Wednesday, 11 November 2015

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကကျသည့် ငလျင်ကြောနှစ်ခုအနက် တစ်ခုဖြစ်သော အယ်လ်ပိုက်(Alpide) ငလျင်ကြောပေါ်၌ တည်ရှိပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်နေ =

ရန်ကုန်   နိုဝင်ဘာ   ၁ဝ
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကကျသည့် ငလျင်ကြောနှစ်ခုအနက် တစ်ခုဖြစ်သော အယ်လ်ပိုက် (Alpide) ငလျင်ကြောပေါ်၌ တည်ရှိပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်နေသဖြင့် သတိပြုရန် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ အယ်လ်ပိုက် (Alpide) ငလျင်ကြောသည် အနောက်ဘက် မြေထဲ  ပင်လယ်ဒေသ မြောက်ပိုင်းမှ စတင်ကာ အရှေ့ဘက် လားရာဖြစ်သော တူရကီ ၊ အီရန်၊ အာဖဂန်နစ္စတန် ၊ဟိမဝန္တာ၊ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံတို့အထိ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ထင်ရှားသည့် ပြတ်ရွေ့များမှာ နိုင်ငံ အနောက်မြောက်ဘက်ရှိ အမည်မရှိသော ပြတ်ရွေ့များ၊ အနောက်ဘက် ကဘော်တောင်ကြား တစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့နှင့် နောင်ချိုမြို့ အနောက်ဘက်ရှိ ကျောက်ကြမ်းပြတ်ရွေ့တို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ (မြောက်ပိုင်း) မြစ်ကြီးနားမြို့မှ အစပြု၍ စစ်ကိုင်း၊ ဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း၊ ပဲခူးရိုးမ၏ အရှေ့ဘက်ခြမ်း တို့ကိုဖြတ်၍ မုတ္တမ ပင်လယ်ဝအထိ ကီလိုမီတာ ၁ဝဝဝ ခန့်  ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့သည် အလျားလိုက် ပြတ်ရွေ့ဖြစ်ကာ တစ်နှစ်ပျမ်းမျှ ၁၈ ဒသမ ၅ မီလီမီတာခန့် ရွေ့လျားလျက် ရှိကြောင်း ဘူမိဗေဒ ပညာရှင်များ၏ လေ့လာချက်အရ သိရသည်။

ထိုသို့ အင်အားပြင်းထန်သည့် ငလျင် လှုပ်ခတ်လာနိုင်၍ ကြိုတင် ကာကွယ်မှုများ ပြုလုပ်သင့်ပြီး အဆောက်အအုံများကိုလည်း ငလျင်ဒဏ် ခံနိုင်သည့် ပုံစံဖြင့် ဆောက်လုပ်ရန် လိုအပ်ကြောင်း၊ ငလျင်နှင့် ပတ်သက်၍လည်း အသိပညာပေး အစီအစဉ်များ၊ လက်ကမ်း စာစောင်များကို ဖြန့်ဝေနေလျက်ရှိပြီး သက်ဆိုင်ရာ ဦးစီးဌာနများနှင့်လည်း ပူးပေါင်း၍ သုတေသန အစီအစဉ်များနှင့် လေ့လာချက်များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြဝတီ

မအံ့သြနဲ့ကိုယ့်လူ..... ဒေါ်အောင်ဆန်းစုကြည်ဆိုတာမင်းသွားချင်တဲ့နိုင်ငံသွားသူတို့နိုင်ငံက

မအံ့သြနဲ့ကိုယ့်လူ.....
ဒေါ်အောင်ဆန်းစုကြည်ဆိုတာမင်းသွားချင်တဲ့နိုင်ငံသွားသူတို့နိုင်ငံကဘယ်နိုင်ငံသားလဲမေးရင်ဒေါ်အောင်ဆန်းစုကြည်တစ်လုံးပဲဖြေလုံလောက်ပြီ

မအံ့သြနဲ့ကိုယ့်လူ
ကမ္ဘ္ဘ္ဘာကအသိအမှတ်ပြုထားတဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာဖားယားလို့ရထားတာမဟုတ်ဘူးဆိုတာကမ္ဘာ့ပဝန်းကျင်အသိုင်းအဝိုင်းကသိနေလို့

မအံ့သြနဲ့ကိုယ့်လူ
ပြည်ပမှာကြီးပြီး တိုင်းတစ်ပါးသားနဲ့အိမ်ထောင်ကျခဲ့ပေမဲ့မြန်မာဗုဒ္ဓဘာသာအမျိုးသမီးပီပီ သူမရဲ့အိမ်ထောင်ဘက်ကလဲဗုဒ္ဓဘာသာဝင်ဆိုတာထက် ဘာသာတရားကိုအတွင်းကျကျလေ့လာလိုက်စားပြီးပါဠိဘာသာကိုကျမ်းတွေပြုစုလောက်တဲ့ထိတစ်ဖက်ကမ်းခတ်ခဲ့တယ်ဆိုတာငြင်းမရတဲ့သမိုင်းမို့

မအံ့သြနဲ့ကိုယ့်လူ
ဒေါ်အောင်ဆန်းစုကြည်သာမန် လွှတ်တော်အမတ် အဆင့်က
လုပ်ပြသွားတဲ့နီးစပ်ရာ လုပ်ချက်ကလေးတွေပါ။

(၁) နှစ် နှစ်ဆယ်လုံးလုံး အလုပ်သမား ၀န်ကြီး
မလုပ်နိုင်တဲ့ ထိုင်းခရီးစဉ်မှာ ယင်လတ်နဲ့
ထိုင်းအလုပ်သမားဝန်ကြီးနဲ့တွေ့ပြီး
မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့
ချီသောသူတွေရဲ့ အခက်အခဲကို အဆင်ပြေစေတဲ့
ယာယီ အလုပ်သမားကတ်နဲ့နိုင်ငံကူးလက်မှတ်
တွေထုတ်ပေးလာနိုင်တယ်။

(၂) နှစ်နှစ်ဆယ် လုံးလုံး ကျန်းမာရေးဝန်ကြီးတွေ
မလုပ်နိုင်ခဲ့တဲ့တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေး
ဘတ်ဂျက်ကို တိုးပေးဖို့လွှတ်တော်မှာ
ဆွေးနွေးခဲ့ပြီး ရန်ကုန်အထွေထွေရောဂါကု
ဆေးရုံကြီးကို အဆင့်မီဆေးရုံအဖြစ် အသစ်ဆောက်လုပ်ပြီး အဆင့်မြှင့်ဖို့စီမံကိန်းတွေ
အကောင်အထည်ဖော်လာသလို ဂျာမနီနဲ့
ဂျပန်တို့ရဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အပံ့
ရရှိခဲ့တယ်။

(၃) နှစ် နှစ်ဆယ်လုံးလုံး ဘယ်ပညာရေးဝန်ကြီးမှာ မလုပ်နိုင်ခဲ့တဲ့ပညာရေး ဘတ်ဂျက်ကို နှစ်ဆတိုးဖို့
အဆို တင်သွင်းခဲ့လို့ ကျောင်းတွေမှာ
ပညာရေးဘတ်ဂျက်အသုံးစရိတ်
နှစ်ဆရလာတဲ့အပြင် ရန်ကုန် မန္တလေး အဆင့်မြင့်
တက္ကသိုလ်တွေအဖြစ့် အရင်က ပိတ်ထားခဲ့တဲ့
တက္ကသိုလ်တွေမှ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့
ပူးပေါင်းဆောင်ရွက်ပြီး ပညာရေး အဆင့်မြင့်ဖို့
စီမံကိန်းတွေအကောင်အထည်ဖော်လာတယ်။

(၄) နှစ်နှစ်ဆယ်လုံးလုံး သတ္တုတွင်း ၀န်ကြီး နဲ့
အမျိုးသား စီမံကိန်း ၀န်ကြီးတွေ မလုပ်နိုင်ခဲ့တဲ့
လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်ဥက္ကဌ
အဖြစ် အရင်က မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ ၁၅
ရာခိုင်နှုန်းပဲ ရခဲ့တဲ့ အချိုးအစားကို ၆၀ရာနှုန်းအဖြစ် အကျိုးအမြတ် ရအောင် ဖန်တီးပေးနိုင်ခဲ့သလို
ယခင်က နစ်နာခဲ့တဲ့ ပြည်သူတွေ အနေနဲ့လည်း
လျော်ကြေးတွေ ပြန်လည်ရရှိခဲတယ်။
အကျိုးဆက်အဖြစ် တရုတ်က ရပ်တန့်ထားတဲ့
စီမံကိန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ကြိုးစားရင်
ဒေါ်စုနဲ့ နဲ့ ထိပ်တိုက်တွေ့မယ်ဆိုတာ သဘော
ပေါက်လာတယ်။

(၅) နှစ်ငါးဆယ်လုံးလုံး ဘယ်နိုင်ငံ့ခေါင်းဆောင် မှ
မလုပ်နိုင်ခဲ့တဲ့ မိမိအစိုးရစရိတ်မပါပဲ
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့အထူး
ဧည့်သည်တော်အဖြစ် ဖိတ်ကြားချက်နဲ့ နိုင်ငံရေး
စီးပွားရေး ကြွေးမြီကိစ္စတွေ ဥပဒေရေးရာ
နိုင်ငံရေးရာတွေကို ကမ္ဘာ့ပညာရှင်တွေနဲ့
ဆွေးနွေးဟောပြောခြင်း နိုင်ငံအတွက်
ကဏ္ဍစုံကိုအခွင့်အလမ်းပွင့်စေခြင်း
အစရှိတာတွေကို ဆောင်ရွက်ခဲ့တယ်။
လက်ရှိ သမ္မတ နဲ့ ဒေါ် စုနဲ့ကို ကမ္ဘာက
ဖိတ်ကြားတာချင်း၊ အဲဒီနိုင်ငံ ၀န်ကြီးချုပ်တွေနဲ့
တွေ့ဆုံဧည့်ခံတာချင်း၊ တိုင်းပြည်အကြောင်း
ပွင့်လင်းစွာ ဆွေးနွေးကြတာချင်း
ဘယ်သူက ပိုများသလဲ ...။

