Wednesday, 18 February 2015

၁၂ အရွယ်မိန်းကလေးတစ်ဦးရဲ့ ခြောက်ခြားဖွယ်ရာ ယုံကြည်မှုဇာတ်လမ်း



ရုပ်ရှင်တွေထဲမှာပဲ ကြုံတွေ့ရတက်တဲ့ ခြောက်ခြားစရာမှုခင်းတစ်ခု အမေရိကန်မှာ ဖြစ်ပွားခဲ့ပါတယ်။ ၁၂ နှစ်အရွယ်သာရှိသေးတယ် မိန်းကလေးနှစ်ဦးဟာ သူတို့ရဲ့ သူငယ်ချင်းဖြစ်သူကို ဓါးနဲ့ ၁၉ ချက်အထိ ထိုးခဲ့တယ်လို့ သံသယရှိတဲ့ တရားခံတွေဖြစ်နေပါတယ်။ ကံကောင်းစွာနဲ့ပဲ သူမတို့နှစ်ဦးရဲ့ သူငယ်ချင်းဟာ အသက်ရှင်ကျန်ရစ်ပြီး ဆိုးရွားတဲ့ဒဏ်ရာ မရခဲ့ပါဘူး။ သံသယတရားခံမိန်းကလေးနှစ်ဦးဟာ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်တဲ့ Slender Man ဟာအပြင်မှာ တကယ်ရှိတယ်လို့ ယုံကြည်နေကြသူတွေလည်းဖြစ်နေပါတယ်။ တရားရုံးကတော့ စိတ်ရောဂါဖြစ်နေတယ်လို့ ယူဆရတဲ့ Morgan Geyser ကို ဆေးကုသမှုခံယူဖို့ ယမန်နေ့ကပဲ အချုပ်အနှောင်က လွှတ်ပေးလိုက်ပါတယ်။ Morgan Geyser ဆိုသူ ကလေးမလေးရဲ့ ပုံဆွဲစာအုပ်ထဲမှာ ခြောက်ခြားဖွယ်ရာကောင်းတဲ့ ပုံတွေ ရေးဆွဲထားတယ်ဆိုတာကို တရားရုံးကြားနာမှုမှာ လူသိရှင်ကြားဖော်ပြခဲ့ကြပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးငယ်တစ်ယောက်ဘေးမှာ တံစဉ်ကိုင်ထားတဲ့ မိန်းကလေးတစ်ဦးက ‘‘ လူတွေကို သတ်ရတာကြိုက်တယ်’’ ဆိုတာစာသားထည့်သွင်းထားတဲ့ ကာတွန်းမျိုးကို Geyser ကရေးဆွဲထားတာဖြစ်ပါတယ်။ စာအုပ်ထဲမှာ ရေးထားတဲ့ စာတွေနဲ့ ကာတွန်းပုံတွေအရ ဒီမိန်းကလေးငယ်ဟာ Slender Man ဇာတ်လမ်းကို ယုံကြည်ယူတစ်ယောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Geyser ဟာ အရွယ်ရောက်ပြီးသား တရားခံတစ်ယောက်လို တရားရုံးမှာ အစစ်ခံရဖို့ဆိုတာ မမျှတဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Slender Man ဆိုတဲ့စိတ်ကူးယဉ်ဇာတ်လမ်းဟာ အမေရိကမှာ နာမည်ကြီး ထိတ်လန့်သည်းဖို ဇာတ်လမ်းဖြစ်ပါတယ်။ Slender Man ဆိုတဲ့ အရပ်ရှည်ရှည်၊ မျက်နှာပြောင်နဲ့ လူကိုတွေ့ရတဲ့သူဟာ အန္တရာယ် ကျိန်းသေကြုံရတယ်ဆိုပြီး လူသိများပါတယ်။ 

