Wednesday, 17 February 2016

မိန်းမအစစ် မဟုတ်သောကြောင့် မင်္ဂလာဆောင်လို့ မရဘူးဟုဆိုသည့် မိတ်ကပ် ခင်စန်းဝင်း


by Zay Thu on Wed, 02/17/2016 -

လူမှုကွန်ရက် စာမျက်နှာများတွင် မင်္ဂလာဆောင်ရန် ခန်းဝင်ပစ္စည်း ၀ယ်ယူကြောင်း ဓာတ်ပုံများကို တင်ခဲ့ပြီးနောက် မကြီးစန်း မင်္ဂလာဆောင်တော့မည်ဟု သတင်းကြီးခဲ့သည်။

သို့သော် မိတ်ကပ်ခင်စန်းဝင်းက ယင်းကိစ္စအား ငြင်းဆန်ခဲ့ပြီး အမျိုးသမီး အစစ်တစ်ယောက် မဟုတ်သောကြောင့် မင်္ဂလာဆောင်၍ မရကြောင်း ၄င်းက ပြောသည်။

“မကြီးစန်း ချစ်တဲ့ပရိသတ်တွေနဲ့ မကြီးစန်းအကြောင်းကို စိတ်ဝင်စားကြတဲ့ Fanတွေရှိတယ်။ တစ်ခါတလေ မကြီးစန်းပွဲတက်လို့ ဓာတ်ပုံရိုက်ပြီး တင်တဲ့အခါမျိုးတွေရှိသလို ပွဲမရှိဘဲ အလုပ်အားတဲ့ရက် ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ဈေးဝယ်တာမျိုးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ Fanတွေနဲ့ Facebook Friendတွေ ပျော်စေချင်တဲ့ သဘောနဲ့ ဒီပုံကိုတင်ရခြင်း ဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

ခင်စန်းဝင်း၏ Facebookပေါ်တွင် တင်ခဲ့သည့် မော်ဒယ်ကောင်လေးအား လက်တွဲဖော်အဖြစ် ရွေးချယ်ဆုံးဖြတ်တော့မည့် ကိစ္စနှင့်ပတ်သက်၍ ဆက်လက် မေးမြန်းခဲ့ရာ “မကြီးစန်းတို့က မိန်းမအစစ် မဟုတ်တော့ မင်္ဂလာဆောင်လို့ မရဘူး။ ဒါကတော့ သဘာဝပဲလေ။ မော်ဒယ် ယောက်ျားလေးနဲ့ ဓာတ်ပုံရိုက်
ထားတဲ့ ကိစ္စကတော့ ဘာမှမဆိုင်ပါဘူး။ ဒီမော်ဒယ်ကောင်လေးက မိန်းကလေး အားလုံးနဲ့ တွဲရိုက်ပြီးတော့လည်း တင်ကြပါတယ်။ မကြီးစန်း တွဲရိုက်တယ်ဆိုတာက သူကကိုယ့်လည်းခင်လို့၊ ကိုယ်ကလည်း သူ့ကိုခင်တဲ့အနေနဲ့ တွဲရိုက်ရခြင်း ဖြစ်ပါတယ်”ဟု ၄င်းက ထပ်မံပြောကြားခဲ့သည်။

မိတ်ကပ်ပညာရှင် ခင်စန်းဝင်းသည် ဇန်န၀ါရီ ၈ရက်နေ့တွင် မြန်မာနိုင်ငံ၌ အကြီးမားဆုံး ဖက်ရှင်ရှိုးပွဲကို     Gadamar Whole Saleတွင် ကျင်းပပြုလုပ်ခဲ့ပြီး မင်္ဂလာပွဲများတွင် မိတ်ကပ်လိမ်းပေး ဖြစ်နေကြောင်း သိရပြီး ယခုနှစ်မေလထဲတွင် သူ၏ ရုပ်ရှင်ကားတစ်ကားရိုက်ရန် ရှိသေးကြောင်း ၄င်းက ဆက်လက်ပြောကြားသွားခဲ့သည်။
                                    
ဇင်မင်း

Tommorrw Journal

No comments:

Post a Comment