Tuesday, 15 May 2018
=======================
=======================
သွားတိုက်ဆေးအခွံမှာ ပါတဲ့ အရောင်တွေနဲ့ မှတ်သားထားတဲ့ လေးထောင့်ပုံသင်္ကေတလေးက အထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို ဖော်ပြနေတာမဟုတ်ပါဘူး။ သွားတိုက်ဆေးဝယ်ရင်း အခွံအောက်ခြေက အရောင်ပါတဲ့ သင်္ကေတလေးကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်။ ဒါက ဘာကိုရည်ညွှန်းလဲဆိုတာ သင်သိရင်တော့ အံသြသွားပါလိမ့်မယ်။
ဒီအရောင်ပါတဲ့ သင်္ကေတအမှတ်အသားလေးက အထဲမှာ ပါဝင်တဲ့အရာတွေကို ရည်ညွှန်းတယ်ဆိုပြီး လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီဟာလေးက အထဲမှာပါတဲ့အရာတွေ ဥပမာ – ဓာတုပစ္စည်း ၊ သဘာဝပစ္စည်း ၊ ဆေးဘက်ဆိုင်ရာ စသည်ဖြင့် ဖော်ပြနေတယ်လို့ ထင်နေကြတာပါ။ ဒီအချက်အလက်တွေက တကယ်တမ်းတော့ သိပ်ရှင်းလင်းမှုမရှိဘဲ အသုံးမဝင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝပစ္စည်းများသာ ပါသည်လို့ ပြထားပေမယ့် ဓာတုပစ္စည်းတွေလည်း ပါနေနိုင်ပါတယ်။ နောက်ပြီး ဆေးဘက်ဆိုင်ရာတွေ ပါဝင်တယ်ဆိုတာလည်း သိပ်ပြီး တိကျမှုမရှိပါဘူး။
ဟုတ်ပါတယ် ဒီအရောင်အမှတ်အသားလေးက အထဲမှာပါတဲ့အရာတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဒါလေးက ထုတ်လုပ်မှုဖြစ်စဉ်အတွက် လိုအပ်တဲ့ လေဆာနဲ့ဓါတ်မှန်ရိုက်ရာမှာ အသုံးချတဲ့ အမှတ်အသားတစ်ခု (eye mark , color mark) သာ ဖြစ်ပါတယ်။ ဒီလိုလေဆာနဲ့ဓါတ်မှန်ရိုက်ပြီး ထုတ်ပိုးမှုမှာ ဘယ်နေရာကို ဖြတ်မယ်၊ ဘယ်နေရာကို လိပ်မယ် ဆိုပြီး ဆုံးဖြတ်တဲ့အမှတ်အသားဖြစ်ပါတယ်။
အိုင်းမတ်ခ် (eye mark)
အိုင်းမတ်ခ်ဆိုတာ အင်တာနက်ကုန်ပစ္စည်းတွေမှာ အများစုတွေ့နိုင်တဲ့ စတုဂံပုံစံရိုက်နှိပ်ထားတဲ့ အမှတ်အသားကို စစ်ဆေးနိုင်မယ့် လျှပ်စစ်အာရုံခံအရာဖြစ်ပါတယ်။ ဒီအမှတ်အသားလေးက ထုတ်ကုန်တစ်ခုချင်းစီအတွက် ဘယ်နေရာကို ဖြတ်ရမယ်ဆိုတာ သတ်မှတ်ပေးပါတယ်။
အရောင်ပါတဲ့သင်္ကေတအမှတ်အသားလေးကတော့ အိုင်းမတ်ခ်လို (နောက်ဆုံးထုတ်ပိုးမှုအဆင့်ထိပါဖို့) မဟုတ်ပါဘူး။ အရောင်အမျိုးမျိုးပါဝင်နေတာက အမျိုးမျိုးသောထုတ်ပိုးမှုစနစ်နဲ့ အာရုံခံစက်များအတွက်ပဲ ဖြစ်ပါတယ်။
သွားတိုက်ဆေးတစ်ခုထဲ ဘာတွေပါလဲသိဖို့ကတော့ ဗူးပေါ်မှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်ရှုခြင်းပါပဲ။
အရောင်တွေကတော့ အင်တာနက်မှာ ပျံ့နှံ့နေပြီး ဒီအရောင်နဲ့အမှတ်အသားကို ဘယ်လိုရှာရမယ်၊ ဘယ်လိုအဓိပ္ပါယ်ဖော်ရမယ်ဆိုတဲ့ သတင်းအချက်လက်တွေကို မှားယွင်းစွာမျှဝေနေပါတယ်။ ဒါတွေက အများအားဖြင့် မမှန်ကန်ပါဘူး။
မှားယွင်းတဲ့အချက်အလက်များ
အပြာရောင် – သဘာဝ + ဆေး
အစိမ်းရောင် – သဘာဝ
အနီရောင် – သဘာဝ + ဓာတုပစ္စည်း
အမဲရောင် – ဓာတုပစ္စည်း
အမှန်တော့ အရောင်အမှတ်အသားတွေနဲ့ ပါဝင်ပစ္စည်းတွေက ဆက်စပ်မှု မရှိပါဘူး။ ဒါက ထုတ်လုပ်မှုအပိုင်းမှာ သုံးတဲ့အမှတ်အသားတွေ ဖြစ်ပါတယ်။ ဘယ်နေရာကို ဘယ်လိုဖြတ်မယ်။ ဘယ်လိုလိပ်မယ်။ လေလုံအောင်ဘယ်လိုလိပ်မယ်။ စသည်ဖြင့် သိရှိနိုင်တဲ့ အမှတ်အသားသာဖြစ်ပါတယ်။
သွားတိုက်ဆေးထဲမှာပါတဲ့ အရာတွေကို သိထားဖို့ အရေးကြီးပါတယ်။ ဒါကို သိဖို့အတွက် ဘူးခွံပေါ်မှာရေးထားတဲ့ ပါဝင်ပစ္စည်းများဆိုတဲ့နေရာကို ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်။
ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
Credit : Hellosayarwon
==============
Morning News
==================
==================
မူဆယ်တိုက်ခိုက်ခံရမှု ကြောင့် သေဆုံးသူ တရုတ်နိုင်ငံ သား သုံးဦး ရုပ်အလောင်းကို မီးရှို့သင်္ဂြိုဟ်ပြီးနောက် အရိုးပြာကို တရုတ်နိုင်ငံဘက်သို့ မေလ ၁၄ ရက်က လွှဲပြောင်းပေးခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ရဲကင်းစခန်း နှင့် ပြည်သူ့စစ်များကို တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) က ၀င်ရောက်တိုက်ခိုက်ရာ သေဆုံး သူ ၂၀ ဦးအနက် သုံးဦးသည် တရုတ်နိုင်ငံသားများ ဖြစ်သည်။
‘‘မနေ့က မီးရှို့သင်္ဂြိုဟ်ပြီး အရိုးပြာ သုံးအိုးလုပ်ပြီး ဒီနေ့ပဲ လွှဲလိုက်တယ်။ သေဆုံးသူတွေက တရုတ်ဘက်ကနေလာပြီး ဒီဘက် မှာ ကားမောင်းနေသူတွေလို့ သိရ တယ်’’ဟု မူဆယ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး အေးမြင့်က ပြော ကြားသည်။
တရုတ်နိုင်ငံသားများဖြစ် သည့် အသက် (၂၈) နှစ်နှင့် (၂၉) နှစ်အရွယ် အမျိုးသား နှစ်ဦး၊ (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အရိုးပြာ သုံးအိုးကို တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့နှင့် သေဆုံးသူများ၏ မိသားစုဝင်များက လက်ခံခဲ့သည်။
သေဆုံးမှုတွင် ပါဝင်သောရဲအုပ် ဇော်ရဲနိုင်၏ နာရေးကို မူဆယ်မြို့မသုသာန်၌ မေလ ၁၃ ရက်တွင်ပြုလုပ်ခဲ့ပြီး ယင်းနာရေးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ်တပ်ဖွဲ့မှူးက ဦးဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အရပ်သားအချို့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပါအ၀င် ဒဏ်ရာရသူ ၂၆ ဦးသည် မူဆယ်နှင့် မန္တလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။
===========
7Day News Journal
http://7daydaily.com/story/126579
အချစ်စစ်နဲ့ ချစ်မိသွားတဲ့အခါ ဘာတွေကြုံရမလဲ
==================
==================
သူနဲ့ မခေါ်မပြောဘဲ နေနေရတဲ့ နာကျင်မှုက သူ့ကိုစိတ်ဆိုးရတာထက် ပိုခါးသီးလို့ မခွင့်လွှတ်နိုင်ဘူးဆိုတဲ့ စကားက သူ့ကို တစ်သက်လုံး ပြောဖြစ်မှာ မဟုတ်တဲ့စကားပါ
လက်ထပ်ဖို့ မစဉ်းစားခင် ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းက သူ့ကို တကယ်ချစ်တာ သေချာပြီလားဆိုတဲ့ မေးခွန်းပါ။ ဘဝတစ်ခုက အမြဲတစေ အဆင်ပြေ ချောမွေ့မနေနိုင်ပါဘူး။ ဘဝနှစ်ခုပေါင်းစပ်တဲ့အခါမှာလည်း ပိုများတဲ့ အဆင်မပြေမှုတွေ ၊ အခက်အခဲတွေကို တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် လောကဓံကို ကျော်ဖြတ်တဲ့အခါမှာတော့ အချစ်စစ်က အကောင်းဆုံး အင်အားဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရင်ထဲက အချစ်ကတကယ်စစ်ရဲ့လား ကိုယ်ရထားတဲ့ အချစ်တွေကရော အစစ်ဆိုတာသေချာပြီလားလို့ ဆန်းစစ်ပြီး မှ လက်ထပ်ဖို့ ဆုံးဖြတ်သင့်တာပေါ့။ ဘဝအတွက် အမှန်ကန်ဆုံး ချမိတဲ့ ဆုံးဖြတ်ချက်က လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဂုဏ်ယူလို့ရအောင် အချစ်စစ်ဆိုတာ ဘယ်လိုမျိုးများလဲလို့ Marry နဲ့ အတူတူ ရှာဖွေကြည့်ရအောင်လား ။
အချစ်စစ်ဆိုတာ
တကယ်တော့ အချစ်စစ်ဆိုတဲ့ အရာဟာ အဓိပ္ပါယ်ဖွင့်ဆိုရတာ သိပ်ကိုချိုမြိန်လွန်းပေမယ့် ရှာဖွေတွေ့ရှိဖို့ကတော့ ခက်ခဲလွန်းပါတယ်။ အချစ်ချစ်နဲ့ ချစ်ရမယ့် သူမျိုးကိုလည်း တစ်သက်မှာ တစ်ဦးတစ်ယောက်ထက် ပိုပြီး တွေ့ဖို့ မလွယ်ကူနိုင်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ အချစ်စစ်ကို တွေ့တဲ့အချိန်မှာ ကိုယ်ဟာ အချစ်စစ်ကို တွေ့နေမှန်း သေသေချာချာ သိဖို့လိုပါတယ်။ ဒီတော့ အချစ်တွေကို ဘယ်လို ခြေရာကောက်ကြမလဲ။ မပူပါနဲ့ လူတိုင်းဟာ အချစ်နဲ့တွေ့တဲ့အခါမှာ အလိုလို ပြောင်းလဲသွားတာမျိုးတွေရှိပါတယ်။ ဒီတော့ အချစ်စစ်နဲ့ တွေ့ချိန်မှာ ဘယ်လို ပြောင်းလဲမှုတွေ ကြုံရမလဲဆိုတာ Marry က ပြောပြပေးပါမယ်။
မျှော်လင့်ချက်မပါတဲ့ ပေးဆပ်မှုတွေ
သူ့အတွက် ဂရုစိုက်ပေးနေတာ၊ နားလည်မှုပေးနေတာ၊ ဖြည့်ဆည်းပေးနေမိတာတွေက သူ့ဆီက တစ်စုံတစ်ရာပြန်ရပါစေတော့ ဆိုတဲ့ မျှော်လင့်ချက်မပါဘူးဆိုရင် ဒါဟာ အချစ်စစ်ဆိုတာ သေချာပါတယ်။ သူ့ကို အဲ့လို ပေးဆပ်ပေးဖို့ အထူးတလည် စဉ်းစားမိတာ၊ လုပ်ယူထားတာမျိုး မဟုတ်ဘဲ အလိုအလျောက် ပြုမှုမိနေတာမျိုးပါ။
သန့်ရှင်းတဲ့ ပျော်ရွှင်မှုတွေ
တစ်စုံတစ်ခုကို ပိုင်ဆိုင်လိုက်ရမှ၊ စိတ်ကျေနပ်မှု တစ်စုံတစ်ရာရလိုက်မှ ပျော်ရွှင်မှုကို ခံစားရတာ မဟုတ်ဘဲ ကိုယ်ချစ်ရတဲ့သူ ပျော်နေ၊ ပြုံးနေ၊ ရယ်နေ၊ စိတ်ကျေနပ်နေတာကို မြင်လိုက်ရရုံနဲ့ ကိုယ်ကပါ အလိုလိုပျော်ရွှင်လာတာမျိုးဆိုရင် ရင်ထဲမှာ အချစ်စစ်တွေ ကိန်းအောင်းနေတာ သေချာနေပါပြီ။
အချိန်ကြာကြာ စိတ်ဆိုးဒေါသထွက်လို့ မရတာတွေ
သူ့လုပ်ရပ် အပြုအမူတွေကို သင်အရမ်း စိတ်ဆိုးနာကျင်ခဲ့ရင်တောင်မှ အဲ့ဒါက အချိန်ခဏတာပဲတဲ့။ သူနဲ့ မခေါ်မပြောဘဲ နေနေရတဲ့ နာကျင်မှုက သူ့ကိုစိတ်ဆိုးရတာထက် ပိုခါးသီးလို့ မခေါ်မပြောဘဲလည်း ကြာကြာမနေနိုင်ကြပါဘူးတဲ့။ မခွင့်လွှတ်နိုင်ဘူးဆိုတဲ့ စကားက သူ့ကို တစ်သက်လုံး ပြောဖြစ်မှာ မဟုတ်တဲ့စကားပါ။
===========
Nway Nway Aung
Marry
Thursday, 26 April 2018
၇ရက်သားသမီးဟောစာတမ်း
26.4.2018 မှ 02.5.2018 အထိ တစ်ပတ်စာ
၇ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
ဒီကာလဟာ ဇာတာရှင်အတွက်အလုပ်စီးပွားအတွက် plan ချထားတဲ့ အစီအစဉ်ရှိရင် အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ လုပ်ငန်းများထပ်မံတိုးချဲ့နိုင်ပါလိမ့်မယ်။ အမြတ်အစွန်းများစွာရရှိမဲ့ကာလပါ။ အလုပ်ရဖို့ ကြန့်ကြာနေသူများ ဒီကာလအတွင်း
အလုပ်ဝင်နိုင်ပါပြီ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အားပေးထောက်ခံမှုကြောင့် အရေးကြီးတဲ့ လုပ်ငန်းကဏ္ဍ
များတွင် တာဝန်ပေးခြင်းခံရတတ်ပါတယ်။ကျန်းမာရေး ကောင်းနေမဲ့အချိန်ပါပဲ။ ဝမ်းချုပ် လေချုပ်ဖြစ်လွယ်တဲ့ အချိန်ပါ။ အားနည်းတာကတော့ အိမ်တွင်းရေးအိမ်ထောင်ရေးပါပဲ။ မိသားစုအတွင်းရေးကိစ္စတွေကြောင့် သောကရောက်ရလိမ့်မယ်။ အချစ်ရေးကတော့ မိမိကိုယ်တိုင်ကအချစ်ရေးအတွက် အချိန်မပေးနိုင်ဖြစ်ရပါလိမ့်မယ်။ ပညာရေးအလွန်ကောင်းမည်။ သူငယ်ချင်းတွေနဲ့ ပညာရပ်တွေတိုင်ပင်နှီးနှောသင့်တဲ့ကာလပါပဲ။
အကျိုးပေးဂဏန်း ၁/၅/၉
အထူးဟော တိုးတတ်အောင်မြင်မည်
ယတြာ ကျန်းမာရေးအားနည်းသူကို ဓာတ်စာဝယ်ပေးလိုက်ပါ။
တနင်္လာ
ဒီကာလအတွင်း တနင်္လာသားသမီးတွေကတော့ အလုပ်ပို ကိစ္စပိုတွေကြုံရတတ်ပါတယ်။ နီးစပ်သူတွေရဲ့ သာရေးနာရေး ကိစ္စတွေမှာ ပါဝင်ကူညီပေးရတာမျိုးတွေလဲ ကြုံရမှာပါ။ ငွေကံကလဲ ဝင်သလောက်မလောက်ပါ။ ကုန်စရာတွေပေါ်လာတတ်တယ်။ မိမိဆီ ငွေကြေးချေးငှားမဲ့ သူတွေလဲရောက်လာတတ်ပါတယ်။ မိမိကိုယ်ရေးကိုယ်တာထက် အများဝန်ထမ်းရတာနဲ့ပဲ ဒီအပတ်အချိန်ကုန်နေမှာပါ။ ကျန်းမာရေးကတော့ အနည်းငယ် သက်သာရာရပြီလို့ ပြောလို့ရပါပြီ။ ကျန်းမာရေးအားကောင်းလာ
တတ်ပါတယ်။ ဒီကာလအတွင်း စပ်တူဘာမှမလုပ်နဲ့ ။ အာမခံတာမျိုးမလုပ်ပါနဲ့။ အချစ်ရေးကံကတော့
အကောင်းအဆိုးမျှနေဆဲပါပဲ။ ပညာရေးမှာတော့ ဂရုစိုက်ရင် အရမ်းကြိုးစားနေပြီး လှည့်မကြည့်ရင်တော့ လုံးဝမေ့မိတဲ့အချိန်ပါပဲ။
အကျိုးပေးဂဏန်း ၀/၄/၈
အထူးဟော အလုပ်များနေမည်။
ယတြာ ငွေ၂၀၀ကျပ်ခန့် ပံ့သကူပစ်ပါ။
အင်္ဂါ
စိတ်ထိခိုက်ကြေကွဲစရာများ ၊ လွမ်းဆွတ်တမ်းတစရာများ ကြုံရတွေ့ရမည်။ ခံစားလွယ်တဲ့သူတွေအတွက် စားမဝင်အိပ်မပျော်ဖြစ်ရတတ်ပါတယ်။ စက်ပစ္စည်းအတွက်စိတ်ညစ်ရတတ်ပါတယ်။ စက်ပစ္စည်းအသစ်တွေကိုတော့ မဝယ်ပါနဲ့အုံး။ လက်ဝယ်ရှိတဲ့ စက်ပစ္စည်းတွေတောင်မှခဏခဏခြူ ခြာတတ်ပါတယ်။ အလုပ်ကိစ္စတွေကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တွဲဖက်လုပ်ကိုင်သူတွေ အလုပ်ပေါ်အလေးမထားခြင်းကြောင့် စိတ်ညစ်စိတ်ပျက်ရပါလိမ့်မယ်။ ကျန်းမာရေးအတွက်တော့ အနည်းငယ်ဂရုစိုက်ပါ။ ရေချိုးမှားတတ်တယ်။ အပူရှပ်တာမျိုးဖြစ်လိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူကမိမိကို ဂရုမစိုက်မိတာမျိုးဖြစ်ပါလိမ့်မယ်။ ပညာရေးမှာ တွက်စာပိုင်းအားနည်းနေတာမျိုးတွေ့ရကြောင်းပါဗျာ။
အကျိုးပေးဂဏန်း ၆/၉/၅
အထူးဟော စိတ်ပူပန်ရတတ်ပါတယ်။
ယတြာ ရဟန်းတစ်ပါးကို ယပ်လှူ ပါ
ဗုဒ္ဓဟူး
အသင်းအဖွဲ့လိုက်ပေါင်းစည်းလုပ်ကိုင်ခြင်းဖြင့် တိုးတတ်မှုတွေရရှိပါလိမ့်မယ်။ အဘက်ဘက်က ကံကောင်းနေပါလိမ့်မယ်။ လက်ဆောင်တွေရလာတတ်ပါတယ်။ ဆက်သွယ်ရေးနဲ့ ပက်သက်သောပစ္စည်းများ လက်ဆောင်ရနိုင်ပါတယ်။ သားသမီးအကျိုးအထူးခံစားရမဲ့အချိန်ပါပဲ။ သားသမီးကြောင့်မိမိဂုဏ်တတ်ပါလိမ့်မယ်။ အလုပ်တွေလဲကောင်းပါလိမ့်မယ်။ ဖောက်သည်တွေတိုးပွားလာမဲ့ အချိန်ပါပဲ။
မိမိရဲ့ဆိုင်ကို စွဲဆောင်မှုရှိတဲ့ ပုံစံမျိုး ပြောင်းသင့်တဲ့အချိန်ပါပဲ။ ကျန်းမာရေးအထူးကောင်းပါတယ်။ အနာနဲ့ဆေးတည့်ပြီး ဝေဒနာသက်သာပါလိမ့်မယ်။
အချစ်ရေးမှာတော့ ချစ်သူ(သို့)အိမ်ထောင်ဘက်ရဲ့
အကြံပေးမှုတွေက မိမိအတွက် အကျိုးရှိပါလိမ့်မယ်။ ပညာရေးပြောစရာမလိုအောင်ကောင်းပါတယ်
အကျိုးပေးဂဏန်း ၆/၄/၉
အထူးဟော ကံမြင့်မားနေပါတယ်။
ယတြာ အလှူ အသေးလေးတစ်ခုလုပ်ပါ
ကြာသပတေး
စိတ်ကူးထားလေးတွေ ပြည့်မြောက်မဲ့ကာလပါပဲ။ အတွေးအခေါ်တွေ စိတ်ကူးတွေကောင်းနေတတ်ပါတယ်။ မိမိရည်ရွယ်ထားတဲ့ ကိစ္စလေးဒီကာလပြည့်ဝနိုင်ပါတယ်။ ချဲ့ထွင်ထားသောလုပ်ငန်းများမှအကျိုးအမြတ်ရမည်။ ငွေအထူးဝင်တတ်ပါတယ်။ ဘာသာရေး အမြဲလုပ်သူဆိုထီထိုးသင့်တဲ့ကာလပါပဲ။ မြုပ်နေတဲ့ ငွေကြေးတွေပြန်ပေါ်လာပါလိမ့်မယ်။
ကျန်းမာရေးအတွက်လဲစိတ်မပူပါနဲ့ ။ခရီးရှည်ထွက်ရတာမျိုးကြုံရင်တော့ ခရီးကပြန်လာရင်ကျန်းမာရေးအားနည်းသွားတတ်ပါတယ်။ အိမ်ထောင်ရေးမှာ တစိမ်းတစ်ရံလိင်မတူသူတွေနဲ့ အနေအထိုင်ဆင်ခြင်ပါ။ အချစ်ရေးအထူးကောင်းပါတယ်။စန်းလဲပွင့်နေပါလိမ့်မယ်။ ပညာရေးကတော့ အတိုင်းထက်အလွန်ကောင်းနေပါတယ်ဗျ
အကျိုးပေးဂဏန်း ၅/၁/၆
အထူးဟော စိတ်ပျော်ရွှင်ရမည်
ယတြာ တရားစာအုပ်လှူပါ
သောကြာ
ခရီးတို ခရီးရှည်တွေသွားရဖို့စီစဉ်ထားရင်းပျက်သွား ရတတ်ပါတယ်။ ကုန်သည်များ အရှုံးပြနေမဲ့ ကာလပါပဲ။ လုပ်စရာရှိတဲ့ကိစ္စတွေကို စဉ်းစားချင့်ချိန်ပြီးမှလုပ်ပေးပါ။ ငွေကုန်စရာတွေများနေတတ်ပါတယ်။ ရ့ပ်ဝေးမှ ဒုက္ခပေးမဲ့သူတွေရောက်လာတတ်ပါတယ်။ မိမိနဲ့ မတည့်တဲ့ အစားအစာတွေ မစားမိအောင်နေသင့်တဲ့ကာလပါ။ စိတ်အလိုမလိုက်ပါနဲ့။
