Wednesday, 23 May 2018
အသက် ၃၀ အထိ အိမ်မှာပဲနေတဲ့သားကို မိဘတွေက တရားစွဲ
=======================
=======================
အနောက်နိုင်ငံတွေမှာတော့ အရွယ်ရောက်လာတဲ့ သားသမီးတွေဟာ မိဘများနဲ့ မနေတော့ဘဲ ထွက်ခွာကြပါတယ်။ နယူးယောက်ပြည်နယ်က အသက် ၃၀ ကျော် အမျိုးသားဟာ မိဘများနဲ့ ဆက်လက်နေထိုင်နေတာမို့ မိဘကိုယ်တိုင်က တရားစွဲလိုက်ပါသတဲ့။ မိဘများကပေးတဲ့ ပိုက်ဆံကိုလည်း နေရာသစ်မှာ အခြေချဖို့ မယူဘဲနဲ့ အိမ်ကိုလည်း အိမ်ငှားခမပေးဘဲ အလကားနေနေမှုနဲ့ မိဘများက တရားစွဲတာဖြစ်ပါတယ်။ နေရာပြောင်းဖို့အတွက် စာငါးကြိမ်တိုင်တိုင် ရောက်ခဲ့ပေမယ့် မိုက်ကယ်ရိုတန်ဒိုဟာ မပြောင်းရွှေ့ခဲ့တာမို့ ခရစ္စတီနာ ရိုတန်ဒိုနဲ့ မာ့ခ်ရိုတန်ဒိုတို့က တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။ မိုက်ကယ်ကတော့ သူ့အတွက် ပြောင်းဖို့အချိန် အလုံအလောက်မရဘူးလို့ ဥပဒေအရ ချေပထားပါတယ်။ သားကို အိမ်ကထွက်ခွာပြီး သတ်သတ်နေဖို့အတွက် ဘယ်လိုမှ တိုက်တွန်းလို့မရတော့တဲ့အဆုံး အဆိုပါနည်းကို သုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ့နေရဲ့ အကူအညီနဲ့ ပြောင်းရွှေ့ဖို့ စာအကြိမ်ကြိမ် ပို့ခဲ့ပေမယ့် မလိုက်နာလို့ တရားရုံးက ခုလိုဆင့်ခေါ်တာ ဖြစ်ပါသတဲ့။
==============
The Voice
http://thevoicemyanmar.com/relax/21482-emp
Tuesday, 22 May 2018
ဓမ္မစကူးလ် ကျောင်းဆရာမ တစ်ဦး အသတ်ခံရ
ဖောင်းပြင်မြို့ မန်မော်ရွာ၊ အ.လ.က (မန်မော်)က ဓမ္မစကူးလ် ကျောင်းဆရာမ တစ်ဦး အသတ်ခံရ
=======================
=======================
ဖောင်းပြင်မြို့နယ် မန်မော်ရွာ အ.လ.က (မန်မော်) မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဓမ္မစကူးလ် ကျောင်းဆရာမတစ်ဦး ကို ယမန်နေ့ က ပိုးစာကုန်း-မန်မော်ရွာ လမ်းပိုင်း တစ်နေရာမှာ မုဒိန်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရတဲ့ ပုံစံအနေအထားမျိုးနဲ့ သေဆုံးလျက်သားတွေ့ရှိခဲ့ရတယ်လို့ ဖောင်းပြင်မြို့မရဲစခန်း က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
ဖောင်းပြင်မြို့ကနေ လာမယ့်လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတစ်ဦးကို သွားရောက်ကြိုဆိုဖို့ မန်မော်- ပိုးစာကုန်းရွာချင်းဆက်လမ်းမှာ သွားရောက်စောင့်ဆိုင်းမယ်ဆိုပြီးမန်မော် ရွာက နေထွက်သွားခဲ့ကြောင်း၊
အချိန်တန်ပြန်ရောက်မလာတာကြောင့် လိုက်ရှာကြရာ ည ၉ နာရီခွဲလောက် ရွာချင်းဆက်လမ်းမှာ ဆရာမရဲ့အလောင်းကို မှောက်ခုံအနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့ရကြောင်း ဖောင်းပြင်မြို့မရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးကပြောပါတယ်။
