Sunday, 8 October 2017
ARSA
==================
==================
ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက ခမောင်းဆိပ်တောင်ရွာရှိ ဘုရားကျောင်းမှ ဘုရားကို ဖျက်ဆီးခဲ့ပြီး ဘုရားကျောင်း ဝေယျာဝစ္စပြုလုပ်သူ ဟိန္ဒူဘာသာဝင်များအား မကျေနပ်သည့်အတွက် တစ်ရွာလုံးကို သတ်ဖြတ်ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင် အချို့က ပြောကြားသည်။
ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် အထဲတွင် အဆိုပါ ခမောင်းဆိပ်တောင်ရွာ ဘုရားကျောင်းအား ဝေယျာဝစ္စ ပြုလုပ်သူ ဟိန္ဒူဘာသာဝင် ဦးလှထွန်း မိသားစုဝင်များ ပါဝင်ခဲ့ကြောင်း သိရသည်။
“ခမောင်းဆိပ်တောင်ရွာမှာ ဘုရားကျောင်း တစ်ကျောင်း ရှိပါတယ်။ အဲဒါက ဗုဒ္ဓဘုရားကျောင်းပါ။ ဟိန္ဒူဘုရားကျောင်း မဟုတ်ပါ။ ကျွန်တော် ၂၀၀၇ လောက်က ရောက်သွားတဲ့အခါ ကျွန်တော့်ယောက္ခမ မိသားစု ဟိန္ဒူဘာသာဝင်တွေ အကုန်လုံးက ၀ိုင်းဝန်းပြီး အဲဒီဘုရားကျောင်းကို စောင့်ရှောက်ခဲ့ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၀ နောက်ပိုင်းမှာ ဟိန္ဒူတစ်ရွာလုံးက ဘေးဖယ်သွားကြပြီးတော့ ကျွန်တော့်ယောက္ခမ တစ်ယောက်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့ဟိန္ဒူတွေ ဘာကြောင့် ဘေးဖယ်ခဲ့လဲဆိုတော့ ဘင်္ဂါလီတွေက ရိုက်တာ ပုတ်တာ ရှိတယ်။ ကျန်တဲ့ဟိန္ဒူတွေကို အဲဒီဗုဒ္ဓဘာသာကျောင်းကို သွားမစောင့်ရှောက်နဲ့၊ သွားမကိုးကွယ်နဲ့။ နင်တို့ ဗုဒ္ဓဘာသာဘက်ကို ဘာကြောင့် လိုက်တာလဲ။ ဗုဒ္ဓဘာသာကို ဘာကြောင့် လိုက်ရမလဲဆိုတဲ့ အဲဒီနာကြည်းမှုနဲ့ လုပ်တာ။ ကျွန်တော့်ရွာသားတွေ တော်တော်လည်း မရောက်ကြဘူး။ နောက်ပိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်ယောက္ခမ နှစ်အိမ်ကပဲ အဲဒီဘုရားကျောင်းကို ဦးဆောင်ပြီးတော့ စောင့်ရှောက်ခဲ့ပါတယ်” ဟု ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင် တစ်ဦးက ပြောကြားသည်။
ထို့ပြင် ဘင်္ဂါလီများက ခမောင်းဆိပ်တောင်ရွာထိပ်ရှိ ဘုရားကျောင်းရှိ ဘုရားဆင်းတုတော်ကို ဖျက်ဆီးခဲ့ပြီး ကျောင်း၏ တံခါးများ၊ ခြံဝင်းများကို ဖျက်ဆီးပစ်ခဲ့ကြောင်း ခမောင်းဆိပ်တောင်ရွာမှ ဟိန္ဒူဘာသာဝင်က ဓာတ်ပုံမှတ်တမ်းများပြကာ ရှင်းပြသည်။
ဘုရားကျောင်းအား သွားကြည့်ခဲ့သူ ဟိန္ဒူဘာသာဝင်က “ကျွန်တော်ဖြစ်စဉ် ဖြစ်ပြီးချိန်မှာ အလောင်းတွေ သွားရှာပြီး နှစ်ရက်မှာ စစ်ကြောင်းနဲ့ ကျွန်တော်တောင်ရွာထဲကို ၀င်ပါတယ်။ တောင်ရွာအစအဆုံးက ဘုရားကျောင်းကို တက်ကြည့်ပါတယ်။ အဲဒီလို ဘင်္ဂါလီတွေ ဖျက်ဆီးထားခဲ့တာ မြင်ခဲ့ပါတယ်။ နောက်ပြီးတော့ တံခါးတွေ ကျိုးပျက်နေတယ်။ ခြံစည်းရိုးတွေအကုန်လုံး အပေါက်တွေဖောက်ပြီး သူတို့သွားလာဖို့ လမ်းလုပ်ထားတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ဘုရားကျောင်းခြံထဲက ကျွန်တော့်နေအိမ်ကိုလည်း အကုန်လုံး ဖျက်ဆီးပစ်ပြီးတော့ ပစ္စည်းတွေ ဘာမှမကျန်ဘူး” ဟု ပြောကြားသည်။
