Monday, 18 May 2015

အားလုံး စိတ်လျှော့ကြပါ လို့ ပြောတဲ့ အဆိုတော်မျိုးကြီးနဲ့ ခဏတာ

အဆိုတော်မျိုးကြီး (ဓာတ်ပုံ – ငြိမ်းဇော် / ဧရာဝတီ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရောက်ရှိနေသည့် Iron Cross တေးဂီတဝိုင်းရဲ့ ပင်တိုင် အဆိုတော်တဦး ဖြစ်တဲ့ မျိုးကြီးကို ဧရာဝတီ သတင်းဌာနက ရန်ပိုင်နဲ့ မင်းကိုကိုတို့က တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး။    ။ ကိုမျိုးကြီး အခု လတ်တလော ဂီတနဲ့ပတ်သက်လို့ ဘာလှုပ်ရှားမှုတွေ လုပ်နေပါ သလဲ။ ဖြေ။    ။ Iron Cross နဲ့ “ပြောင်းလဲ ခြင်းများ”  ဆိုတဲ့  အခွေသစ်  လုပ်နေပါတယ်။ ကိုယ်ပိုင်သံစဉ်တွေ ချည်းပါပဲ။ မေး။    ။ ဒီစီးရီးသစ်က ဘယ်အချိန်လောက် ထွက်ဖြစ် မယ်မှန်းလဲ။ ဖြေ။    ။ မေလကုန် မထွက်ဖြစ်ရင် ဇွန် ပထမပတ်မှာ ထွက်ပါမယ်။ မေး။    ။ သီချင်းခွေ တခွေနဲ့ တခွေကြားမှာ ဘာကြောင့် အချိန်ကြာနေရတာလဲ။ ဖြေ။    ။ သီချင်းတွေ စိတ်ကြိုက် မရတာရယ်၊ IC ကလည်း ပွဲတွေ များနေတာရယ် ကြောင့်ပါ။ နောက် ခရီးထွက် တာလည်း များတယ်၊ ပွဲကတော့ တော်တော်များတယ် ပြောရမယ်၊ ဒီ ၂၀၁၅ မှာဆို ပိုများလာတယ်၊ နိုင်ငံခြား ခရီးစဉ်တွေလည်း များလာတယ်။ မေး။    ။ လက်ရှိ မြန်မာ့ဂီတလောကကိုရော ကိုမျိုးကြီး စိတ်ကျေနပ်မှု ရှိလား။ ဖြေ။    ။ နိုင်ငံတကာ အဆင့်တော့ မရောက်သေးပါဘူး၊ အများကြီးတော့ ကြိုးစားရဦးမှာပါ၊ ကျနော်တို့က အစ ကြိုးစားရဦးမှာပါ။ မေး။    ။ ကိုမျိုးကြီးက ဘာသာရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေပဲ ဆိုတော့မယ်လို့ ကြားတယ်၊ ဟုတ်ပါသလား။ ဖြေ။    ။ မဟုတ်ပါဘူး၊ သီချင်းတွေ ဆက်ဆိုနေဦးမှာပါ၊ အရက် ဘီယာကြော်ငြာတွေကိုသာ မရိုက်တော့တာ ပါ။ မေး။    ။ ဒီနေ့ခေတ်မှာ ဘာသာရေးနဲ့ လူမျိုးရေးနဲ့ ပတ် သက်ပြီး တဦးနဲ့တဦး အမုန်းတရားတွေ ပြောကြ ဆိုကြ ရေးကြ သားကြတာတွေကို ကိုမျိုးကြီးတို့လို ကျော်ကြားတဲ့ ဂီတသမား တယောက်အနေနဲ့ ဘယ်လိုများ ပြောချင်ပါ သလဲ။ ဖြေ။    ။ အားလုံးစိတ်လျှော့ကြပါလို့ပဲ ပြောချင်ပါတယ်။ မေး။    ။ ကိုမျိုးကြီးရဲ့ ပရိသတ်ကို ဘာများပြောချင်ပါ သေးလဲ။ ဖြေ။    ။ ဒီနေ့၊ ဒီအချိန်အထိ IC ကို အားပေးလာတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment