Thursday, 27 October 2016

::://///ဪ ယောက်ျား ...


"အမျိုးသမီးတွေဟာ စိတ်အပြောင်းအလဲ မြန်သူတွေဖြစ်ကြတယ်"

- အသက် ၁၈ နှစ်မှာ ယောက်ျားပီသတဲ့ အမျိုးသားမျိုးကို လိုချင်ကြတယ်။

- အသက် ၂၅ နှစ်မှာ အောင်မြင်တဲ့ အမျိုးသားမျိုးကို လိုချင်ကြတယ်။

- အသက် ၃၀ မှာ သင့်တင့်လျောက်ပတ်တဲ့ အမျိုးသားမျိုးကို လိုချင်ကြတယ်။

- အသက် ၄၀ မှာ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသားမျိုးကို လိုချင်ကြတယ်။

"အမျိုးသားတွေကတော့ စိတ်အပြောင်းမလဲ မရှိဘဲ ရိုးရှင်းကြတယ်"

- အသက် ၁၈ နှစ်မှာ ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းကလေးမျိုးကို လိုချင်ကြတယ်။

- အသက် ၂၅ နှစ်မှာ ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းကလေးမျိုးကို လိုချင်ကြတယ်။

- အသက် ၃၀ မှာ ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းကလေးမျိုးကို လိုချင်ကြတယ်။

- အသက် ၄၀ မှာ ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းကလေးမျိုးကို လိုချင်ကြတယ်။

- အသက် ၅၀ မှာလည်း ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းကလေးမျိုးကို လိုချင်ကြတုန်းပဲ။

မို့မို့သော် ဘာသာပြန်သည်။

Saturday, 22 October 2016

//::#ဒွေး ကွယ်လွန်ရသည့် အကြောင်း မောင်မျိုးမင်း (ရင်တွင်းဖြစ်) ထုတ်ပြောပြီ


သရုပ်ဆောင်ဒွေးသေ ဆုံးသည့်အချိန်က မူးယစ်ဆေးဝါးကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည့်ကိစ္စအပေါ် ဒါရိုက်တာမောင်မျိုး မင်း (ရင်တွင်းဖြစ်)က အဆိုပါအကြောင်းအရာသည် မဟုတ်မှန် ကြောင်း ဒွေးကွယ်လွန်သည့် ကိုး နှစ်မြောက်နှစ်ပတ်လည်နေ့၌ ပြောကြားသည်။

''ကိုသားကြီး ကွယ်လွန်တာ နဲ့ပတ်သက်လို့ ဘဝင်မကျတာ လေးတစ်ခု ပြောချင်တယ်။ အခု ဆိုရင် ကိုသားကြီးဆုံးသွားတာ ကိုးနှစ်ရှိပြီ။ ကိုသားကြီးလို့ ပြော လိုက်တာနဲ့ ကိုသားကြီးဟာ မူး ယစ်ဆေးဝါးကြောင့် သေသွား တယ်လို့ ပြောကြတာကို ကျွန် တော့်စိတ်ထဲမှာ တော်တော်နာ ကျင်ရတယ်။ တော်တော်လည်း ခံစားရတယ်။ ဘာဖြစ်လို့လဲဆို တော့ အဲဒီရဲ့ Death Certificate ကို သွားယူတဲ့လူက ကျွန်တော် ပါ’’ဟု ၎င်းက ပြောသည်။

သရုပ်ဆောင်   ဒွေး (ခ) ကိုသားကြီးသည်   ပြီးခဲ့သည့် ၂၀၀၇ ဇူလိုင် ၁၁ ရက်က ၎င်း၏ နေအိမ်တွင် သေဆုံးခဲ့ပြီး ရုတ်တရက်သေဆုံးခြင်းဖြစ်သော ကြောင့် မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံးခြင်းဖြစ်နိုင်သည်ဆိုသည့် ကောလာဟလများ ထိုစဉ်က ထွက်ပေါ်ခဲ့သည်။

''ကိုသားကြီးမှာ ရောဂါတစ် ခုရှိတယ်။ အဲဒါက ဘာလဲဆို တော့ အိပ်နေရင်း အသက်ရှူမရဘဲ နှလုံးရပ်ရပ်သွားတဲ့ရောဂါ။ သူက အဲဒီနေ့မတိုင်ခင်ကလည်း ဘာမူးယစ်ဆေးဝါးမှ မသုံးစွဲထား ဘူး။ ကျွန်တော်နဲ့လည်း စိတ် ကောက်နေတဲ့အချိန်။ အဲဒီမှာ သူ နဲ့အတူရှိနေတဲ့ ကလေးတွေကို မေးကြည့်တော့ အိပ်ခါနီးမှာ အိပ် ဆေးသောက်အိပ်တယ်။ အဲဒီလို အိပ်တဲ့အတွက်ကြောင့် သူနှလုံး ရပ်ပြီး အဲဒီလိုဖြစ်သွားတဲ့အချိန် အိပ်ဆေးအရှိန်နဲ့ အောက်ဆီဂျင် အပြည့်အဝမရတော့ ကွယ်လွန် သွားတာပါ။ အဲဒီ Death Certifi-cate ကို ကျွန်တော်ကိုယ်တိုင်သွား ယူခဲ့တာ။ ကိုသားကြီးကို နှလုံး ရောဂါကြောင့် ကွယ်လွန်တယ်လို့ မသိဘဲ လူတွေအားလုံးက မူးယစ် ဆေးဝါးကြောင့် ကွယ်လွန်သွား တယ်ဆိုတဲ့ဟာမျိုး    အဲဒီအသံ ကြားတိုင်း တာဝန်ရှိသလိုခံစားရ တယ်’’ဟု ဒါရိုက်တာမောင်မျိုး မင်းက ပြောကြားသည်။

သေဆုံးသည့်အချိန်က တည်းက အထက်ပါကဲ့သို့ ရှင်း လင်းပါက ဒွေးကိုကာကွယ်ပေး သည့်သဘောဖြင့် ဖြေရှင်းသည် ဟု ထင်မည်စိုးသောကြောင့် မဖြေရှင်းခဲ့ဘဲ လက်ရှိအချိန်တွင်မူ ကွယ်လွန်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ခြင်းကြောင့် ပရိသတ်များ အမှန်အတိုင်းသိစေရန်   ပြောကြား ခြင်းဖြစ်သည်ဟု   ၎င်းက  ဆိုသည်။

''ကျွန်တော်တို့ သက်ရှိထင် ရှားရှိနေတဲ့လူတွေက မရှင်းပြနိုင် ရင် တာဝန်မကျေဘူးလို့ ခံစားရ တယ်။ အဲဒါကြောင့် ကိုသားကြီး နှလုံးရောဂါနဲ့ ကွယ်လွန်တယ်ဆို တဲ့ Death Certificate ကို ကျွန် တော်ကိုယ်တိုင်သွားယူခဲ့တာ။ အဲဒီ Death Certificate လည်းရှိ နေတယ်။ အဲဒါတွေကိုလည်း ကြည့်လို့ရပါတယ်။ အဲဒါအတွက် ကိုသားကြီး မူးယစ်ဆေးဝါး ကြောင့် သေဆုံးတယ်ဆိုတဲ့ကော လာဟလကို ကျွန်တော်ကိုယ်တိုင် မမှန်ကန်ဘူးလို့ တာဝန်ယူပြီး ဖြေ ရှင်းပါတယ်’’ဟု ဒွေးသေဆုံးသည့် ကိစ္စအပေါ် ဒါရိုက်တာမောင်မျိုး မင်းက ပြောသည်။သရုပ်ဆောင်ဒွေး ကွယ်လွန် သည်မှာ ကိုးနှစ်ပြည့်ပြီဖြစ်သော် လည်း ပရိသတ်များရင်ထဲတွင် လက်ရှိအချိန်အထိ   နေရာယူ နေဆဲပင်ဖြစ်သည်။

Source : 7 Day Daily

Wednesday, 14 September 2016

:://ကွန်ဒုံးအစား ကြွတ်ကြွတ်အိတ်သုံးတဲ့စုံတွဲ ဆေးရုံရောက်

ငယ်ရွယ်တဲ့ စုံတွဲလေးရဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဗီယက်နမ်က စုံတွဲတစ်တွဲဟာ သူတို့ရဲ့ပထမဆုံးအကြိမ် ချစ်တင်းနှောချိန်မှာ ကွန်ဒုံးအဖြစ် ပလတ်စတစ်အိတ်တစ်အိတ်ကို သုံးလိုက်တဲ့အတွက် ဒဏ်ရာတွေ ဆိုးဆိုးရွားရွား ရသွားခဲ့ပါတယ်။

သူတို့စုံတွဲဟာ လိင်အင်္ဂါဒဏ်ရာများ၊ ပွန်းပဲ့ဒဏ်ရာများ၊ သွေးထွက်ခြင်းတို့ကြောင့် ဆေးရုံမှာ ဆေးကုသခံယူခဲ့ရပါတယ်။

နှစ်ယောက်စလုံး ကောလိပ်ကျောင်းသားတွေဖြစ်တယ်လို့ ဟာနွိုင်းကျောက်ကပ်ဆေးရုံက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ငုရန်သီလောင်က ပြောပြပါတယ်။

အမျိုးသားဟာ ကွန်ဒုံးဝယ်ရမှာ ရှက်တဲ့အတွက် အခုလို ပလတ်စတစ်အိတ်ကို အသုံးပြုခဲ့ခြင်းဖြစ်တယ်လို့ ယင်းဆရာဝန်က ပြောပါတယ်။

ပလတ်စတစ်အိတ်တွေ ဆန့်ကျုံ့နိုင်ခြင်းမရှိသလို ချောဆီလည်း မပါဝင်တဲ့အတွက် ပွန်းပဲ့ခြင်းတွေနဲ့ လိင်အင်္ဂါတွေ စုတ်ပြဲနိုင်တဲ့အပြင် ကွန်ဒုံးလို ဘာကိုမှ ကာကွယ်မပေးနိုင်ဘူးလို့ ဒေါက်တာ ငုရန်သီလောင်က ရှင်းပြခဲ့ပါတယ်။

Source & Photos : Mirror
Duwun

Wednesday, 31 August 2016

စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခြင်း

31-Aug-2016  tagged as စိုင်းစိုင်းခမ်းလှိုင် 

နာမည်ကျော် ဟစ်ဟော့ပ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံပြီး အောက်တိုဘာလ ၉ ရက်နေ့မှာ ဈေးကွက်အတွင်းကို စတင်ဖြန့်ချိပေးမယ့် SAI နှုတ်ခမ်းနီကို ထုတ်ဖြစ်ခဲ့ပုံ၊ စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ အလှကုန် ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းကို ရွေးချယ်ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ဘဝလက်တွဲဖော် ရှာဖွေမှုနဲ့ ပတ်သက်တဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။ 

Voice : နာမည်ကျော် အမျိုးသား အဆိုတော် တစ်ယောက်၊ သရုပ်ဆောင် တစ်ယောက်က SAI နှုတ်ခမ်းနီ ထုတ်တယ်ဆိုတော့ တချို့ ပရိသတ်တွေလည်း အံ့သြ သွားကြတယ်။ ဘယ်လို စိတ်ကူးနဲ့ SAI နှုတ်ခမ်းနီကို ထုတ်ဖြစ်ခဲ့တာလဲ။

SSKL : ကျွန်တော်က စီးပွားရေး တစ်ခု လုပ်ဖို့အတွက် စိုင်းပြင်း နေခဲ့တာတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဖြစ်ပါတယ်။ အဲ့ဒီ အချိန်ကတည်းက အလှကုန် လုပ်ငန်းကို လုပ်မယ်လို့ ရွေးချယ်ဖြစ်ခဲ့ပြီးတော့ ကြားထဲမှာတော့ လေ့လာတာတွေ၊ သင်ယူတာတွေ၊ ဈေးကွက် ထောက်လှမ်းတာတွေ လုပ်ပါတယ်။ အလှကုန်ထဲကမှ ဘယ်ပစ္စည်းကို အရင်ဆုံး စထုတ်မလဲပေါ့။ အရိုးသားဆုံး ပြောရရင် အလှကုန်ပစ္စည်း အများကြီးကို ထုတ်နိုင်တဲ့အင်အား ကျွန်တော့်မှာ မရှိပါဘူး။ လူအင်အားရော၊ ငွေအင်အားရော၊ အရင်းအနှီးရော မရှိပါဘူး။ နိုင်ငံတကာမှာဆို အလှကုန်ပစ္စည်းတွေ ထွက်လာပြီဆိုရင် ခေါင်းစ၊ ခြေဆုံး ထုတ်ကြတာပါ။ ကျွန်တော့် အနေနဲ့ကတော့ အသင့်တော်ဆုံးနဲ့ အရောင်းရနိုင်ဆုံးလို့ မှန်းတဲ့၊ အဖြစ်နိုင်ဆုံးလို့ ယုံကြည်တဲ့ နှုတ်ခမ်းနီကို စပြီး ထုတ်ဖြစ်ခဲ့တာပါ။ သုံးစွဲသူ ပရိသတ်တွေ နှစ်ခြိုက်လို့များ အောင်မြင်မှု ရခဲ့ရင် တခြားပစ္စည်းတွေပါ ထပ်ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။

Voice : ကိုယ်က အနုပညာသမား တစ်ယောက် အနေနဲ့ပဲ တောက်လျှောက် ရပ်တည်ခဲ့တာလေ။ အနုပညာနဲ့ မဆိုင်တဲ့ စီးပွားရေးနယ်ပယ် တစ်ခုမှာ ခြေလှမ်းစတဲ့အခါ ဘယ်လို အခက်အခဲတွေ၊ လေ့လာ သင်ယူစရာတွေ တွေ့ခဲ့ရလဲ။

SSKL : ကျွန်တော်လည်း ဒီလောကအကြောင်းကို အများကြီးတော့ သိပ်နားမလည်သေးပါဘူး။ ပြောရရင်တော့ စမ်းတဝါးဝါးနဲ့ သွားနေရတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ SAI Cosmetics ကုမ္ပဏီမှာ ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့လေ။ ကျွန်တော့်ရဲ့ Team ရှိတယ်။ သူငယ်ချင်းတွေ ရှိတယ်။ ကျွန်တော်တို့ အားလုံး တိုင်တိုင်ပင်ပင်နဲ့ လုပ်နေကြပါတယ်။ SAI နှုတ်ခမ်းနီကို ကျွန်တော်တို့ လိုချင်တဲ့ အနေအထား၊ အရောင်တွေ ရအောင် စက်ရုံတွေမှာ လိုက်စုံစမ်းပြီး အပ်ဖို့ ကြိုးစားရာမှာ ကျွန်တော်တို့နဲ့ အဆင်ပြေဆုံး ဖြစ်တဲ့ ကိုရီးယားစက်ရုံ တစ်ရုံကနေ မှာယူဖြစ်ပါတယ်။ နောက်ဆုံး Final မထုတ်ခင်မှာလည်း Sample တွေ အများကြီး ထုတ်ပြီးတော့ စမ်းပြီးတော့ သုံးစွဲထားတယ်။ မြန်မာနိုင်ငံ FDA ကိုလည်း ဒီထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကို ပို့ပြီးတော့ ခွင့်ပြုချက်လည်း ရယူထားပြီးပါပြီ။ အောက်တိုဘာ ၉ ရက်နေ့ စမဖြန့်ခင်မှာလည်း ကျွန်တော့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို SAI နှုတ်ခမ်းနီကို စမ်းသပ် သုံးစွဲ ခိုင်းထားပါတယ်။

Voice : စိုင်းစိုင်းရဲ့ SAI Cosmetics ကုမ္ပဏီကနေ နောက်ထပ် ဘယ်လို အလှကုန်ပစ္စည်းတွေ ထပ်ထုတ်ဖို့ ရည်ရွယ်ထားလဲ။

SSKL : အိပ်မက်တွေကတော့ အများကြီးပဲပေါ့ဗျာ။ ဒီအလှကုန် ထုတ်မယ်လို့ စမရွေးခင်ကဆို ဖက်ရှင်ဒီဇိုင်းကို သွားမလား၊ စားသောက် ကုန်ပစ္စည်း တစ်ခုခု ထုတ်မလား ဆိုပြီးလည်း စဉ်းစားဖူးတယ်။ အလှကုန်ထဲမှာတော့ နှုတ်ခမ်းနီဆိုတာက မိန်းကလေးတွေအတွက် အလှပြင် ပစ္စည်း ဖြစ်တယ်။ နောက်ပြီး Eye Shadow လို ပစ္စည်းမျိုးလည်း ဆက်ပြီး ထုတ်ချင်ပါတယ်။ ဒါပေမဲ့ မိန်းကလေးသုံး ပစ္စည်းတွေပဲ မဟုတ်ဘဲနဲ့ ယောက်ျားလေးတွေနဲ့ သက်ဆိုင်တဲ့ ခေါင်းလိမ်းဆီ၊ မျက်နှာသစ်ဆေး၊ ရေချိုး ဆပ်ပြာလို ပစ္စည်းတွေလည်း ထပ်ထုတ်ချင်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ စိတ်ကူးယဉ် အိပ်မက်ပေါ့ဗျာ။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီအလုပ်မှာ တစ်လှမ်းပြီး တစ်လှမ်း သွားရမှာပါပဲ။ တစ်လှမ်း အောင်မြင်မှလည်း ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူ ပရိသတ်တွေက ကျွန်တော့်ပစ္စည်းကို သဘောကျ နှစ်ခြိုက်မှ၊ တကယ် အသုံးဝင်မယ့် ပစ္စည်းဖြစ်မှလည်း ကျွန်တော် အောင်မြင်မယ် ဆိုတာ နားလည်ထားပါတယ်။

Voice : ရယ်စရာ တစ်ခုပြောရရင် စိုင်းစိုင်းရဲ့ နှုတ်ခမ်းနီ တစ်ထောင့် ဝယ်ရင် အနမ်း တစ်ပွင့်ရမယ် ဆိုပြီး သူငယ်ချင်းဖြစ်တဲ့ ဘန်နီဖြိုးတို့လည်း စကြတာတွေရှိတယ်နော်။

SSKL : SAI နှုတ်ခမ်းနီက ကျွန်တော့်ရဲ့ ပထမဆုံး ထုတ်ကုန် ပစ္စည်းဖြစ်တဲ့အတွက် အောက်တိုဘာလ ၉ ရက် နေ့မှာတော့ Junction Square မှာ Brand Lauching လုပ်ဖို့ စီစဉ် ထားပါတယ်။ အဲ့ဒီနေ့မှာ ဘယ်လို အစီအစဉ်တွေနဲ့ တင်ဆက်မလဲ ဆိုတာတော့ အခုချိန်မှာ အတည် မပြုနိုင်သေးဘူးပေါ့။ ဖျော်ဖြရေး အစီအစဉ်လေးတွေလည်း ထည့်မယ်။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံမယ့် အစီအစဉ်လေးတွေလည်း ပါမှာပေါ့လေ။ ဘန်နီ ပြောသလို ကျွန်တော့် နှုတ်ခမ်းနီ တစ်ထောင့် ဝယ်ရင် Buy One၊ Kiss One တော့ ပေးလို့ ဘယ်ရမလဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ဘဲတွေက ဝိုင်းရိုက်ကြလို့ အဲ့ဒီနေ့မှာပဲ ကျွန်တော် တစ်ခါတည်း ကိစ္စ ချောသွားမှာပေါ့။

Voice : အရင်တုန်းကဆို စိုင်းစိုင်းက အနုပညာ တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ခဲ့တယ်။ အခုစီးပွားရေးတွေ စလုပ်တော့မယ် ဆိုတော့ အိမ်ထောင်ပြုတော့မှာမို့ ငွေတွေ ရှာနေတာလားလို့ စိုင်းစိုင်းကို ချစ်တဲ့ မိန်းကလေး ပရိသတ်တွေလည်း စိတ်ပူနေကြတယ်နော်။

SSKL : မူလတုန်းကတောင်မှ ကျွန်တော်က ရုပ်ရှင်နဲ့ ဂီတအလုပ်တွေနဲ့ လုံးချာလိုက်နေတာပါ။ အခုဆို ကျွန်တော့်ရဲ့ အလှကုန်လုပ်ငန်းကို အခြေတကျ ဖြစ်သွားအောင် အချိန်ပေးပြီးတော့ ကြိုးစားရဦးမှာပါ။ ကျွန်တော့်ရဲ့ အသက် အရွယ်အရ ဆိုရင် အိမ်ထောင်ပြုမှာကို စိုးရိမ်ရမယ့် အခြေအနေတော့ မဟုတ်တော့ဘူးပေါ့။ မိန်းမ မရမှာကို စိုးရိမ်ရမယ့် အခြေအနေ ဖြစ်နေပြီပေါ့။ အိမ်ထောင် ကျသွားမှာကို စိုးရိမ်ရမှာ မဟုတ်ဘဲ၊ အိမ်ထောင် မကျတော့မှာကို စိုးရိမ်ရမယ့် အခြေအနေတော့ ဖြစ်နေပြီပေါ့။ ကျွန်တော်လည်း လူထဲက လူသား တစ်ယောက်၊ ပုထုဇဉ် တစ်ယောက် အနေနဲ့ မိသားစုဘဝ တစ်ခု ထူထောင်ချင်ပါတယ်။ အိမ်ထောင်လည်း ပြုချင်ပါတယ်။ ဒါပေမဲ့ လောလောဆယ် နှစ်ပိုင်း အတွင်းမှာတော့ အစီအစဉ် မရှိသေးပါဘူး။

Voice : အခုနောက်ပိုင်း စိုင်းစိုင်း ရုပ်ရှင်ကားကြီးတွေ ရိုက်တာ နည်းတယ်နော်။ ဇာတ်လမ်းတွေကို စိစစ် ရွေးချယ်ပြီးမှ ရိုက်နေလို့လား။

SSKL : ကျွန်တော့်အနေနဲ့က ဒီနှစ် တစ်နှစ်လုံးမှာဆိုရင် စက်တင်ဘာလထဲမှာ ဝတ်မှုန်ရွှေရည်နဲ့ ရိုက်ရမယ့် ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့ရင် ရုပ်ရှင် တစ်ကားပဲ ရိုက်ဖြစ်ပါတယ်။ နောက်ထပ် ရိုက်ဖို့အတွက်ကတော့ ဇာတ်လမ်းတွေ ရှာနေပါတယ်။ နောက်ပြီး ကျွန်တော့်မှာ ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများ ရှိနေပါသေးတယ်။ အောက်တိုဘာလထဲမှာ From Bangkok To Mandalay ဇာတ်ကား ရုံတင်ပါမယ်။ မရှေးမနှောင်းမှာပဲ ကျွန်တော် လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကတည်းက ရိုက်ထားပြီး မပြရသေးဘဲ ကျန်နေတဲ့ ကာလာစုံ လက်စင်ဆိုတဲ့ ဇာတ်ကား ရုံတင်ပါမယ်။ နောက်ထပ် ရိုက်ပြီးသား၊ ရုံတင်ဖို့ စောင့်နေတဲ့ ရုပ်ရှင် နှစ်ကားလောက်လည်း ရှိပါသေးတယ်။ အဲဒီတော့ ဒီကားတွေ ရုံတင်ဖို့လည်း ကျွန်တော် ကြိုးစားရပါမယ်။ နောက်ထပ် ရုပ်ရှင်ကားတွေ ထပ်ရိုက်ဖို့လည်း ကျွန်တော် ဇာတ်လမ်းတွေ ရှာနေပါတယ်။

