Friday, 29 July 2016

အနမ်းနဲ့ ကျမ်းမာရေး

သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။
နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။
၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။
၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံး တစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။

NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language
Miraculous Master For English Language

Thursday, 28 July 2016

ဆေးလိပ်ဖြတ်ရန်နည်းလမ်း

(၁) ရေအေးလေး တစ်ကျိုက်စီငုံ

သေးသေးဖွဲဖွဲလေးတွေ စား ဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိ ချက်အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်းစိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့အလွမ်းကို လျော့စေတယ်။ အစားတော့ ရွေး နော်။ တော်ကြာနေ ဝလာဦးမယ်။

(၂) ကောင်းကျိုးစဉ်းစား

စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို စဉ်းစားပါ။ ကိုယ့်စိတ်ကိုယ် နိုင်ခြင်း၊ ငွေကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်း။

(၃) သွားခဏခဏတိုက်

ခံတွင်းနံ့လေး ကောင်းလာတတ် တဲ့ ကောင်းကျိုးရရှိဖို့ ဖြစ်တယ်။ ခံတွင်းရနံ့လေးကို ချစ်ပါ။

(၄) အယ်လ်ကိုဟော ရှောင်

အယ်လ်ကိုဟောသည် ဆေးလိပ်၊ စီးကရက် သောက်လိုစိတ်ကို အားပေးတယ်။ အကြောင်းပြ ချက်များစွာရှိနေ ပါတယ်။ အယ်လ်ကိုဟောသည် လုပ်ချင်ရာ လုပ်မိအောင် အားပေးတတ် တာကလည်း တစ်ကြောင်းပေါ့။

(၅) မိမိကိုယ်မိမိ ဆေးလိပ်၊ စီးကရက် ကန့်သတ်နယ်မြေသတ်မှတ်

လူရှေ့သူရှေ့ မသောက်တာ၊ အလုပ်ထဲမှာ မသောက်တာ၊ လူကြီး သူမတွေရှိရင် မသောက်တာမျိုး။

(၆) အကြောင်းပြချက် သတိရ

ကိုယ်ဘာကြောင့် ဒါတွေ ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းပြချက် ကိုယ်စီရှိကြမှာပါ။ အဲဒါလေးကို မပြတ်သတိရ။

(၇) နေ့စဉ် တက်ကြွလန်းဆန်း

နေ့စဉ် လှုပ်ရှားတက်ကြွလန်းဆန်း လတ်ဆတ်ခြင်းကလည်း ဟိုဟာမလုပ်ရ မနေနိုင်၊ ဒီဟာမလုပ်ရ မနေနိုင် ဆိုတာတွေကို ဟန့်တားနိုင်တယ်။

(၈) ပြက္ခဒိန်မှာ မှတ်

ဒီနေ့တစ်လိပ်မှ မသောက်ဖြစ်ရင် အဲဒီရက်ကလေးကို ပြက္ခဒိန်မှာ မှတ်လိုက်။ ရက်တွေ တိုးပွားလာစိတ် ဖြစ်လာလိမ့်မယ်။

(၉) ပါးစပ်ထဲ တစ်ခုခုထည့်ထား

ပီကေ၊ မြေပဲ၊ နေကြစေ့ စသည်

(၁၀) အပေါင်းအသင်းလိုတယ်

ယခင်က ဆေးလိပ်၊ စီးကရက် သောက်ခဲ့ပြီး ယခုအောင်မြင်စွာ ဖြတ်ထားနိုင်ပြီးသော အပေါင်းအသင်း တစ်ယောက်ရှာပါ။

(၁၁) ကဖိန်းကန့်သတ်

ကော်ဖီ၊ လက်ဖက်ရည်ကို ဆိုလိုတယ်။ ကော်ဖီ၊ လက်ဖက်ရည်သည် နံနက်ပိုင်းမှာ လန်းဆန်းစေတာ မှန်ပါတယ်။သို့သော် စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေတယ်။ ဒီအတွက် ကန့်သတ်လျှော့ချ ရလိမ့်မယ်။ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ဖြစ်မယ်။

(၁၂) မကောင်းတဲ့ အနောက်တွေကိုသတိပြု

စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ရှုမှတ်ပါ။ အဲဒီ မကောင်းစိတ်တွေက ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေတယ်။

(၁၃) မကောင်းကျင့် အပေါင်းအသင်း ကိုရှောင်

ဘယ်သူတွေနဲ့ဆုံရင် ပြန်သောက် မိသလဲ။ အဲဒီလူတွေကို ရှောင်ပါ။

(၁၄) စိတ်ရှည်ပါ...ပြေးလမ်းပေါ်မှာ

၁၄ ရက်ကြာ ပြတ်နိုင်ရင် ဒါ ပြေးလမ်းပေါ်ရောက်ပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို.လိုတယ်။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းသည် ကြားမှာ ပါးလွှာ လွန်းလှတယ်။ “တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ပါ။ အောင်နိုင်မည်...မုချ။

ကိုးကား

ကျန်းမာရေး ဂျာနယ်

Tin Maung Hlaing

Wednesday, 27 July 2016

//:သခင် မယ်တော်ကြီး နောက်ဆုံး အကြိမ်ချဲနံပါတ်ပေး


27July2016

ထိုင်းနိုင်ငံ ဆူကိုထိုင်း ပြည်နယ်အတွင်းက Ban Dan Lan Hoi District
ဘန့် ဒင်လန်ခရိုင် အတွင်းမှာ ရှိတဲ့  ရှေးဟောင်း သစ်တုံး ကြီး နန်ကွန်း ကိုစောင့် ရှောက်နေတဲ့ သခင်မယ်တော်ကြီးဟာ လူတယောက်ကို ၀င်ပူးပြီး ချဲနံပါတ် ပေးခဲ့တာကို  ယုံကြည်ပြီး ထိုးကြ တဲ့သူတွေ  ပြည်နယ်တခုလုံး ချဲပေါက်ခဲ့ တာ နှစ်ပါတ်ရှိပြီဖြစ်ပါတယ်။

ယခုအပါတ်မှာ တော့ ချဲနံပါတ်  နောက်ဆုံးပေးမယ့်ပွဲဖြစ်တာကြောင့် တနိုင်ငံ
လုံး လာရောက် နံပါတ်ယူကြသူတွေ လမ်းမကြီး တလျောက်ပြည့်နေလို့  ကားတွေဆက် မသွားနိုင်တော ဘဲ လမ်းလျောက်ပြီး နတ်နန်းကို သွားခဲ့ကြ ရပါတယ်။

ယခုအပတ် အတွက် သုံးလုံး 213  -နှစ်လုံး 70 ဖြစ်ပါတယ် နတ်ဝင်ပူးစဉ် လက်ချောင်းတွေနဲ့  နံပါတ်ကိုပြသွားတာဖြစ်ပြီး ဒီအပါတ်မှာ ၂၁၃-၇၀ ကိုဒိုင်တွေကြောက်ပြီး ဒိုင်စားချန်ထားလို့  ၀ယ်လို့ မရတောကြောင်း သိရပါတယ်။

(SAW)
Khaosod
https://web.facebook.com/100003896756538/videos/742687059204512/
Ye Lin Aung

Monday, 25 July 2016

//-ကာလတန်းဖိုး သိန်းသုံးရာကျော်တန်းဖိုးရှိတဲ့ လပ်ကီးငါး ဒေသအခေါ် ကပ်သမျှင် ငါးတစ်ကောင် မွန်ပြည်နယ်မှာ ဖမ်းမိ


မွန်ပြည်နယ် မုဒုံမြို့နယ် ဝဲကလိကျေးရွာမှာ အချိန် ၄၀ ဝန်းကျင်ရှိ လပ်ကီးငါး ဒေသအခေါ် ကပ်သမျှင် ကာလတန်ဖိုး သိန်း ၃ ရာ ကျော်ရှိ ငါးတစ်ကောင်ကို ဇူလိုင်လ (၂၅)ရက်နေ့ က ကိုမျိုးသက်ဦး ဆိုသူမှ ဖမ်းမိခဲ့ ကြောင်း သိရပါတယ်။

အဆိုပါ ငါးကို အခုအခါ ရန်ကုန်မှာ သိန်းသုံးရာနဲ့ သိန်းလေးရာကြား၊ အရောင်းဝယ် ဈေးညှိနေတုံးပဲလို့ ဒေသခံတဦးဖြစ်တဲ့ ကိုညီညီထူး က ပြောပါတယ်။

by သစ်ထူးလွင်

Sunday, 24 July 2016

အမြန်လမ်းပေါ်ကလူလိမ်‬ (သို့) ‎နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီးအတု‬


(၂၃.၇.၂၀၁၆)

ကျွန်တော်တို့ အမြန်လမ်းပေါ်မှာ တစ်ဖက်က အကူအညီပေးနေတာကို အခွင့်ကောင်းယူပြီး လိမ်လည်မှုတစ်ခု ယနေ့ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြူးမြို့မရဲစခန်းမှ စခန်းမှူးစံလှ၊ ဒုရဲအုပ်ဇာနည်ဇော်၊ အမြန်လမ်းတပ်ဖွဲ့မှ ရဲအုပ်သူရစိုး တို့ပူးပေါင်းပြီး အချိန်နှင့်တပြေးညီဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

‪‎ဖြစ်စဉ်မှာ‬....
၂၃.၇.၂၀၁၆ နေ့လည် ၁၂နာရီ၄၅မိနစ်လောက်မှာ ကျွန်တော်တို့ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းရှိ ရွှေကျားစားသောက်ဆိုင်သို့ တင်မောင်ဦး(ဘ)ဦးတင်ဖေ အသက် ၄၀ ဝန်းကျင် လူငယ်တစ်ယောက်က ယာဉ်အမှတ် YGN 9I/3718 Alphard အဖြူရောင်ကားဖြင့် ရောက်ရှိလာပြီး မန်နေဂျာ ဦးဝေဇင်ထွန်းနှင့်တွေ့၍ ဆိုင်ပိုင်ရှင် ဦးဖိုးကျား(ခ)ဦးသိန်းထွေး အားပြောဆိုပြီးဖြစ်၍ ငွေကျပ် ၄၉သိန်းနှင့် စားသောက်စရာများထည့်ပေးလိုက်ရန်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မန်နေဂျာ ကလည်းဆိုင်ပိုင်ရှင် ဦးကျား(ခ)ဦးသိန်းထွေးအားဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းကြည့်ရာ မသိရှိကြောင်းပြောကြားပြီး (၁၁၅)မိုင် ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော်အား ဖုန်းဖြင့်ဆက်၍ အကြောင်းကြားခဲ့ပါတယ်။

ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော် မှ ရွှေကျားစားသောက်ဆိုင်သို့ သွားရောက်၍ ငွေကျပ် (၄၉)သိန်းနှင့်စားသောက်စရာများ ယုံကြည်အောင်ပြောဆို၍ လာရောက်တောင်းခံသူ တင်မောင်ဦး အားသွားရောက် စစ်ဆေးခဲ့ရာ ဒေါက်တာ ဇေယျာကျော်လင်း(ဆမ-၁၆၀၅၂၇)၊နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီး(ရွှေဂုံတိုင်အထူးကုဆေးခန်း၊SSC)၊ဖုန်းနံပါတ် 09-453526849 ဆိုသူမှ သွားရောက် ယူခိုင်းခြင်း ဖြစ်ကြောင်းသိရ၍ဆက်လက် စုံးစမ်းခဲ့ရာ SSC ဆေးရုံကြီးတွင် ဒေါက်တာ ဇေယျာကျော်လင်း အမည်ဖြင့် နှလုံးအထူးကုခွဲစိတ်ဆရာဝန်မရှိကြောင်းသိရှိရပါသည်။

၎င်းဖုန်းနံပါတ်အား ဆက်သွယ်၍မေးမြန်းခဲ့ရာ ဒေါက်တာဇေယျာကျော်လင်းဆိုသူဖြင့် ဖုန်းရခဲ့ပြီး ၆၂မိုင်တွင် 5D/9999 လင်ခရူဆာ အဖြူရောင်ကားပျက်နေ၍ ဖြစ်ကြောင်းသိရပြီး၊ ဆမ နံပါတ်ကိုလည်း ၎င်းနှလုံးခွဲစိတ်ဆရာဝန်ကြီးဆိုသူကပဲပြောခဲ့ကြောင်း ဒုရဲအုပ်ဇာနည်ဇော်မှ အမြန်လမ်းတပ်ဖွဲ့မှ နီးစပ်ရာရဲကင်းသို့အကူညီတောင်းစုံစမ်းရာ ၎င်းအမြန်လမ်းပိုင်းတွင်ပျက်ကားမရှိကြောင်းသိရပါသည်။

 ဒေါက်တာဇေယျာကျော်လင်းဆိုသူအား ထပ်မံဆက်သွယ်၍မေးမြန်းရာ မန္တလေးမှအထွက် အမြန်လမ်း ၆၂မိုင်ကိုပြောကြောင်းသိရ၍ ပြင်စည်အမြန်လမ်းရဲတပ်ဖွဲ့သို့ ထပ်မံအကူညီတောင်းစုံစမ်း ကြည့်ရာတွင်လည်း မည်သည့်ယာဉ်မျှမရှိကြောင်းကို သိရှိခဲ့ပါသည်။

ထို့ကြောင့်လာရောက်ငွေတောင်းခံသူ တင်မောင်ဦးအား ဥပဒေအရ ဆက်လက်စစ်ဆေးလျှက်ရှိပြီး နောက်ဆက်တွဲတရားခံများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အပူတပြင်းဆောင်ရွက်လျှက်ရှိနေပါကြောင်းသိရပါသည်။

အလားတူဖြစ်စဉ်မျိုးကိုလွန်ခဲ့တဲ့ ၃လကျော်ခန့်က ကျွန်တော်တို့ ၁၁၅ မိုင်ဝန်းအတွင်းရှိ BMB WorkShop မှလည်းကြုံခဲ့ဘူးကြောင်းထပ်မံသိရှိရပြီး BMB ယာဉ်ပြင်လုပ်ငန်းမှ တာဝန်ခံ ဦးပါမှ တရားလိုပြုလုပ်၍တစ်ဆက်တည်းတိုင်တန်းခဲ့ပါသေးသည်။

‪‎BMB‬ ဖြစ်စဉ်မှာလည်း....
လွန်ခဲ့တဲ့၃လကျော်လောက်က
ဖုန်းနံပါတ် 09-453526849 မှဖုန်းဝင်လာပြီး ၆၂မိုင်တွင် ကားပျက်နေ၍အကူညီလိုအပ်ကြောင်းနှင့်သူဟာ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာကျော်လင်းဖြစ်ပါကြောင်း၊ ဆွဲဖို့ကားတစ်စီးလွှတ်ပေးဖို့နဲ့ရေနှင့်စားသောက်စရာပစ္စည်းများပါတစ်ခါတည်းယူလာပေးဖို့ ရောက်ရင် ပိုက်စံတစ်ခါတည်းရှင်းပေးလိုက်မည်ဖြစ်ကြောင်း၊ ကားပေါ်ပါလာတဲ့သူရဲ့ ကလေးတွေလည်း ရေဆာနေကြပြီဖြစ်ကြောင်း၊ အခုသူက နေပြည်တော်မှာ လူနာတစ်ယောက်ကို အရေးပေါ် နှလုံးခွဲစိတ်ဖို့အတွက်သွားရင်း ယခုလိုလမ်းမှာ ကားပျက်နေတဲ့အကြောင်းပြောပြီး အကူညီတောင်းဖူးပါတယ်တဲ့၊ BMBရဲ့ ဖုန်းနံပါတ်ကို အရေးပေါ်ဖုန်းနံပါတ် 1880 ကနေရယူပြီးဆက်တယ်လို့သိရပါတယ်။

ပြီးတော့ပြောလိုက်ပါသေးတယ်တဲ့ လူတစ်ယောက်ရဲ့အသက်ကိုလည်းကူညီရာရောက်ပါတယ်တဲ့၊ဦးပါ လည်းပစ္စည်းတွေဝယ်ခြမ်းပြီးကားဆွဲဖို့အသွား လမ်းတစ်ဝက်ရောက်တော့ဖုန်းထပ်ဝင်လာတယ်လို့သိရပါတယ်။အခုသူကားမှာလိုအပ်နေတဲ့ပန်ကာကြိုးနဲ့ပစ္စည်းတွေကိုဝယ်ခိုင်းလိုက်တဲ့သူက ငွေမလောက်တော့လို့ ရန်ကုန်မှာ အသိမိတ်ဆွေတစ်ယောက်ယောက်ထံမှ ငွေ၃သိန်းခနဆိုက်ထုတ်ပေးထားဖို့နဲ့ ၁၁၅ မိုင်ရောက်ရင် ATM ကဒ်နဲ့ငွေထုတ်ပြီးချက်ခြင်းပြန်ပေးမယ်လို့ဆိုပါတယ်။

ဦးပါ လည်းရန်ကုန် ကားပစ္စည်းဆိုင်က မိတ်ဆွေဆီဖုန်းဆက်ပြီးဆရာဝန်ကြီးရဲ့တပည့်ငွေလာယူရင်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။ ဦးပါ (၆၂) မိုင်ရောက်တဲ့အချိန်မှာတော့ ဘာကားအပျက်မှမတွေ့ရတော့ပါဘူး၊အဲဒါနဲ့ ဦးပါ လည်း သူ့မိတ်ဆွေထံ ပိုက်ဆံ၃သိန်းမထုတ်ပေးဖို့ဖုန်းအဆက်မှာ ငွေ၃သိန်းလာရောက်ထုတ်ယူသွားပြီလို့သိလိုက်ရပါတယ်။နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးရဲ့ဖုန်းဟာလည်း လုံးဝ မကိုင်တော့ပါကြောင်း.. ငွေ၃သိန်းနဲ့ အမှုမဖွင့်ချင်ပေမဲ့သက်ဆိုင်ရာ ရဲကင်း၊ ရဲစခန်းမှ အသိမိတ်ဆွေများကိုပြောပြခဲ့ဖူးသောထိုစကားကြောင့် ယနေ့အလားတူဖြစ်စဉ်ဖြစ်ပွားတာနဲ့ ဒုရဲအုပ်ဇာနည်ဇော်က BMB မှ ဦးပါ အား ရွှေကျားစားသောက်ဆိုင်သို့ လိမ်လည်ငွေတောင်းခံသူလူငယ်အားခေါ်ယူပြသပေးခဲ့ပါတယ်။ငွေတောင်းပုံတောင်းနည်းနှင့်ဖြစ်စဉ်ခြင်းကအလွန်တူနေပါတယ်။

အမှုအား
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြူး မြို့မ ရဲစခန်းမှ စခန်းမှူးစံလှ၊၁၁၅ မိုင် ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော် နှင့်ရဲတပ်ဖွဲ့ဝင်များမှ ဆက်လက်စစ်ဆေးနေပါကြောင်း။
အသေးစိတ်သိရှိလိုပါက
စခန်မှူးစံလှ မြိုမရဲစခန်း ဖြူးမြို့။
095390406
09793390406

ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော် (၁၁၅မိုင်)
0943143468
09797720325
ကျွန်တော်ရဲ့မိတ်ဆွေများလည်း လူတိုင်းကိုမယုံမိစေဖို့အတွက် ဒီအမှုမှာ သက်သေအဖြစ်လိုက်ပါမဲ့ ...
ကျွန်တော် ဇော်မိုး ပိုင်အိုးနီးယား ၁၁၅ မှ တင်ပြလိုက်ရပါသည်ခင်ဗျာ။
ကျေးဇူးများစွာဖြင့်...

ဇော်မိုး ပိုင်အိုးနီးယား
via သစ်ထူးလွင်

Tuesday, 19 July 2016

နိုင်ငံခြားဖြစ်အရက်များ အတုအစစ်ခွဲခြားနည်း


19July 2016

ကမ္ဘာပေါ်မှာ အရက်သောက်ကြတဲ့ ဦးရေဟာ လူ ၁၀၀ မှာ (၈၇.၆) ဦးရှိတာကို ၂၀၁၄ ခုနှစ်က  ကမ္ဘာ့ စစ်တမ်းတွေမှာတွေ့ ရပါတယ်၊
သောက်နုန်းများလာတာနဲ့  အရက်တွေကလည်း ပေါချောင်မူး အရက် -ဈေးကြီး
အရက်-အရက်တုတွေပါ ထုတ်မလောက်ဖြစ်လာနေတော့ တာပေါ့၊ အဆိုးဆုံး
က ဈေးကြီးပေးဝယ် ကြတဲ့ တဆိပ်ကောင်း ၀စ်စကီ အရက်တွေကို တုထုတ် တာ များပါတယ်။

အာရှမှာ အများဆုံး ဖြန့် နေတဲ့ အရက် အတုဟာ ကံဆိုးရင် ချက်ချင်းအဆိပ်ဖြစ်တတ်ပြီးသေဆုံးတာကြောင့် ရမကာ နဲ့  ဒုက္ခမရောက်အောင် အတုအစစ်ခွဲခြားနိုင်ငံ နည်းကို သိထားသင့်တယ်။
အရက်အတုတွေဟာ ပုလင်း အပြင်ပိုင်း ဘားကုတ်-အပေါ်ကနေ အုပ်ထား တာတွေ  တဆိပ်တွေ  အားလုံးတူအောင် ကွန်ပြူတာနည်းပညာ နဲ့  ထုတ်ထား တာဆိုတော့ ခွဲခြားရတာ ခက်ပါတယ်။

ဈေးကြီးအရက်တွေ ကို စစ်တဲ့ နည်းကတော့ အရေးကြီးဆုံး ပုလင်းရဲ ခေါင်း
ပိုင်းသာဖြစ်တယ်လို့  အတုအစစ်ခွဲပြတဲ့  ပညာရှင်တွေကပြောပါတယ်။

ဥပမာ black or red whisky Johnnie Walker အရက်နဲ့  ပြပြီးခွဲခြားသိနိုင်တဲ့ 
အချက်တွေက-
ခေါင်းပိုင်းက အဆက်နေရာ ကို သေခြာကြည်ရင် အစစ်ဟာ
Johnnie Walker လို့ ရေးထားတဲ့  စားတမ်း နေရာ အနေအထားပျက်မနေဘဲ
အဆက်တုံးလေးတွေဟာ (အ၀ါ မြှားပြထား)အက်ကြောင်းမရှိ အဆက်ရာမရှိ
တွေ့ ရမှာပါ၊

(ပုံ ၁)အဖုံး ပါကင်ဖွင့်ထားပြီးသားဆိုရင် ပုလင်းဖုန်း မျက်နှာပြင်ဟာ ပိန်ချိုင့်နေတာ အစင်းကြောင်း ခြစ်ရာတွေများနေတာတွေ့ ရပါလိမ့်မယ်၊

(ပုံ၂)အရက်ပုလင်း အတုတွေဆိုရင်  လှည့်ဖွင့်ထားတဲ့နေရာတွေမှာ ဆက်ကြောင်းအတုံးလေးတွေလွဲနေတာတွေ့ ရပါလိမ့်မယ်။

(ပုံ ၃)လည်ပင်းနေရာက အစင်းကြောင်းပါဘဲ Johnnie Walker စာတမ်းလွဲနေတာ ၊ အနီအစင်းကြောင်းနေရာမှာ ဖွင့်ထားတဲ့ အနာအဆာလေး
တွေ မြင်ရပါတယ်၊

(၄) အရောင်ကို တူအောင်လုပ်နိုင်ပေမယ့် အရက်အတု ပုလင်း ကို  မီးအလင်းရောင်မှာ ထောင်ကြည့် မယ် ဓါတ်မီးနဲ့  ထိုးကြည့်ရင် အမှုန်အမွှားလေးတွေ တွေ့ ရပြီး အစစ်ကတော့ ပရင်းကျောက်လို ကြည်လင်
နေပါတယ်။