(၆) နှစ်ပေါင်းများစွာ မည်သည့်သမ္မတကမှ
ဘာသာရေးနဲ့ပတ်သက်ပြီးပွင့်လင်းစွာ
မဖြေကြားခဲ့တဲ့မြန်မာပြည်က
လူနည်းစုအစ္စလာမ်တွေက မြန်မာပြည်က
ဗုဒ္ဓဘာသာဝင်တွေကိုစိုးရိမ်ထိတ်လန့်နေပါသလား
ဆိုတဲ့ ဘီဘီစီရဲ့ နှပ်ကြောင်းပေးမေးခွန်းကို
ကမ္ဘာ့ အစ္စလာမ် ပါဝါကိုလည်း ကမ္ဘာ့
ဗုဒ္ဓဘာသာဝင်လူနည်းစုက
စိုးရိမ် ထိတ်လန့်နေတာပါပဲ ဆိုတဲ့ အဖြေနဲ့
ချေပ ဖြေဆိုနေချိန်မှာ..
လက်ရှိ မြန်မာနိုင်ငံ အစိုးရနဲ့ သမ္မတက
ပြည်တွင်းမီဒီယာတွေနဲ့ VOA အင်တာဗျူးမှာ
ကျွန်တော်တို့ နိုင်ငံမှာ ခိုးဝင်လာသူ မရှိပါဘူး။
၁၉၈၂ ဥပဒေအရ နိုင်ငံသားပေးမယ် ဆိုတဲ့
ပြောကြားချက်တွေကို ဥပဒေကိုမလေ့လာပဲ
ပြီးစလွယ် ပေါက်ပန်းဈေး တရစပ်
ပြောဆိုနေကြပါတယ်။

မအံ့သြနဲ့အုံးကိုယ့်လူ
ဒေါ်အောင်ဆန်းစုကြည်ဆိုတာလင်တစ်ကွဲသားတစ်ကွဲနဲ့အနှစ်နှစ်ဆယ်ကျော်အကျယ်ချုပ်ဘဝနဲ့အာဏာရှင်ရဲ့ယုတ်မာမှုလက်အောက်ကခုချိန်ထိဒူးမထောက်ခဲ့တဲ့အာဂအမျိုးသမီးThe Lady

မအံ့သြနဲ့အုံးကိုယ့်လူ
မအံ့သြနဲ့အုံးသူမသမ္မတဖြစ်လာရင်အာရှရဲ့ကြယ်တစ်ပွင့်အဖြစ်မြန်မာကိုကမ္ဘ္ဘမှာတင့်အောင်ဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာသိဖို့ အရေးကျုပ်တို့ပြည်သူတွေအရင်ဝန်းရံကြဖို့ခုခါသမယဟာအရေးကြီးတဲ့အခါသမယပဲဗျို့

ကိုငရဲသား၏စာသားအချို့အားcreditပေးပါသည် ။ ။

လေးစားလျှက်
PaYit

မစိုးရိမ်တိုက်မှ ဆရာတော်ဦးဝီရသူမှ မန္တလေးတိုင်း၌ NLD ၏ အနိုင်အရှုံးအရေးမကြီးဟုဆို

မန္တလေးမြို့ မစိုးရိမ်တိုက်မှ ဆရာတော်ဦးဝီရသူမှ ယခုကျင်းပလျက်ရှိသည့်
ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ မန္တလေးတိုင်းသည် မိမိလက်အောက်တွင်တည်ရှိနေသည့်တိုင်းဖြစ်သည့်တွက် မိမိအနေဖြင့် အမျိုးဘာသာသာသနာအတွက် စိုးရိမ်ရန်မလိုကြောင်း ရိုက်တာသတင်းဌာနမှ Mr. Paul Allenနှင့် Mr. Max Powell တို့ မှ မစိုးရိမ်တိုက်၌ပြုလုပ်သော သီးသန့် အင်တာဗျူးတွင်ပြောကြားသွားခဲ့သည်။
အဘယ်ကြောင့် ထိုကဲ့သို့ ပြောရပါလဲဟု မေးမြန်းရာ
ဆရာတော်ဦးဝီရသူမှ မိမိထောက်ခံအားပေးသည့်
ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည်
မည်သည့်နည်းနဲ့ မှ ရွေးကောက်ပွဲတွင် မကျရှုံးနိုင်သည့်အပြင်
မိမိအရင်ကပြောထားသည့်အတိုင်း မိုးပေါ်ကအပ်တစ်စင်းနှင့်
မြေပေါ်ကအပ်တစ်စင်းထိဖို့ လွဲရင်လွဲမယ် NLD အနိုင်ရဖို့ ကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ထို့ ကြောင့်မိမိအနေဖြင့် ထိုကဲ့သို့ 
ရဲရဲဝံ့ဝံ့ပြောဆိုရဲခြင်းဖြစ်ကြောင်းနှင့် NLD ပါတီ
မည်သို့ မည်ပုံစံဖြင့်အသာစီးရနေပါစေ နောက်ဆုံးတွင် မိမိယုံကြည်ထောက်ခံအာ
ပေးနေသည့်
ပြည်ခိုင်ဖြိုးသာတိုင်းပြည်ကိုအုပ်ချုပ်သွားမည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း
ဆရာတော်ဦးဝီရသူမှ မိန့် ကြားတော်မူခဲ့သည်။ အကယ်၍ မန္တလေးတိုင်းတွင် NLD ပါတီအနိုင်ရရှိသွားပါက မိမိအနေဖြင့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးနှင့်
လူမျိုးခြားများမစိုးမိုးလာစေရန် တိုက်တွန်းလှုံ့ ဆော်သွားမည်ဖြစ်ကြောင်းလည်း
ထပ်လောင်း၍ ပြောကြားခဲ့သည်။

Reuters (ရိုက်တာသတင်းဌာန)

“ကျွန်တော် နိုင်ငံရေးလောကကို ကျောခိုင်းတော့မယ်ဗျ” --------------------------------------

ဂန့်ဂေါမဲဆန္ဒနယ်တွင်  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး  ရှုံးနိမ့်ခဲ့သူ ဦးလှဆွေနှင့် တွေ့ဆုံခြင်း

Voice : ခုရွေးကောက်ပွဲအပြီး ရလဒ်က ထွက်ပြီးပြီပေါ့။ အဲ့တော့ အန်ကယ့်အနေနဲ့ နိုင်ငံရေးလောကကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမယ်လို့ ရည်မှန်းထားလဲဗျ။

UHS : ကျွန်တော် နိုင်ငံရေးကို စိတ်ကုန်သွားပြီဗျ။ စိတ်ကုန်သွားတာ ဘာလို့လဲဆိုတော့ ကျွန်တော်က စစ်သားဆိုတော့ ကျွန်တော့်ပုံစံကလည်း စစ်သားပုံစံ ဖြစ်နေတယ်။ ကျွန်တော်က ငါ မှန်တာလုပ်ရင် ငါ့ကို လူတွေက ထောက်ခံရမယ်။ ငါလည်း မှန်တာလုပ်သေးတယ် ငါ့ကိုမထောက်ခံဘူး။ ကျွန်တော်က မကြိုက်ဘူး။ အေး အဲဒါဆိုရင် မင်းတို့ ငါ့ထက်တော်တဲ့သူကို မင်းတို့ ရွေးချယ်တယ်။ အဲလူလုပ်တာပဲ ယူပေါ့။ ကျန်စစ်သားက စောလူးမင်းကိုခိုးသလို မင်းဆိုးမင်းညစ် လက်ထဲ ခွေးသေဝက်သေ ကျန်ရစ်ခဲ့ပေတော့လို့ ပစ်ထားခဲ့တာလေ။
အဲ ကျွန်တော့်ကို ဂန့်ဂေါနယ်က မရွေးချယ်ခဲ့ဘူး။ ကျွန်တော့်ရွာမှာ ကျွန်တော်နိုင်တယ်။ ကျွန်တော် ပြိုင်ဘက်က ရွာခံလူ။ ကျွန်တော်က ဧည့်သည်လို ပြိုင်ရတယ်။ ဒါပေမဲ့ သူနေတဲ့ရွာမှာ ကျွန်တော် နိုင်ခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြူးလွင်ကို နိုင်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရှုံးခဲ့တယ်လို့ ပြောချင်တယ်။ မဲလာဆွယ်တဲ့ ရာဇာနေဝင်းတို့၊ ဗေလုဝတို့က ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးပါ၊ ဗိုလ်ချုပ်အောင်ဆန်းကို မဲပေးပါ၊ NLD ကို မဲပေးပါလို့ မဲဆွယ်ခဲ့တာ။ ပြူးလွင်ကို မဲပေးပါလို့ တစ်ယောက်မှမပြောဘူး။ ဒါကြောင့်မို့ ကျွန်တော်သည် ပြူးလွင်ကို သူတို့ရွာမှာ နိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ရှုံးခဲ့တယ်လို့ ပြောတာ။ ဒီအတွက် ကျွန်တော် ဂုဏ်ယူတယ်။
ဒါပေမဲ့လို့ ဂန့်ဂေါ တစ်နယ်လုံးက မဲတွေပေါင်းတော့ ကျွန်တော်ရှုံးတယ်။ ရှုံးတဲ့အတွက်ကြောင့် ကျွန်တော်က ပုဆိုးလေး ဖုန်ခါပြီး ထသွားမယ်။ အဲဒါကြောင့် စောလူးမင်းကို ကျန်စစ်သားကယ်သလိုကို ခွေးသေဝက်သေ သေလို့ပြောပြီး ပစ်ချထားခဲ့မှာ။

