21-Apr-2017
ရန်ကုန်၊ ဧပြီ ၂၀
သံမဏီနှင်းဆီဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသားတစ်ဦးကို ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင်တွင် ဖမ်ဆီးနိုင်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
လူသတ်မှုအတွက် သံသယရှိသူ အမျိုးသားမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၅ လမ်းတွင် နေထိုင်သူဖြစ်ပြီး နိုင်ငံခြား သင်္ဘောလိုက်ရာမှ ပြန်လည် ရောက်ရှိလာသည်မှာ လပိုင်းသာ ရှိသေးကြောင်း ၎င်းတို့ထံမှ သိရသည်။
သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ အသတ်ခံရခြင်းမှာ လူမှုရေးကိစ္စကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ရကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“သူ့အမျိုးသမီးနဲ့ သေဆုံးသူ လူမှုရေးကိစ္စ ပတ်သက်နေတယ်လို့ ဘေးပတ်ဝန်းကျင်က သိရပြီး လူသတ်မှု ကျူးလွန်ခဲ့တာလို့ ကနဦး စစ်ဆေးချက်အရပဲ သိရသေးတယ်၊ အခိုင်အမာ သိရအောင် စစ်ဆေးနေဆဲပါ”ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်းရှိ သံမဏိနှင်းဆီ ဂျာနယ်ရုံးခန်းတွင် ဧပြီလ ၁၆ ရက်နေ့က အပုတ်နံ့ရသဖြင့် ဘေးချင်း ကပ်လျက်နေထိုင်သူ အသက် ၅၈ နှစ်အရွယ် အမျိုးသားက ယင်းဂျာနယ် အယ်ဒီတာချုပ်ကို ဖုန်းဆက် အကြောင်းကြားသဖြင့် လာရောက် စစ်ဆေးခဲ့ရာ ထုတ်ဝေသူ အသက် ၂၇ နှစ်အရွယ် ကိုဝေယံဟိန်းမှာ ထိုးသွင်းဒဏ်ရာ ၁၄ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ပုဇွန်တောင်မြို့မရဲစခန်းမှ သိရသည်။
ယင်းအသတ်ခံရသူ ကိုဝေယံဟိန်းမှာ လူပျိုတစ်ဦးဖြစ်ပြီး မိဘများနှင့်အတူ မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ အမှတ် (၄) ရပ်ကွက်တွင် မိဘများနှင့် အတူ နေထိုင်ကြောင်း၊ တစ်ခါတစ်ရံ ရုံးခန်းသို့ လာရောက် အိပ်လေ့ရှိပြီး မသေဆုံးမီ နှစ်ရက်ခန့်က မိဘများနှင့် ဖုန်းအဆက်အသွယ် ရရှိခဲ့ကြောင်း၊ ယင်း လူသတ်မှုနှင့် ပတ်သက်၍ ပုဇွန်တောင် မြို့မရဲစခန်းက (ပ) ၈၅/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရရှိနိုင်ရန် စုံစမ်း ရှာဖွေလျက်ရှိကြေင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။
The Voice
Thursday, 20 April 2017
သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ အသတ်ခံရမှု သံသယရှိသူကို ဖမ်းမိ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment