Friday, 28 April 2017

   

တချိန်က အားပေးခဲ့တဲ့ မမတွေ အန်တီ၊ဒေါ်ဒေါ်အရွယ်သို့ ပြောင်းလဲသွားကြပေမယ့် စိုင်းစိုင်းခမ်းလှိုင်ကတော့ နှစ်ကာလတွေရဲ့ အပြောင်းအလဲဟာ သူနဲ့မသက်ဆိုင်လှသလို ရုပ်ရည်ထူးထူးခြားခြားပြောင်းလဲသွားတာမရှိပဲ နုပျိုစွာဖြင့်ဆက်လက်ဖျော်ဖြေနေတုန်းပါပဲ။ သက္ကရာဇ်တွေရဲ့ အပြောင်းအရွှေ့ဟာ စိုင်းစိုင်းနဲ့သိပ်မသက်ဆိုင်လှသလိုပါပဲ။ ဒါပေမယ့် ဒီနှစ်သင်္ကြန်မှာ ဇရာဆိုတဲ့ သဘာဝက စိုင်းစိုင်းကို ရာဇသံပေးလိုက်ဟန်တူပါရဲ့။ TMF မှာ သင်္ကြန်ရေဆော့စဉ် အဆိုတော်မင်းသား စိုင်းစိုင်းခမ်းလှိုင် တစ်ယောက် ရေစိုတော့ မိတ်ကပ်ပျက် အလှပျက်သွားလို့ လှောင်ကြပြောင်ကြနဲ့ ပွဲဆူသွားခဲ့ပါတယ်။ “ဒီရုပ်ကြီးကိုချစ်နိုင်မှ ငါ့ဘဝထဲကိုဝင်လာခဲ့ပါ” မိတ်ကပ်နဲ့ နုပျိုအောင်ပြင်ဆင်ပြီး ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့စိုင်းစိုင်းတစ်ယောက်Application နဲ့ အိုမင်းအောင်လုပ်ပြီး ပရိသတ်ကို ထပ်မံဆွဲဆောင်ပြန်ပါပြီ။ စိုင်းစိုင်းပရိသတ်ကတော့ မည်သို့ပင်ဆိုစေ စိုင်းစိုင်းကိုဆက်လက်အားပေနေဦးမည်ဖြစ်ပါကြောင်း။

No comments:

Post a Comment