Voice : အခု အန်ကယ်ရဲ့ မဲရလဒ်က NLD အမတ်လောင်းနဲ့ မဲဘယ်လောက် ကွာနေတာလဲဗျ။

UHS : ကျွန်တော် ကွာခြားတဲ့ မဲအနေအထား အသေးစိတ် တွက်ချက်တဲ့အထဲ ကျွန်တော်မပါဘူးဗျ။

Voice : ခုလာမယ့် အစိုးရသစ် ငါးနှစ်သက်တမ်း ပြီးရင်ရော နိုင်ငံရေးလောကထဲ ပြန်ဝင်မယ်လို့ စိတ်ကူး ရှိလားခင်ဗျ။

UHS : ကျွန်တော် နိုင်ငံရေးလောကကို ကျောခိုင်းမယ်။

Voice : အဲလိုဆိုရင် အန်ကယ်က နိုင်ငံ့တာဝန်ကို စစ်တပ်မှာလည်း ပြန်တမ်းဝင် အရာရှိတစ်ယောက် အနေနဲ့ ထမ်းဆောင်ခဲ့ဖူးတာလည်း ရှိခဲ့ဖူးတယ်။ ခု အခြေအနေမှာကျတော့ ဒီပြည်သူတွေ အတွက်ကို လှည့်မကြည့်ချင်တော့တဲ့ သဘောလား ခင်ဗျ။

UHS : တစ်ခုရှိတယ်။ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ အကယ်၍သာ ကျွန်တော် ဝန်ကြီးတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့်ရုံးခန်းကို  ဂိတ်ပေါက်ဝမှာ ထားမယ်လို့ တွေးထားဖူးတယ်။ ဝန်ကြီးဌာနတွေကို  ဘယ်သူဝင်မှာလဲ၊ ဝင်ခဲ့စမ်း။ ဘယ်သူ့ကိုတွေ့မလဲ၊ ဘယ်ညွှန်မှူးကိုတွေ့မလဲ၊ ပြော။ ပြီးရင် အဆင်ပြေ မပြေ ငါ့ကိုပြော။ အဲ လာတွေ့တဲ့သူကို ရှာ။ ဘာပါလဲ ဘာမှမပါဘူးဆို သွားတွေ့။ ဘာပြန်ပြောလဲ ငါ့ကိုပြော ဆိုပြီးတော့မှ ကျွန်တော်က ရစ်တဲ့ညွှန်မှူးတွေ ဝန်ထမ်းတွေကို ပညာပေးမလို့။ ကျွန်တော် ဝန်ကြီးကိုယ်တိုင် ဂိတ်ပေါက်ဝမှ ထိုင်ပြီဆိုတော့ အလုပ်က ဖြစ်ပြီပေါ့။ ခုခေတ်က ဝန်ကြီးမသိဘဲ အောက်မှလုပ်နေတာတွေ အများကြီးပဲ။ အဲလိုမျိုး ကျွန်တော် စိတ်ကူးယဉ်ဖူးတယ်။ အဲလိုမျိုး ဝန်ကြီးဌာနကို အောက်ခြေကစပြီး ကြပ်မတ်လိုက်ရင် အဲဝန်ကြီးဌာနက အချိန်တိုအတွင်းမှာ တိုးတက် မှန်ကန်သွားလိမ့်မယ်လို့ မြင်မိတယ်။ ဒါပေမဲ့ ကျွန်တော် ဒါမျိုးလုပ်ခွင့် မရခဲ့ဘူးပေါ့။

Voice : သဘောက အန်ကယ့်အနေနဲ့ လုပ်ပိုင်ခွင့်၊ အာဏာအခွင့်အရေး ရမှ ပြည်သူကို ပြန်ကြည့်လို့ရမယ် ဆိုတဲ့ သဘောကို ပြောတာလားခင်ဗျ။