"မှောက်ခံအနေအထားနဲ့တွေ့တယ်။ ထမီကပြန်ပြီးဝတ်ပေးထားတဲ့ပုံစံမျိုးတွေ့တယ်။ အတွင်းခံဘောင်းဘီကို တစ်ခြားတစ်နေရာမှာတွေ့ရတယ်။ ဒါပေမဲ့ကျွန်တော်တို့ ဆေးစာမရသေးတော့ မုဒိန်းမှုရယ်လို့တော့ ရာနှုန်းပြည့်ပြောလို့မရသေးဘူး" လို့ အဆိုပါရဲအရာရှိက ဆိုပါတယ်။
ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ လည်ဂုတ်အောက်နားပခုံးအနားမှာ ညိုမဲဒဏ်ရာတစ်ချက်တွေ့ရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ယူဆရကြောင်း ၊ အနီးပတ်ဝန်းကျင်မှာသက်သေခံအဖြစ် အနည်းငယ်ကြီးတဲ့ ကျောက်ခဲတစ်လုံး နဲ့ တုတ်တစ်ချောင်းကိုတွေ့ရကြောင်း အဆိုပါရဲအရာရှိကထပ်လောင်းရှင်းပြပါတယ်။
သေဆုံးနေတဲ့အနေအထားကိုကြည့်ရင် လက်ဝတ်လက်စားတွေ တစ်ခုမှယူဆောင်သွားခြင်းမရှိဘူးလို့လည်း ရဲကဆိုပါတယ်။
အခုအသတ်ခံလိုက်ရတဲ့ ကျောင်းဆရာမ ဟာ မန်မော်(အလက)မှာ တာဝန်ထမ်းဆောင်နေသလို မန်မော် သီရိရာဇာဓမ္မစကူးလ် ကျောင်းမှာလည်း စာသင်ပေးနေတဲ့ ကျောင်ဆရာမတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဖောင်းပြင်မြို့နယ်ထဲမှာ ယခု ၂၀၁၈ ခုနှစ်အတွင်း လူသတ်မှု ၃ မှုဖြစ်ပွားခဲ့ပြီဖြစ်ပြီးအရင် အမှု ၂ မှုကတော့ သာမန်မတော်တဆဖြစ်သွားတဲ့လူသတ်မှုတွေဖြစ်ကြောင်း၊ အခု ကျောင်းဆရာမအသတ်ခံရမှုတစ်ခုသာ တမင်ရည်ရွယ်ချက်နဲ့ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ယူဆရကြောင်း ဖောင်းပြင်ရဲတပ်ဖွဲ့က ကောက်ချက်ချထားကြပါတယ်။
လက်ရှိ အဆိုပါအမှုကို ဖောင်းပြင်ရဲစခန်းမှာ (ပ) ၆၅ /၂၀၁၈ ရာဇသတ်ကြီး ၃၀၂ နဲ့ လတ်တလော အမှုဖွင့်ထားပြီး ဆေးစစ်ချက် ရရှိလို့ မုဒိန်းမှုဖြစ်ကြောင်းပေါ်ပေါက်ခဲ့ရင် ပုဒ်မ ထပ်တိုးလာနိုင်တယ်လို့ ရဲကဆိုပါတယ်။
သီဟ
Photo - သီရိရာဇာဓမ္မစကူးလ်၊ ပရဟိတအသင်း - ဖောင်းပြင်
==============
Popular News Journal
ဖောင်းပြင်၊ မေ ၂၃
Monday, 21 May 2018
သေဆုံးသွားသည့် သူတောင်းစားအဘွားအို၏ ဘဏ်စာရင်းတွင် ပေါင် ၁ သန်းခန့် ဘာကြောင့် ရောက်နေတာလည်း
=======================
=======================
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ သေဆုံးသွားခဲ့တဲ့ မသန်စွမ်း သူတောင်းစားတဦးရဲ့ ဘဏ်စာရင်းထဲမှာ ပေါင် ၁ သန်းနီးပါးရှိနေခဲ့တာကို တွေ့ရှိရချိန်မှာ ရဲတွေဟာ အံ့အား သင့်ခဲ့ကြရပါတယ်။