Gerser အပါအဝင် ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ သူမတို့သူငယ်ချင်းနှစ်ဦးဟာ သာမန်အရွယ်ရောက်ပြီးသား သူတွေအနေနဲ့ ဒီအမှုကိုစစ်ဆေးပြီး အပြစ်ရှိတာ ထင်ရှားတယ်ဆိုရင် ထောင်ဒဏ်နှစ် ၆၀ လောက်အထိ ကျနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်။ Geyser ဟာ ‘‘ လိုအပ်သော အရာများ’’ ဆိုတဲ့ စာရင်းတစ်ခုကိုလည်း စာအုပ်ထဲမှာ ရေးသားထားပါသေးတယ်။ သစ်တောမြေပုံတစ်ခုနဲ့ လက်နက်(မီးဖိုချောင်သုံးဓါး) တွေကို စာရင်းပြုစုထားတာ တွေ့လိုက်ရပါတယ်။

Geyser နဲ့ သူမသူငယ်ချင်းဖြစ်သူ Weier တို့က သူငယ်ချင်း Leutner ကို မွေးနေ့ပွဲလာခဲ့ပါလို့ ဖိတ်ကြားခဲ့ပြီး တောအုပ်ထဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ ဓါးနဲ့ ၁၉ ထိုးတဲ့ဒဏ်ရာတွေ့ရပေမယ့် Leutner ဟာ သင်ပင်တွေကြားထဲကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၄ မေလမှာ ဖြစ်ခဲ့တာပါ။

Re - dailymail

Planet Myanmar Network

Monday, 16 February 2015

ကြက်ဥအနှစ်နဲ့ အကာကို အတွင်းအပြင် ပြောင်းပြန်ဖြစ်အောင် ချက်ပြုတ်နိုင်တဲ့ နည်းလမ်း

Victor on 2015-02-16 11:09

နည်းစနစ်အသစ်တစ်ခုကနေ  ကြက်ဥရဲ့ အထဲကအနှစ်ကို အပြင်ရောက်အောင် ဘယ်ပုံဘယ်နည်း ချက်ပြုတ်ပေးရမလဲဆိုတာ ဖော်ပြထားပါတယ်။ ဆိုလိုတာက အနှစ်နဲ့အကာ နေရာချင်းပြောင်းပေးခြင်းပဲဖြစ်ပါတယ်။

လိုအပ်တဲ့အရာများ

ကြက်ဥတစ်လုံး၊ တိပ်ကြိုးအကြည်၊ အသားကပ်ဘောင်းဘီလို အစွပ်တစ်ခုနဲ့ ရေခဲတုံးအချို့တို့ လိုအပ်ပါတယ်။

လမ်းညွန်ချက်များ

၁။ မပြုတ်ရသေးတဲ့ ကြက်ဥရဲ့အရောင်ကာလာကို လက်နှိပ်ဓါတ်မီးဖြင့် စစ်ဆေးကြည့်ပါ။

၂။ ကြက်ဥခွံ တစ်ခုလုံးကို တိပ်ကြိုးနဲ့ပတ်လည်ကပ်ပေးပါ။

၃။ ကြက်ဥကို အသားကပ်အစွပ်နဲ့ ခလယ်ကနေ ရစ်ပတ်ပေးရပါမယ်။

၎။ အသားကပ်အစွပ် ကို တစ်ဖက်တစ်ချက်စီ ကိုင်ဆောင်လျက် ပတ်ချာလှည့်ပေးပါ။

၅။ လက်နှိပ်ဓါတ်မီးဖြင့် ကြက်ဥအရောင်ကို တစ်ဖြန်ပြန်စစ်ကြည့်ပါ။ ပထမတစ်ခေါက်ထက် ပိုမိုနက်မှောင်လာပါလိမ့်မယ်။

၆။ ကြက်ဥကို အသားကပ်ဘောင်းဘီအိတ်ထဲမှ ထုတ်ယူပြီး ရေဖြည့်ထားတဲ့ဒယ်အိုးတစ်လုံးထဲ တိပ်ကြိုးနဲ့အတူ ထားထားပါ။

၇။ ရေပွက်ပွက်ဆူအောင် မီးအပူပေးပါ။

၈။ ရေဆူပွက်လာပြီဆိုတာနဲ့ ကြက်ဥကို ထုတ်ပြီး ရေခဲရေ ထည့်ထားတဲ့ ဇလုံတစ်ခုထဲ (၁) မိနစ်ကြာ ထားပေးပါ။

၉။ ခုချိန်မှာ ကြက်ဥကို အခွံခွာကြည့်မယ်ဆိုရင် အနှစ်က အပြင်ဘက်ရောက်နေတာတွေ့ရပါလိမ့်မယ်။