Voice : မဟုတ်ဘူးဗျ။ ကျွန်တော်သာ ဝန်ကြီးဖြစ်ခဲ့ရင် ကျွန်တော် အဲလိုလုပ်မှာလို့ ပြောတာ။ ဆိုလိုတာ ကတော့ အခု ကျွန်တော်တို့ ထောက်ပြနေတာတွေ အများကြီးရှိတယ်လေ။ ကျွန်တော် ကိုယ်တိုင်လည်း အခုလည်း ထောက်ပြနေတာပဲ။ ကျွန်တော်ကတော့ နိုင်ငံရေးလောကကို မလုပ်တော့ဘူး။ ဘာခေါ်မလဲ အခုဟာက တကယ် လုပ်နိုင်ကိုင်နိုင်တဲ့သူကို ရွေးတာမှ မဟုတ်တာ လူတွေကလေ။ သူတို့က လုပ်နိုင်တဲ့သူကို မဲထည့်တာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို မဲထည့်တာ။ ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်ထဲလာမှာ မဟုတ်ဘူးဗျ။ သူတို့ရဲ့ခံစားချက်ကလည်း အရင် အစိုးရအဆက်ဆက်က လူကြီးတွေ အကျင့်ပျက် ခြစားတာတွေကို သူတို့မြင်လာခဲ့လို့ စိတ်ကုန်နေတာပေါ့နော်။ ဒါကြောင့် NLD မဲနိုင်သွားတယ်လို့ ကျွန်တော် ယုံကြည်တယ်။
အစိုးရကို မကြည်ညိုတဲ့သူတွေမှ NLD ရောက်တာကိုးဗျ။ ဘယ်လိုများ ပြောင်းလဲလာမလဲ ဆိုတာ ကျွန်တော် ရိုးရိုးပြည်သူတစ်ယောက် အနေနဲ့ ကျွန်တော်ကြည့်မယ်။ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ ကျွန်တော်မကြည့်ဘူး။ ဘာမှလဲမဝေဖန်ဘူး။ ဝေဖန်စရာလည်း မလိုဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ထဲထဲဝင်ဝင် မပတ်သက်တော့ဘူး။

Voice : ခုလွှတ်တော်အဟောင်း ဆိုပါတော့။ အဲဒီမှာ အန်ကယ့်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာ ရှိတယ်။ ခုလာမယ့် လွှတ်တော် အစိုးရသစ်မှာ တစ်ပါတီတည်း အတိုက်အခံ ပြန်ပြီးပြောမယ့် သူတွေရော ရှိလာနိုင်မယ်လို့ ထင်လားဗျ။

UHS : မြင်တယ်ဗျ။ သူတို့ NLD ကနိုင်တဲ့သူတွေကို ကြည့်လိုက်ရင် ခံစားချက်ကြီးတွေနဲ့ ပြောလိမ့်မယ်။ မယုံရင်ကြည့်။ ခံစားချက်ကြီးတွေကိုးဗျ။အရေးကြီးတာက အဲဒါတွေကို မျှဉ်းပိတ်လိုက်ပြီး တိုင်းပြည်တိုးတက်ရေးကိုပဲ လုပ်ဖို့ လိုတယ်ဗျ။ ဒါပေမဲ့ ကျွန်တော် မြင်ပါတယ် လာမယ့်လွှတ်တော် (အစိုးရသစ်)ဟာ   ကွာလတီပိုင်းဆိုင်ရာ မြင်တွေ့ရမယ့် ပုံစံကို ပူပန်မိတယ်။

Voice : တစ်ခုရှိသေးတယ်ဗျ။ ဂန့်ဂေါနယ်မှာ အန်ကယ်က နိုင်ရမယ်ဆိုတဲ့ စိတ်ကို ထားခဲ့တယ်။ မနိုင်ခဲ့ရင် နိုင်ငံရေးအစား ဘာသာရေးကို လုပ်တော့မယ်ဆိုတဲ့ စိတ်ကူးထားတာမျိုးရော ရှိလားဗျ။

UHS : မရှိဘူးဗျ။ ကျွန်တော် အခု အသက် ၅၅  နှစ်လေ။ ကျွန်တော်က စီးပွားရေးက ဘာမှမရှိဘူး။ ကားတစ်စီးတောင် ကျွန်တော်မပိုင်ဘူး။ ကိုယ်ပိုင်ကား တစ်စီးတောင် ကျွန်တော်မရှိဘူး။ ဒီရွေးကောက်ပွဲမှာ တာဝန်ပေးတယ်၊ ကြိုးစားတယ်၊ မအောင်မြင်ဘူး။ နောက်ထပ် ငါးနှစ်ဆိုရင် ကျွန်တော် အသက် ၆၀ ဖြစ်ပြီ။ ဥပမာ - ကြံ့ခိုင်ရေးပါတီက နုတ်ထွက်သင့်ရင် နုတ်ထွက်ရမယ်။ နုတ်ထွက်ပြီး အရန်အင်အားနေရာမှာ နေမယ်။ ကိုယ့်ဘာကို စီးပွားရေးလေး ဘာလေး လုပ်ပြီးတော့မှ ကျွန်တော်ရဲ့မိသားစု စားဝတ်နေရေးကို လုပ်မယ်။  ကျွန်တော်က ဘာမှရှိတဲ့အကောင် မဟုတ်ဘူးလေ။ ကိုယ်ပိုင်ကားတောင် တစ်စီးမှ မရှိတော့ ခင်ဗျားစဉ်းစား ကြည့်ပေါ့နော်။