The Voice

Wednesday, 24 August 2016

တရားဝင်ကွာရှင်းခွင့်ရသွားတဲ့ မိုးမိုးတို့ အိမ်ထောင်ရေး

24.08.2016

ဒီနေ့က တကယ့်ကို မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါလို့ အဆိုတော် မိုးမိုးရဲ့ဇနီးဟောင်း မဖြူသီမျိုးလွင်က ဆိုပါတယ်။

အဆိုတော် မိုးမိုးနဲ့ တရားဝင်ကွာရှင်းရန် ဇနီးဖြစ်သူ မဖြူသီမျိုးလွင်ရဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားမှုကို သြဂုတ်လ (၂၃) ရက်နေ့က မဖြူသီမျိုးလွင်အား အနိုင်ဒီဂရီပေးလိုက်ပြီး တရားဝင် ကွာရှင်းခွင့်ရရှိသွားပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက အိမ်ထောင်ရေးပြဿ နာတွေကြောင့် တရားရုံးမှာ မိုးမိုးရဲ့ ဇနီးသည်ဟာ ကွာရှင်းခွင့် တောင်းခံခဲ့ပါတယ်။

ကွာရှင်းဖို့ ကိစ္စကို အဆင့်ဆင့် တရားရင်ဆိုင်ခဲ့ပြီးနောက် မနေ့ (သြဂုတ်လ ၂၃ ရက်)  က တရားရုံးက ချမှတ်တဲ့ အနိုင်ဒီဂရီကို မဖြူသီမျိုးလွင်က ရရှိခဲ့ကြောင်း သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

"အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့ ယောက်ျားကို ဆက်ပြီး မပေါင်းနိုင်တော့တဲ့ အတွက် လွန်ခဲ့တဲ့ ၃နှစ်က ကွာရှင်းခွင့်တောင်းခဲ့တယ်။ ကွာရှင်းမပေးတဲ့ အတွက် အရှေ့ပိုင်းခရိုင် တရားရုံးချုပ်ကနေ ကွာရှင်းလိုမှုကို ဦးတိုက်လျှောက်ခဲ့ပြီး တရားရင်ဆိုင်လာတာ ဒီနေ့တော့ အမှန်တရားအတိုင်း ပြီးဆုံးသွားခဲ့ပြီ" လို့ မဖြူသီမျိုးလွင်က သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"တရားပြိုင်(......)သည် အိမ်ထောင်ရေး ဖောက်ပြန်သည့် ပြစ်မှု ကျူးလွန်ကြောင်း သက်သေနှင့် တကွ ထင်ရှားသည့် အတွက် တရားသူကြီးမှ တရားလို၊ တရားပြိုင် မျက်နှာစုံညီရှေ့မှောက်တွင် ချမှတ်သော အနိုင်ဒီဂရီကို တရားလို ကျွန်မ ဖြူသီမျိုးလွင်မှ ရရှိပါသည်။  ထို့ကြောင့် ၂၃ ရက် ၈ လ ၂၀၁၆ ယနေ့မှစ၍ တရားရုံးမှ ချမှတ်သည့် အတိုင်း ကို့ ကွာရှင်းပြီး ဖြစ်ပါသည်" လို့လည်း သူမက အဲဒီပို့စ်မှာ ဆက်ပြီးရေးသားထားပါတယ်။

ဒီနေ့က တကယ့်ကို မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါလို့လည်း မဖြူသီမျိုးလွင်က ဆိုထားပါတယ်။

Photo : မဖြူသီမျိုးလွင် ဖေ့စ်ဘွတ်၊ Google ၊ မိုးမိုးဖေ့စ်ဘွတ်

Monday, 22 August 2016

//လေးလောင်းပြိုင်လူသတ်မှု သံသယရှိသူတွေရဲ့ ဓာတ်ပုံပေါ်ထွက်လာ


သေဆုံးသွားတဲ့ ရဲအရာရှိဟောင်းရဲ့ ဇနီးက ရိုက်ကူးထားတာပါ။

မင်္ဂလာဒုံမြို့နယ်မှာ သြဂုတ်လ ၂၀ ရက်နေ့က အသတ်ခံခဲ့ရတဲ့ ရဲအရာရှိဟောင်းနဲ့ မိသားစုဝင် သုံးဦးတို့ အသတ်ခံရတဲ့ နောက်ဆက်တွဲအဖြစ် အခင်းဖြစ်ပွားတဲ့ အိမ်နားမှာ ရိုက်ထားတဲ့ မသင်္ကာဖွယ်လူသုံးရဲ့ ဦးဓာတ်ပုံ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ရဲအရာရှိဟောင်းရဲ့ အိမ်နားမှာ ဘေးတိုက်ရပ်နေကြတဲ့ လူ ၃ ဦးရဲ့ဓာတ်ပုံ ထွက်ရှိလာခဲ့ပြီး ထောက်ကြန့်နယ်မြေရဲစခန်းက မသင်္ကာသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ကာ တွေ့ရှိရင်သတင်းပေးကြပါလို့ သတင်းထုတ်ပြန်ထားပါတယ်။

လူသတ်မှုမဖြစ်ခင်က ခြံနားကို အနီးကပ်လာရောက်သွားတဲ့ လူသုံးဦးပုံကို သေသွားတဲ့ ရဲအရာရှိဟောင်းရဲ့ အမျိုးသမီးက မသင်္ကာတဲ့အတွက် ဓာတ်ပုံ ရိုက်ယူထားခဲ့တာပါ။

မိသားစု လေးဦးရဲ့ ဈာပနကို ဒီနေ့မနက် ၁၀ နာရီက ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး အသတ်ခံခဲ့ရသူတွေအတွက် ရက်လည်ဆွမ်းသွပ်ကို သြဂုတ်လ ၂၆ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Source & Photos : DVB

Sunday, 21 August 2016

:>>Pokemon ပိုကီမွန်း ဖမ်းတော့မယ့်ရဲတွေ

Bangkok 22August 2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ပိုကီမွန်း ဂိမ်းကို တရားလွန်ကစားနေကြတဲ့ သူတွေကို ဖမ်းဆီးဖို့  အဖွဲ့ ဝင်(၅၀) ပါတဲ့ ရဲတပ်ဖွဲ့ ကို ဖွဲ့ စည်းပြီး လိုက်လံ
ဖမ်းဆီးကြောင်း သိရပါတယ်။

တာလမ်းမပေါ်မှာ ဆိုင်ကယ်တွေ ကားတွေးစီးရင် ကစားနေသူတွေဟာ မကြာခဏ ကား-ဆိုင်ကယ် တိုက်မှုတွေ ဖြစ်ပွားနေတာကို ကာကွယ် တဲ့အေ နနဲ့  တားဆီးရတာဖြစ်ပါတယ် ။
လက်ရှိမှာပိုကီမွန်းဂိမ်းကစားသူ(၁၄၃) ယောက်ကိုဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ကတော့ အရေးပါတဲ့တားမြစ်နယ်မြေတွေမှာ (တော်ဝင်မိသား စု-ဘုရား - အစိုးရရုံး) ပိုကီမွန်းအကောင်တွေ လိုက်ဖမ်းနေတာတွေ့ ရင် ဖမ်းမိထားတဲ့ ဂိမ်းအကောင် အရည်အတွက်အလိုက် စစ်တပ်ဝင်းထဲမှာလုပ် အားပေးပြစ်ဒဏ်ချမယ် လို့  တရားဝင်ကြေငြာထားပြီး ဖမ်းမိထားတဲ့ ဂိမ်းတစ်ကောင်ကို(၁၀)ရက်လုပ်အားပေးရမယ်လို့  သိရပါတယ်။

(SAW)Credit Nation TV