===========
Eleven Media Group
http://news-eleven.com/news/15420
==================
==================
(၈-၁၀-၂၀၁၇)ရက် ည(၈း၂၀)နာရီအချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်ထိပ်မှ လေဖိအားနည်းရပ်ဝန်းအခြေအနေမှာ အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ရောက်လာသော်လည်း ကုန်းတစ်ပိုင်းရေတစ်ပိုင်းဖြစ်နေပါတယ်။
ထို့ကြောင့် လေတိုက်ခတ်မှု နဲ့ မိုးရွာသွန်းမှုတို့မှာ လျော့နည်းနေခဲ့ပါတယ်။
===========
ဒေါက်တာထွန်းလွင်
၈-၁၀-၂၀၁၇
ည(၈း၄၀)နာရီ
မကွေးတိုင်းဒေသကြီး ပုသိမ်-မုံရွာလမ်းမကြီး ပဒါန်းဂိတ်တွင် မြို့ဝင်ကြေးနှင့်လမ်းကြေးကောက်ခံရာမှ ယာဉ်မောင်းသူနှင့် လမ်းကြေးကောက်ခံသူတို့ စကားများရန်ဖြစ်ကြကြောင်းသိရသည်။
ကြို့ပင်မှ ပခုက္ကူမြို့သို့ ဖျံဥများတင်ဆောင်လာသော ယာဉ်မောင်းအောင်ကိုလတ် မောင်းနှင်ပြီး ပြည်ကျော် (ခ) နေလင်းဦး လိုက်ပါ သော 5f/2749 ယာဉ်သည် (၂၄.၉.၂၀၁၇)ရက်နေ့တွင် ပုသိမ် -မုံရွာလမ်းအတိုင်း မောင်းနှင်လာပြီး ဗဒါန်းမြို့ဝင်ကြေးနှင့်လမ်းကြေး ကောက် ခံသည့်နေရာအရောက်တွင် ကုန်ချိန်(၂၇၀၀)အတွက် ငွေ(၂၅၀၀)ပေးဆောင်ခဲ့သည်ဆို၏။
ထို့နောက် (၂၅.၉.၂၀၁၇)ရက်နေ့တွင် ပခုက္ကူမြို့မှကြို့ပင်အပြန် ယာဉ်ပေါ်တွင်ကုန်ပါမလာသဖြင့်ငွေ (၁၀၀၀) ကျပ်ယူရန် ပြောရာ မှစကားများရန်ဖြစ်ခဲ့ကြောင်းသိရသည်။
“ကျနော်တို့ ကုန်နဲ့သွားတုန်းက သူတို့တောင်းတဲ့ (၂၅၀၀)ကိုပေးခဲ့တယ်။ အပြန်မှာဘာကုန်မှမပါဘဲ ခါလီ ပြန်လာတာကို(၂၅၀၀)တောင်းတယ်။ ကျနော်တို့က (၁၀၀၀) ဘဲယူပါလို့ပြောရင်း စကားများနေတဲ့အချိန် ဂိတ်က လူတွေက တုတ်တွေနဲ့ဝိုင်းရိုက်တယ်။ ကားမှန်ကို လဲရိုက်ခွဲတယ်။ အုံနာရော ကျနော်ရော အရိုက်ခံရတယ် တော်တော်မိုက်မိုက်ရိုင်းရိုင်းတွေပါ။ ကျနော်တို့လဲ ကား မောင်းထွက်ပြေးလာရတယ်”ဟု ယာဉ်မောင်း ကိုအောင်ကိုလတ် ကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး (၂၆.၉.၂၀၁၇)ရက်နေ့ ငဖဲရဲစခန်းတွင် အမှုဖွင့်ထားရှိပြီး အမှုအား ရဲအုပ်အောင်မြတ်သူမှ လက်ခံစစ်ဆေးလျှက်ရှိကာအမှုနှင့်ပတ်သက် ၍ နွားကြီး(ခ)အောင်ကျော်ဇေယျာထွန်း ၊ လှမင်းထွန်း ၊ မျိုးမင်းသူ ၊ သန်းဇော်ဌေးတို့အား ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း။
