Sunday, 8 October 2017

   

about an hour ago 9.10.2017 (3:30 Am) ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၃ နာရီခွဲ ခန့် က ရန်ကုန် - မန္တလေးအမြန်လမ်းမိုင်တိုင် ၁၅၆ တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်တစ်စီး ယာဉ်မတော်တဆမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ ၃၅ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါသည်။ Kaung Zaw Hein/ Than Htay
g

ARSA             

================== ================== ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက ခမောင်းဆိပ်တောင်ရွာရှိ ဘုရားကျောင်းမှ ဘုရားကို ဖျက်ဆီးခဲ့ပြီး ဘုရားကျောင်း ဝေယျာဝစ္စပြုလုပ်သူ ဟိန္ဒူဘာသာဝင်များအား မကျေနပ်သည့်အတွက် တစ်ရွာလုံးကို သတ်ဖြတ်ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင် အချို့က ပြောကြားသည်။ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် အထဲတွင် အဆိုပါ ခမောင်းဆိပ်တောင်ရွာ ဘုရားကျောင်းအား ဝေယျာဝစ္စ ပြုလုပ်သူ ဟိန္ဒူဘာသာဝင် ဦးလှထွန်း မိသားစုဝင်များ ပါဝင်ခဲ့ကြောင်း သိရသည်။ “ခမောင်းဆိပ်တောင်ရွာမှာ ဘုရားကျောင်း တစ်ကျောင်း ရှိပါတယ်။ အဲဒါက ဗုဒ္ဓဘုရားကျောင်းပါ။ ဟိန္ဒူဘုရားကျောင်း မဟုတ်ပါ။ ကျွန်တော် ၂၀၀၇ လောက်က ရောက်သွားတဲ့အခါ ကျွန်တော့်ယောက္ခမ မိသားစု ဟိန္ဒူဘာသာဝင်တွေ အကုန်လုံးက ၀ိုင်းဝန်းပြီး အဲဒီဘုရားကျောင်းကို စောင့်ရှောက်ခဲ့ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၀ နောက်ပိုင်းမှာ ဟိန္ဒူတစ်ရွာလုံးက ဘေးဖယ်သွားကြပြီးတော့ ကျွန်တော့်ယောက္ခမ တစ်ယောက်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့ဟိန္ဒူတွေ ဘာကြောင့် ဘေးဖယ်ခဲ့လဲဆိုတော့ ဘင်္ဂါလီတွေက ရိုက်တာ ပုတ်တာ ရှိတယ်။ ကျန်တဲ့ဟိန္ဒူတွေကို အဲဒီဗုဒ္ဓဘာသာကျောင်းကို သွားမစောင့်ရှောက်နဲ့၊ သွားမကိုးကွယ်နဲ့။ နင်တို့ ဗုဒ္ဓဘာသာဘက်ကို ဘာကြောင့် လိုက်တာလဲ။ ဗုဒ္ဓဘာသာကို ဘာကြောင့် လိုက်ရမလဲဆိုတဲ့ အဲဒီနာကြည်းမှုနဲ့ လုပ်တာ။ ကျွန်တော့်ရွာသားတွေ တော်တော်လည်း မရောက်ကြဘူး။ နောက်ပိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်ယောက္ခမ နှစ်အိမ်ကပဲ အဲဒီဘုရားကျောင်းကို ဦးဆောင်ပြီးတော့ စောင့်ရှောက်ခဲ့ပါတယ်” ဟု ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင် တစ်ဦးက ပြောကြားသည်။ ထို့ပြင် ဘင်္ဂါလီများက ခမောင်းဆိပ်တောင်ရွာထိပ်ရှိ ဘုရားကျောင်းရှိ ဘုရားဆင်းတုတော်ကို ဖျက်ဆီးခဲ့ပြီး ကျောင်း၏ တံခါးများ၊ ခြံဝင်းများကို ဖျက်ဆီးပစ်ခဲ့ကြောင်း ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင်က ဓာတ်ပုံမှတ်တမ်းများပြကာ ရှင်းပြသည်။ ဘုရားကျောင်းအား သွားကြည့်ခဲ့သူ ဟိန္ဒူဘာသာဝင်က “ကျွန်တော်ဖြစ်စဉ် ဖြစ်ပြီးချိန်မှာ အလောင်းတွေ သွားရှာပြီး နှစ်ရက်မှာ စစ်ကြောင်းနဲ့ ကျွန်တော်တောင်ရွာထဲကို ၀င်ပါတယ်။ တောင်ရွာအစအဆုံးက ဘုရားကျောင်းကို တက်ကြည့်ပါတယ်။ အဲဒီလို ဘင်္ဂါလီတွေ ဖျက်ဆီးထားခဲ့တာ မြင်ခဲ့ပါတယ်။ နောက်ပြီးတော့ တံခါးတွေ ကျိုးပျက်နေတယ်။ ခြံစည်းရိုးတွေအကုန်လုံး အပေါက်တွေဖောက်ပြီး သူတို့သွားလာဖို့ လမ်းလုပ်ထားတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ဘုရားကျောင်းခြံထဲက ကျွန်တော့်နေအိမ်ကိုလည်း အကုန်လုံး ဖျက်ဆီးပစ်ပြီးတော့ ပစ္စည်းတွေ ဘာမှမကျန်ဘူး” ဟု ပြောကြားသည်။ =========== Eleven Media Group http://news-eleven.com/news/15420

