ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Imagesမန္တလေးတိုင်းဒေသကြီး ချမ်း အေးသာစံမြို့နယ် ချမ်းအေးသာစံ အလယ်ရပ်ကွက်၂၈ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ လက္ခ ဏာဆရာ စံကျော်ဟန်ဝင်း အသက် (၅ဝ)၏ လက္ခဏာဟောခန်း၌ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က အလုပ်လုပ် လျက်ရှိသောမ----(၂၃နှစ်) ချမ်း အေးသာစံ အရှေ့ရပ်ကွက် ချမ်းအေး သာစံမြို့နယ်နေသူအား စံကျော် ဟန်ဝင်းက ၄င်း၏နေအိမ် အိပ်ခန်း အတွင်း သန့်ရှင်းရေးပြုလုပ်ပေးရန် ခေါ်ဆောင်ပြီး အလိုမတူသား မယားအဖြစ်ပြုကျင့်ခဲ့သည်။
မ----က ခင်ပွန်းအား ဖြစ်စဉ်ပြော ပြခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၌ စံကျော်ဟန်ဝင်းနှင့် လူမှုရေးအရ ညှိနှိုင်း ဆောင်ရွက် ခဲ့သော်လည်း အဆင်မပြေသဖြင့် ယခုလ ၁ရက် တွင်မ---ကတိုင်တန်း၍ စံကျော် ဟန်ဝင်းအား ချမ်းအေးသာစံမြို့ နယ်မြို့မရဲစခန်းက (ပ)၄၁/၂ဝ၁၆ ပစ်မှုပုဒ်မ-၃၇၆ အရ အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net
သစ်ထူးလွင်
No comments:
Post a Comment