Saturday, 16 May 2015

--အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့မှု သက်တမ်း ထပ်တိုး

ဧရာဝတီ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံသော်လည်း ရခိုင်ပြည်နယ်နှင့် လူမျိုးစုဒေသများ တွင် ပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်းကြောင့် အခြေအနေမှာ စိုးရိမ်နေရဆဲ ဖြစ်ကြောင်း ထို့အတွက်  အမေရိကန်၏ မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှု သက်တမ်းကို တနှစ်ထပ်မံတိုး လိုက်ကြောင်း သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။ မြန်မာအစိုးရကတော့ ပြီးခဲ့သည့် လအတွင်းက အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပြေလည်ပြီး ပိတ်ဆို့မှုများ ရုပ်သိမ်းဖို့ ပိုဒက်စတာကဲ့သို့သော် အကျိုးဆောင်အဖွဲ့ ငှားရမ်းကာ ဆွဲဆောင်စည်းရုံးဖို့ လုပ်ဆောင်နေပါတယ်။

ရွေးကောက်ပွဲဝင်မည်ဟုပထမဆုံးပြောသော တပ်မတော်အရာရှိကြီး

Saturday, May 16, 2015  ကာကွယ်ရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က တာဝန် ပေးအပ်လျှင် ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံရန်ရှိကြောင်းမေလ ၁၅ ရက်၌ ထုတ်ဖော် ပြောကြားလိုက်သည်။သို့သော် ကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်မည့်ပါတီနှင့် မဲ ဆန္ဒနယ်ကိုမူ မပြောနိုင်သေး ကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က မေလ ၁၅ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအပြီး၌ သတင်းထောက်များနှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ထို့အပြင် တပ်မတော်ထိပ် ပိုင်းခေါင်းဆောင်အချို့လည်း ရွေးကောက်ပွဲတွင် ဝင်ပြိုင်နိုင် ကြောင်း ၎င်းက ဆက်လက် ပြော သည်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပ ရန် ခြောက်လသာလိုတော့ချိန် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်ကြီးများ၏နိုင်ငံရေးခြေ လှမ်းအပေါ် အားလုံးက စိတ်ဝင် စားစောင့်ကြည့်နေချိန်တွင် တပ် မတော်ထိပ်ပိုင်းခေါင်းဆောင်များ ရွေးကောက်ပွဲဝင်မည်ဖြစ် ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပထမဆုံး ထုတ်ဖော် ပြောကြားလာခြင်းလည်း ဖြစ် သည်။ ‘‘တာဝန်ပေးတယ်ဆိုရင် ကိုယ်တို့လုပ်မှာပါ။ ဘာကြောင့် လဲဆိုတော့ ကိုယ်တို့အနေနဲ့ အ သက်အရွယ်အားဖြင့် လုပ်နိုင် သေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ဒါကြောင့်မို့ လုပ်ဖြစ်မှာပါ’’ဟု ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်က ပြောသည်။ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် မှာ နိုင်ငံရေးရာထူးယူထားသည့် တပ်မတော်သား ဒုဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည်။ ဗိုလ်သင်တန်း အပတ်စဉ်(၁၈)မှ ဖြစ်ပြီး ယခု ၂၀၁၅ မှာ ၎င်း၏အသက်(၆၀) ပြည့်သည့်နှစ်ဖြစ်သည်။ စစ်မှု ထမ်းစည်းမျဉ်းအရ အသက်(၆၀) မပြည့်မီ လေးလအလိုကတည်း က မိမိ၏အငြိမ်းစားဘဝအတွက် ပြင်ဆင်မှုများကို လစာပြည့်၊ မူလရာထူးနှင့်ပင် လုပ်နိုင်ခွင့်ရှိရာ ဗိုလ်ချုပ်ကြီးအနေဖြင့် နိုင်ငံရေး ဝါသနာပါပါက ရွေးကောက်ပွဲဝင် နိုင်ကြောင်း တပ်မတော်ထိပ်တန်း အရာရှိကြီးတစ်ဦးက ပြောကြား သည်။ ‘‘ကာကွယ်ရေးဝန်ကြီးဒုဗိုလ် ချုပ်ကြီးဝေလွင်က DSA အပတ်စဉ် (၁၈)ကဖြစ်လို့ အခုဒီနှစ်က သူ့အ သက်(၆၀)ပြည့်တဲ့နှစ်လည်းဖြစ် တော့ ပင်စင်ယူပြီး နိုင်ငံရေးလုပ် မယ်ဆိုရင် လုပ်လို့ရတဲ့ အပိုင်းအ ခြားတော့ ဖြစ်နေတယ်’’ဟု နိုင်ငံ ရေးဆောင်းပါးရှင် ထက်ယံက ပြောသည်။ တပ်မတော်သားများအနေ ဖြင့် ကိုယ်စားလှယ်လောင်း ဝင် ရောက်ယှဉ်ပြိုင်ရန် ပါတီသို့ တင် သွင်းလာပါက လက်ခံစဉ်းစားရန် ရှိကြောင်း တပ်မတော်အစိုးရ ခေါင်းဆောင်အများစုဖြင့် ဖွဲ့စည်း ထားသည့် လက်ရှိအာဏာရပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မကြာမီရက်ပိုင်းအတွင်း သတင်း မီဒီယာများအား ပြောကြားခဲ့ သည်။ သို့သော် ကာကွယ်ရေးဝန် ကြီးက တာဝန်ပေးလာပါက ရွေး ကောက်ပွဲဝင်ရန် ရှိကြောင်း ပြော ကြားမှုနှင့်ပတ်သက်၍ အသေး စိတ်မသိရှိကြောင်းနှင့် ရွေး ကောက်ပွဲဝင်ရန် ကာကွယ်ရေး ဝန်ကြီးအား မည်သူကမျှ တာဝန် ပေး၍မရကြောင်း ဦးဌေးဦးက 7 Day Daily သတင်းစာအား ပြောကြားသည်။ ‘‘ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော် မကြားမိသေးဘူး။ ဒါပေမဲ့ အရွေးခံဖို့ တာဝန်ပေး တယ်ဆိုတာနဲ့ပတ်သက်လို့ သူ ဘယ်ပါတီက ၀င်ပြိုင်မယ်ဆိုတာ မသိဘူး။ သူပြိုင်မယ့်ပါတီက တာဝန်ပေးရမှာပေါ့။ အဲဒီအချိန် မှာ ပါတီဝင်ဖြစ်နေဖို့လည်း လို တယ်။ ပါတီဝင်ဖြစ်ရင်တော့ ခုန၀န်ထမ်းကိစ္စတွေ ဘာမှမရှိရ တော့ဘူးပေါ့။ သူဒီလိုလုပ်ဖို့ကို ဘယ်သူမှ တာဝန်ပေးလို့ မရဘူး လေ။ ကျွန်တော်တို့ပါတီက ပြိုင် မယ်ဆိုရင်တောင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က တာဝန်ပေး မှရမှာ။ ကျွန်တော်ကိုယ်တိုင် လည်း ဒီအတိုင်းပဲ ၀င်ပြိုင်ခဲ့ရတာ’’ ဟု ၎င်းက ပြောကြားသည်။ သို့သော် ကာကွယ်ရေးဝန် ကြီးမှာ နိုင်ငံရေးရာထူး ယူထား သူဖြစ်ရာ သမ္မတက တာဝန်ပေး နိုင်ပြီး တပ်မတော်သားတစ်ဦး ဖြစ် သည့်အတွက် ကာကွယ်ရေး ဦးစီး ချုပ်ကလည်း တာဝန်ပေးနိုင် ကြောင်း တပ်မတော်အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်မှာ တပ်မတော်တွင်း ရော မွေးရပ်မြေတွင်ပါ လူချစ် လူခင်များပြီး သဘောထား ပျော့ပျောင်းသူဖြစ်၍ ပါတီတစ်ခု ခုကို ၀င်ရောက်ရန် မလိုဘဲ ၎င်း သာဆန္ဒရှိပါက တစ်သီးပုဂ္ဂလအ နေဖြင့်ပင် ရွေးကောက်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်နိုင်သည့် ကျော ထောက်နောက်ခံကောင်းကောင်း ရှိနေကြောင်း ကာကွယ်ရေးဝန် ကြီးနှင့် နီးစပ်သူတစ်ဦးက ပြော သည်။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ရွေးကောက်ပွဲ မကျင်းပမီ သုံးလ ကြိုတင်ကြေညာမည်ဖြစ်ပြီး နိုင်ငံ ရေးပါတီများအနေဖြင့် ရွေး ကောက်ပွဲရက်မတိုင်မီ ရက်ပေါင်း၆၀ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြောကြားထားသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာတွင် ကျင်းပမည်ဟု ပြောကြားထားရာ ကာကွယ်ရေးဝန် ကြီးအနေဖြင့် ရွေးကောက်ပွဲဝင် မည်ဆိုပါက နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမည့်ကာလတွင် စတင်၍ ရာထူးမှ အနားယူကာ နိုင်ငံရေးအလုပ်များ စတင်လုပ် နိုင်ဖွယ်ရှိကြောင်း တပ်မတော် အရာရှိကြီးဟောင်းတစ်ဦးက ပြောသည်။ ‘‘၂၀၀၈ ဖွဲ့စည်းပုံအရတော့ ၁၀၀ ရာခိုင်နှုန်း အရပ်သားကိုယ် စားလှယ်တွေ မဖြစ်နိုင်သေးဘူး။ တပ်ရဲ့ပါဝင်မှု ရေချိန်မြင့်နေသေး တဲ့ သဘောပေါ့။ စစ်ဗိုလ်ချုပ်ကြီး ပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ဘယ်သူမဆို လွတ်လွတ်လပ်လပ် နဲ့ ရွေးကောက်ခံပိုင်ခွင့် ရှိပါ တယ်။ ဒါပေမဲ့ တာဝန်ပေးရင်ဆို တဲ့ အနေအထားကျတော့ ကိုယ့် စိတ်ဆန္ဒမဟုတ်ဘဲနဲ့ လွတ်လွတ် လပ်လပ် မရှိသေးဘူးဆိုတာကို ဖော်ပြရာရောက်တယ်။ ဒါပေမဲ့ ၂၀၁၀ လောက်တော့ လွယ်လွယ် ကူကူနိုင်မှာတော့ မဟုတ်တော့ ဘူး။ နိုင်ငံတကာကလည်း စောင့်ကြည့်နေတယ်။ ပြည်သူတွေကလည်း နိုင်ငံရေးရေချိန်မြင့်မားလာပြီ’’ ဟု ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောသည်။ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် (ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ) 7Day Daily

တကိုယ်ရေ လိင်အာသာဖြေခြင်း၏ နောက်ဆက်တွဲ

လိင်ဆက်ဆံမှု , လိင် အသိပညာပေး , တကိုယ်ရေ အာသာဖြေခြင်း , ကျန်းမာရေး တကိုယ်ရေ လိင်အာသာဖြေခြင်းဓလေ့ဟာ ယဉ်ကျေးမှု လူမှုပတ်ဝန်းကျင်အားလုံးမှာ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ဓလေ့တခုဖြစ်ပါတယ် လူရယ်လို့ ဖြစ်လာရင် လိင်ကိစ္စဆိုတာ ရှောင်လွဲမရတဲ့ အရေးအရာတခုဖြစ်ပါတယ်။ အရွယ်ရောက်လာပြီဆိုတာနဲ့ အမျိုးသမီး၊ အမျိုးသားတွေကိုယ်တိုင် ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတာ၊ တောင့်တလိုချင်တာတွေ ဖြစ်စမြဲပါပဲ။ လူပျိုဖော်ဝင်စ အရွယ်၊ အပျိုဖော်ဝင်စ အရွယ်တွေမှာ မိမိကိုယ်တိုင် တကိုယ်ရေ လိင်အာသာဖြေတာတွေ စမ်းသပ်ကြစမြဲ၊ လုပ်ကြစမြဲပါပဲ။ ဒါပေမယ့် လွန်ကျူးတဲ့ တကိုယ်ရေအာသာဖြေမှုတွေမှာ အနည်းနဲ့ အများဆိုသလို ဆိုးကျိုးတွေရှိသလို ၊ ကောင်းကျိုးတွေလည်းရှိပါတယ်။ ဒီတပတ်ရဲ့ လိင်မှုဆိုင်ရာ အသိပညာရေးမှုမှာတော့ တကိုယ်ရေ လိင်အာသာဖြေခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ အကျိုးနဲ့ ဆိုးကျိုးတွေကို တင်ပြလိုက်ပါတယ်။ မေး။ ။ တကိုယ်ရေ စိတ်ဖြေခြင်း (Masturbation) ဆိုတာဘာလဲ။ တကိုယ်ရေ စိတ်ဖြေခြင်းဆိုတာ စိတ်သာယာမှုအတွက် မိမိရဲ့ လိင် အင်္ဂါတွေကို ထိတွေ့ပွတ်သပ်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် တကိုယ်ရေ စိတ်ဖြေခြင်း ဆိုတာ တယောက်တည်းလုပ်တဲ့ လိင်မှုကိစ္စပါပဲ။ ဖြေ။ ။ တကိုယ်ရေ အာသာဖြေတာကို ဘယ်သူတွေလုပ်ကြသလဲ။ ၁၉၄၀ နှောင်းပိုင်းနှစ်တွေနဲ့ ၁၉၅၀ အစောပိုင်း နှစ်တွေမှာ Alfred Kinsey က လူသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အလေ့အထ တွေနဲ့ ပတ်သက်လို့ သူ၁၅ နှစ်ကျော်ကြာ သုတေသနပြုထားတဲ့ ရလဒ်တွေကို ပထမဆုံး ထုတ်ဝေခဲ့ပါတယ်။သူ့ရဲ့ လေ့လာ တွေ့ရှိမှု တွေအရ အမျိုးသား ၉၆ ရာခိုင်နှုန်းနီးပါးနဲ့ အမျိုးသမီး ၆၀ရာခိုင်နှုန်း နီးပါးဟာ တကိုယ်ရေစိတ်ဖြေမှု ပြုလုပ်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ ယဉ်ကျေးမှု အယူအဆတွေနဲ့ တန်ဖိုးတွေ အမျိုးမျိုးကွဲပြားမှုတွေရှိနေပေမယ့် တကိုယ်ရေ စိတ်ဖြေခြင်းက လူ့အသိုင်း အ၀ိုင်း အဖွဲ့အစည်း အားလုံးမှာရှိနေတဲ့ အရာဖြစ်ပါတယ်။ မေး။ ။ တကိုယ်ရေ စိတ်ဖြေခြင်းမှာ ဘေးထွက် ဆိုးကျိုးရှိနိုင်သလား။ ဖြေ။ ။ တကိုယ်ရေ စိတ်ဖြေခြင်းကြောင့် ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ လက်ဖ၀ါးမှာ အမွှေးအမျှင်တွေပေါက်လာမယ်၊ စိတ်ဖောက် ပြန်နိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခန္ဓာက အားအင်တွေ အလွန်အမင်း ဆုံးရှုံးသွားလိမ့်မယ်ဆိုတဲ့ အယူအဆတွေ မှားယွင်းကြောင်း ဆေးသိပ္ပံပညာက သက်သေပြသနိုင်ခဲ့ပါတယ်။ တချို့ကတော့ ဒီလိုလုပ်တာဟာ အပြစ်ရှိတယ်၊ ညစ်ညမ်းမှု ဖြစ်တယ်လို့ စိတ်ထဲမှာ ခံစားရတယ်လို့ ဆိုပါတယ်။ တကိုယ်ရေ စိတ်ဖြေခြင်း အတွက်သာမဟုတ်ဘဲ ဘယ်လိုကိစ္စမျိုး အတွက်ပဲဖြစ်ဖြစ် မကောင်းတဲ့ စိတ်ခံစား မှု ရှိနေမယ်ဆိုရင် လူ တယောက်ရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။ အမေရိကန် ဆေးပညာအသိုင်း အ၀ိုင်းက တကိုယ်ရေစိတ်ဖြေခြင်းကို သာမန်ကိစ္စတခု အဖြစ်လက်ခံထားကြောင်း ၁၉၇၂ ခုနှစ်ထုတ် လူသားတို့၏ ဖိုမ လက္ခဏာ (Human Sexuality) စာအုပ်မှာဖော်ပြထားပါတယ်။ မေး။ ။ လူတွေဘာကြောင့် တကိုယ်ရေ စိတ်ဖြေမှုကိုလုပ်ကြသလဲ။ ဖြေ။ ။ လူတွေ တကိုယ်ရေ စိတ်ဖြေမှုကိုလုပ်ကြတဲ့ အကြောင်းပြချက်တွေကတော့ သာယာမှုကို ခံစားဖို့၊ တင်းမာမှုတွေ လျှော့ချဖို့၊ ဖိအားတွေကို လျှော့ချဖို့ ၊ စိတ်ပေါ့ပါးစေဖို့၊ လိင်ဆက်ဆံဖော် မရှိလို့ ၊ဒါမှမဟုတ် လိင်ဆက်ဆံမှု မလုပ်ချင်လို့၊ ဘယ်လို ခံစားချက်က ကောင်းမလဲဆိုတာနဲ့ ဘယ်လို နှိုးဆွရမယ် ဒါမှမဟုတ် ဘယ်လို သာယာမှု ရနိုင်မယ် ဆိုတာတွေကို နားလည်ဖို့ ဖြစ်ကြပါတယ်။ တကိုယ်ရေ စိတ်ဖြေမှုနဲ့ ပတ်သက်လို့ ယုံတမ်းစကား ဆန်ဆန် ပြောကြတာတွေကတော့ လိင်ဆက်ဆံဖော် မရှိတဲ့သူတွေသာ တကိုယ် ရေ စိတ်ဖြေမှုကို လုပ်ကြတယ်။ တကိုယ်ရေ စိတ်ဖြေမှု လုပ်ခြင်းကြောင့် စိတ်ရောဂါရနိုင်သလို လက်ဖ၀ါးမှာ အမွှေးအမျှင်တွေ ပေါက် လာနိုင်တယ်။ အမှန်လိင်ဆက်ဆံတဲ့ အခါမှာ အခက်အခဲဖြစ်နိုင်တယ်။ တကိုယ်ရေ စိတ်ဖြေမှုကို အလွန်အကျွံလုပ်တဲ့ အမျိုးသားတွေမှာ သုက်ရည် ကုန်ခမ်းသွားနိုင်တယ်။ မေး။ ။ တကိုယ်ရေး စိတ်ဖြေခြင်းမှ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ။ ဖြေ။ ။ ကိုယ့်ဘာသာ သာယာမှု ရယူခြင်းက စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ အကျိုးကျေးဇူးတွေ ရှိကြောင်း လေ့ လာမှု တော်တော်များများက တွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးအများအပြားအတွက် ဓမ္မတာမလာခင် ခံစားရတဲ့ စိတ်တင်းကျပ်မှုတွေကို သက်သာစေပါတယ်။ လိင်ဆက်ဆံမှုကို ရှောင်ရှားဖို့ ဆုံးဖြတ်ထားသူတွေ၊ လက်ရှိ အချိန်မှာ လိင်ဆက်ဆံ ဖော်မရှိတဲ့ သူတွေအတွက် ကောင်းမွန်တဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ထွက်ပေါက်တခု ဖြစ်ပါတယ်။ တကိုယ်ရေ စိတ်ဖြေခြင်းက စိတ်ချလုံခြုံတဲ့ နည်းလမ်းတခု ဖြစ်ပြီး တော့ ပဋိသန္ဓေတားဆီးရေးနဲ့ HIV အပါအ၀င် လိင်ဆက်ဆံမှုကနေ ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ရာမှာလည်း အထောက် အကူဖြစ်ပါတယ်။ လိင်ဆက်ဆံမှုကို လက်တွေ့ပြုလုပ်ဖို့ အသင့် မဖြစ်သေး သူတွေ အတွက်လည်း တကိုယ်ရေ စိတ်ဖြေခြင်းက စိတ် ကျေနပ် နှစ်သိမ့်မှုကို ခံစားရစေပါတယ်။ လိင် အင်္ဂါတွေ တ၀ိုက်မှာ သွေးစီး ဆင်း မှုတိုးလာစေတဲ့ အတွက် အဲဒီအင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင် အောင် အထောက်အကူပေးပါတယ်။ ကောင်း ကောင်း လည်း အိပ်ပျော်စေနိုင်ပါတယ်။ လူတွေ အနေနဲ့ သူတို့ကိုယ်ခန္ဓာနဲ့ ပိုပြီး အကျွမ်းတ၀င်ဖြစ်ဖို့ သက်တောင့်သက်သာရှိလာဖို့ အထောက် အကူ ပေးပါတယ်။ လိင်ပိုင်းဆိုင်ရာ ကိုယ်အစိတ်အပိုင်းတခုခု ပုံမှန်အလုပ်မလုပ်ခြင်းနဲ့ ကြုံတွေနေရသူတွေ ပြန်လည်ကောင်းမွန် လာစေတဲ့ ကုထုံး နည်းပညာ တခုလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ မိမိတို့ရဲ့ ခံစားချက် အမြင့်ဆုံးအချိန်ကိုရရှိနိုင်မယ့် နည်းလမ်းကို သိရှိနိုင်ဖို့ အထောက် အကူဖြစ်စေပါတယ်။ အမျိုးသားတွေ အတွက်ကတော့ သုက်လွှတ်မှုကို လိုအပ်သလို ထိန်းချုပ်လာနိုင်စေပါတယ်။ စိတ်ဖိစီးမှု ကိုလည်း လျှော့ချပေးပါတယ်။ မေး။ ။ တကိုယ်ရေ စိတ်ဖြေခြင်းကို စွဲလမ်းခဲ့ရင် ဒါမှမဟုတ် အလွန်အကျွံပြုလုပ်ခဲ့ရင် ဘာတွေဖြစ်နိုင်မလဲ။ ဖြေ။ ။ အကြိမ်ရေ ဘယ်လောက်ဆိုရင် ပုံမှန်ဖြစ်မလဲလို့ လူတွေ သိချင်တတ်ကြပါတယ်။ လူတိုင်း လူတိုင်း (အမျိုးသမီး ဖြစ်စေ၊ အမျိုးသား ဖြစ်စေ) ဘယ်နှစ်ကြိမ်လုပ်မှာလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရပါမယ်။ တကိုယ်ရေ စိတ်ဖြေမှုလုပ်ခြင်းက စိတ်ဆန္ဒကို မထိန်းသိမ်း နိုင်တဲ့ ပုံမှန် မဟုတ်တဲ့ရောဂါ (Obsessive/Compulsive disorder -OCD) ရဲ့ လက္ခဏာတခု လို့ ဆိုနိုင်ပေမယ့် မကြာခဏ တကိုယ်ရေ စိတ်ဖြေမှု ပြုလုပ် ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု မရှိဘူးလို့ ပညာရှင်တွေက လက်ခံ ထားပါတယ်။ အလေ့အထတခုကို ထပ်တလဲလဲ လုပ်နေတဲ့အတွက် မိမိရဲ့ နေ့စဉ်အလုပ်တွေ၊ တာဝန်တွေနဲ့ ပေါင်းသင်း ဆက်ဆံ ရေး တွေ ကိုပါ ထိခိုက်နိုင်တဲ့ အတိုင်းအတာတခုဖြစ်လာပြီဆိုရင်တော့ OCD လို့သတ်မှတ်ပါတယ်။ မေး။ ။ တကိုယ်ရေစိတ်ဖြေမှုကို အလွန်အကျွံပြုလုပ်ခဲ့ရင် ဘာဆိုးကျိုးတွေဖြစ်မလဲ။ ဖြေ။ ။ တန်ဆေး၊ လွန်ဘေး ဆိုတဲ့ စကားလိုပါပဲ။ အလွန်အကျွံဆိုတာ ဘယ်နေရာမှ မကောင်းပါဘူး။ ဒါပေမယ့် ဒီနေရာမှာတော့ အလွန်အကျွံဆိုတာက လူတဦးချင်းစီရဲ့ အပေါ်မှာ မူတည်နေပါတယ်။ တကိုယ်ရေ စိတ်ဖြေမှုကို အကြိမ်ကြိမ်ပြုလုပ် ပေ မယ့် နေ့စဉ် အလုပ်တွေ၊ တာဝန်တွေနဲ့ ပေါင်းသင်း ဆက်ဆံ ရေး တွေမှာ အားနည်းမှုတွေ ရှိမလာဘူး ဆိုရင် အလွန် အ ကျွံလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ ထိုခိုက်လာပြီဆိုရင်တော့ အလွန်အကျွံဖြစ်နေပြီလို့ ယူဆရတော့မှာ ဖြစ်ပါတယ်။ မကြာခဏ တကိုယ်ရေစိတ်ဖြေမှုပြုလုပ်ခြင်းနဲ့ သုက်လွှတ်ခြင်းက အာရုံကြောလုပ်ငန်းတွေကို လှုံ့ဆော်နှိုးဆွပေးပါတယ်။ အလွန်အကျွံ နှိုးဆွခြင်း က လိင် ဟိုမုန်းတွေနဲ့ Acetylcholine၊ Dopamine နဲ့ Serotonin တို့လို Neurotransmitters တွေကို ပိုလျှံ ထုတ်လုပ် စေပါတယ်။ ဒီလို ဟိုမုန်းတွေ Neurotransmitters တွေ အမြောက်အများ ဖြစ်လာတာကြောင့် ဦးနှောက်နဲ့ Adrenal ဂလင်းတွေက ဓာတ်ပြောင်းလဲမှုတွေ အလွန်အကျွံပြုလုပ်မိစေပြီးတော့ ကိုယ်ခန္ဓာရဲ့ ဓာတုစနစ်မှာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်စေ ပါတယ်။ တကိုယ်ရေစိတ်ဖြေမှုကို အလွန်အကျွံပြုလုပ်သူတွေ ကြုံတွေရနိုင်တာက အာရုံစူးစိုက်မှု့နဲ့ မှတ်ဥာဏ်ပြဿနာဖြစ်ပါတယ်။ ဦးနှောက်မှာ Acetylcholine စီးထွက်မှုများနေပြီဆိုတဲ့ အရိပ်လက္ခဏာဖြစ်ပါတယ်။ သတိမေ့တာ၊ မှတ်ဥာဏ်တွေပျောက် ဆုံးတာ၊ အာရုံ စူးစိုက်နိုင်မှုမရှိတာနဲ့ eye floaters(မြင်ကွင်းထဲမှာ အစက်အပျောက်တွေမြင်နေရတာမျိုး) တွေဖြစ်တတ်ပါ တယ်။ ဒါဆိုရင် နေ့စဉ်အလုပ်တွေ၊ တာဝန်တွေနဲ့ ပေါင်းသင်း ဆက်ဆံ ရေး တွေမှာ အဆင်မပြေမှုတွေရှိလာပါတော့မယ်။ ဒီလိုဖြစ်လာပြီဆိုရင် သင့်ခန္ဓာကိုယ်အတွင်းက ဓာတုစနစ်ကို ဟန်ချက်မျှအောင်ပြန်လုပ်ဖို့ လိုအပ်နေပါပြီ။ တကိုယ်ရေ စိတ်ဖြေခြင်းဆိုတာ လိင်စိတ်ဆန္ဒနဲ့ ဆိုင်တဲ့ သာမန် အလေ့အထတခုပါ။ ဒါပေမယ့် အလွန် အကျွံပြုလုပ်ခြင်း၊ သာမန် ထက်ပိုပြီး စွဲလမ်းခြင်းက ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ဟန်ချက် မညီမျှမှုတွေကို ဖြစ်စေနိုင် ပါတယ်။ ဒီကိစ္စတခုထဲမှာမှ မဟုတ်ပါဘူး လူသားတွေရဲ့ အခြား အလေ့အထ အမူ အကျင့်တွေမှာဆိုရင်လည်း ထိုနည်းတူ ပါပဲ။ ဧရာဝတီ

Friday, 15 May 2015

အွန်လိုင်းမှာ အ၀တ်မပါဘဲ ကိုယ်လုံးတီး ဇောက်ထိုး ဒန်းစီးပြခဲ့တဲ့ ကစားနည်းနဲ့  ပြသသွားတဲ့ ထိုင်းနိင်ငံ ချင်းမိုင် မြို့ နယ်က အပျော်စီး ဇောက်ထိုးဒန်း ကြိုးစီးတဲ့ နေရာကို ထိုင်းရဲတွေသွားရောက် စုံးစမ်းနေပါတယ် ။ အဆိုပါအမျိုးသမီးဟာ နိုင်ငံခြားသူတယောက်လို့  ပြောနေကြပေမယ့် ထိုင်းလူမျိုးဖြစ်ဘို့ များပါတယ် ။ ဖင်ပြောင်မှ နာမည်ကြီးတဲ့ အွန်လိုင်းခေတ်မှာ သူမ ကစားတာကို လူကြည့်များအောင် ခူလို ဖင်ပြောင် ဇောက်ထိုးစီးပြခဲ့တာပါ ။။ https://www.youtube.com/watch?t=14&v=6Uevf4IMd_4 min burma

Thursday, 14 May 2015

အင်းတကော်မှာတွေ.ရှိရတဲ့ လူသတ်မှုဖြစ်စဉ်ပေါ်ပေါက်လာခဲ့ရခြင်းရဲ. အဓိက လက်သည်

“ဂျပန်ကို ၄၅ ရက်အတွင်း သွားရမယ်ဆိုပြီးတော့အရင်ဆုံး သင်တန်းကြေး  ၅သိန်း သွင်းရတယ်။ပထမဦးဆုံး စာချုပ်အနေနဲ့ ၅၅သိန်း ပေးသွင်းရတယ်။ အဲဒီနောက်ပိုင်းမှာ လေယာဉ် လက်မှတ်ပြတယ်။လေယာဉ်လက်မှတ် ပြပြီး တော့ ကျန်တဲ့ သိန်း၅၀ ကို ပေးသွင်းရတယ်။ အလုပ်သမား ဗီဇာနဲ့ သွားရမယ်ဆိုပြီး၊ ကျွန်တော်တို့ကို ပြောတယ်။သွားရ မယ့်ရက် တစ်ပတ် ကျော်လွန်သွားတော့ မသွားရတော့ပိုက်ဆံ ပြန်တောင်း တော့လည်း မရတော့ဘူး။နောက်မှ စုံစမ်းရတာက ကိုကျော်ကျော်နိုင်က  ထွက်ပြေးသွားလို့ သူတို့ကို အမှုဖွင့်ထားတယ်”ဟု ကိုယ်တိုင် အလိမ်ခံရသူ  တစ်ဦး ဖြစ်သူကTomorrow သို့ ပြောသည်

အင်းတကော်မှာတွေ.ရှိရတဲ့ လူသတ်မှုဖြစ်စဉ်ပေါ်ပေါက်လာခဲ့ရခြင်းရဲ. အဓိက လက်သည်

“ဂျပန်ကို ၄၅ ရက်အတွင်း သွားရမယ်ဆိုပြီးတော့အရင်ဆုံး သင်တန်းကြေး  ၅သိန်း သွင်းရတယ်။ပထမဦးဆုံး စာချုပ်အနေနဲ့ ၅၅သိန်း ပေးသွင်းရတယ်။ အဲဒီနောက်ပိုင်းမှာ လေယာဉ် လက်မှတ်ပြတယ်။လေယာဉ်လက်မှတ် ပြပြီး တော့ ကျန်တဲ့ သိန်း၅၀ ကို ပေးသွင်းရတယ်။ အလုပ်သမား ဗီဇာနဲ့ သွားရမယ်ဆိုပြီး၊ ကျွန်တော်တို့ကို ပြောတယ်။သွားရ မယ့်ရက် တစ်ပတ် ကျော်လွန်သွားတော့ မသွားရတော့ပိုက်ဆံ ပြန်တောင်း တော့လည်း မရတော့ဘူး။နောက်မှ စုံစမ်းရတာက ကိုကျော်ကျော်နိုင်က  ထွက်ပြေးသွားလို့ သူတို့ကို အမှုဖွင့်ထားတယ်”ဟု ကိုယ်တိုင် အလိမ်ခံရသူ  တစ်ဦး ဖြစ်သူကTomorrow သို့ ပြောသည်

ထမင်းစားပြီးပြီး ချင်းမှာ မလုပ်သင့်တဲ့ အရာများ

သင် ဟာ အသက်ရှင်ခြင်းရဲ့ အခြေခံလိုအပ်ချက် အတွက် ၊ အာဟာရ ရရှိဖို့အတွက် အချိန်တန်ရင် ထမင်းစားရပါတယ်။ ထမင်းစားပြီးရင် ဗိုက်ပြည့်ပြီ။ လုပ်ချင်တာ ပြန်လုပ်မယ်ဆိုပြီးတွေးထားရင်တော့ ဘာ အာဟာရ မှ ရမှာ မဟုတ်ပါဘူး။ ထမင်းစားပြီးပြီးချင်းမှာ ရှောင်ကြဉ်သင့်တာလေးတွေရှိပါတယ်။ အဲဒါတွေကတော့ ၁။ လက်ဖက်ရည် မသောက်ပါနဲ့ လက်ဖက်ရည်မှာပါဝင်တဲ့ ပိုလီဖနော တွေဟာ သင်စားလိုက်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ သံဓါတ်တွေကို ရယူနိုင်ဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် လက်ဖက်ရည်မှာ ပါဝင်တဲ့ အက်ဆစ် အမျိုးမျိုးတို့ဟာ ထမင်းစားချိန်တုန်းက ရရှိထားတဲ့ ပရိုတိန်းတွေကို နှောင့်ယှက်လိုက်တဲ့အတွက် ထမင်းစားပြီး လက်ဖက်ရည်သောက် ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ၂။ ရေမချိုးပါနဲ့ သင့်ရဲ့ အစာအိမ်ထဲက အစာတွေကို ကောင်းမွန်စွာ ချေဖျက်နိုင်ဖို့အတွက် သင့်ရဲ့ အစာအိမ်ကို သွားတဲ့ သွေးလည်ပတ်မှု တွေကို လှုံ့ဆော်ပေးဖို့လိုပါတယ်။ ရေချိုးလိုက်ခြင်းဟာ သင့်ရဲ့ ခြေထောက်နဲ့ လက် မှာ ရှိတဲ့ သွေးလည်ပတ်မှု တွေကို ပြောင်းပြန်ပြုလုပ်လိုက်တဲ့အတွက် ထမင်းစားပြီး နာရီဝက်ခန့် ကြာမှသာ ရေချိုးသင့်ပါတယ်။ ၃။ မအိပ်ပါနဲ့ ဒါကတော့ ကမ္ဘာကြီးရဲ့ ဆွဲငင်အားနဲ့ ဆိုင်ပါတယ်။ သင်ဟာ လဲလျောင်းလိုက်တဲ့အခါမှာ သင့်ရဲ့ အစာအိမ် အတွင်းက အစာချေဖျက်ပေးမယ့် အရည်တွေဟာ ပျောက်ဆုံးသွားတဲ့အတွက် အစာစားပြီးပြီး ချင်းလဲလျောင်း အိပ်စက်တာ ဟာ မကောင်းပါဘူး။ ၄။ လမ်းမလျှောက်ပါနဲ့ လမ်းလျှောက်ခြင်းဟာ သင့်ရဲ့ စွမ်းအင်တွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ စွမ်းအင်တွေ လောင်ကျွမ်းသွား တဲ့အခါမှာ သင့်ရဲ့ အစာအိမ်အတွင်းက အစာချေဖျက်တဲ့ အရည်တွေဟာ အစားအစာမှာ ပါတဲ့ အာဟာရတွေကို ရယူနိုင်စွမ်းမရှိတော့ပါဘူး။ ၅။ သစ်သီးတွေမစားပါနဲ့ အချိုတည်းတယ်လို့ လူတွေပြောကြပေမယ့်လည်း ထမင်းစားပြီးပြီးချင်း သစ်သီးစားခြင်းက ဘာအကျိုးကျေးဇူးမှ မရပါဘူး။ သစ်သီးတွေမှာပါတဲ့ သကြားဓါတ်ဟာ အစာအိမ်အတွင်းက အစာချေဖျက်တဲ့ အရည်တွေရဲ့ စုပ်ယူမှုကို ခံလိုက်ရတဲ့အတွက် သင့်ရဲ့ ခန္ဓာကိုယ်အတွင်း သကြားဓါတ် ပိုမိုရောက်ရှိသွားမှာပါ။