Friday, 2 December 2016

!!!!ယောက်ကျားလုကြရင်း ကျောင်းဆရာမနှစ်ဦး ခိုက်ရန်ဖြစ်ပွား

၂-၁၂-၂၀၁၆

ယနေ့ ထုတ်ထိုင်း သတင်းမီဒီယာတွေမှာ နံမည်ကြီးနေတဲ့ သတင်းဟာ အမနကျလန် ပြည်နယ်က အထက်တန်း  ကျောင်းဆရာမ နှစ်ဦး ခိုက်ရန်ဖြစ်ခဲ့
ကြလို့ ဒဏ်ရာ အသီးသီးရသွားကြပြီး ရဲစခန်းမှာ ဖြေရှင်းရ တဲ့ ဖြစ် ရပ်ဖြစ်ပါတယ်။

တစ်ကျောင်းထဲက  ကျောင်းဆရာမနှစ်ဦးကို မယားကြီး မယား ငယ် လုပ်ပေါင်း သင်းနေတဲ့ အမျိုးသားတစ်ဦးကို လုကြရင်း ယောက်ကျားဖြစ်သူ မယားကြီး
ရဲ့ နေအိမ် မှာ ရှိနေတုံး မယားငယ် က အိမ်တွင်းဝင်ပြီး ရိုက်နှက်ခဲ့ပါတယ်။

နှစ်ဦးသားလုံးထွေးကြရင်း ဒဏ်ရာတွေရကုန်ကြပါတယ်၊ မယားကြီးကျောင်း ဆရာမ ဟာဦးခေါင်းနဲ့  မျက်နှာမှာ ဒဏ်ရာတွေရပြီး  ရဲစခန်းအထိ  ရောက်ခဲ့ရာက နောက်ဆုံး တော့ ကြေအေးသွားခဲ့ကြတာကို ထိုင်းသတင်းမှာ နိုင်ငံရဲ့  စံပြ ကျောင်းဆရာမ နှစ်ဦး "လင်လုပွဲ" သတင်းက နံမည်ကြီး သွားခဲ့ပါတယ်။

ဒီကနေ့ မှာတော့ ဆရာမနှစ်ဦး စာသင်ပေးနေတဲ့ ကျောင်းက ကျောင်းသား (၄၀၀၀) ကျော်ဟာ ခုလို  ဟိုးလေးတကျော်ဖြစ်ရတဲ့ အတွက် ကျောင်းဂုဏ်
သိက္ခာ ထိခိုက်ခဲ့တယ် ကျောင်းကောင်စီကနေ ဆရာမနှစ်ဦးကို အရေးယူပေး
ရမယ် ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။

crd
SAW  Thai Social news

iii..ရင်သားကြီးထွားဆေးထိုးပြီးနောက် ရင်သားနှစ်ခု ခါးရောက်သွားရတဲ့ အမျိုးသမီး


ယင်းဆေးထိုးပြီးတဲ့နောက် ရင်သားဟာ ချိုင်းကြားသို့ ရောက်ရှိခြင်းနဲ့ နောက်ကျောသို့ ရောက်ရှိသွားခြင်းတို့ ကြုံတွေ့ရသူများလည်း ရှိနေပါတယ်။

တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူမရဲ့ရင်သားအရွယ်အစား ကြီးမားစေဖို့အတွက် သူမကိုယ်တိုင် ဆေးထိုးခဲ့ပြီးနောက် သူမမျှော်လင့်ထားသလို ကြီးမလာဘဲ ရင်သားကို ရှာမတွေ့ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ဝမ်းဗိုက်မှာ အတုံးကြီးနှစ်တုံး ပေါ်လာတာကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေက သူမကို စစ်ဆေးလိုက်ချိန်မှာတော့ သူမရဲ့ ရင်ဘတ်ကိုထိုးတဲ့ ဟိုက်ဒရိုဂျယ်ဟာ ဝမ်းဗိုက်ဧရိယာမျာ တဖြည်းဖြည်းချင်း သွားစုနေတကို တွေ့ရှီခဲ့ရပါတယ်။

ယင်းအမျိုးသမီးဟာ ရင်သားကြီးထွားစေဖို့အတွက် Amazing Gel လို့ခေါ်တဲ့ ဆေးကို သူမရဲ့ရင်ဘတ်မှာ ထိုးနေတာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း အထူးကုဆရာဝန်ကြီးတွေကို ပြောပြခဲ့ပါတယ်။

Amazing Gel လို့ခေါ်တဲ့ ရင်သားကြီးထွားဆေးဟာ တရုတ်နိုင်ငံမှာ နာမည်ကြီးလှပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်နိုင်တာကို တွေ့ရပါတယ်။

ယင်းဆေးထိုးပြီးတဲ့နောက် ရင်သားဟာ ချိုင်းကြားသို့ ရောက်ရှိခြင်းနဲ့ နောက်ကျောသို့ ရောက်ရှိသွားခြင်းတို့ ကြုံတွေ့ရသူများလည်း ရှိနေပါတယ်။

အဆိုပါအမျိုးသမီးရဲ့ခါးက အဝါရောင် ဂျယ်ပုံစံ အခဲနှစ်ခုကို ဆရာဝန်များက ခွဲထုတ်ပြီးတဲ့နောက် အခုအခါမှာတော့ သူမဟာ လုံးဝကျန်းမာသွားပြီ ဖြစ်ပါတယ်။

ှSource & Photos : Metro
via Duwun