Thursday, 11 February 2016

အမျိုးသမီးတွေကိုစစ်တမ်းကောက်ယူပြီး အများစုရွေးချယ်ခဲ့တဲ့စံလိင်အင်္ဂါအရွယ်အစား

(၁၈နှစ်ပြည့်မှဖတ်ပါ)

မိမိရဲ့အင်္ဂါအရွယ်အစား သေးငယ်နေလို့ ယောင်္ကျားမပီသ သလိုခံစားရပြီး အားမလိုအားမရဖြစ်ကာ စိတ်ထဲမှာ စနိုးစနောင့်
ဖြစ်နေပါသလား … ?။ ဒါဟာလည်း တစ်ချို့အိမ်ထောင်သည် ယောက်ျားတွေ အပြင် ယောင်္ကျားလေးတော်တော်များများ
သိပ်ပြီး ကြောင့်ကြတတ်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

အများစုက အမျိုးသမီးတွေဟာ အင်္ဂါအရွယ်အစား ကြီးမားခြင်းကို လိုချင်တောင့်တယ်လို့ ကောက်ချက်ချပြီး ကိုယ့်ရဲ့ လက်
ရှိ အင်္ဂါအရွယ်အစားအပေါ် ကျေနပ်မှု မရှိတတ်ကြပါဘူး။ ဟော အခုအချိန်မှာတော့ University of New Mexico နဲ့ the
University of California တို့ကနေ သူတို့ သုတေသနပြုလုပ်ထားတဲ့အချက်အလတ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ မြေပြင်
ကွင်းဆင်းလေ့လာမှုအရ သုတေသနပညာရှင်တွေဟာ 3D အမျိုးသားအင်္ဂါပုံစံများကို အမျိုးသမီးများအား ပြသပြီး မိမိတို့
ကြိုက်နှစ်သက်ရာ အရွယ်အစားကို ရွေးချယ်စေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သုတေသနအစီအစဉ်မှာ ကယ်လီဖိုးနီးယာဒေသခံ အမျိုးသမီး 75 ယောက်အထိ ပါဝင်ခဲ့ပြီး အသက်အားဖြင့်
18နှစ်မှ 65 နှစ်အရွယ်ရှိ အမျိုးသမီးတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီး အသီးသီးကလည်း လိင်ပိုင်းဆိုင်ရာ
အတွေ့အကြုံ ရှိထားကြသူများ ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးတွေကို အမျိုးသားအင်္ဂါပုံစံ 33 မျိုးအထိ ပြသခဲ့တယ်လို့ သိ
ရပါတယ်။ အဆိုပါ အင်္ဂါများ၏ အရှည် အရွယ်အစားများမှာ 4.0 လက်မမှ 8.5 လက်မအထိ၊ လုံးပတ်အရွယ်အစားမှာ
လည်း 2.5 လက်မမှ 7.0 လက်မအထိ စီစဉ်ပြသားထားပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်စေပါတယ်။

အဆိုပါ ရွေးချယ်မှုမှာ နှစ်မျိုးရှိပြီး ရေရှည်နှစ်သက်တဲ့ အရွယ်အစားနဲ့ တစ်ညတာ နှစ်သက်တဲ့ အရွယ်အစားကို ရွေးချယ်
စေတယ်လို့ သိရပါတယ်။ အဲဒီ သုတေသနမှာတော့ အမျိုးသမီးအများစုဟာ ရေရှည်ရွေးချယ်မှုအဖြစ် ပျမ်းမျှအရှည်ဖြစ်
သည့် 6.3 လက်မနဲ့ လုံးပတ်အရွယ်အစား 4.8 လက်မကို ရွေးချယ်ခဲ့ပါတယ်။

တစ်ညတာ ပျော်ရွှင်မှုအတွက် ရွေးချယ်မှုအဖြစ်ကိုတော့ အရှည်အရွယ်အစား 6.4 လက်မနဲ့ လုံးပတ်အရွယ်အစား 5
လက်မကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ “ အမျိုးသမီးအများစုကတော့ ပျမ်းမျှ သာမာန်အရွယ်အစားကိုပဲ ပိုမို နှစ်
သက်ကြပါတယ် … အရမ်းကြီးမားတဲ့ အရွယ်အစားကိုတော့ တစ်ကြိမ်တစ်ခါလောက်သာ အတွေ့အကြုံရှိလိုကြပါတယ်
… အဓိကကတော့ သူတို့ကို အထွဋ်အထိပ်ရောက်အောင် ပို့ပေးနိုင်ရင် သူတို့အတွက်ကတော့ ပိုအဆင်ပြေပါတယ် …

အရမ်းကြီးမားတဲ့ အရွယ်အစားမျိုးကိုတော့ ရွေးချယ်မှု နည်းပြီး ရေရှည်မှာတော့ နှစ်ဦးစလုံးအတွက် အဆင်ပြေမယ့်၊
သက်သောင့်သက်သာ ရှိစေမယ့် အရွယ်အစားကို လိုချင်တက်မက်ကြပါတယ် ”ဟု သုတေသနပညာရှင်တွေက ထုတ်
ပြန်ခဲ့ပါတယ်။ သို့အတွက်ကြောင့် မိမိလိင်အင်္ဂါအရွယ်အစားနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုဖြစ်နေကြတဲ့ အိမ်ထောင်
ရှင်အမျိုးသားတွေအတွက် အဆိုပါ စစ်တမ်းရလာဒ်အရ စိတ်ကျေနပ်စရာ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဗဟုသုတရစေရန်ရေးထားခြင်းဖြစ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းမန့်သူများကို Ban သွားမည်ဖြစ်သည်

No comments:

Post a Comment