Voice : အန်ကယ် အခုစီးနေတဲ့ ဖားပြုပ် (ပါဂျဲရိုကား) က ပြန်အပ်ရမယ့် သဘောလားခင်ဗျ။

UHS : မဟုတ်ဘူးဗျ။ ဒါက ဖားပြုပ်က ပတ္တမြားနဂါး ဦးနေဝင်းထွန်းက ပတ္တမြားနဂါး ဖောင်ဒေးရှင်းရဲ့ အတွင်းရေးမှူးမို့လို့ ကျွန်တော့်ကို ပေးတာလေ။ ဖောင်ဒေးရှင်းမှာ အကျိုးအမြတ် မယူဘူးဆိုရင် လုပ်မယ်ဆိုတော့ အတွင်းရေးမှူး လုပ်ခဲ့တာ။၊ အဲဒါကြောင့် ကျွန်တော့်ကိုပေးထားတာ။ ကျွန်တော် အတွင်းရေးမှူး လုပ်နေသရွေ့ ပေးထားတာ။ ကျွန်တော့်ကားမဟုတ်ပါဘူး။

Voice : ပြီးတော့ ကျွန်တော်တို့ သိရှိရသလောက် ဆိုရင် လက်ရှိလွှတ်တော်ထဲမှာ တော်တော်များများ ဝေဖန်ပြောဆိုခဲ့တဲ့ အန်ကယ်တို့လို အမတ်တွေ မပါတော့ဘူး ဆိုတော့ လုပ်ဆောင်ချက်တွေ စည်ကားနေမယ် လို့ရော ထင်လားဗျ။

UHS : ဒီလိုတော့ရှိတယ်။ မည်သည့်ကိစ္စမဆို ဒေါ်အောင်ဆန်းစုကြည် ကပဲ ထိန်းချုပ်မယ် ဆိုတော့ လွှတ်တော်ကြီးဟာ အသက်ဝင်မယ်လို့ မထင်ဘူး။ အကုန်လုံး လက်ညှိုးထောင်ခေါင်းညိတ် ဖြစ်သွား မယ်။

Voice : ကျွန်တော် တစ်ခုမေးချင်တာက နိုင်ငံရေးကို အန်ကယ်က ဆုတ်ခွာမယ်။ ပါတီက နုတ်ထွက်သင့်ရင် နုတ်ထွက်မယ်လို့ ပြောထားတဲ့ အတွက်ကြောင့်မို့  ဒီနိုင်ငံအတွက် တစ်ဖက်က အကျိုးပြုတဲ့ ဥပမာ- စာရေးတဲ့ အလုပ်မျိုး၊ ထောက်ပြဝေဖန်တာမျိုး အခြားတစ်ဖက် တစ်လမ်းက ကူပေးမယ့် အစီအစဉ်ရော ရှိလားခင်ဗျ။

UHS : ကျွန်တော် Mood ဝင်လာရင်တော့ စာရေးမယ်။ ကျွန်တော် Eleven ကလွဲပြီး ကျန်တဲ့ဟာတွေမှာ ရေးမယ်။

Voice : လက်ရှိက အန်ကယ် ဘာစီးပွားရေး လုပ်မယ်လို့ ဆုံးဖြတ်ထားလဲဗျ။

UHS : ကျွန်တော့်ကို ကမ်းလှမ်းတဲ့ကုမ္ပဏီတွေ ရှိတယ်။ အမည်တော့ မပြောတော့ဘူး။ လတ်တလော  သုံးခုရှိတယ်။ ထိတ်ထိတ်ကြဲ ကုမ္ပဏီကြီး သုံးခုပေါ့။ ဒါရိုက်တာအဖွဲ့ထဲမှာ ဦးလှဆွေပါရင် တော်ပြီ။ တစ်လကို သိန်း ၂၀ ပေးပါ့မယ်။ ကားတစ်စီးနဲ့ ကုလားထိုင် တစ်လုံးနဲ့။ ဟုတ်ကဲ့ ကျွန်တော် စဉ်းစားပါရစေလို့ ပြောထားတယ်။ မပြောပါရစေနဲ့ ဘာလို့လဲဆိုတော့ ကျွန်တော်က ငြင်းရမှာမို့ပါ။ ကျွန်တော် အေးအေးချမ်းချမ်းနဲ့ စိုက်ပျိုးရေးလေး လုပ်ထားတာလေး ရှိတယ်လေ။ ကိုယ့်ဘာကို ဂန့်ဂေါမှာ ယာခင်းလေး စိုက်ပျိုးပြီးတော့ စားမယ်။ ကျွန်တော့် ယာခင်း ဒီနှစ်မှာ နှမ်းတင်း ၃၀၀ ထွက်တယ်။ တစ်တင်းကို ၃၂၀၀၀ နဲ့ရောင်းရတယ်။

Voice : နောက်ဆုံးတစ်ခု မေးချင်ပါတယ်။ လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မဲနိုင်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရှုံးတယ်လို့ တရားဝင် ပြောထားပြီဆိုတော့။ သူရဦးရွှေမန်း ဘာကြောင့်ရှုံးတာလဲ သုံးသပ် ကြည့်ပါဦး။

UHS : ကျွန်တော်တို့ပြိုင်ရတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြိုင်ရတာလေ။ ဒေါ်အောင်ဆန်းစုကြည်တောင် ဗိုလ်ချုပ်အောင်ဆန်း မပါရင် မပြီးဘူး။ ဗိုလ်ချုပ်အောင်ဆန်းပုံ သွင်းကို သွင်းထားမှ ဖြစ်မှာကိုး။ ဆိုလိုတာက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပြိုင်လို့ ကျွန်တော်တို့ ရှုံးရတယ်ပေါ့။ ဦးရွှေမန်းက သူမွေးတဲ့ ရပ်ကွက်မှာ  မဲရုံမှာ နိုင်သင့်တယ်လို့ ကျွန်တော်က ယုံကြည်တာပေါ့နော်။ ဒါပေမဲ့ သူ့ကို ဒီရပ်ကွက်ကတောင် မယုံကြည်ဘူး ဆိုရင်တော့ ရှုံးပျော်တာပေါ့။

(အောင်ထက်)

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှု တပ်မတော်ကလည်း မကြာမီ အကြောင်းပြန်မည်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှု တပ်မတော်ကလည်း မကြာမီ အကြောင်းပြန်မည်ဟုဆို
===================================================
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို တပ်မတော်ကလည်း မကြာမီ အကြောင်းပြန် ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သမ္မတရုံးတာဝန်ရှိသူတဦးက ပြောဆိုသည်။
ဧရာဝတီ

အိုဘားမားက မြန်မာပြည်ကို ၁၂ ရက်နေ့ရောက်မှာ… ၁၃ ရက်နေ့မှာ ဒေါ်စုနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်… ဒါပေမဲ့ ၁၃ ရက်နေ့က ဒေါ်စုအနေနဲ့

(1)

အိုဘားမားက မြန်မာပြည်ကို ၁၂ ရက်နေ့ရောက်မှာ…

၁၃ ရက်နေ့မှာ ဒေါ်စုနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်…
ဒါပေမဲ့ ၁၃ ရက်နေ့က ဒေါ်စုအနေနဲ့
လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်
ဆွေးနွေးဖို့ရှိလို့ အိုဘားမားနဲ့တွေ့ဖို့ မဖြစ်နိုင်တော့…
ဒါကိုသိတဲ့ အိုဘားမားက (၁၄)ရက်နေ့ကို
ရက်ရွှေ့ပေးပြီး ဒေါ်စုနဲ့ တွေ့မယ်လို့ ပြောပါတယ်…

အဲ့မှာ ကျုပ်စဉ်းစားမိတာလေးပါ…
အိုဘားမားအနေနဲ့ ဒေါ်စုအပေါ်
အရမ်းအလေးစားမှုရှိနေတာကိုပါ…

အမေရိကန်သမ္မတတစ်ယောက်ဖြစ်နေပေမဲ့
သူ့ဘက်က ဘယ်လောက်ပဲအရေးကြီးကြီး
ဒေါ်စုအဆင်ပြေနိုင်မဲ့ ရက်ကို
လိုက်လျောမှုပေးရတယ်ဆိုတာနဲ့တင်
အိုဘားမားရဲ့ ဒေါ်စုအပေါ် အလေးထားမှုကို
သိနိုင်ပါတယ်…

(2)

ဒေါ်စုဘက်က တွေးကြည့်မိတယ်…
ဒေါ်စုဟာ အိုဘားမားနဲ့တွေ့ဖို့ရက်ကိုတောင်
အရွှေ့ခံပြီး လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်
ဆွေးနွေးဖို့ကို ဦးစားပေးခဲ့ပါတယ်…
ဒေါ်စုနေရာမှာ တခြားတယောက်ဆိုရင်
ဘယ်ကိစ္စကို ဦးစားပေးရွေးချယ်လိမ့်မယ်လို့
ထင်ပါသလဲ…

ဒါပေမဲ့……ဒေါ်စုကတော့ ဒီဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက်
အိုးဘားမားနဲ့တွေ့ဖို့ကိုတောင်မမှု သူလုပ်ရမဲ့ အလုပ်ကို
အပျက်မခံဘဲ တာဝန်ကျေစွာ လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်…

ဒေါ်စုဘက်က ဒီလိုအခြေအနေမျိုးကို နက်နက်နဲနဲ
နားလည်ပေးလိုက်တဲ့ အိုဘားမားကို
ကျေးဇူးတင်အားနာမိသလို ...

ပြည်သူတွေအတွက် သိပ်ကိုအရေးကြီးတဲ့
ဖွဲ့စည်းပုံပြင်ဆင်ရေးကို အလေးအနက်ထားပြီး
လုပ်ဆောင်နေတဲ့ ဒေါ်စုကို အရမ်းကိုလေးစားမိပါတယ်…

(3)

နောက်တခုက… အမေရိကန်ကသမ္မတကြီး
လာတွေ့တာကို သူ့ပြည်သူတွေရဲ့ အရေးထက်
ဦးစားမပေးနိုင်တဲ့ ခေါင်းဆောင်ကောင်း
ရှိနေပါလားဆိုတဲ့ အသိပါ…

Credit- သက်နှင်း သုန္ဒရီ