တကယ်လို့ ကြက်ဥတစ်ခုလုံးက အဝါရောင်ပဲဖြစ်နေတယ်ဆိုရင် နောက်တစ်ခါထပ်လုပ်ကြည့်ပါ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ အသားကပ် အစွပ်နဲ့ နည်းနည်းကြာကြာ လှည့်ပေးပါ။ ဒီနည်းနဲ့ ကြက်ဥမွှေကြော်ကြော်နည်းရဲ့ ခြားနားချက်မှာ ကြက်ဥကို ဘယ်လောက်ကြာကြာလှည့်ပေးသလဲဆိုတဲ့အပေါ် ကွာသွားပါတယ်။ ကြက်ဥကို အတွင်းအပြင်ပြောင်းပြန်ဖြစ်အောင်လုပ်ဖို့ဆိုရင် အချိန်ကြာကြာလှည့်ပေးဖို့ လိုအပ်ပါတယ်။

Friday, 13 February 2015

ဝိုင်းစုခိုင်သိန်း lရဝိတ်ဥယျာဉ်မှာ ခါချနေရတယ်


လူကြီးလူငယ် ပရိသတ်အကြိုက် အမျိုးသားအဆိုတော် ဟန်ထွန်း၊ ဇော်ပိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖိုးကာ၊ ဟဲလေး၊ နေတိုး၊ နိုင်းဝမ်း၊ Snare၊ R ဇာနည်၊ အားတီ၊ ဘန်နီဖြိုး၊ လွှမ်းပို1်၊ ဆိုတေး၊ ရဲရင့်အောင်၊ သားသားတို့နဲ့ စုံတွဲသီဆိုထားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းတစ်ယောက် ဖေဖော်ဝါရီ ၁၂ရက်နေ့က ခါချနေရတယ် သီချင်းအယ်လ်ဘမ်သစ်ကို စတင်ဖြန့်ချိခဲ့ပါတယ်။

ကန်တော်ကြီး ကရဝိတ်ဥယျာဉ်မှာကျင်းပတဲ့ ခါချနေရတယ် သီချင်းအယ်လ်ဘမ် Promotion ပွဲကို စုံတွဲအဆိုတော်တွေအပြင် လိမ္မော်သီး၊ သိန်းလင်းစိုး၊ ဇေယျတို့က ဝိုင်းစုခိုင်သိန်းနဲ့အတူ ပရိသတ်ကို လက်မှတ်ထိုး ရောင်းချခဲ့သလို သီချင်းတွေနဲ့လည်း ဖျော်ဖြေခဲ့ပါတယ်။

စုံတွဲခွေ တစ်ခါမှ မထုတ်ဖူးလို့ နည်းနည်းကြောက်တယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်းက ပရိသတ်အများကြီးမြင်တွေ့ရလို့ အားလည်းရှိပြီး အရမ်းလည်းပျော်တယ်လို့ ဆိုပါတယ်။ လာမယ့် မတ်လမှာ One Lady Showကျင်းပဖို့ရှိတဲ့ ဝိုင်းစုခိုင်သိန်းက ခါချနေရတယ် Music Album ထွက်ဖို့ကတော့ တစ်နှစ်လောက်ကြာဦးမယ်လို့ ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ ခါချနေရတယ် Promotion ပွဲမှာ သီချင်းခွေဝယ်ယူသူတွေကို ဖေဖော်ဝါရီ ၁၄မှာ ကျင်းပမယ့် ဂီတဖျော်ဖြေပွဲလက်မှတ်တွေကို မဲဖောက်ပေးခဲ့ပါတယ်။ ခါချနေရတယ်ထဲက လေလှိုင်းထဲကလွင့်လာတဲ့သီချင်း ဝိုင်းစုခိုင်သိန်းနဲ့အတူ တွဲဖက်သီဆိုထားတဲ့ အဆိုတော်ဖိုးကာက လက်မှတ်ထိုးရောင်းချပွဲမှာ ပရိသတ်တွေအများကြီး မြင်တွေ့ရလို့ ဝိုင်းစုကိုယ်စား ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ ဒီထက်လည်း ကြိုးစားသွားမယ်လို့ သူကပြောပါတယ်။