ဖာတီမာ အော့သ်မန်အမည်ရတဲ့ အသက် ၅၂ နှစ်အရွယ် အဆိုပါသူတောင်းစား အဘွားအို ရုတ်တရက်သေဆုံးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ချိန်မှာ ခုလို စစ်ဆေးတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ရဲတွေဟာ သူ့ရဲ့ အိတ် ၂ အိတ်ထဲက ငွေတွေကိုလည်း တွေ့ရှိခဲ့ကြပြီး ဘဏ်ငွေစု စာအုပ်တအုပ်ကိုပါ တွေ့ရှိခဲ့ကြတာလို့ မေရာသတင်းမှာ မေလ ၂၀ ရက်နေ့က ဖော်ပြပါတယ်။
ရဲပြောရေးဆိုခွင့်ရှိသူ ဂျိုးဆက်ပ် မူဆာလာမ်ကတော့ အဘွားအိုရဲ့ သေဆုံးမှုမှာတော့ သံသယဖြစ်ဖွယ် တစုံတရာ မတွေ့ရပဲ နှလုံးတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ရတာလို့ ပြောပါတယ်။
ဒါပေမယ့် သူတို့အနေနဲ့ အဘွားအိုရဲ့ ဘဏ်စာအုပ်ထဲက ခုလို ငွေပမာဏ အမြောက် အမြားရှိနေတာကိုတော့ အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ အဘွားအိုမှာ လက် ၂ ဘက်လုံးမရှိဘဲ ခြေထောက်တွေကိုလည်း အသုံးပြုလို့ မရသူတဦးဖြစ်ကာ ကြင်နာတတ်တဲ့ လက်ဘနွန်စစ်သားတဦးကြောင့် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စစ်သားက အဘွားအိုကို ကြင်ကြင်နာနာနဲ့ အစာရေစာတွေ တိုက်ကျွေးခဲ့တဲ့ ပုံဟာ တစစနဲ့ လူသိများလာခဲ့တာ ဖြစ်ပါတယ်။
အဘွားအို သေဆုံးပြီးနောက်မှာတော့ ရဲတွေက သူ့ရဲ့ ဆွေမျိုးသားချင်းတွေကို လိုက်ရှာခဲ့ကြပြီးနောက်မှာတော့ နိုင်ငံမြောက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မိသားစုဝင်တွေက အဘွားအိုမှာ ငွေကြေးတွေ ခုလောက်ရှိနေလိမ့်မယ်လို့ တကယ်သိမထားခဲ့ကြဘူးလို့ ဆိုပါတယ်။
အဘွားအိုဟာ ဓားပြတိုက်ခံခဲ့ရဖူးတာမို့ ဒီအကြောင်းကို ပြောဖို့ ထိတ်လန့်နေခဲ့တာ ဖြစ်နိုင်တယ်လို့ သူတို့က ပြောပါတယ်။
သူ့ရဲ့ လက် ၂ ဘက်စလုံးဟာ လက်ဘနွန်ပြည်တွင်းစစ် ကာလတုန်းက ဆုံးရှုံးခဲ့ တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
==============
DVB TV News
http://burmese.dvb.no/archives/270999
Saturday, 19 May 2018
မြင်းပေါ်လမ့်ကျ ခဲ့သူ ဟောင်ကောင်စူပါစတား မင်းသားကြီး
ထိုင်းနို်င်ငံမှာကြော်ငြာလာရိုက်ရင်း မြင်းပေါ်လမ့်ကျ ခဲ့သူ ဟောင်ကောင်စူပါစတား မင်းသားကြီး ဂျက်လီပါ။ဇတ်ကားတခုအတွက်အဖိုးအိုပုံစံ မိတ်ကပ်ပြင်ထားတာ မဟုတ်ပါဘူး ၊သူ့ မှာ thyroid hormoneသိုင်းရွိုက်ဟိုမုန်းမြင့်မားခြင်းရောဂါနဲ့  spinal nerveအရိုးနဲ့ အာရုံကြောဆိုင်ရာ ထိခိုက်သွားခဲ့လို့  အသက်၅၅ နှစ်အရွယ်နုပျိုဆဲမင်းသားကြီးဘ၀ ကနေ အသက်၇၀အရွယ်အဖိုးအို လို့  ထင်ရလောက်အောင် အရွယ်ကျသွားခဲ့တာပါ။SAWFans of the mainland Chinese superstar, "Jet Lee" or "Li Liian Jia" He has had a major health problem until he was 55 years old, but he looked like 70 years old.
Friday, 18 May 2018
()
==================
==================
ငှက်ပျောသီးဟာ ဆေးဝါးတွေထက်တောင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ ဗီတာမင် ၊ ပရိုတင်းဓါတ်နဲ့ တခြားအဟာရဓါတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့အသီးပါ။ ဒါ့အပြင် အရသာလည်းရှိ ဈေးနှုန်းလည်း တင့်သင့်တာမို့ အိမ်တိုင်း ၀ယ်ယူစားသုံးသင့်ပါတယ်။
အမျိုးသမီးတွေအတွက်ဆို ရာသီမှန်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ တခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ငှက်ပျောသီးရဲ့ အံ့မခန်းအစွမ်း
၁။ ငှက်ပျောသီးဟာ အားဆေးလိုပါပဲ။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးတာကြောင့် အားကစားသမားတွေ အဓိကစားသုံးကြပါတယ်။
၂။ ငှက်ပျောသီးမှာ Amino Acid ပါဝင်မှုမြင့်မားတာကြောင့် စိတ်ဖိစီးမှုကို လျှော့ကျစေပြီး ပျော်ရွှင်စေပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓါတ်ကလည်း စိတ်ကျရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
၃။ ငှက်ပျောသီးမှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး ဆားဓါတ်အနည်းငယ်ပဲပါဝင်ပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
၎။ ငှက်ပျောသီးကို တစ်နေ့တစ်လုံးစားပေးတာဟာ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။
၅။ ငှက်ပျောသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းရေဂါကို ကုသပေးနိုင်ပါတယ်။
၆။ ငှက်ပျောသီးကိုစားပေးတာ ဟောမုန်းဓါတ်ထုတ်လုပ်မှုကို ဟန်ချက်ညီစေပါတယ်။
၇။ ကိုယ်ဝန်ဆောင်တွေအတွက် ငှက်ပျောသီးက အထူးသင့်တော်ပါတယ်။ နာကျင်ကိုက်ခဲတာတွေကိုသက်သာစေပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
၈။ ငှက်ပျောသီးဟာ အစာအိမ်အတွက် အထူးကောင်းမွန်ပြီး အစာအိမ်ချည်ပေါက်တာ အစာအိမ်နာတာတွေကို လျှော့ချပေးနိုင်ပါတယ်။ အစာအိမ်အတွင်း အက်ဆစ်ထုတ်လုပ်မှုကိုလည်း ထိန်းချုပ်ပေးပါတယ်။
၉။ ငှက်ပျောသီးမှာ ဗီတာမင်ဓါတ် ၆ မျိုးပါဝင်လို့ သွေးတွင်းဂလူးကိုစ့်ပါဝင်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။
၁၀။ ငှက်ပျောသီးကို မနက်ပိုင်းမှာ ၁ လုံးလောက်စားပေးတာဟာ ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
===========
MyFood Myanmar
Thursday, 17 May 2018
Subscribe to:
Posts (Atom)
















