Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Wednesday, 2 July 2014

ရန်ကုန်မြို့၌ ဇွန်လအတွင်း လျှပ်စစ်ကြိုးပြတ်ကျမှုများနှင့် နေအိမ်သို့သွယ် တန်းထားသော လျှပ်စစ်ကြိုးမှ သွပ်မိုးနံရံသို့ လျှပ်စစ်စီးဝင်ကာ လူသေဆုံးမှုအပါအ၀င် ဓာတ်လိုက်သေဆုံးသူ ၂၀ အထိရှိ

ရန်ကုန်မြို့၌ ဇွန်လအတွင်း လျှပ်စစ်ကြိုးပြတ်ကျမှုများနှင့် နေအိမ်သို့သွယ်
တန်းထားသော လျှပ်စစ်ကြိုးမှ သွပ်မိုးနံရံသို့ လျှပ်စစ်စီးဝင်ကာ လူသေဆုံးမှုအပ
ါအ၀င် ဓာတ်လိုက်သေဆုံးသူ ၂၀ အထိရှိ
ဇွန် ၃၀ ရက်ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြေ
ာင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်လအတွင်း ရန်ကုန်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုနှင့် လျှ
ပ်စစ်နှင့်ပတ်သက်သော အခြားဆက်စပ်ဖြစ်စဉ်များကြောင့် သေဆုံးသူဦးရေ ၂၀ ဦးအထိ ရှိလာပြီ
ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းများအရ စုံစမ်းသိရသည်။
ဇွန် ၃၀ ရက် ညနေ ၄ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် ပုလဲလမ်းတ
ွင် ကန်စွန်းခင်းထဲမှ ကန်စွန်းရွက်ခူးနေသူတစ်ဦးသည် ကန်စွန်းခင်းဘောင်ပေါ်မှ သဲအိတ်များပေ
ါ် ကန်စွန်းရွက်များကို တင်ပြီးရေခါနေချိန်တွင် သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ
သွားပြီး ၎င်း၏ပခုံးကိုပတ်မိကာ ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ၂၅ နှစ်အရွယ်အမျိုးသားသည် ကန်စွန်းခင်းတွင် သုံးဦး လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ
မှုကြောင့် ဓာတ်လိုက်ပြီး  မိနစ်နှစ်ဆယ်ခန့်အကြာ ဆေးရုံသို့သွားရာလမ်းတွင် သေဆုံးသွားခဲ့
ခြင်းဖြစ်သည်။
“ကန်စွန်းရွက်ခူးနေတာက သုံးယောက်ခူးနေတာပါ။ ညီလေးက ကန်စွန်းရွက်ရေခါဖို့ ဘောင်ပေါ်တ
က်နေတုန်း သူ့ပခုံးပေါ်ကို ဓာတ်ကြိုးကပြတ်ကျပြီး ပတ်သွားတာ။ ကျန်နှစ်ယောက်ကတော့ ဘာဒ
ဏ်ရာမှမရပါဘူး။ သေတဲ့လူကလည်း သေပြီဆိုတော့ ကံလို့ပဲသတ်မှတ်ရပါတော့မယ်။ ဘာမှ
မထူးတော့ပါဘူး။ လျှပ်စစ်ရုံးကိုလည်း အမှုမဖွင့်ချင်ပါဘူး” ဟု သေဆုံးသူအမျိုးသား၏အစ်ကို
ဖြစ်သူ ကိုမင်းမင်းထွန်းကဆိုသည်။
ပြတ်ကျသွားသောလျှပ်စစ်ဓာတ်ကြိုးသည် ကြေးကြိုး ၇/၁၂ ၄၀၀ ဗို့လိုင်းဖြစ်ပြီး
၂၀၀၆ ခုနှစ်က သွယ်တန်းထားသော ဓာတ်ကြိုးများဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်လျှပ်စ
စ်ရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“သေဆုံးသွားတဲ့လူကို နာရေးကိစ္စနဲ့ ရက်လည်ကိစ္စတွေအတွက် ကျွန်တော်တို့တာဝန်
ယူပေးသွားမှာပါ။ ကျန်တဲ့ကိစ္စအပိုင်းတွေကိုတော့ ရန်ကုန်တိုင်းလျှပ်စစ်ရုံးက တာဝန်ယူသွားမယ်
လို့သိရပါတယ်။ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုတွေအတွက် လူတွေ ဆောင်ရန်၊ ရှောင်ရန်ဖြစ်
အောင်လို့ လက်ကမ်းစာစောင်တွေလိုက်ဝေထားတယ်။ အခုလည်း နေရာတော်တော်များများမှာ ဓာတ်အားလိုင်
းတွေ၊ ဓာတ်ကြိုးတွေကို ပြင်ဆင်မှုတွေလုပ်နေပါတယ်” ဟု မြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးမှူး ဦ
းဝင်းမြင့်ဇော်က ပြောကြားသည်။
ဇွန် ၃၀ ရက် ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျသ
ည့်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်
မှာ ဇွန် ၂၁ ရက် ညနေပိုင်းက ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီး မိုးသည်းထန်စွာရွာသွန်
းနေချိန်၌ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်
ဦးတို့ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်သေဆုံးခဲ့ပြီး အခြားလူနှစ်ဦးမှာလည်း
ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ရွှေပြည်သာမြို့နယ်တွင်လည်း ဇွန် ၂၃ ရက်ညပိုင်းက အမျိုးသားတစ်ဦးသည်
လမ်းဘေးတွင်အိကျနေသော လျှပ်စစ်ဝိုင်ယာကြိုးပေါ်သို့ချော်လဲရာမှ ဓာတ်လိုက်သေဆုံးခဲ့ရသ
ည်။
တစ်လအတွင်း ရန်ကုန်တွင် လျှပ်စစ်ဓာတ်လိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၂၀ဦးအထိ
ရှိလာပြီး သေဆုံးသူများမှာ စက်ရုံလုပ်သားများ၊ လျှပ်စစ်ဝန်ထမ်းများ၊ ဖုန်းပြုပြင်ရေးလုပ်သားများ၊ ပန်
းရန်လုပ်သားများဖြစ်ကြပြီး လုပ်ငန်းခွင်ဝင်နေစဉ်အချိန်အတွင်း မတော်တဆမှုများကြောင့် ဓ
ာတ်လိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
Eleven

ငွေပြန်အမ်းလိုက် - ဟာသ


ငွေပြန်အမ်းလိုက် - ဟာသ
ချမ်းသာ ကြွယ်ဝသော လူတစ်ယောက်သည် မသေမီ အလွန် ကပ်စေးနည်း သော်လည်း ကွယ်လ
ွန်သော အခါ နတ်ပြည် ၀င်ခွင့် ပြုရန် သိကြားမင်းထံသို့ ခွင့်ပန်လေသည်။
"မောင်ရင်ကို နတ်ပြည် ၀င်ခွင့် ပြုနိုင်ဖို့ လူ့ပြည်တုန်းက ပြုခဲ့တဲ့ ကောင်းမှု့
ကုသိုလ်တွေ ပြောပြစမ်း"
"တစ်ခါက သူတောင်းစား တစ်ယောက်ကို ဆယ်ပြား ထည့်ဖူးပါတယ်... ရပ်ကွက် သံဃာ့ဒါန
အလှုခံမှာ ငါးမူး လှူခဲ့ပါတယ်"
"သြော်... မေ့လို့ ဘုရားဖူး ထွက်တော့ စံပယ်ပန်း ဆယ့်ငါးပြားဖိုး လှုခဲ့ပါတယ်"
"အင်း... အားလုံး လှုခဲ့တာ သုံးမတ်ပဲ"
"ဟေ့ မာတလိ... ဒီကောင်ကို ပိုက်ဆံ သုံးမတ် ပြန်အမ်းပြီး ငရဲ ပို့လိုက်ပါကွာ"
credit > unknown
မချိုမချဉ်ဟာသများ

Saturday, 14 June 2014

အသက် ၁၁၀ အဖွားဒေါ်ခွေး အကူအညီလိုနေပါသည်


၁၀-၆-၂၀၁၄ နတ်မောက်မြို့နယ် မကျီးချိကျေးရွာအုပ်စုတွင်နေထိုင်တဲ့ အဖွားဒေါ်ခွေးသည် အသက် ၁၁၀
တိတိရှိပြီလို့သိရပါတယ် ရွာမှာနေတယ်ဆိုတော့ အဖွားအတွက်စားရေးသောက်ရေးကဆင်းရဲတယ် မိသား
စုရှိသော်လည်း နွမ်းပါးလို့အပြည့်အဝမထောက်ပံ့နိုင်ဘူး မြန်မာပြည်မှာ အသက် ၁၁၀ ရှိတဲ့လူကြီးဆိုတာ
တွေ့ရဖို့အင်မတန်ခဲရင်းတယ် ပြီးတော့ဒီလိုအသက်ကြီးတွေကို ပူဇော်ကန်တော့ရဖို့ ပိုပြီးတော့ခက်ခဲတယ်
သီတင်းကျွတ်ပြီဆိုရင် မြို့မှာအလုပ်လုပ်နေတဲ့လူငယ်များက ရွာပြန်လာပြီး ကူညီစောင့်ရှောက်ကန်တော့ကြ
တယ်။ အဖွားဒေါ်ခွေးကအသက် ၁၁၀ ရှိပါပြီ မျက်စိလည်းမမြင်တော့ပါဘူး တစ်ယောက်တည်းဒုက္ခအရမ်း
ရောက်ပါတယ် စားဖို့မပြည့်စုံတဲ့ကြားထဲ မျက်စိကမမြင်ဆိုတော့ သနားဖို့အရမ်းကောင်းပါတယ်။ကျောက်ပန်
တောင်းဘူတာကနေရထားစီးသွားပြီးပင်းချောင်းဘူတာမှာဆင်းပြီး ဆိုင်ကယ်နဲ့သွားရင်လည်းအဖွားဒေါ်ခွေး
တို့ရွာကိုရောက်ပါတယ် လှူချင်လို့အဖွားရှိတဲ့နေရာကိုလိုက်ပို့ခိုင်းရင်လည်းရပါတယ် လူငယ်တစ်ယောက်
လိုက်ပို့ပါလိမ့်မယ် ဖုန်းနံပါတ်က (၀၉၄၂၀၀၈၃၇၁၁) နာမည် ကိုညီမင်းခိုင် ဖြစ်ပါတယ်။ အဖွားဒေါ်ခွေးအ
ကူညီအမြန် ရပါစေလို့ ဆုတောင်းပေးပါတယ်။

         လေးစားလျက်
         13.6.2014
          Tin Wai