Sunday, 7 February 2016

အိပ်နေသူကို ဓားဖြင့်ထိုး၍ နားကပ်ယူသူကိုဖမ်းဆီး

ရန်ကုန် ဖေဖော်ဝါရီ ၆

ရန်ကုန်(မြောက်ပိုင်း)ခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက် တွင် နေအိမ်ပေါ်အိပ်နေသူအား ဓားဖြင့် ထိုးပြီး နားကပ်ဖြုတ်ယူခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက် မြို့မငြိမ်းလမ်း အိမ်အမှတ်(၇၉၉/က)နေ ဒေါ်စန်းစန်းသည် ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နေအိမ်၌ အိပ်နေစဉ် ဓားဖြင့်အထိုးခံရကြောင်း ပတ်ဝန်း ကျင်အား အကူအညီတောင်းခံရာ ပတ်ဝန်းကျင်ရှိ နေအိမ်များမှ လူများ ရောက်ရှိလာကြပြီး ဒေါ်စန်းစန်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြသည်။ ဒေါ်စန်းစန်းက မွန်းလွဲချိန် အိမ်ပေါ်တွင် အိပ်နေစဉ် ဌေးအောင် (၂၃)နှစ် အမှတ်(၃၆၈/ခ) အောင်မင်းခေါင်လမ်း (၇)ရပ်ကွက် လှိုင်သာယာမြို့နေသူ ရောက်ရှိလာပြီး လည်ပင်းညှစ်၊ ဝမ်းဗိုက်အား ဓားဖြင့်ထိုးပြီး နားတွင် ဝတ်ဆင် ထားသော ကျောက်ဖြူပါ နားကပ် တစ်ရန် ဖြုတ်ယူသွားသည်ကို သားဖြစ်သူအားပြောပြ၍ ပြစ်မှု ကျူးလွန်သူအား အရေးယူပေးပါရန် လှိုင်သာယာ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။ လှိုင်သာယာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဌေးအောင်အား လိုက်လံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

သစ်ထူးလွင်

Saturday, 6 February 2016

ကိုယ်လုံးတီးနဲ့ ဆရာမတွေသင်ကြားပေးမယ့် အင်္ဂလိပ်စာသင်တန်း တီဗီအစီအစဉ်



ဘာသာစကားအသစ်တစ်ခုကို သင်ရတာဟာဆိုရင်တော့ ပျင်းစရာကောင်းပြီး ရှည်လျားလွန်းတဲ့ သင်ယူမှုတစ်ခုပါပဲ။ အခုအချိန်မှာတော့ စပိန်နိုင်ငံက ရုပ်သံလိုင်းတစ်ခုဟာ သူတို့ရဲ့ အင်္ဂလိပ်စာသင်တန်း တီဗီအစီအစဉ်တွေကို တစ်မူထူးခြားစွာနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

သာမန်ဆရာမတွေနဲ့ မတူတဲ့ ညစ်ညမ်း မော်ဒယ်ဆရာမတွေကို ငှားရမ်းပြီး အင်္ဂလိပ်ဘာသာစကားကို သင်တန်းသားဖြစ်သူတွေ အလွယ်တကူမှတ်မိနိုင်အောင် ဒီအစီအစဉ်မှာ ပို့ချပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒီမော်ဒယ်ဆရာမတွေဟာဆိုရင်တော့ တစ်ကိုယ်လုံးမှာ အဝတ်အစားဝတ်ထားမှာ မဟုတ်ဘဲ ကိုယ်လုံးတီးပုံစံနဲ့ပဲ အင်္ဂလိပ်စာသင်ပေးသွားမှာဖြစ်ပါတယ်။

ဒီစပိန်ရုပ်သံလိုင်းဟာဆိုရင်တော့ ညစ်ညမ်းရုပ်သံလိုင်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ အခုလိုလုပ်ဆောင်ချက်ကြောင့် ရုပ်သံလိုင်းကို ဖမ်းယူကြည့်ရှုသူဟာဆိုရင် တဖြည်းဖြည်းနဲ့ တိုးတက်လာနိုင်မယ်လို့ မျှော်လင့်လျက်ရှိနေပါတယ်။ အခုလို သင်ကြားပေးတာဟာဆိုရင်တော့ အစဉ်အလာအရ သင်ကြားမှုတွေကနေ ကွဲထွက်ပြီး သင်တန်းသားတွေအတွက် သင်ယူဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်လို့ ဒီစပိန်ရုပ်သံလိုင်းက ပြောပါတယ်။

ဒီအစီအစဉ်ကိုတော့ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခြင်းမရှိသေးဘဲ အမြည်းသဘောအနေနဲ့ ကြေညာခဲ့ရာမှာတော့ ကိုယ်လုံးတီးဆရာမတွေက သင်တန်းသားတွေကို တစ်မူထူးခြားစွာနဲ့ သင်ကြားပေးနေတာကို လူအတော်များများက နှစ်ခြိုက်ခဲ့ကြပါတယ်။

ဒီအစီအစဉ်အတွက် ဝက်ဘ်ဆိုက်အသစ်တစ်ခုကိုလည်း လွှင့်တင်ခဲ့ပြီး သူတို့ရဲ့ အခုလို ရုပ်သံအင်္ဂလိပ်စာသင်တန်းတွေဟာဆိုရင် အင်္ဂလိပ်စာလေ့လာသူ သင်တန်းသားတွေကို တခြားသင်တန်းတွေမှာထက် ပိုပြီး အာရုံစိုက်နိုင်စေမှာဖြစ်တယ်လို့လည်း ဖော်ပြထားခဲ့ပါသေးတယ်။ သူတို့ရဲ့ ဝက်ဘ်ဆိုက်လိပ်စာကတော့ www.dln.la ပဲဖြစ်ပါတယ်။




( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Thursday, 4 February 2016

လက္ခဏာဆရာက သားမယားပြုကျင့်မှု အမှုဖွင့်အရေးယူ

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Imagesမန္တလေးတိုင်းဒေသကြီး ချမ်း အေးသာစံမြို့နယ် ချမ်းအေးသာစံ အလယ်ရပ်ကွက်၂၈ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ လက္ခ ဏာဆရာ စံကျော်ဟန်ဝင်း အသက် (၅ဝ)၏ လက္ခဏာဟောခန်း၌ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က အလုပ်လုပ် လျက်ရှိသောမ----(၂၃နှစ်) ချမ်း အေးသာစံ အရှေ့ရပ်ကွက် ချမ်းအေး သာစံမြို့နယ်နေသူအား စံကျော် ဟန်ဝင်းက ၄င်း၏နေအိမ် အိပ်ခန်း အတွင်း သန့်ရှင်းရေးပြုလုပ်ပေးရန် ခေါ်ဆောင်ပြီး အလိုမတူသား မယားအဖြစ်ပြုကျင့်ခဲ့သည်။

 မ----က ခင်ပွန်းအား ဖြစ်စဉ်ပြော ပြခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၌ စံကျော်ဟန်ဝင်းနှင့် လူမှုရေးအရ ညှိနှိုင်း ဆောင်ရွက် ခဲ့သော်လည်း အဆင်မပြေသဖြင့် ယခုလ ၁ရက် တွင်မ---ကတိုင်တန်း၍ စံကျော် ဟန်ဝင်းအား ချမ်းအေးသာစံမြို့ နယ်မြို့မရဲစခန်းက (ပ)၄၁/၂ဝ၁၆ ပစ်မှုပုဒ်မ-၃၇၆ အရ အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net

သစ်ထူးလွင်

ဆိတ်အငှား ကျောင်းနေသည့် ၁၇ နှစ်အရွယ် မိန်းကလေးအား ၄င်း၏ပိုင်ရှင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဆိုကာ တိုင်ချက်ဖွင့်ထား


မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ၊ မကျီးကုန်းကျေးရွာ လယ်တောတဲတွင် နေထိုင်ကာ ဆိတ်အငှားကျောင်း နေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို အလုပ်ရှင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုကာ မြို့သစ်မြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီ ၂ ရက်က အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သိရှိရသည်။

အဆိုပါ မိန်းကလေးသည် ၎င်းအား အဓမ္မပြုကျင့်သည်ဆိုသည့် ဦးမောင်နု၏ တဲတွင် လွန်ခဲ့သည့် ရှစ်နှစ်ခန့်မှ စ၍ ဖခင်ဖြစ်သူ၊ မောင်ဖြစ်သူတို့နှင့် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ မိသားစုက ဒီတဲမှာပဲ မှီခိုနေရတာဆိုတော့ တိုင်လိုက်ရင် နေစရာမရှိမှာ စိုးရိမ်တာရယ်၊ အဖေသိမှာ စိုးတာရယ်ကြောင့် မတိုင်ဖြစ်ခဲ့တာပါ” ဟု အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးက ပြောသည်။