Thursday, 5 February 2015

အရှည် ၇၈ ပေ သစ်တစ်လုံးထွင်း လှေကြီး


ရှေးဟောင်းသမိုင်းဝင် မင်းကွန်းဒေသမှ ဆယ်ယူရရှိသော သစ်တစ်လုံးထွင်း လှေကြီးကို အများပြည်သူ လေ့လာနိုင်ရန် မင်းကွန်းခြင်္သေ့ကြီး ဆိပ်ကမ်းတွင် ပြသထားမည်

စစ်ကိုင်း ၊ ၅-၂-၂၀၁၅

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်သည့် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ ဧရာဝတီ မြစ်ကမ်းပါး ပြိုကျရာမှ ပေါ်ထွက်လာသည့် လှေကြီးကို မင်းကွန်း လေးဌာန ဆရာတော် ကြီးများ ဦးဆောင်၍ ဇန်နဝါရီ ၂၉ ရက်က စတင်ဆယ်ယူ ခဲ့ရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ကမ်းစပ် နေရာသို့ တစ်စီးလုံး ဖော်၍ သယ်ယူ လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှေကြီးမှာ အရှည် ၇၈ ပေ၊ အကျယ် ရှစ်ပေ လေးလက်မ၊ ဇောက် နှစ်ပေ ၁ဝ လက်မရှိပြီး သစ်တစ်လုံး တည်း ထွင်းထားသည့် ထွင်းလှေ အမျိုးအစား ဖြစ်ကြောင်း၊ ကမ်းစပ်ရေထဲ မှ ကုန်းပေါ်သို့ တင်၍ ပြသသွားရန် စီစဉ်ထားကြောင်း၊ ကမ်းပေါ် ရောက်ပါက မင်းကွန်း ခြင်္သေ့ကြီးများ ရှိသည့် ကမ်းနဖူးတွင် ပြသထားရန် စီစဉ်ထားကြောင်း ညောင်ပင်သာ ဆရာတော် ထံမှ သိရသည်။

ထို သစ်လုံးထွင်း လှေကြီးနှင့် အတူ လှေနံလှေဝမ်း ကိုထိန်းသည့် အရှည်ပေ ၅ဝ ခန့်ရှိသော တံကူကြီး လေးခုကိုလည်း ဆယ်ယူရရှိ ခဲ့ပြီး စတင် ဖော်ယူသည့် ဇန်နဝါရီ ၂၉ ရက်မှ ယမန်နေ့ အထိ ကုန်ကျစရိတ်မှာ ငွေကျပ် ၁၂ သိန်းခန့် ကုန်ကျခဲ့ပြီး လူအင်အား ၁၃ ဦးဖြင့် လုပ်ဆောင်ခဲ့ကြောင်း၊ လှေကြီး ထားမည့်နေရာ ရောက်ရှိရေး အတွက် ယန္တရား စက်များဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လှေကြီး ဖော်ယူရေး ဆောင်ရွက် ခဲ့သည့် အလုပ်သမား ခေါင်းဆောင် ဦးသိန်းဝင်း က ပြောပြသည်။