(၅)နောက်ဆုံးအချက်က ပုလင်းကနေ ဖန်ခွတ်ထဲထည့်လိုက်ရင် အရက်အစစ်ဟာ တပက်စာကျပြီးရပ် သွား မယ်၊ ဒလဟောကျပြီး
ရပ်မသွားခဲ့ရင် တော့ ပါကင်ဖွင့်ပြီးသားပြင်ထားတာလို့ ဆိုပါတယ်။

ရမကာ သမားများ အသက်ရှည်ကြပါစေ

(SAW)
ကိုးကား Como identificar Whisky Red ou Black label

Wednesday, 6 July 2016

ဖုန်းရေစိုတဲ့အခါ ဆန်အိုးထဲထည့်တာထက် ပိုကောင်းတဲ့နည်းလမ်း


ကျွမ်းကျင်သူတွေက ဖုန်းရေစိုရင် ဆန်အိုးထဲထည့်တာထက် အများကြီး ပိုထိရောက်တဲ့ နည်လမ်းသစ်ကို စမ်းသပ် တွေ့ရှိခဲ့ကြပါတယ်။

စမတ်ဖုန်း ရေထဲပြုတ်ကျသွားတဲ့အခါ ဒါမှမဟုတ် မတော်တဆ တစ်စိတ်တစ်ပိုင်း ရေစိုသွားတဲ့အခါ ဆန်အိုးထဲမှာ တစ်ညတာ ထည့်မြှုပ်ထားလိုက်ရင် ဆန်က ရေအစိုဓာတ်ကို စုပ်ယူပေးတာကြောင့် စမတ်ဖုန်း ပြန်ကောင်းလာနိုင်တဲ့ နည်းလမ်းကို သိကြမှာပါ။

အခုအခါမှာတော့ ကျွမ်းကျင်သူတွေက ဖုန်းရေစိုရင် ဆန်အိုးထဲထည့်တာထက် အများကြီး ပိုထိရောက်တဲ့ နည်လမ်းသစ်ကို စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။ ခက်ခဲတဲ့ နည်လမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ရေစိုသွားတဲ့ သင့်ရဲ့ဖုန်းကို ကြောင်ချေးခံအဖြစ် သုံးရတဲ့ ပစ္စည်းတွေထဲ ထည့်ထားလိုက်ရုံပါပဲ။

စမ်းသပ်သူတွေက ရွှံ့စေးမြေစေနဲ့ ပြုလုပ်ထားတဲ့ ကြောင်ချေးခံထက် ခရစ္စတယ် (crystal) ပုံစံ ကြောင်ချေးခံကိုသုံးဖို့ ပိုပြီးအကြံပြုထားပါတယ်။ Gazelle ဝက်ဘ်ဆိုက်မှ စမ်းသပ်သူတွေက ဒီနည်းလမ်းကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ကြောင်ချေးခံပစ္စည်းက ဆန်ထက်ပိုပြီးတော့ ရေအစိုဓာတ်ကို စုပ်ယူနိုင်စွမ်းရှိပြီး ဖုန်းရေစိုမှုကို အမြန်ဆုံးခြောက်သွေ့စေနိုင်ပါတယ်။

ရေစိုသွားတဲ့ စမတ်ဖုန်းကို ဘက်ထရီနဲ့ ဆင်းမ်ကတ် ထုတ်ယူပြီး တတ်နိုင်သလောက် ရေတွေထွက်သွားအောင် လှုပ်ခါပေးပါ။ ပြီးရင် ဖုန်းကို လေဖြင့်ခြောက်သွေ့အောင် ခဏထားပြီး ကြောင်ချေးခံပစ္စည်းအထုပ်ထဲမှာ တတ်နိုင်သလောက် အချိန်ကြာကြာ ထည့်ထားလိုက်ရုံပဲ ဖြစ်ပါတယ်။

Gazelle မှာ စမ်းသပ်သူတွေရဲ့ အဆိုအရ သုံးရက်ကြာအချိန်က အသင့်တော်ဆုံးပဲလို့ ဆိုပါတယ်။ ကြောင်ချေးခံ ပစ္စည်းအထုပ်ကို အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တွေနဲက စူပါမတ်ကက်ကြီးတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။
Source & Photo: Gazella, DLML