     

================== ================== (၈-၁၀-၂၀၁၇)ရက် ည(၈း၂၀)နာရီအချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်ထိပ်မှ လေဖိအားနည်းရပ်ဝန်းအခြေအနေမှာ အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ရောက်လာသော်လည်း ကုန်းတစ်ပိုင်းရေတစ်ပိုင်းဖြစ်နေပါတယ်။ ထို့ကြောင့် လေတိုက်ခတ်မှု နဲ့ မိုးရွာသွန်းမှုတို့မှာ လျော့နည်းနေခဲ့ပါတယ်။ =========== ဒေါက်တာထွန်းလွင် ၈-၁၀-၂၀၁၇ ည(၈း၄၀)နာရီ

  

မကွေးတိုင်းဒေသကြီး ပုသိမ်-မုံရွာလမ်းမကြီး ပဒါန်းဂိတ်တွင် မြို့ဝင်ကြေးနှင့်လမ်းကြေးကောက်ခံရာမှ ယာဉ်မောင်းသူနှင့် လမ်းကြေးကောက်ခံသူတို့ စကားများရန်ဖြစ်ကြကြောင်းသိရသည်။ ကြို့ပင်မှ ပခုက္ကူမြို့သို့ ဖျံဥများတင်ဆောင်လာသော ယာဉ်မောင်းအောင်ကိုလတ် မောင်းနှင်ပြီး ပြည်ကျော် (ခ) နေလင်းဦး လိုက်ပါ သော 5f/2749 ယာဉ်သည် (၂၄.၉.၂၀၁၇)ရက်နေ့တွင် ပုသိမ် -မုံရွာလမ်းအတိုင်း မောင်းနှင်လာပြီး ဗဒါန်းမြို့ဝင်ကြေးနှင့်လမ်းကြေး ကောက် ခံသည့်နေရာအရောက်တွင် ကုန်ချိန်(၂၇၀၀)အတွက် ငွေ(၂၅၀၀)ပေးဆောင်ခဲ့သည်ဆို၏။ ထို့နောက် (၂၅.၉.၂၀၁၇)ရက်နေ့တွင် ပခုက္ကူမြို့မှကြို့ပင်အပြန် ယာဉ်ပေါ်တွင်ကုန်ပါမလာသဖြင့်ငွေ (၁၀၀၀) ကျပ်ယူရန် ပြောရာ မှစကားများရန်ဖြစ်ခဲ့ကြောင်းသိရသည်။ “ကျနော်တို့ ကုန်နဲ့သွားတုန်းက သူတို့တောင်းတဲ့ (၂၅၀၀)ကိုပေးခဲ့တယ်။ အပြန်မှာဘာကုန်မှမပါဘဲ ခါလီ ပြန်လာတာကို(၂၅၀၀)တောင်းတယ်။ ကျနော်တို့က (၁၀၀၀) ဘဲယူပါလို့ပြောရင်း စကားများနေတဲ့အချိန် ဂိတ်က လူတွေက တုတ်တွေနဲ့ဝိုင်းရိုက်တယ်။ ကားမှန်ကို လဲရိုက်ခွဲတယ်။ အုံနာရော ကျနော်ရော အရိုက်ခံရတယ် တော်တော်မိုက်မိုက်ရိုင်းရိုင်းတွေပါ။ ကျနော်တို့လဲ ကား မောင်းထွက်ပြေးလာရတယ်”ဟု ယာဉ်မောင်း ကိုအောင်ကိုလတ် ကပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး (၂၆.၉.၂၀၁၇)ရက်နေ့ ငဖဲရဲစခန်းတွင် အမှုဖွင့်ထားရှိပြီး အမှုအား ရဲအုပ်အောင်မြတ်သူမှ လက်ခံစစ်ဆေးလျှက်ရှိကာအမှုနှင့်ပတ်သက် ၍ နွားကြီး(ခ)အောင်ကျော်ဇေယျာထွန်း ၊ လှမင်းထွန်း ၊ မျိုးမင်းသူ ၊ သန်းဇော်ဌေးတို့အား ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း။ “အမှုနှင့်ပတ်သက်ပြီးတော့ အမျိုးသား(၄)ဦးကိုဖမ်းဆီး စစ်ဆေးထားပါတယ်။(ပ)နံပါတ် ပုဒ်မကိုတော့အပြင်ရောက်နေလို့ မပေးနိုင်သေးဘူး”ဟုအမှုစစ်ရဲအရာရှိ ရဲအုပ်အောင်မြတ်သူ ကပြောကြားခဲ့ပြီး အခင်းဖြစ်စဉ်က အောင်ကိုလတ်တွင် လက်မောင်းဖူးရောင်ဒဏ်ရာ ဘယ်လက်ပြင်ညိုမဲဒဏ်ရာ ဘယ်ရင်ဘက်ညိုမဲအောင့်ဒဏ်ရာ ညာမျက်ခုံးပြတ်ရှဒဏ်ရာ ပြည်ကျော်(ခ)နေလင်းဦးတွင်ဘယ်နားရွက်ပြတ်ရှဒဏ်ရာ ဘယ်မျက်လုံးဖူးရောင်ညိုမဲဒဏ်ရာ ဝဲပါးရိုးအက်ဒဏ်ရာ ဝဲနားမှသွေးယိုဒဏ်ရာ ဝဲဘက်လက်မောင်းပခုံးညိုမဲဒဏ်ရာ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကာ ပြည်ကျော်(ခ)နေလင်းဦးမှာ ရရှိထားသောဒဏ်ရာများ ပြင်းထန်သဖြင့် ကြို့ပင်ဆေးရုံမှတဆင့် ရန်ကုန်မြို့ ဦးနှောက်နှင့်အာရုံကြောဆေး ရုံတွင်အတွင်းလူနာအဖြစ် ကုသခံပြီး နားနှခေါင်း လည် ချောင်းဆေးရုံ၌ထပ်မံပြောင်းရွှေ့ ကုသမှုခံယူခဲ့ရကြောင်းသတင်းရရှိသည်။ မှတ်ချက်။ ။ မိမိတိုင်း မိမိပြည်နယ်က သတင်းမဟုတ်သော်လည်း ဘုရားဖူးသွားလာနေကျသော မိဘပြည်သူများသိရှိစေရန် ဖော်ပြခြင်းဖြစ်သည်။ ပြည့်သဲမောင်(ပြည်)09423671883 ပြည်သတင်း

ဇနှီးဖြစ်သူထံ ဖုန်းဆက်နေသူအား ချိန်းဆိုကာ ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့



အောင်ကျော်ဦး(MCRA),သာခိုင်(မုနိမြေ),
မှုခင်းရှုထောင့်ဂျာနယ် ,၂၀၁၇ အောက်တိုဘာ ၇

ဇနီးဖြစ်သူကိုဖုန်းဆက်နေသူအားစိတ်မထိမ်းနိုင်ဘဲ ချိန်းဆိုကာဓားနဲ့ ခုတ်သတ်လိုက်သော ကျွန်းကုန်းရဲစခန်းအပိုင်ကလူသတ်မှူ
ရှေ့လာမဲ့အပါတ် မှုခင်းရှူထောင့်ဂျာနယ်တွင် အသေးစိတ်အား ဖော်ပြပေးပါမည်။

မှုခင်းရှုထောင့်ဂျာနယ်အား ဖတ်ရှုပြီး မှုခင်းဖြစ်စဉ် များအား ဆင်ခြင်နိုင်ကြပါရန်ဖော်ပြလိုက်ပါသည်။

(သတိ/ဂျာနယ်တချို့သည် နယ်သတင်းထောက်များကို ကျော်လွန်ပြီး အွန်လိုင်းပေါ်ကူးယူ၍ မိမိတို့ ကလောင်အမည်ဖြင့် ဖော်ပြရေးသား နေကြသဖြင့် အပြည့်အစုံအသေးစိတ်အား ချို့ဝှက်ထားပါကြောင်း)

Credit:​အောင်​​ကျော်​ဦး >> မင်းထက်သာ မူခင်းရှူထောင့်