“အမှုနှင့်ပတ်သက်ပြီးတော့ အမျိုးသား(၄)ဦးကိုဖမ်းဆီး စစ်ဆေးထားပါတယ်။(ပ)နံပါတ် ပုဒ်မကိုတော့အပြင်ရောက်နေလို့ မပေးနိုင်သေးဘူး”ဟုအမှုစစ်ရဲအရာရှိ ရဲအုပ်အောင်မြတ်သူ ကပြောကြားခဲ့ပြီး အခင်းဖြစ်စဉ်က အောင်ကိုလတ်တွင် လက်မောင်းဖူးရောင်ဒဏ်ရာ ဘယ်လက်ပြင်ညိုမဲဒဏ်ရာ ဘယ်ရင်ဘက်ညိုမဲအောင့်ဒဏ်ရာ ညာမျက်ခုံးပြတ်ရှဒဏ်ရာ ပြည်ကျော်(ခ)နေလင်းဦးတွင်ဘယ်နားရွက်ပြတ်ရှဒဏ်ရာ ဘယ်မျက်လုံးဖူးရောင်ညိုမဲဒဏ်ရာ ဝဲပါးရိုးအက်ဒဏ်ရာ ဝဲနားမှသွေးယိုဒဏ်ရာ ဝဲဘက်လက်မောင်းပခုံးညိုမဲဒဏ်ရာ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကာ ပြည်ကျော်(ခ)နေလင်းဦးမှာ ရရှိထားသောဒဏ်ရာများ ပြင်းထန်သဖြင့် ကြို့ပင်ဆေးရုံမှတဆင့် ရန်ကုန်မြို့ ဦးနှောက်နှင့်အာရုံကြောဆေး
ရုံတွင်အတွင်းလူနာအဖြစ် ကုသခံပြီး နားနှခေါင်း လည် ချောင်းဆေးရုံ၌ထပ်မံပြောင်းရွှေ့ ကုသမှုခံယူခဲ့ရကြောင်းသတင်းရရှိသည်။
မှတ်ချက်။ ။ မိမိတိုင်း မိမိပြည်နယ်က သတင်းမဟုတ်သော်လည်း ဘုရားဖူးသွားလာနေကျသော မိဘပြည်သူများသိရှိစေရန် ဖော်ပြခြင်းဖြစ်သည်။
ပြည့်သဲမောင်(ပြည်)09423671883
ပြည်သတင်း
ဇနှီးဖြစ်သူထံ ဖုန်းဆက်နေသူအား ချိန်းဆိုကာ ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့
အောင်ကျော်ဦး(MCRA),သာခိုင်(မုနိမြေ),
မှုခင်းရှုထောင့်ဂျာနယ် ,၂၀၁၇ အောက်တိုဘာ ၇
ဇနီးဖြစ်သူကိုဖုန်းဆက်နေသူအားစိတ်မထိမ်းနိုင်ဘဲ ချိန်းဆိုကာဓားနဲ့ ခုတ်သတ်လိုက်သော ကျွန်းကုန်းရဲစခန်းအပိုင်ကလူသတ်မှူ
ရှေ့လာမဲ့အပါတ် မှုခင်းရှူထောင့်ဂျာနယ်တွင် အသေးစိတ်အား ဖော်ပြပေးပါမည်။
မှုခင်းရှုထောင့်ဂျာနယ်အား ဖတ်ရှုပြီး မှုခင်းဖြစ်စဉ် များအား ဆင်ခြင်နိုင်ကြပါရန်ဖော်ပြလိုက်ပါသည်။
(သတိ/ဂျာနယ်တချို့သည် နယ်သတင်းထောက်များကို ကျော်လွန်ပြီး အွန်လိုင်းပေါ်ကူးယူ၍ မိမိတို့ ကလောင်အမည်ဖြင့် ဖော်ပြရေးသား နေကြသဖြင့် အပြည့်အစုံအသေးစိတ်အား ချို့ဝှက်ထားပါကြောင်း)
Credit:အောင်ကျော်ဦး >> မင်းထက်သာ မူခင်းရှူထောင့်
Sunday, 13 August 2017
==================
==================
ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းကို ပြောပါဆိုရင်စမတ်ဖုန်းလို့ဘဲ ဖြေကြမှာပါ။ ဘယ်လောက်ကြီးမားတဲ့ အိတ်ကြီးတွေဘဲ ကိုင်ကိုင် လက်တစ်ဖက်မှာတော့ စမတ်ဖုန်းကို ကိုင်နေကြတဲ့ အမျိုးသမီးတွေကို တွေ့ဖူးမှာပါ။ ဖုန်း ကြွားချင်လို့ ကိုင်တဲ့သူတွေ ရှိသလို၊ ရုတ်တရပ်ရောက်လာတဲ့ Notification တွေ၊ Comments တွေနဲ့ Message တွေ ကြည့်ချင်တဲ့သူတွေက ပိုများပါလိမ့်မယ်။
“လူတော်တော်များများက ဖုန်းကို စွဲနေကြတယ်၊ ဖုန်းကနေတစ်ဆင့် ကိုယ်လိုချင်တာကို ချက်ခြင်းရှာလို့ရသလို၊ လူမှုကွန်ယက်ပေါ်က Notification တွေ ကိုလည်း ချက်ခြင်း ကြည့်လို့ရတာကြောင့် ပါ”လို့ စိတ်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Psychotherapist တွမ် ကာစတင်း (Tom Kersting) က ပြောပါတယ်။
မျက်ရိုးတွေ ကိုက်လာမယ်
နဂိုကတည်းက တီဗီနဲ့ ကွန်ပျုတာတွေကို နေ့စဉ် နာရီပေါင်းများစွာ ကြည့်ကြပါတယ်။ အခု စမတ်ဖုန်းကိုပါ ထပ်ကြည့်ကြတော့ မျက်လုံးလည်း ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါကြောင့် မျက်ရိုးတွေကိုက်လာမယ်၊ မျက်လုံးတွေမှုန်လာမယ်၊ တစ်ခုတည်းကို အာရုံစိုက်ပြီး ကြည့်လို့မရတော့ဘူး၊ မျက်လုံးတွေနီလာမယ်၊ မျက်လုံးညောင်းမယ်၊ မျက်လုံး ခြောက်လာမယ်နဲ့ ခေါင်းကိုက်မှုတွေလည်း ခံစားရလာနိုင်ပါတယ်။
ဒါကြောင့် 20/20/20 စည်းကမ်းကို လိုက်နာရပါတယ်။ မိနစ် ၂၀ ကြည့်ပြီးရင် ပေ ၂၀ အကွာလောက်ကို စက္ကန့် ၂၀ ကြည့်ပေးပါ။
ဇက်ကြောတက်၊ နောက်ကြောတက်လာမယ်
အမြဲတမ်း ဖုန်းကို သုံးပြီး လူမှုကွန်ယက် facebook ပွတ်မယ်၊ အချင်းချင်း စကားပြောမယ်၊ Youtube ကြည့်မယ်။ ဒါတွေ သုံးတာများလာရင် ဇက်ကြောတက်လာမယ်၊ နောက်ကြောတက်လာပါလိမ့်မယ်။ ကိုယ့်မေးစေ့နဲ့ ရင်ဘတ်နဲ့ ထိလုနီးပါး အနေအထားနဲ့ ဖုန်းကို အသုံးပြုရင် ဂုတ်ပေါ်ကို ပေါင် ၆၀ လောက် အလေးတုံးတင်ထားတာနဲ့ အတူတူဘဲလို့ ဆဲလ်ဖုန်း အသုံးပြုမှုနဲ့ပတ်သက်ပြီး အမြဲဝေဖန် အကြံပေးနေတဲ့ ဒေါက်တာ ရောဘတ် ဘိုလပ်စ်ကပြောပါတယ်။
ဒါကြောင့် ဖုန်းသုံးနေရင်း ခေါင်းလေ့ကျင့်ခန်းလေးကိုလည်း တွဲလုပ်ဖို့ လိုအပ်ပါတယ်။
အောက်စီဂျင်ရရှိတဲ့ အဆင့် လျော့ကျလာ
ဇက်ကြောတက်၊ နောက်ကျောတက်တာတွေအပြင် စမတ်ဖုန်းအသုံးများရင် ဦးနှောက်ထဲမှာရှိတဲ့ အောက်စီဂျင် အဆင့်တွေ လျော့ကျလာပါတယ်။ မေးစေ့နဲ့ ရင်ဘတ်နဲ့ ထိလုနီးပါး အနေအထားနဲ့ ဖုန်းသုံးရင် အဆုတ်ကနေတစ်ဆင့် လေ၀င်ရောက်မှုနည်းပါတယ်။ အောက်စီဂျင်ရရှိမှုနည်းရင် အောက်စီဂျင်သယ်ဆောင်လာတဲ့ သွေးတွေကို ခန္ဓာကိုယ်အနှံ့ရောက်ဖို့ နှလုံးက အလုပ်ပိုလုပ်ရပြီး ဦးနှောက်ကလည်း အောက်စီဂျင်ပြည့်ပြည့်၀၀ မရတော့ပါဘူး။
လက်ကောက်ဝတ်နာကျင်၊ လက်မ နာကျင်လာ
စမတ်ဖုန်းကို ကိုင်ပြီး အသုံးပြုတာကြာရင် လက်ကောက်ဝတ်နာကျင်တာမျိုးတွေ ၊ လက်မနဲ့ ရှာဖွေရတာတွေကြောင့် လက်မနာကျင်တာတွေခံစားရနိုင်ပါတယ်။
ကောင်းမွန်စွာ အိပ်စက်နိုင်မှု လျော့ကျလာ
ဖုန်းကြည့်ရင်းနဲ့ မနက် ၂ နာရီထိုးတဲ့အထိ မအိပ်ဖြစ်တာမျိုးကို ကြည့်ဖူးမှာပါ။ ဖုန်းရဲ့ အလင်းရောင်က မျက်စိကို မအိပ်ချင်အောင် လုပ်နိုင်ပါတယ်။ အဲ့ဒီအပြင် တရေးနိုးတိုင်း ဖုန်းထကြည့်သူတွေလည်း ရှိတဲ့အတွက် ဦးနှောက်ကသေချာ အနားယူနိုင်မှုမရဘဲ ကောင်းမွန်စွာ အိပ်ပျော်မှာမဟုတ်ပါဘူး။
စိတ်ဓာတ်ကျလာ
လူမှုကွန်ယက် Facebook ကို တစ်ချိန်လုံး ကြည့်နေတဲ့ ဆိုးကျိုးကတော့ စိတ်ဓာတ်ကျလာပြီး ကိုယ့်ကိုကို ယုံကြည်မှုတွေ လျော့နည်းလာတာပါဘဲ။ Facebook မှာ အားလပ်ရက်ခရီးသွားတဲ့ဓာတ်ပုံတွေ၊ ပျော်စရာကောင်းတဲ့ ပုံတွေနဲ့ Photoshop နဲ့ ပြင်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး စိတ်ဓာတ်ကျတတ်ကြပါတယ်။ သူများတွေကတော့ ပျော်နေပြီး ငါကျမှ အလုပ်တွေရှုပ်ပြီး အရမ်းကြိုးစားနေရတာဘဲ လို့ တွေးမိပါလိမ့်မယ်။ တကယ်တော့ လူတွေက သူတို့ရဲ့ ဘ၀ အမှန်ကို တင်လေ့မရှိဘဲ ပျော်စရာကောင်းတာတွေဘဲ တင်လေ့ရှိတာပါ။
စမတ်ဖုန်းကို စွဲလာ
တခါတလေ အိတ်ထဲမှာထည့်ထားတဲ့ဖုန်းက ဖုန်းလာသလို၊ Vibration (တုန်ခါမှု) မြည်သလို ခံစားရပေမယ့် တကယ်တမ်းသွားကြည့်တဲ့အခါမှာ Missed Call တစ်ခု မှ မရှိတာကို တွေ့ရပါလိမ့်မယ်။ စိတ်မပူပါနဲ့ ဒါက စမတ်ဖုန်း စွဲလမ်းလာသူတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဖုန်းသုံးတာကို လျော့သင့်ပါတယ်။
ဖုန်းမသုံးတဲ့ အချိန်လေး သီးသန့်ထားပေးပါ
အမှန်တော့ အတုအယောင် (Virtual) လောကထက် ကိုယ်တွေရဲ့ ဘ၀ အစစ်အမှန်က ပိုပြီး သာယာပါတယ်။ ဖုန်းမသုံးဘဲနဲ့ ပန်းခြံထဲမှာ၊ ကမ်းခြေမှာ လှဲလျောင်းပြီး ကောင်းကင်ကြီးတွေကြည့်၊သစ်ပင်ကြီးတွေကြည့်၊ ကြယ်လေးတွေကြည့် စတဲ့ သဘာဝ တရားကိုခံစားကြည့်ဖို့ အချိန်ပေးပါ။
===========
MyTech Myanmar
Tuesday, 1 August 2017
အိုးပုတ်ပြပွဲ
ဘယ်သူ့ ကို ဗုတ်ရမှာလဲ ပြောကြည့် 🤔😅😨
ယနေ့ လူပြောများဟော့နေတဲ့
Miss Myanmar International 2017 ရဲ့ ပြိုင်ပွဲဝင်
ဓာတ်ပုံများ
အယ်ဘမ် ၁ >>> https://goo.gl/SH6jLb
အယ်ဘမ် ၂ >>>https://goo.gl/iRmRq2
1.8.2017 ရက်နေ့မှာ ကျင်းပမဲ့ Miss Myanmar International 2017, Grand Final ပြိုင်ပွဲကြီးရဲ့ Miss Popular Award နဲ့  Top 10 Finalist အတွက် မိမိကြိုက်နှစ်သက်ရာ အလှမယ်ကို Voting ပေးနိုင်ပါပြီ။
လှိုင်သာယာက အမျိုးသမီးသုံးယောက်ရှိတဲ့ အိမ်မှာ ဖျော်ဖြေခဲ့ရတဲ့ အမျိုးသားပြည့်တန်ဆာတစ်ယောက် ရင်ဖွင့်စကား
လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ်ပေါ် မှိန်ပြပြမီးရောင် အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့ သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့် တောက် ပနေသည်။ သူ့မျက်နှာပေါ်တွင် သူမ၏ဆံပင်များ က ဝေ့ဝဲဖုံးအုပ်နေသည်။ မသိမသာမှုတ်ထုတ် မိသော သူ၏သက်ပြင်းခိုးတွင် သူမဆံသားတချို့ လှုပ်ခါသွားသည်။ အနွေးဓာတ်မပါသော သူ့ အနမ်းတွင် သူမ၏နှုတ်ခမ်းများ ပွင့်ဟလှုပ်ရှား သွားသည်။ မကြာမီမှာပင် သူအကြိမ်ကြိမ်မှားခဲ့ ဖူးပြီး မနှစ်မြို့သော ခရီးဆုံးကိုရောက်ချေဦးတော့ မည်။ သည်လိုနှင့်ပင် ခါးသီးသောညထဲ၌ သူ့ ဘဝသည် စုံးစုံးမြုပ်ခဲ့ရလေသည်။ ဆယ်တန်းစာမေးပွဲကျကာ အိမ်ပေါ် မှ ဆင်းလာပြီးနောက် နားခိုစရာအဖြစ် သူငယ် ချင်းတစ်ဦး၏ အခွေဆိုင်တွင်နေရသော သူ့ဘဝ နောက်ကြောင်းကို ကိုဇင်(အမည်လွှဲ)က ပြန်ပြော ပြခဲ့သည်။ ”ကျွန်တော် အဲဒီတုန်းက နေစရာမရှိ တော့ သူငယ်ချင်းကိုပြောပြီးနေခဲ့ရတာ။ အခွေ ဆိုင်က တစ်နေကုန်ဖွင့်တော့ ညဘက်ကျတော့ ကျွန်တော်ညအိပ်ဖို့အတွက် အဆင်ပြေတယ်လေ။အခွေဆိုင်ဆိုပေမယ့်လဲ မြောင်းပေါ်ခွတင်ဖွင့် ထားတာ။ ဆိုင်က လူတစ်ကိုယ်စာ အိပ်ရုံလေး တော့ရတာပေါ့ဗျာ” ဟု ကိုဇင်ကပြောပြခဲ့ခြင်းဖြစ် သည်။ သူ့အနေဖြင့် နားခိုရာဗီဒီယိုဆိုင်လေး သို့ ညအိပ်ချိန်လေးပဲပြန်လာပြီး နေ့ပိုင်းအချိန် များတွင် ငွေရပေါက်လမ်းတချို့ကို ရှာဖွေလုပ် ခဲ့ရသည်။ ”အိမ်ကဆင်းလာတာဆိုတော့ ငွေက ဘယ်ကရှာရမှန်းလဲမသိဘူး။ အိမ်ပေါ်ကဆင်း ခါစတုန်းက ကြို့ကုန်းဘက်မှာ ပီနံအိတ်တွေကို ဓားနဲ့ခုတ်ဖြတ်ရတဲ့အလုပ်လဲ လုပ်ခဲ့ရတယ်။ အဲ အလုပ်က သုံးဖို့စွဲဖို့တော့ ရတယ်ဆိုပေမယ့်လဲ ကျွန်တော် ဆယ်တန်းပြန်ဖြေဖို့ စုဖို့ဆောင်းဖို့ အတွက် မလောက်ဘူးလေ”ဟုပြောသည်။ တစ်နေကုန်တစ်နေခန်း ပီနံအိတ်များ ကို ဓားနှင့်ခုတ်ရခြင်းအပေါ် ကြာတော့ ကျန်းမာ ရေးထိခိုက်နိုင်သည့်အတွက် ယင်းအလုပ်မှထွက် လိုက်သည်။ယင်းနောက်ပိုင်းတွင် သူငယ်ချင်း ချိတ်ပေးသည့်အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်ခဲ့ သည်။ လိုအပ်နေသည့် အမျိုးသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့်အလုပ်ဖြစ် သည်။ သူတို့အခေါ် ‘ဂျေဂလို’ဖြစ်သည်။ ”ကျွန်တော်တို့ကတော့ ဒီလိုလုပ်စား တဲ့လူတွေကို ဂျေဂလိုလို့ခေါ်တာပဲ။ သေချာ တော့မသိဘူး။ ကျွန်တော်သူငယ်ချင်းက အမျိုး သမီးတချို့နဲ့ မိတ်ဆက်ပေးတယ်။ သူတို့နဲ့လိုက် နေပေးရတဲ့အလုပ်ပေါ့။ ပထမဆုံးကြုံတဲ့အမျိုး သမီးက အိမ်ထောင်သည်အမျိုးသမီးဗျ။ ကလေး တစ်ယောက်လဲရှိတယ်။ ကလေးက နှစ်နှစ်လောက် တော့ရှိမယ်။ သူ့ယောက်ျားက သင်္ဘောသား၊ နိုင်ငံခြားသွားနေရတော့ သူ့ယောက်ျားမရှိတဲ့အချိန် မှာ ကျွန်တော်က သူ့အလိုကိုဖြည့်ဆည်းပေးရတာ လေ”ဟု ဂျေဂလိုဘဝ (သို့မဟုတ်) Sex worker တစ်ဦးအဖြစ် ပထမဦးဆုံးဖြတ်သန်းခဲ့ရသည့်အချိန်ကို ပြန်ပြောပြသည်။”အဲအမျိုးသမီးက ကလေးရှိတော့ အ ရင်ဆုံး သူ့ကိုသိပ်ရတာပေါ့။ နှစ်နှစ်ဆိုတော့ ဘာ မှမသိသေးတဲ့ အရွယ်ဆိုပေမယ့် ခုတင်တစ်ခု တည်းမှာ လင်မယားလိုနေရမှာဆိုတော့ ကလေး ကို အရင်သိပ်ရတယ်လေ။ တစ်ခါတလေဆိုရင် အဲ့ကလေးကို အိမ်ရှေ့ဧည့်ခန်းမှာ ထားသိပ်ရတာ မျိုးလဲ ရှိခဲ့တယ်”ဟု ပြောသည်။ ထို့အပြင် သူ့အနေနှင့် Sex worker အနေဖြင့် ဘဝကိုရှင်သန်ရင်း ထူးထူးခြားခြားဖြတ် သန်းခဲ့ရမှုများလည်း ရှိခဲ့သည်။ ထူးခြားသော် လည်း ထွက်ပြေးချင်လောက်အောင်လည်း စိတ် ပေါက်ခဲ့သည်ဟု ရင်ဖွင့်ခဲ့သည်။ ”လှိုင်သာယာက Beauty Salon ဖွင့် ထားတဲ့ အမျိုးသမီးသုံးဦးရဲ့အိမ်မှာ သူတို့ကိုဖျော် ဖြေပေးရတာ။သူတို့က ယောက်ျားခွန်အားတိုး ဆေးတွေ ပြီးတော့ ဘလက်လေဘယ်တွေကအစ ဝယ်ပေးထားတာ။ အိမ်ထဲကနေ မထွက်ရဘူး။ သူတို့နဲ့အလှည့်ကျနေပေးခဲ့ရတာလေ။ အဲဒီသုံး ဦးက အမျိုးတွေဗျ။ တစ်ဦးက ဆိုင်ဖွင့်နေရင် အိမ် ကိုပြန်လာ၊ တစ်ဦးက အိမ်ထဲမှာ ထမင်းဟင်း ချက်နေရင် တခြားတစ်ဦးနဲ့အတူနေရတာ။ ပြီး တော့ အဲဒီသုံးဦးနဲ့က နေ့စဉ် အဆက်မပြတ်သလို ဆိုတော့ ကျွန်တော် မခံနိုင်တော့ဘူး။ နိမ့်နိမ့် လေးရှိတဲ့ လှေကား လေးထစ်လောက်ကိုတောင် ကျွန်တော် လေးဖက်ထောက်တက်နေရတာ။ အဲဒီ တော့ သူတို့လစ်တဲ့အချိန် ထွက်လာခဲ့တယ်” ဟု ပြောသည်။ ထိုအမျိုးသမီးသုံးဦး နေအိမ်တွင်ရှိ သော ကြိုးဖုန်းဖြင့် အမျိုးသမီးများနှင့်ချိတ်ဆက် ပေးသည့် သူငယ်ချင်းဆီဖုန်းဆက်ကာ အမြန်လာ ခေါ်ရန် ဆက်သွယ်ခဲ့ရကြောင်းပြောပြသည်။ ယင်းကဲ့သို့ အမျိုးသမီးများနှင့်သာမက ဘဲသူ့အနေဖြင့် အခြားသောအမျိုးသမီးများစွာ နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။အမျိုးသမီးများက ယောက်ျားက နိုင်ငံ ခြားသွားနေလို့၊ ယောက်ျားနဲ့ကွဲနေလို့၊ ယောက်ျား မရှိပေမယ့် ခဏအပျော်ထားချင်တာတို့၊ စပွန် ဆာပေးထားတဲ့ လူမရှိတဲ့အချိန် ထိုမိန်းကလေး နှင့်နေပေးရသည်မှာSex worker တို့ အများဆုံး ကြုံရသည့်ဘဝဖြစ်သည်။ ”ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတာက အ သက်အကြီးဆုံးက ၄၁နှစ်ရှိပြီ။ သူက အပျိုကြီး။ နောက်ထပ်မှတ်မှတ်ရရအတွေ့အကြုံက အသက် ခုနစ်နှစ်လောက်ရှိတဲ့ မိန်းကလေးတစ်ဦးမွေးထား တဲ့ မိန်းကလေးတစ်ဦးနဲ့လဲ ကျွန်တော်နေပေး ခဲ့ရသေးတယ်။ကျွန်တော်တို့နေထိုင်တာကို သူ့ သမီးမြင်သွားတယ်လို့ ကျွန်တော် သံသယရှိမိ တယ်”ဟု ပြန်ပြောပြသည်။ စားပွဲတွင်တင်ထားသည့် ဘီယာခွက် ကို စိုက်ကြည့်ရင်း ”ကျွန်တော် သေချာတယ်။ နောက်ဘဝမှာ လူဖြစ်မှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော် လူမဆန်တဲ့လုပ်ရပ်တွေ အများကြီးကျူးလွန်ခဲ့မိတယ်။ အဲဒီလူမဆန်တဲ့ ကိစ္စတွေက အရမ်းကိုဆိုးရွားတယ်။ ဒါကြောင့် ကျွန်တော်သေရင် နောက်ဘဝ လူပြန်ဖြစ်မှာ မဟုတ်ဘူး။ ငရဲကြီးရှစ်ထပ်မှာ အောက်ဆုံးထပ် ကို ကျမယ့်ကောင်။ ကျွန်တော့်အနေနဲ့ ဘဝမှာ ကျူးလွန်ခဲ့တဲ့ ဒီအဆိုးရွားဆုံးကိစ္စကို ဘယ်သူ့ကို မှ မသိစေချင်ဘူး”ဟု ထပ်ပြောသည်။ စကားဝိုင်းလေးက ခေတ္တရပ်ဆိုင်း သွားသည်။ ထိုအချိန်တွင် စင်တင်စားသောက် ဆိုင်တစ်ခုမှ အမျိုးသမီးငယ်လေးများ၏ ကြည် နူးဖွယ် သီဆိုသံများက တိတ်ဆိတ်သွားသည့် စားပွဲဝိုင်းထဲ တိုးဝင်လာသည်။သီချင်းဆိုရင်း စားပွဲဝိုင်းတစ်ခုသို့ ရောက်လာသည့် မိန်းကလေးတစ်ဦးကိုကြည့်ရင်း ကိုဇင်က ”ကျွန်တော် ဒီဘဝရောက်သွားခဲ့ရတာ က တကယ့်ကို ဘယ်လိုမှ မတတ်သာလွန်းလို့ မတတ်နိုင်လို့ရောက်ခဲ့ရတာ။ နေစရာကလဲမရှိ ဘူး။ အိမ်ကလဲဆင်းလာတာ။ ၁ဝ တန်းကလဲ ကျနဲ့။ အဲဒီအခြေအနေမှာ မထူးတဲ့ဘဝကိုလုပ်ခဲ့ ရတာ။ စင်တင်မှာဆိုနေတဲ့ မိန်းကလေးတွေ၊ ပြီး တော့ တခြား Sex worker မိန်းကလေးတွေဆို ရင်လဲ သူတို့ဘဝမှာ မတတ်သာလို့ ဒီဘဝကိုရောက် သွားခဲ့ကြရတာလို့ထင်တယ်။ ဒါမျိုး ဘယ်သူက လုပ်ချင်မှာလဲ”ဟု Sex worker ဘဝများသို့ ရောက်နေခဲ့သည့် ဘဝများအပေါ် စာနာစွာဖြင့် ပြောပြသည်။ Sex worker အနေဖြင့် အချိန်အတန် ကြာ ကျင်လည်ခဲ့ပြီး ငွေကြေးအနည်းငယ်စုနိုင် ခဲ့သည့်အချိန်တွင် မိခင်က သတင်းစာမှတစ်ဆင့် လူပျောက်ကြော်ငြာထည့်ကာ ရှာခဲ့သည်။ယင်း နောက် မိခင်အိမ်ပေါ်သို့ သူတစ်ကျော့ပြန်ရောက် ခဲ့ရသည်။ တစ်ကျော့ပြန်ရောက်တော့ အမေရော အဖေရော ကျန်းမာရေးက ချို့တဲ့နေသည်။ ”အဖေက ကိုယ်တစ်ခြမ်း လေဖြတ် သွားတော့ မထနိုင်ဘူး။ အမေကလဲ မျက်လုံးက သိပ်မကောင်းတော့ ဆေးတွေဘာတွေ ကုသဖို့ ငွေလိုနေတယ်။ အဲဒီလိုနေတဲ့အချိန်မှာ ကျွန်တော် ရှာခဲ့ရတဲ့ငွေနဲ့ ဆေးတွေဘာတွေကုခဲ့တယ်။ ဒီ အလုပ်လုပ်ရင်းရှာခဲ့တဲ့ငွေနဲ့ ကျွန်တော် ၁ဝတန်း ပြန်ဖြေနိုင်ခဲ့တယ်။ အောင်လဲအောင်ခဲ့တယ်”ဟု ဘဝကိုအရင်းပြုကာ ရှာဖွေခဲ့သည့်ငွေဖြင့် ပြန် လည်အသုံးချခဲ့သည်ကို ပြန်ပြောသည်။ စားသောက်ဆိုင်အတွင်း စားပွဲဝိုင်း များ ပြည့်နှက်လာသည်နှင့်အမျှ သီချင်းသံလေး များက ပြည့်နှက်လာသည်။ စားပွဲဝိုင်းများပြား လာသည်နှင့်အတူ ညဥ့်ကနက်လာသည်။ ကား လမ်းပေါ်မှာ ကားတချို့သွားလာနေဆဲ။ကိုဇင် တစ်ယောက် လက်ပြနှုတ်ဆက်ရင်း အမှောင်ထု တွင်းတိုးဝင်သွားခဲ့သည်။ ဓာတ်တိုင်မီးရောင်မှိန် ပြပြရှိနေသေး သော်လည်း ထိုသို့သော ကားလမ်းနံဘေးမီး ရောင်အောက်များ၊ Sex worker များနှင့်ပတ် သက်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီးသော သိမ်ကြီး ဈေးတံတားပေါ်နှင့် အနီးတစ်ဝိုက်၊ ပန်းဆိုးတန်း ခုံးကျော်တံတားအောက်ဝန်းကျင်၊ သီရိမင်္ဂလာ ဈေးဟောင်း၊ မင်္ဂလာဈေး၊ တံတားဖြူမှတ်တိုင် အနီးဝန်းကျင်နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ လမ်းနီ၊ ရိပ်သာမှတ်တိုင် စသည့်နေရာအချို့ မှာ Sex worker တို့၏ ဈေးကွက်နေရာများပင် ဖြစ် ကာ ပြည့်တန်ဆာအချို့က သူတို့ကိုလာခေါ်ကြ မည့်သူများကို ညဥ့်နက်နက်အချိန်များအထိ စောင့်ဆိုင်းနေကြရဆဲဖြစ်သည်။
Subscribe to:
Posts (Atom)


