အဆိုပါ မိန်းကလေးအား ၎င်း၏ အလုပ်ရှင်က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်တန်းချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုင်တန်းချက်ကြောင့် မြို့သစ်မြို့မရဲစခန်းက စွပ်စွဲခံရသူ ဦးမောင်နု (၅၃) နှစ်အား (ပ)၆/၂၀၁၆၊ ပြစ်မှု ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

Tuesday, 2 February 2016

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရမည်ဟု NLD နာယကဦးတင်ဦးပြော

By အောင်သက်ဝိုင်း | February 2, 2016 |

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရမည် ဖြစ်ပြီး သမ္မတဖြစ်စေရန်အတွက် ထမ်းပို့မည့်သူဖြစ်ကြောင်း နေပြည်တော်တွင် သတင်းထောက်များကို NLD နာယက ဦးတင်ဦးက ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နေပြည်တော်၊ လွှတ်တော်အဆောက်အအုံတွင် ပြည်နယ်/တိုင်း ဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတရပ်တက်ရောက်သည့် NLD အမတ် ၅၀ ကို လာရောက် အမှာစကားပြောကြားပြီးနောက် ပြန်လည် ထွက်ခွာစဉ် သတင်းထောက်များ၏ မေးမြန်းမှုကို ဦးတင်ဦးက ယင်းသို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။

သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် တားဆီးထားသည့် အခြေခံ ဥပဒေ ပုဒ်မ ၅၉  (စ) ပြင်ဆင်နိုင်မည်လော ဟုမေးမြန်းရာ ဦးတင်ဦး က ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရမည်ဖြစ်ကြောင်း၊ သူ့အနေဖြင့် သမ္မတလုပ်မည် မဟုတ်ကြောင်း ပြန်လည် ဖြေဆိုသွားသည်။

“ဒေါ်အောင်ဆန်းစုကြည် ဖြစ်ရမှာပေါ့။ ဖြစ်ရမှာပေါ့။ ကျနော်က အားလုံး အောင်မြင်အောင် ထမ်းပို့မယ့် အထမ်းသမားဗျ။ ဒါပဲ”ဟု ဦးတင်ဦးက သတင်းထောက်များကိုပြောသည်။

၎ ရက်ကြာကျင်းပခဲ့ပြီး ယနေ့ နေပြည်တော်တွင် ကျင်းပပြီးစီးသွားသည့် ပြည်နယ်/တိုင်း ဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဟောင်း ဦးရွှေမန်း လည်း လာရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်း ဦးတင်ဦးက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။

NLD လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ လတ်တလော ဒေါ်အောင်ဆန်း စုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိရေး တပ်မတော်နှင့် NLD ခေါင်းဆောင် ပိုင်းအကြား ညှိနှိုင်းမှုများရှိနေပြီး တပ်မတော်၏ ပြန်ကြားချက်ကို NLD စောင့်ဆိုင်း နေဖွယ်ရှိကြောင်း၊ လတ်တလော ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်သေးပါက ယာယီသမ္မတ တင်မြှောက်ရန် NLD ခေါင်းဆောင်ပိုင်းက ပြင်ဆင်ထားဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဧရာဝတီ

Monday, 1 February 2016

အမေရိကတိုက်တွင် အစောဆုံး ရှာဖွေ တွေ့ ရှိခဲ့သည့် ဗုဒ္ဓ ရဲ့  ဦးခေါင်းတော်

အမေရိကတိုက် အလည်ပိုင်းရှိ ဂွာတီမာလာ နိုင်ငံတောင်ပိုင်းက သစ်တောတွင်း La Democracia လာဒီမိုကရာစီးရာ ကျေရွာတရွာ
မှာ တွေ့ ရတဲ့ ကြီးမားတဲ့ ဗုဒ္ဓ ရဲ့  ဦးခေါင်းတော် ဖြစ်ပါတယ်၊ ၁၉၅၀ ခုနှစ်နှစ်မှာ မြေပိုင်ရှင်
တစ်ဦးက ရိုက်ကူးထားခဲ့တာပါ ၊ကျောက်သားကို လက်ရာမြောက် ထွင်းထားတာပါ။
သမိုင်းပညာရှင်တွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀၀ လောက်ကသက်တမ်း ရှိနေပြီလို့  ရေးသားထားပါတယ်။
တချိန်က ဂွာတီမာလာ ရှေးဟောင်း မြို့ ဟောင်း Mayan မာယာ ဟာ ကမ္ဘာ့ 
အကြီးဆုံး ဘာသာပေါင်းစုံ နေထိုင်ကြတဲ့ ယဉ်ကျေးမှု မြို့ တော်ဖြစ်ခဲ့ပြီး ဗုဒ္ဓ ဘာသာဝင်တွေ ရောက်ရှိအခြေချနေထိုင်သွားခဲ့တဲ့ အထောက်အထားတခုပါ။
တခြား ကြီးမားတဲ့ ဦးခေါင်းပြတ် ကျောက်သားတွေကိုလည်း တွေ့ ရှိရပေမယ့်
နံမည်ကျော် စစ်သူကြီး တွေရဲ့ ရုပ်ထုတွေဖြစ်ပါတယ်။
စိတ်မကောင်းစရာကတော့ဗုဒ္ဓ ရဲ့  ဦးခေါင်းတော် ဓါတ်ပုံမှတ်တမ်းရိုက်ကူးပြီး ၁၀ နှစ်အကြာမှာ ပြည်တွင်းစစ်ကာလအတွင်း ဗုဒ္ဓ ရဲ့  ဦးခေါင်းတော်ကို မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဂွာတီမာလာ သမိုင်းမှတ်တမ်း တခုမှာ ရေးသား ထားပါတယ်။
Social Action for Women - SAW
1-2-2016

MP4YoU

ကံမမြို့နယ်မှ ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခြောက်ရက်တိုင် အဓမ္မပြုကျင့်ခံရမှုအတွက် တိုင်ကြားပြီ

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Imagesမကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်နေသူ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်က ၎င်း၏ တဲနီးချင်းနေ အမျိုးသားတစ်ဦးက အတင်းခေါ်ဆောင်ကာ သားမယားပြုကျင့်မှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၃၁ ရက်နေ့က တိုင်တန်းထားကြောင်း သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ မ---- အသက် ၁၆ နှစ်၊ လယ်တီကျင်း တဲတိုက်၊ ပယ်ကျကျေးရွာ အုပ်စု၊ ကံမမြို့နယ် နေထိုင်သူသည် ဇန်နဝါရီ ၂၄ ရက်နေ့ ည ၇ နာရီအချိန်က အစ်မဖြစ်သူ မဝင်းသီတာနှင့်အတူ ၎င်းတို့ နေထိုင်ရာတဲ၏ အောက်ထပ်၌ ဖျာရက်နေစဉ် ဗိုက်အောင့်၍ အိမ်သာတက်ရန် တဲ၏ တောင်ဘက် ပေသုံးရာခန့် ဝေးသည့်နေရာသို့ အိပ်သာတက်ရန် ရောက်ရှိစဉ် တဲနီးချင်းနေ - - - - - - အသက် ၂၇ နှစ်မှာ ရုတ်တရက် ရောက်ရှိလာပြီး ၎င်းအား ပါးစပ်ပိတ်၍ လက်ကို အတင်းဆွဲကာ ပန်းတောင်းမြို့နယ်၊ သဲကုန်းရွာသို့ ခေါ်ဆောင် သွားခဲ့ပြီး နောက်တစ်နေ့တွင် ကံမမြို့နယ်၊ အလယ် မီးပေါက်ရွာသို့ ကားဖြင့် ထပ်မံခေါ်ဆောင်ကာ ခြောက်ရက်ခန့် သားမယားအဖြစ် ပြုကျင့်အတူနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ဇန်နဝါရီ ၃၀ ရက်နေ့တွင် မ----- ၏ အစ်ကိုဖြစ်သူက အလယ် မီးပေါက်ကျေးရွာမှ ပြန်လည် ခေါ်ဆောင်၍ မိဘများထံသို့ ပေးပို့ခဲ့ရာ မိဘများအား ဖြစ်စဉ်ပြောပြ၍ ၎င်းအား အတင်းခေါ်ဆောင်ပြီး သားမယားအဖြစ် ပြုကျင့်သူ ------- အား အရေးယူပေးရန် ဇန်နဝါရီ ၃၁ ရက် နေ့တွင် မ ----- က တိုင်ကြားခဲ့သောကြောင့် ကံမမြို့နယ်၊ မြို့မရဲစခန်းက (ပ) ၁၅/၂၀၁၆၊ ပုဒ်မ ၃၇၆ / ၃၆၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies