Thursday, 9 November 2017
မနော အွန်လိုင်း ပေါ် တင်လိုက်တဲ့ သီချင်းအသစ်က မအောင်မြင်သေးတဲ့ အဆိုတော် တစ်ယောက်ရဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က သီချင်းဖြစ်နေ
လွန်ခဲ့တဲ့ ၂ ရက်က ဟိုးလေး တကျော်ကျော် ဖြစ်သွားတဲ့ မနောရဲ့ “ရက်စက်တယ်ဗျာ အွန်လိုင်းပေါ်တောင် သီချင်း မတင်ရဲတော့ပါဘူး သူ့ရဲ့ သီချင်းတွေကို အခြားအဆိုတော်ရဲ့ ရုပ်နဲ့ အသံတွေ ချိန်းပစ်လို့” ဆိုပြီး Facebook မှာ တင်ခဲ့ကာcomment များ နဲ့ မနော ကို နှစ်သိမ့်ကြတာတွေ့ရပါတယ်ထိုအထဲမှာ ထူးထူးဆန်းဆန်း comment ရှင်ကတော့ ဒီလို ရေးထားပါတယ် တကယ်သနားစရာဖြစ်ရပ်ပါ သူတို့ခင်ဗျာ မအောင်မြင်သေးလို့ မဖြန်နိုင်းသေးတဲ့ သီချင်းလးပေါ့ ထိုမှ တဆင် Facebook မှာ ရှာကြည့်ရာ မနော အသစ်ဆိုပြီး တင်ထားတဲ့ သီချင်းကို “ရှိုင်းညီညီဆိုတဲ့ အဆိုတော်က Online မှာ 2016 September, 26 ရက်နေ့မှာ တင်ခဲ့
Credit: Celekabarဒီမှာ တစ်ခုတွေ့ရတာက တေးရေး သဟာအောင်ပါ ၂ ပုဒ်စလုံး သူ့အမည် ထိုးထားပါတယ် မူပိုင်ခွင့်က ဘယ်လိုရှိမယ်ဆိုတာတော့ အသေအချာမပြောနိုင်ပေမယ့် မအောင်မြင်သေးတဲ့ ရှိုင်းညီညီရဲ့ ရှိစုမဲ့စု ငွေးကြေးလေးနဲ့ ရိုက်ထားတဲ့ ဗီဒီယိုလေးကြည့်ပြီး သနားစိတ်ဝင်မိတာ အမှန်ပါ။ ဒါအပြင် သူ့ရဲ့ Facebook wall မှာလည်း ကျွန်တော်စိတ်မကောင်းဘူး။ လုပ်လိမ့်မယ်လို့လဲ မထင်ဘူး ဘုန်းကြီးလို့ အသက်ရှည်ပါစေဆိုပြီး” status တင်ထားတာတွေ့ရပြန်ပါတယ်ဒီသီချင်းလေးကို ရှိုင်းညီညီ ဆိုရာမှာလည်း မနောနည်းတူ နားထောင်လို့ ကောင်းပါတယ်။ ပရိတ်သတ်များလည်း ရှိုင်းညီညီရဲ့ အသက်ရှည်ဆေး” သီချင်းလေးကို မနောဆိုတဲ့ ပုံစံနဲ့ ယှဉ်ပြီး နားထောင်ပေးသွားပါဦး ရှိုင်းညီညီရဲ့ MTV လေးက ပိုပြီးတော့တောင် ကြည့်လို့ကောင်းနေပါသေးတယ်။ အနုပညာသည် ဂီတပညာရှင်အချင်းချင်းလက်တွဲရိုင်ပင်းနိုင်ကြပါစေအသဲနာနာနဲ့ မှတ်ချက်ပေးသွားသူရဲ့ မှတ်ချက်လေးကို ခံစားပေးပါ
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှ အမျိုးသားတဦးဟာ ဖုန်းအားသွင်းထားရင်း နားကြပ်နဲ့ သီချင်းနားထောင်နေချိန်မှာ ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၇ ရက်နေ့ ညပိုင်းက ဆီရိဆွန်ထောင်ဒေသတွင်းက သေဆုံးသူ ငှားရမ်းနေထိုင်ရာ အိမ်ထဲမှာ ဖြစ်ခဲ့တာလို့ သည်ဖူးခက်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီအမျိုးသားဟာ မွေ့ယာပေါ်မှာ မျက်နှာမှောက်လျက်သား အခြေအနေနဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး ဖုန်းကတော့ လျှပ်စစ်အားသွင်းခုံမှာ အားသွင်းထားဆဲ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ၅၇ နှစ်အရွယ် ခရစ်တ်ဆာဒါ ဂျွန်ဂရက်ခ်ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာကို ရဲတွေ ရောက်ရှိလာချိန်မှာတော့ အခန်းတွင်းမှာ တခြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတဲ့ အခြေအနေမျိုး မတွေ့ခဲ့ရဘဲ ဒါဟာ ဓာတ်လိုက်သေဆုံးတာပဲ ဖြစ်နိုင်တယ်လို့ သာလန်းခရိုင်ရဲဌာန ဗိုလ်မှူးကြီး ခရိုင်ဆွန် ဘွန်ပရာဆွတ်က ပြောပါတယ်။
ခရစ်တ်ဆာဒါရဲ့ သူငယ်ချင်းတယောက်က သူတို့ ၂ ယောက်ဟာ ဘိလပ်မြေစက်ရုံတရုံမှာ အတူတူ အလုပ်လုပ်ကြတာဖြစ်ပြီး ခရစ်တ်ဆာဒါကို နောက်ဆုံးတွေ့ခဲ့တာ နိုဝင်ဘာ ၅ ရက်နေ့ ည ၉ နာရီမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် အလုပ်လည်းမလာ၊ ဖုန်းလည်းဆက်လို့ မရတော့ သူတယောက်တည်းနေတဲ့ အခန်းကို သွားစုံစမ်းရင်း ခုလိုတွေ့ခဲ့တာလို့ ပြောပါတယ်။
ငှားရမ်းနေထိုင်ရာ တိုက်ခန်းဆီ ရောက်ချိန်မှာ ပိုင်ရှင်ဖြစ်သူက သူလည်း ခရစ်တ်ဆာဒါကို မတွေ့တာ ကြာနေတဲ့အတွက် ၂ ယောက်အတူ အခန်းဆီ သွားကြည့်ခဲ့ချိန်မှာ သေဆုံးနေတာ တွေ့လို့ ရဲတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
“ဒီအခြေအနေမှာတော့ ခရစ်တ်ဆာဒါဟာ လျှပ်စစ်ရှော့ခ်ဖြစ်ပြီး သေဆုံးရတာဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်” လို့ ခရိုင်ဆွန်က ပြောပါတယ်။
လက်ရှိမှာတော့ ခရစ်တ်ဆာဒါရဲ့ အလောင်းကို သာလန်းဆေးရုံဆီ ပို့ဆောင်ထားပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်နေကာ သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေသွားမယ်လို့ ပြောပါတယ်။
==========
DVB TV News
http://burmese.dvb.no/archives/237456
Wednesday, 8 November 2017
အမျိုးသမီးတစ်ဦး ယူဆောင်လာသည့် ကျပ်သိန်း ၅၀၀၀ ဆုပေါက်မဲပါ ထီလက်မှတ်ကို ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ စစ်ဆေးရာ အတုဖြစ်နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၇ ရက်တွင် ကျောက်တံတားမြို့နယ် (၄) ရပ်ကွက် မဟာဗန္ဓုလလမ်း အမှတ် (၃၈၃) ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲသို့ တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးက (၆) ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် အမှတ် ကခ-၂၀၁၁၈၃ ဖြင့် ကျပ် သိန်း ၅၀၀၀ ဆုရ လက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ စစ်ဆေးချက်အရ အဆိုပါ ထီလက်မှတ်မှာ အတုဖြစ်နေကြောင်း၊ ယင်းသို့ အတုဖြစ်နေသဖြင့် ပြည်တွင်း အခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုညွှန်မှူးဒေါ်အိအိခိုင်က တိုင်တန်း၍ ဒေါ်—- အား ကျောက်တံတား မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၆၈ (အတုပြုလုပ်မှု) ဖြင့် နိုဝင်ဘာ ၈ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ ကျောက်တံတား မြို့မရဲစခန်း (က/ခ) ပုံစံဖြင့် ဦးတိုက်လျှောက်ထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အား သိရှိနိုင်ရန် အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုညွှန်မှူး ဒေါ်အိအိခိုင်အား သွားရောက်မေးမြန်းခဲ့ရာ လတ်တလောတွင် မဖြေကြားနိုင်သေးကြောင်း၊ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ မီဒီယာပြန်ကြားရေးဌာနသို့ သွားရောက်မေးမြန်းပြီး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရန်၊ အဆင်ပြေသည့် အချိန်တွင် ပြန်လည်ဖြေကြား ပေးမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည် ဖြေကြားမည်ကို အတိအကျ မပြောနိုင်သေးကြောင်း ပြန်လည်ပြောကြားသည်။
ယင်းကြောင့် အောင်ဘာလေမီဒီယာ ပြန်ကြားရေးဌာနသို့ သွားရောက်မေးမြန်းရာ အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက လာရောက် သတင်းယူသူများ အနေဖြင့် သက်ဆိုင်ရာ သတင်းဌာန၏ ရုံးတံဆိပ်ပါ စာရွက်၊ တာဝန်ခံမည့် အယ်ဒီတာ၏ လက်မှတ်တို့ဖြင့် သိလိုသည့် အကြောင်းအရာများအား ရေးသားတင်ပြရမည် ဖြစ်ကြောင်း အကြောင်းပြန်ကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကို မေးမြန်းရာ “အဲဒီအမျိုးသမီးကို ကနဦးစစ်ဆေးတဲ့ နေရာမှာ သူကပြီးခဲ့တဲ့ ရှစ်လပိုင်းက ပုဂံကို ဘုရားဖူးသွားခဲ့တယ်။ အဲဒီလို သွားတဲ့အခါမှာ အထည်ဆိုင် တစ်ဆိုင်က အထည်ဝယ်တဲ့အခါ အကြွေမရှိလို့ ကံစမ်းတဲ့ အနေနဲ့ ထီလက်မှတ်ကို ယူသွားပါဆိုပြီး ပေးလိုက်လို့ ယူလာတာလို့ ပြောတယ်ပေါ့။ ထီလက်မှတ်ကို အိတ်ထဲထည့်ထားပြီးတော့ အခုတွေ့လို့ သတိရတဲ့ အခါမှာ ခြောက်ကြိမ်မြောက်က ထီပေါက်စဉ်ကို အွန်လိုင်းကရှာပြီး တိုက်တယ်ပေါ့။ ကျပ်သိန်း ငါးထောင်ဆုပေါက်တာ တွေ့လို့သူ့ ထီလက်မှတ်က စစ်မစစ် အောင်ဘာလေရုံးကို လာရောက်စစ်ဆေးတဲ့ အခါမှာ အတုဖြစ်နေတယ်လို့ သိရတယ်။ သူလာထုတ်တဲ့ ကျပ်သိန်းငါးထောင် ပေါက်မဲဆုက မန္တလေးက ပေါက်လို့ ဆုငွေထုတ်ပြီးသား လက်မှတ်ဖြစ်တယ်လို့ ကနဦး သိရပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။
writer: နေမျိုးဝင်း
===========
Eleven Media Group
http://news-eleven.com/news/21086
**
- ဓမ္မတာမမှန်ခြင်း၊ သွေးများများဆင်းခြင်း၊ သွေးဆင်းချိန်ကြာခြင်း
- ရာသီလာချိန်တွင် ကိုက်ခဲခြင်း
- သွေးအတုံး၊အခဲများဆင်းခြင်း
- ဗိုက်ပြည့်အင့်ခြင်း
- ဝမ်းချုပ်ခြင်း
- ဆီးခဏခဏသွားခြင်း၊ ဆီးသွားရခက်ခဲခြင်း
- မျိုးမအောင်ခြင်း
- လိင်ဆက်ဆံလျှင်နာခြင်း
- နာတာရှည်အဖြူဆင်းခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
အများအားဖြင့် အမျိုးသမီးတွေက ကုသမှုခံယူဖို့ ၃နှစ်ခွဲ - ၅နှစ်ကျော်လောက်စောင့်ပြီးမှ လာလေ့ရှိကြပါတယ်။ ရောဂါသိဖို့နောက်ကျခြင်းက ရောဂါကုထုံးတွေရဲ့ အကျိုးသက်ရောက်မှုကို နှောင့်နှေးစေပါတယ်။
စောစောသိလေလေ ကုသဖို့နည်းလမ်းများများရွေးချယ်နိုင်လေပါပဲ။
===========
DrMyanmar
လေအေးများ မှုတ်ထုတ်နေတဲ့ ပန်ကာသုံးလုံး တစ်ပြိုင်နက် ဖွင့်ပြီးအိပ်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ထိုင်းအမျိုးသားဟာ ကိုယ်အပူချိန် လျော့ကျမှုဝေဒနာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ညဘက်မှာ ပူလို့ဆိုပြီး ပန်ကာ သုံးလုံးဖွင့်ပြီးအိပ်ခဲ့တဲ့ သူဟာ နံနက်လင်းလာတဲ့အခါ ရုတ်တရက် အအေးပိုလာခဲ့တာကြောင့် ချိုင်ရာဖွန် မောင်းခရိုင်မှာ သေဆုံးရတာ ဖြစ်ပါတယ်။
သေဆုံးသူ မစ္စတာဆော့သာဝီးဘွန် ကူအာရဲ့ ရုပ်အလောင်းကို ရဲများနဲ့ အရေးပေါ် ကျန်းမာရေးဌာနတို့က စစ်ဆေးခဲ့ကြပါတယ်။
သေဆုံးသူဟာ မိခင်ကို ပြုစုဖို့အတွက် ဒီအိမ်ကို လာနေတာဖြစ်တယ်လို့ အစ်ကိုတော်စပ်သူ ဆာရာဝပ်ဘွန်ကူအာက ပြောကြားပါတယ်။
ရုတ်တရက် အေးလာတဲ့ ရာသီဥတုကို မခံနိုင်တာကြောင့် ခန္ဓာကိုယ် အပူချိန်ဟာ အနိမ့်ဆုံးကို ရောက်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ညအိပ်တဲ့အခါ အလွန်အမင်းအေးနေအောင် စီစဉ်ပြီး အိပ်စက်တဲ့ အလေ့အထဟာ ဆင်ခြင်စရာ ဖြစ်ပါတယ်။
===========
The Voice
http://thevoicemyanmar.com/relax/13734-pkt
1. မျက်လုံးပုံမှန်စစ်ဆေးပါ - ပုံမှန်စစ်ဆေးခြင်းဖြင့် ကုသလို့မရနိုင်တော့တဲ့အဆင့်မရောက်မီ စောစောသိစေနိုင်ပါတယ်။ အသက် 40 အရွယ်မှစပြီး လေးနှစ်တစ်ကြိမ်၊ အသက် 65 နှစ်မှစပြီး နှစ်နှစ်တစ်ကြိမ် မျက်လုံးပုံမှန်စစ်သင့်ပါတယ်။ ဖြစ်နိုင်ချေများရင်တော့ မကြာခဏစစ်ဆေးသင့်ပါတယ်။ ဘယ်လောက်တစ်ကြိမ်စစ်သင့်တယ်ဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပါ။
2. မိသားစုမျိုးရိုးမှာမျက်လုံးရောဂါတွေအကြောင်းသိအောင်လုပ်ပါ -
ရေတိမ်က မျိုးရိုးလိုက်တတ်တဲ့အတွက် ဖြစ်နိုင်ချေများရင် မကြာခဏ မျက်လုံးစစ်ဆေးမှုပြုလုပ်ဖို့ လိုပါတယ်။
3. လေ့ကျင့်ခန်းလုပ်ပါ
4. ဆရာဝန်ညွှန်ကြားတဲ့မျက်စဉ်းပုံမှန်ခပ်ပါ
5. မျက်လုံးအကာအကွယ်များတပ်ဆင်ပါ - မျက်လုံးကိုပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေရရင် ရေတိမ်ဖြစ်စေနိုင်တဲ့အတွက် မျက်လုံးကို ထိခိုက်နိုင်လောက်တဲ့ ကစားနည်းတွေကစားရင် မျက်လုံးအကာများဝတ်ဆင်ထားပါ။
===========
DrMyanmar
လူတိုင်းသည်တစ်နေ့ကိုပုံမှန်ဆံပင် ၅၀ မှ ၁၀၀ကြားကျွတ် လေ့ရှိပါတယ်။ သို့သော်လည်း ဆံပင်ကွက်ခြင်း၊ ဆံပင်ပါး ခြင်း များဖြစ်ပါကသင့်ကိုစိတ်နှောင့်အယှက်ဖြစ်စေနိုင်ပါ တယ်။ ထိုပြဿနာများကိုအောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းနိုင်ပါတယ်။
ဆံပင်ထိန်းသိမ်းမှုအလေ့အထကိုပြုလုပ်ပါ။
ဆံပင်ကိုစနစ်တကျထိန်းသိမ်းခြင်းအားဖြင့်ဆံပင်ကျွတ်ခြင်း ကိုထိရောက်စွာလျှော့ချနိုင်ပါတယ်။ ဆံပင်လျှော်နည်း၊ အ ခြောက်ခံနည်း ပုံစံကိုပြောင်းလဲခြင်းအားဖြင့် ဆံပင်ကျွတ် တာနည်းလာနိုင်ပါတယ်။
အရေပြားဆိုင်ရာပညာရှင်များက ခေါင်းလျှော်သောအခါတွင် ဆံသားကိုပွတ်၍မလျှော်ဘဲ ဦး ရေပြားကိုနှိပ်နှယ်၍လျှော်ပါကဆံသားပျက်စီးခြင်းကိုလျော့ ကျစေနိုင်တယ်လို့ဆိုထားပါတယ်။ ထို့နောက်ဆံသားကိုမ ပွတ်ဘဲရေဆေးပြီးနောက် ပျော့ဆေးကိုအသုံးပြုနိုင်ပါသည်။
ဦးရေပြားကိုဆေးလိမ်းပါ။
Minoxidil (Rogaine) ဟုခေါ်သောလိမ်းဆေးသည်အမျိုးသ မီးများတွင်ဆံပင်ကျွတ်ခြင်းကိုလျော့နည်းစေပြီးဆံပင်သန်စေ ပါတယ်။ ဆေးကိုရေရှည်အသုံးမပြုဘဲရပ်လိုက်လျှင်တော့ အာနိသင်ပြမှာမဟုတ်ပါဘူး။
ဆံပင်ကျွတ်ခြင်းဟာခေတ္တခဏဖြစ်သည်ဆိုတာနားလည်ပါ။
ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ နေမ ကောင်းချိန်၊ မီးဖွားချိန် နှင့် စိတ်ဖိစီးမှုများချိန်များတွင်ဆံပင် အကျွတ်များနိုင်ပါတယ်။ ထိုအခါမျိုးတွင်ဆံပင်အများကြီး ကျွတ်နိုင်ပြီး အလိုအလျောက်ပြန်ပေါက်နိုင်တာကိုသိထား သင့်ပါတယ်။ ထိုသို့နားလည်ထားခြင်းဖြင့်စိတ်ဖိစီးမှုများကို လျော့ချကာ အခြေအနေပိုမဆိုးလာအောင်ကာကွယ်နိုင်ပါ တယ်။
အရေပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကိုရှာမတွေ့လျှင် သင့် လျော်သော ကုသမှုခံယူနိုင်ရန်အရေပြားဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
ကျန်းမာရေးနှင့်သင့်လျော်သော အစားအသောက်ကိုစားသုံးပါ။
ကျန်းမာရေးနှင့်သင့်လျော်သောအစားအစာကိုစားခြင်းဖြင့် ဆံပင်ကျွတ်စေနိုင်သောဓာတုပစ္စည်းများကိုလျော့နည်းစေနိုင် ပါတယ်။ ဆီကြော်မုန့်များ၊ အနီရောင်ရှိသောအသား၊ အာလူး၊ pasta၊ အသင့်စားခေါက်ဆွဲ နှင့် အချိုမှုန့်များသည်ဆံပင် ကျွတ်စေနိုင်ပါတယ်။ ထို့ပြင် သကြား၊ ချော့ကလက်၊ ရေခဲမုန့် နှင့်အချိုရည် များသည်လည်းဆံပင်ကျွတ်စေနိုင်သောကြောင့် လျှော့စားသင့်ပါတယ်။
ဆံပင်ကျွတ်ရခြင်းအကြောင်းအရာများစွာရှိပါတယ်။ ထိုအ ခြေအနေများကိုဖြေရှင်းရန်နည်းလမ်းမတွေ့လျှင်တော့အရေ ပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ထိုအခါသင့် ကိုဘယ်လိုလုပ်သင့်ကြောင်းအကြံဥာဏ်များပေးပါလိမ့်မည်။
===========
ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.
Mizzima - News in Burmese
http://mizzimaburmese.com/article/33975
Subscribe to:
Posts (Atom)






