Friday, 2 December 2016

!!!!ယောက်ကျားလုကြရင်း ကျောင်းဆရာမနှစ်ဦး ခိုက်ရန်ဖြစ်ပွား

၂-၁၂-၂၀၁၆

ယနေ့ ထုတ်ထိုင်း သတင်းမီဒီယာတွေမှာ နံမည်ကြီးနေတဲ့ သတင်းဟာ အမနကျလန် ပြည်နယ်က အထက်တန်း  ကျောင်းဆရာမ နှစ်ဦး ခိုက်ရန်ဖြစ်ခဲ့
ကြလို့ ဒဏ်ရာ အသီးသီးရသွားကြပြီး ရဲစခန်းမှာ ဖြေရှင်းရ တဲ့ ဖြစ် ရပ်ဖြစ်ပါတယ်။

တစ်ကျောင်းထဲက  ကျောင်းဆရာမနှစ်ဦးကို မယားကြီး မယား ငယ် လုပ်ပေါင်း သင်းနေတဲ့ အမျိုးသားတစ်ဦးကို လုကြရင်း ယောက်ကျားဖြစ်သူ မယားကြီး
ရဲ့ နေအိမ် မှာ ရှိနေတုံး မယားငယ် က အိမ်တွင်းဝင်ပြီး ရိုက်နှက်ခဲ့ပါတယ်။

နှစ်ဦးသားလုံးထွေးကြရင်း ဒဏ်ရာတွေရကုန်ကြပါတယ်၊ မယားကြီးကျောင်း ဆရာမ ဟာဦးခေါင်းနဲ့  မျက်နှာမှာ ဒဏ်ရာတွေရပြီး  ရဲစခန်းအထိ  ရောက်ခဲ့ရာက နောက်ဆုံး တော့ ကြေအေးသွားခဲ့ကြတာကို ထိုင်းသတင်းမှာ နိုင်ငံရဲ့  စံပြ ကျောင်းဆရာမ နှစ်ဦး "လင်လုပွဲ" သတင်းက နံမည်ကြီး သွားခဲ့ပါတယ်။

ဒီကနေ့ မှာတော့ ဆရာမနှစ်ဦး စာသင်ပေးနေတဲ့ ကျောင်းက ကျောင်းသား (၄၀၀၀) ကျော်ဟာ ခုလို  ဟိုးလေးတကျော်ဖြစ်ရတဲ့ အတွက် ကျောင်းဂုဏ်
သိက္ခာ ထိခိုက်ခဲ့တယ် ကျောင်းကောင်စီကနေ ဆရာမနှစ်ဦးကို အရေးယူပေး
ရမယ် ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။

crd
SAW  Thai Social news

No comments:

Post a Comment