''အခု ဖော်လိုက်တဲ့ လှေကြီးက လွန်ခဲ့တဲ့ ၄၅ နှစ်ကျော် ကတည်းက ဒီနေရာမှာ သစ်ငုတ်ကြီး လိုရှိနေတာပါ။ တစ်ရွာလုံးက သစ်ငုတ်ကြီးပဲ ထင်နေကြတာပါ။ အခု ကမ်းပါးပြိုကျ မှ လှေမှန်း သိရတာပါ။ ရှေးဘိုးဘွားတွေ အဆက်ဆက် ပြောတာကြားဖူး တာတော့ မင်းကွန်း ခေါင်းလောင်းကြီးကို နန်းတော်ကျွန်း (ဧရာဝတီ မြစ်လယ်မှကျွန်း) မှာသွန်းတော့ လှေပေါ်မှာ ဖောင်ဖွဲ့၊ ဖောင်ပေါ်မှာ ခေါင်းလောင်းကြီး မိုကို ပြုလုပ်ပြီး အပြီးသွန်းလုပ် ခဲ့တာပါ။ ခေါင်းလောင်းကြီး ပြီးတော့ ကျွန်းပေါ်က အခု ခေါင်းလောင်းရှိတဲ့ နေရာထိ မြောင်းတူးပြီး ဧရာဝတီမြစ်ထဲ ဆွဲယူတယ်။ အဲဒီလိုဆွဲပြီး မင်းကွန်း ဆိပ်ကမ်း ရောက်တော့ အခု ခေါင်းလောင်း ချိတ်တဲ့ နေရာမှာ အုတ်တိုင်နဲ့ ချိတ်စင်လုပ်ထားပြီး အဲ့ဒီနေရာကို ခေါင်းလောင်းဖောင် ရောက်အောင် ဆွဲယူပါတယ်။ ခေါင်းလောင်း ချိတ်ပြီးတဲ့ အခါ မြစ်ဘက်က မြောင်းဝကို ပိတ်ပြီး ရေနုတ်လိုက်တော့ ခေါင်းလောင်း ကချိတ်ပြီး ဖြစ်သွားတယ်။ မြောင်းကို မြေဖို့တဲ့အခါ ခေါင်းလောင်း တင်တဲ့ လှေဖောင်လဲ မြေဖို့တဲ့ အထဲမှာ ရောဖို့ လိုက်တယ်လို့ ကြားဖူးပါတယ်။ အခု ဘိုးဘွားတွေ ပြောတဲ့စကား မှန်သလို ဖြစ်နေပြီ .. '' ဟု ဒေသခံ အသက် ၆၇ နှစ်ရှိ အဘွား ဒေါ်အေးမ က ပြောပြသည်။

အဆိုပါ လှေကြီးကို ယခု ဖော်ယူထား ရှိသည့် စက်တော်ရာ ဘုရား ဆိပ်ကမ်းမှ ဆွဲတင်၍ အများပြည်သူ ကြည့်ရှုလေ့လာ နိုင်ရန် ပြသမည့် နေရာသို့ ပြောင်းရွှေ့ရေးကို မင်းကွန်း လေးဌာန ဆရာတော်ကြီးများ ဦးဆောင်ကာ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ညောင်ပင်သာ ဆရာတော်၏ မိန့်ကြားချက် အရ သိရသည်။ (၁၇၄)

‪#‎Yadanarpondaily‬
‪#‎ရတနာပုံနေ့စဉ်

Wednesday, 4 February 2015

အဝတ်ဗလာနဲ့ ပုံတွေချည်း သူ ဘာကြောင့်ရိုက်ဖြစ်နေသလဲဆိုတာ Miley Cyrus ရှင်းပြ



Miley Cyrus က ဝတ်လစ်စလစ်ပုံတွေချည်း ဘာကြောင့် အမြဲရိုက်ရသလဲ ဆိုတဲ့အကြောင်းကို ရှင်းပြသွားခဲ့ပါတယ်။

အဆိုတော်ဖြစ်တဲ့ သူမက မကြာသေးမီအချိန်က ကိုယ်တုံးလုံးပုံ တစ်ဒါဇင်နဲ့ အင်္ကျီ အဝတ်အစားမပါပဲ ရိုက်ထားတဲ့ Selfie ပုံတွေကို V Magazine မှာ ပရိသတ်တွေကို ဝေမျှခဲ့ပါတယ်။ နောက် Mario Lopez စီစဉ်ဆောင်ရွက်တဲ့ Extra နဲ့ အင်တာဗျူးတစ်ခုမှာလည်း Miley Cyrus က ဘာကြောင့် အဲဒီလို ကိုယ်တုံးလုံးပုံတွေ ရိုက်ရသလဲဆိုတာ ရှင်းပြခဲ့ပါသေးတယ်။“ရှင်သတိထားမိသလိုပဲ အဝတ်ဗလာနဲ့ သွားလာတာ များတယ်။ နယ်လှည့်ဖျော်ဖြေပွဲတွေ သွားတယ်။ အဲဒီနေရာတွေမှာလည်း ဓာတ်ပုံတွေ ရိုက်ခဲ့တယ်… dairy ပုံစံမျိုးအနေနဲ့ပေါ့။ L.A က ကျွန်မနေအိမ်ကနေ စတင်ထွက်ခွာပြီး…နေရာအနှံ့အပြားထိ ရောက်ခဲ့တယ်။ နယ်လှည့်ဖျော်ဖြေပွဲ သွားပြီဆိုရင် ရှိုးပွဲတစ်ခုကို အချိန် တစ်နာရီခွဲသာ ရတယ်။ နယ်လှည့်ဖျော်ဖြေပွဲထွက်တော့… ဟိုတယ်လ်အခန်းတွေမှာ နေရတာ ပျင်းလာတယ်။ ဒါ့ကြောင့် အဝတ်အစား ချွတ်နေပြီး ဓာတ်ပုံတွေ ရိုက်ဖြစ်တာ" လို့ သူမက ရှင်းပြခဲ့ပါတယ်။ 

