အထူးအဆန်း Coc ဆိုတာ ကျွန်တော်တို့နိုင်ငံမှာလည်း အတော်လေးခေတ်စားနေတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Coc အကြောင့် အလုပ်ထုတ်ခံရတဲ့ သတင်းတွေတော့ မကြာခဏကြားဖူးပေမယ့် သတ်သေတဲ့အထိ ဖြစ်ခဲ့တဲ့ သတင်းက ဒါပထဦးဆုံးပါ။ ဖိလစ်ပိုင်တောင်ပိုင်း Davao မြို့က လူငယ်လေးတစ်ဦးဟာ သူ့ရဲ့လည်ပင်းကို ကိုယ်တိုင်ဓားနဲ့လှီးပြီး ကြမ်းပြင်ပေါ်လဲနေခဲ့ပါတယ်။ သွေးအိုင်ထဲမှာလဲနေတဲ့ကောင်လေးကို လူတွေတွေ့ခဲ့ပြီး ဖိလစ်ပိုင် ကျန်းမာရေးစင်တာ SPMC ကိုပို့ဆောင်ခဲ့ပါတယ်။ ဒီအဖြစ်ဟာ game တစ်ပွဲရှုံးတာကနေ အစပြုခဲ့ ပါတယ်။ ကောင်လေးဟာ ကျောင်းကိုမသွားတော့တဲ့အပြင် သူ့ကြောင့်ရှုံးသွားရတယ်ဆိုကာ clan တစ်သင်းတည်း သူငယ်ချင်းတွေနဲ့လည်းရန်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အခုလို ကိုယ့်ကိုကိုယ် သတ်သေဖို့  ကြံစည်ခဲ့တာပဲဖြစ်ပါတယ်။ အချိန်မီကုသနိုင်ခဲ့တဲ့အတွက် ကောင်လေးဟာ အခုချိန်မှာတော့ စိတ်ချရတဲ့အခြေအနေမှာရှိနေပါပြီ။ မိတ်ဆွေတို့လည်း ဂိမ်းဆော့တဲ့အခါ ဂိမ်းကိုဂိမ်းလို့ပဲ မြင်ပြီး စိတ်ထိန်းနိုင်ကြပါစေဗျာ :) #OMG Myanmar
No comments:
Post a Comment