်ငံ၊ လာဂါတိုမြို့က လမ်းမတွေဟာ ကော်စတာရဲ့ ဘောလုံးကွင်းတွေပဲ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ်အထိ ဘောလုံးဝတ်စုံ တစ်စုံနဲ့ တစ်ရံတည်းသော ဘောကန်ဖိနပ်ကိုသာ ဝတ်ဆင်ကစားခဲ့ရသူ ဖြစ်ပါတယ်။

ပထမဆုံး ပရော်ဖက်ရှင်နယ်ကလပ်

ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် ကော်စတာ ပထမဆုံးကစားခဲ့တဲ့အသင်းက ပေါ်တူဂီကလပ် ဘရာဂါအသင်းပဲ ဖြစ်ပါတယ်။ သူအသက် ၁၈ နှစ်အရွယ်မှာ စတင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဘရာဂါအသင်းမှာ ကစားနေစဉ် ပီနာဖီးလ်မှာ အငှားသွားရောက် ကစားခဲ့ရပါတယ်။ အဲ့ဒီနောက် ၂၀ဝ၇ ခုနှစ်မှာ အက်သလက်အသင်းကို ရောက်ရှိခဲ့ပေမယ့် တည်ငြိမ်တဲ့ ကစားသမားဘဝကို မရရှိခဲ့ပါဘူး။ ဘရာဂါ၊ ဆယ်လ်တာဗီဂို၊ အယ်လ်ဘာစီတီနဲ့ ဗယ်လ်ကာနိုအသင်းတွေထံ အငှားသွားရောက် ကစားခဲ့ရပါတယ်။

၂၀ဝ၉ ခုနှစ်မှာတော့ အက်သလက်က ဂိုးသမားအဆန်ဂျိုကို ခေါ်ယူလိုတာကြောင့် ကော်စတာကို ဗယ်လာဒိုးလစ်အသင်းထံ အလိုက်သဘောမျိုးနဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ပြန်လည်ဝယ်ယူလိုရင် ယူရို ၁ သန်းနဲ့ ပြန်ဝယ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။

၂၀၁၀ မှာတော့ အဂူရိုနဲ့ ဖော်လန်တို့ရဲ့ အရန်အဖြစ်ထားရှိဖို့ အက်သလက်က ကော်စတာကို ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၁-၁၂ မှာ ဗယ်လ်ကာနိုအသင်းထံ အငှား သွားကစားရပါသေးတယ်။ ၂၀၁၂-၁၃ ရာသီ ရောက်မှသာ အက်သလက်မှာ နေရာရလာတာ ဖြစ်ပါတယ်။

အောင်မြင်မှုများဆီသို့

၂၀၁၂-၁၃ ရာသီမှာ ကော်စတာဟာ အက်သလက်အတွက် ၄၄ ပွဲ ကစားပြီး ဂိုး ၂၀ အထိ သွင်းကာ အဓိက တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၂၀၁၃-၁၄ မှာတော့ အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူးဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံမှာ ၃၆ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာ အက်သလက်တို့ လာလီဂါဖလားကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပါတယ်။

ချယ်လ်ဆီးသို့

အက်သလက်မှာ ခြေစွမ်းပြခဲ့လို့ ချယ်လ်ဆီးက ကော်စတာကို ပေါင် ၃၂ သန်း တစ်ပတ် လစာငွေ ပေါင် ၁ သိန်းခွဲနဲ့ ခေါ်လိုက်ပါတယ်။ ပထမဆုံးရာသီမှာပဲ ချယ်လ်ဆီးအတွက် ၂၁ ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်ဖလားနဲ့ ကက်ပီတယ်ဝမ်း ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပထမဆုံးချယ်လ်ဆီးနေ့

ချယ်လ်ဆီးအသင်း အဝတ်လဲခန်းကို ပထမဆုံးရောက်တဲ့နေ့မှာ ကော်စတာက တစ်နိုင်ငံတည်းသား အော်စကာနဲ့တွေ့ဆုံပြီး အသင်းရဲ့ အဓိကကျတဲ့ အမာခံကစားသမားတွေကို ခေါ်ယူပေးဖို့ ပြောခဲ့ပါတယ်။ သူက ဒီလိုပြောတော့ အော်စကာက တယ်ရီ၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်နဲ့ မာတစ်တို့ကို ခေါ်လာခဲ့ပါတယ်။ အားလုံးကို ကော်စတာက လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူတို့ မျက်လုံးတွေကို သေချာကြည့်ကာ 'ငါ စစ်ပွဲထဲကို သွားမယ်။ မင်း ငါနဲ့လိုက်မလား' ဆိုပြီး အင်္ဂလိပ်လို ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်နဲ့ ကော်စတာ

ချယ်လ်ဆီးကို မရောက်ခင် ပထမ တစ်နှစ်မှာ လီဗာပူးလ်အသင်းက ကော်စတာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ လီဗာပူးလ်တို့က ပေါင်သန်း ၂၀ အထိပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ဒီယေဂို ကော်စတာက အက်သလက်အသင်းမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်သူ

ကော်စတာဟာ ဟန်ဆောင်သူ၊ ပြိုင်ဘက်ကို လေးစားမှု မရှိသူ၊ ခပ်ညစ်ညစ် ကစားတတ်သူ စသဖြင့် အများစုက ဝေဖန်လေ့ရှိကြပါတယ်။ သူဟာ ကွင်းထဲမှာလည်း အဲ့ဒီလို ကစားတတ်သူဆိုတာ သက်သေတွေ အများကြီးရှိသလို သူကိုယ်တိုင်ကလည်း ဝန်ခံထားပါ။

"ကွင်းထဲမှာ ဆိုရင် ဘယ်သူနဲ့ ဖြစ်ဖြစ် ကျွန်တော် တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီလိုအချိန်မှာ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ပါဘူး။ ဘယ်သူ့ကိုမှ လေးစားမှုမရှိသလို ဘယ်သူ့ကိုဖြစ်ဖြစ် စော်ကားခဲ့ပါတယ်။ သူတို့ကို သတ်ဖို့အထိတောင် တွေးမိပါတယ်" လို့ ကော်စတာက ပြောဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့ရဲ့ ကစားသမားဘဝမှာ အနီကတ် ၇ ကတ်အထိ ပြသခံထားရတာ မဆန်းကျယ်လှပါဘူး။

အိမ်နီးချင်းကောင်း မဟုတ်သူ

အယ်လ်ဘာစီတီအသင်းမှာ ကစားနေစဉ်တုန်းက ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ကော်စတာရဲ့ သူငယ်ချင်းက ညစ်ညမ်းဗီဒီယိုကားကို အသံအကျယ်ကြီးဖွင့်ပြီး ကြည့်နေတာကို ဆင်းရဲတဲ့ အိမ်နီးချင်းမိန်းမ တစ်ဦးက အသံတိုးဖို့ ပြောဆိုပါတယ်။ ဒါကို ကော်စတာက ခပ်ပြုံးပြုံးကြည့်ပြီး "ဘာဖြစ်လို့လဲ။ ခင်ဗျား ဒီလိုချစ်ကြတာကို မကြိုက်ဖူးလား" ဆိုပြီး ပြောခဲ့ပါတယ်။

ဘရာဇီးနဲ့ စပိန်တို့ရဲ့ ကော်စတာတိုက်ပွဲ

အက်သလက်မှာ ကော်စတာခြေစွမ်းပြနေချိန် ၂၀၁၃ ခုနှစ်က ဘရာဇီးနည်းပြ စကိုလာရီဟာ ကော်စတာကို အီတလီ၊ ရုရှတို့နဲ့ ကစားမယ့် ချစ်ကြည်ရေးခြေစမ်းပွဲတွေအတွက် ခေါ်ယူခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့၊ အီတလီနဲ့ပွဲမှာ တိုက်စစ်မှူး ဖရက်ဒ်ရဲ့အစား ဝင်ရောက်ပြီး ဘရာဇီးအတွက် ပထမဆုံး ကိုယ်စားပြုကစားခဲ့ပါတယ်။ အဲ့ဒီနောက် ရုရှနဲ့ပွဲမှာလည်း ကာကာရဲ့အစား လူစားဝင်ရောက်ကစားခဲ့ပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာမှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က ကော်စတာကို စပိန်ကိုယ်စားပြုကစားဖို့ ဖီဖာထံ စာတင်လိုက်ပါတယ်။ ကော်စတာကလည်း စပိန်အတွက် ကစားဖို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို အကြောင်းကြားလိုက်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် နည်းပြစကိုလာရီနဲ့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဖီဖာရဲ့ စည်းမျဉ်းအရ ကစားသမားတစ်ဦးဟာ လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပြိုင်ပွဲ တစ်ပွဲ ကစားပြီးရင် အခြားနိုင်ငံကို ကိုယ်စားပြုခွင့် မရှိပေမယ့် ကော်စတာက ခြေစမ်းပွဲနှစ်ပွဲသာ ကစားထားတာကြောင့် စပိန်ကိုယ်စားပြုခွင့် ရသွားခဲ့ပါတယ်။

စပိန်အသင်းနဲ့အတူ မွေးရပ်မြေ ဘရာဇီးမှာ ကမ္ဘာ့ဖလားပွဲနွှဲခဲ့ပေမယ့် အောင်မြင်မှု မရခဲ့သလို အခုအချိန်အထိ စပိန်အတွက် တစ်ဂိုးသာ သွင်းနိုင်ပါသေးတယ်။ ဒါတွေက ကော်စတာရဲ့ ဘဝထဲက စိတ်ဝင်စားစရာ အချက်တွေဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘဝမှာ အခက်အခဲတွေနဲ့ စိတ်ဝင်စားစရာ အချက်တွေ အများကြီးရှိပါသေးတယ်။

အခွင့်ကြုံရင်တော့ ထပ်ပြီး ရေးသားသွား ဦးမှာပါ။ အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်။

mizzimaburmese.com