Saturday, 13 February 2016

ဘက်ထရီမျိုချမိတဲ့ ကလေးငယ် လည်ပင်းတစ်ခုလုံးပျက်စီး

===================
===================

လိုဂန် စတစ်ဖ် ဆိုတဲ့ ၂ နှစ်သားလေးဟာ ဘက်ထရီကို မျိုချလိုက်တာကြောင့် သူ့ရဲ့လည်ပင်းဟာ အစာစားလို့မရတော့လောက်အောင် ပျက်စီးသွားခဲ့ရပါတယ်။ ရီမုတ်ကွန်ထရိုးထဲက ကြယ်သီးပုံ ဘက်ထရီလေးကို သကြားလုံးအမှတ်နဲ့ မျိုချလိုက်တာပါ။

ဒီဖြစ်ရပ်ကြောင့် လိုဂန်လေးဟာ ဆေးရုံပေါ်မှာ သီတင်းပတ် သုံးပတ် နေခဲ့ရပြီး အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ပျက်စီးသွားတဲ့လည်ပင်းကို ကုသနိုင်ဖို့ ခွဲစိတ်မှုပေါင်းများစွာကိုလည်း ပြုလုပ်ခဲ့ရပါတယ်။ လိုဂန်ရဲ့လည်ပင်းဟာ ကုသမှုပေါင်းများစွာ ခံယူပြီးတာတောင်မှ အစာစားလို့မရတော့ပါဘူး။
ပိုက်တွေကတစ်ဆင့်ပဲ အစာကိုသွင်းပေးနေရတာပါ။ ဒါ့ပြင် လည်ပင်းထဲက အစာရေမျိုပြွန်ကိုလည်း ကောင်းမွန်လာအောင် ပုံမှန်ကုသမှုတွေကိုလည်း ဆက်လက်ခံယူနေရမှာဖြစ်ပါတယ်။

လီသီယမ် ဘက်ထရီတွေဟာ ခံတွင်းထဲက သွားရည်တွေ၊ တံတွေးတွေနဲ့ ထိတွေ့တဲ့အခါ ဓာတ်ပြုမှု ဖြစ်ပေါ်လာပြီး ကော့စတစ်ဆိုဒါ ဖြစ်ပေါ်လာစေပါတယ်။ ကော့စတစ်ဆိုဒါဟာ ဆပ်ပြာမှုန့် ပြုလုပ်တဲ့အခါ အသုံးပြုရတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး နူးညံ့တဲ့အသားအရေကို လောင်ကျွမ်းပျက်စီးစေနိုင်ပါတယ်။

Source : Mail Online

============

Duwun

No comments:

Post a Comment