Ref: starpulse

Trend Myanmar

Tuesday, 3 February 2015

နှဖူးကွဲသည်အထိ လက်သီးဖြင့်အထိုးခံရ၍ တရားစွဲသည့်အမျိုးသမီး ပုဒ်မ ၃ ခုဖြင် ပြန်လည်တရားစွဲခံရ

နှဖူးကွဲသည်အထိ လက်သီးဖြင့် အထိုးခံရသူ ဒေါ်စီစီအောင်ဖေဖော်ဝါရီ ၃ (ငပုတော)

နဖူးကွဲသည်အထိ လက်သီးဖြင့် အထိုးခံရသည့် အတွက် မိမိအား ရန်ပြု တိုက်ခိုက်ခဲ့သူကို ငပုတောမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည့် အမျိုးသမီးတဦးမှာ နာကျင်စေမှု၊ ဆဲဆိုမှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် ပြန်လည်တရားစွဲဆို ခံနေရကြောင်း သစ်ထူးလွင်မှ သတင်းရရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်မှ ဆားတောင်သူ ဒေါ်စီစီအောင်အား ၎င်း၏ လယ်နီးချင်း ဖြစ်သူ ဦးသိန်းနိုင်မှ ဆဲဆိုပြီး လက်သီးဖြင့်ထိုးသည့်အတွက် မျက်နှာတွင် နဖူးကွဲဒဏ်ရာ၊ ဖူးယောင် ဒဏ်ရာများ ရရှိခဲ့သည်ဟုဆိုကာ ဒေါ်စီစီအောင်က ဦးသိန်းနိုင်အား ဟိုင်းကြီးကျွန်းမြို့မရဲစခန်းတွင် ၂၀၁၂ ခုနှစ်က အမှုဖွင့်ခဲ့သည်။

ဟိုင်းကြီးကျွန်းရဲစခန်းက အမှုတည်ဆောက်ပြီးနောက် ငပုတောတရားရုံးသို့တင်ပို့ခဲ့ရာ ယင်းအမှုကို
တရားရုံးက လက်ခံကြားနာခဲ့သည်။

ယင်းအမှုအား ၂ နှစ်ကျော် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ငပုတောမြို့နယ် တရားသူကြီး ဒေါ်အေးအေးသွယ်က စွဲချက်အမိန့်ချမှတ်ခဲ့ရာတွင် ဒေါ်စီစီအောင်မှ ဦးသိန်းနိုင်ကို ဆွဲဆိုသည့်ပုဒ်မများကို အတည်ပြုပေးခဲ့သလို ဦးသိန်းနိုင်က ဒေါ်စီစီအောင်ကို ပြန်လည်စွဲဆိုသည့်ပုဒ်မများကိုလည်း အတည်ပြုပေးခဲ့ရာ နဖူးကွဲဒဏ်ရာများ ရရှိခဲ့သူ ဒေါ်စီစီအောင်မှာ ပုဒ်မ ၃၅၂ (နာကျင်စေမှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု)နှင့် ၂၉၄ (ဆဲဆိုမှု) တို့ဖြင့် ပြန်လည် တရားစွဲဆို ခံနေရကြောင်း သိရသည်။

“အဲဒီနေ့က ကျွန်မတို့က ကိုယ့်ဆားကွင်းကို အလုပ်သမားတွေနဲ့ ၀ိုင်းပြီး ပြုပြင်နေတယ်။ အဲဒီအချိန်မှာ ဦးသိန်းနိုင်နဲ့ သူ့တပည့်တွေက ရန်စပြီးတော့ ကျွန်မကိုယ်ပေါ်ကို ခွပြီးတော့ လက်သီးနဲ့ဝင်ထိုးတယ်၊ သမှဲ့သား တုတ်နဲ့လည်း ရိုက်တယ်။ ကျွန်မမျက်ခုံးနှစ်ခုကြား နဖူးကွဲသွားတယ်။ မျက်နှာတွေလည်း ဖူးယောင် ကုန်တယ်။ နဖူးကဒဏ်ရာက ၂ ချက် ချုပ်ခဲ့ရတယ်။ အဲဒါကို မကျေနပ်လို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ။ အခုကျတော့ ကျွန်မမှာ လက်သီးနဲ့လည်း အထိုးခံရ သေးတယ်။ တရားပြန်စွဲတာလည်း ခံနေရတယ်”

“မြို့နယ် တရားသူကြီးဆုံးဖြတ်ချက်အပေါ်မှာတော့ ဘာမှ ထင်မြင်ချက်မပေးလိုဘူး။ ဒါပေမယ့် ကိုယ့်အပေါ် နာကျင်ဒဏ်ရာရအောင်၊ ကာယအိနြေ္ဒပျက်စီးအောင် လုပ်ခဲ့တာကို မကျေနပ်လို့ တရားဥပဒေရှေ့မှောက်မှာ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီးတော့ လာရောက်ရင်ဆိုင်တာ ဖြစ်ပါတယ်။

ကျွန်မမှာ အားကိုးစရာဆိုလို့ တရားဥပဒေပဲရှိတယ်။ ရုံးတော်အနေနဲ့  ဥပဒေနဲ့အညီ တရားမျှတစွာ စီရင်ဆုံးဖြတ်ပေးမယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဒေါ်စီစီအောင်က သစ်ထူးလွင်ကို ပြောသည်။

ငပုတောမြို့နယ်တရားသူကြီး ဒေါ်အေးအေးသွယ်၏စွဲချက်အမိန့်အပေါ် မကျေနပ်သည့်အတွက် ဒေါ်စီစီအောင်ဘက်မှ ပုသိမ်ခရိုင်တရားရုံးသို့ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အယူခံတက်ထားကြောင်း သိရသည်။

ဦးသိန်းနိုင်အပေါ်စွဲဆိုထားသည့်အမှုများကို ကျေအေးလိုက်ပါဟု ငပုတောမြို့နယ် တရားသူကြီးမှ တိုက်တွန်းမှုများရှိခဲ့ကြောင်း ဒေါ်စီစီအောင်က ပြောသည်။

“ဒီအမှုက ၂ ဦးစလုံးမှာ အပြစ်ရှိနေတယ်ပေါ့လေ။ ပြစ်ဒဏ်ချမယ်ဆိုလည်း အတူတူပဲ ချရမယ်၊ ဒါကြောင့် နင်တို့တွေ ကျေအေးမယ်ဆိုလည်း ကျေအေးလိုက်ကြဆိုပြီး တရားသူကြီးက ကျွန်မကို ပြောတယ်။ ကျွန်မကတော့ ကိုယ့်ကို နဖူးကွဲတဲ့အထိ လက်သီးနဲ့အထိုးခံထားရတဲ့အတွက် ဒီလောက် ခံထားရတာ ကျေအေးပေးဖို့တော့မရှိဘူးလို့ တရားသူကြီးကို ပြန်တင်ပြခဲ့တယ်”ဟု ဒေါ်စီစီအောင်က ပြောသည်။

အဆိုပါအမှုတွင် တရားလို ဒေါ်စီစီအောင်ဘက်မှ လယ်ယာမြေအမှုများ အခမဲ့ရှေ့နေ လိုက်ပေးနေသည့် ပုသိမ်မြို့မှ ရှေ့နေ ဦးဇော်ဝင်းအောင်နှင့် တရားခံစွပ်စွဲခံနေရသူ ဦးသိန်းနိုင်ဘက်မှ ရှေ့နေဦးမျိုးဝင်းတို့က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေကြောင်း သိရသည်။

BY THIT HTOO LWIN