Friday, 13 February 2015

ဝိုင်းစုခိုင်သိန်း lရဝိတ်ဥယျာဉ်မှာ ခါချနေရတယ်


လူကြီးလူငယ် ပရိသတ်အကြိုက် အမျိုးသားအဆိုတော် ဟန်ထွန်း၊ ဇော်ပိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖိုးကာ၊ ဟဲလေး၊ နေတိုး၊ နိုင်းဝမ်း၊ Snare၊ R ဇာနည်၊ အားတီ၊ ဘန်နီဖြိုး၊ လွှမ်းပို1်၊ ဆိုတေး၊ ရဲရင့်အောင်၊ သားသားတို့နဲ့ စုံတွဲသီဆိုထားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းတစ်ယောက် ဖေဖော်ဝါရီ ၁၂ရက်နေ့က ခါချနေရတယ် သီချင်းအယ်လ်ဘမ်သစ်ကို စတင်ဖြန့်ချိခဲ့ပါတယ်။

ကန်တော်ကြီး ကရဝိတ်ဥယျာဉ်မှာကျင်းပတဲ့ ခါချနေရတယ် သီချင်းအယ်လ်ဘမ် Promotion ပွဲကို စုံတွဲအဆိုတော်တွေအပြင် လိမ္မော်သီး၊ သိန်းလင်းစိုး၊ ဇေယျတို့က ဝိုင်းစုခိုင်သိန်းနဲ့အတူ ပရိသတ်ကို လက်မှတ်ထိုး ရောင်းချခဲ့သလို သီချင်းတွေနဲ့လည်း ဖျော်ဖြေခဲ့ပါတယ်။

စုံတွဲခွေ တစ်ခါမှ မထုတ်ဖူးလို့ နည်းနည်းကြောက်တယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်းက ပရိသတ်အများကြီးမြင်တွေ့ရလို့ အားလည်းရှိပြီး အရမ်းလည်းပျော်တယ်လို့ ဆိုပါတယ်။ လာမယ့် မတ်လမှာ One Lady Showကျင်းပဖို့ရှိတဲ့ ဝိုင်းစုခိုင်သိန်းက ခါချနေရတယ် Music Album ထွက်ဖို့ကတော့ တစ်နှစ်လောက်ကြာဦးမယ်လို့ ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ ခါချနေရတယ် Promotion ပွဲမှာ သီချင်းခွေဝယ်ယူသူတွေကို ဖေဖော်ဝါရီ ၁၄မှာ ကျင်းပမယ့် ဂီတဖျော်ဖြေပွဲလက်မှတ်တွေကို မဲဖောက်ပေးခဲ့ပါတယ်။ ခါချနေရတယ်ထဲက လေလှိုင်းထဲကလွင့်လာတဲ့သီချင်း ဝိုင်းစုခိုင်သိန်းနဲ့အတူ တွဲဖက်သီဆိုထားတဲ့ အဆိုတော်ဖိုးကာက လက်မှတ်ထိုးရောင်းချပွဲမှာ ပရိသတ်တွေအများကြီး မြင်တွေ့ရလို့ ဝိုင်းစုကိုယ်စား ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ ဒီထက်လည်း ကြိုးစားသွားမယ်လို့ သူကပြောပါတယ်။

No comments:

Post a Comment