ဇိမ်ယူပြီးနေထိုင်စားသောက်ခြင်းက မိမိကိုကံနိမ့်စေပါတယ်။ အိပ်ရာစောစောထပါ။ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားများရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းနေပါတယ်။ သွေးအားနည်းခြင်းတော့ သတိပြုပါ။အချစ်ရေးမှာတော့ ချစ်သူကမိမိကိုဂရုမစိုက်တာမျိုး ကြုံရလိမ့်မယ်။ ပညာရေးကံသင့်ပါတယ်။ မိမိကအားထည့်ကြိုးစားပေါ့ဗျာ။
အကျိုးပေးဂဏန်း ၃/၄/၅
အထူးဟော ကံညံ့နေမည်
ယတြာ ထီလက်မှတ်လက်ဆောင်ပေးလိုက်ပါ
စနေ
မိမိဖြစ်ချင်တာတွေ တဖြည်းဖြည်းဖြစ်လာပါလိမ့်မယ်။ စိတ်ရှည်ရလိမ့်မယ်။ချက်ချင်းတော့ အောင်မြင်ဦးမည်မဟုတ်ပါ။ မိမိပြောသမျှဖြစ်လိမ့်မည်။ ဒါပေမဲ့အချိန်ပေးရပါလိမ့်မည်။ မိသားစုအတွင်း စိတ်ဝမ်းကွဲစရာတွေပေါ်လိမ့်မယ်။ အမှုအခင်းကိစ္စတွေ ပြဿ
နာတွေ ရင်ဆိုင်ဖြေရှင်းရလိမ့်မည်။ ကံကတော့ သင့်ပါတယ်။ အလုပ်စီးပွားလဲကောင်းတယ်။ အလုပ်သစ် စီးပွားသစ်များစတင်လုပ်ကိုင်ရတတ်ပါတယ်။
တရားစာများရွတ်ဖတ်ခြင်းက မိမိရဲ့ကံကို မြင့်မားစေမဲ့ကာလပါပဲ။ ကျန်းမာရေးကတော့ အညံ့နည်းပါတယ်။ သွေးတိုးရောဂါ ကျောက်ကပ်ရောဂါရှိရင်သတိပြုပါ။ အချစ်ရေးအလွန်ပဲ ကောင်းပါလိမ့်မယ်။ နားလည်မှုရှိတဲ့ချစ်သူကြောင့် စိတ်ချမ်းမြေ့ရမည်။
ပညာရေးကတော့ အရမ်းကောင်းပါတယ်။ ရှု့ထောင့်အသစ်ကနေ တွေးနိုင်မြင်နိုင်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၇/၀/၎
အထူးဟော ကံညံ့နေမည်
ယတြာ တရားအလုပ် အားထုတ်ကြိုးစားပါ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)
Ganabia
Wednesday, 4 April 2018
Friday, 30 March 2018
“ကျွန်မကို ကလေး ရအောင်လုပ်ပေးရင် ရှင့်ကို ငါးရာပေးမယ်..”
“ရှင့်မှာ ပျော်စရာတွေရှိတယ်။ ဒီ့အတွက် ကျွန်မ ယူရို ငါးရာပေးမယ်။ ကျွန်မကိုကလေး ရအောင်လုပ်ပေး” ဆိုတဲ့ စာသားအချို့ကို ရိုမေးနီးယားက အင်တာနက်အသုံးပြုသူ အမျိုးသမီးတစ်ဦးက ရေးသားတင်ထားတာကို ကမ္ဘာတစ်ဦးလုံးက အင်တာနက်အသုံး ပြုသူအမျိုးသားတွေအကြား စိတ်ဝင်တစားရှိနေကြပါတယ်။
“ ချစ်ရေးချစ်ရာအတွက် ငယ်ရွယ်နုပျိုပြီး အတွေ့အကြုံမရင့်ကျက်သေးတဲ့ ကောင်လေး တွေနဲ့ သမီးရည်းစားမဖြစ်ချင်တော့ပါဘူး။ အဲ့ဒီ သမီးရည်းစားဘဝတွေလည်း ငြီးငွေ့ နေပါပြီ။ အခုချိန်မှာ လိုတာက ကျွန်မအတွက် ပျော်စရာဖန်တီးပေးနိုင်မယ့် ကလေး လေးကို ကိုယ်ဝန်ဆောင်စေနိုင်မယ့် ယောင်္ကျားတစ်ဦးကိုပဲ လိုချင်ပါတယ်။
သူ့ကို ကျွန်မ ခနအငှားခေါ်ထားချင်ပါတယ်။ ယူရို ငါးရာနဲ့ပေါ့” စသဖြင့် ရေးသားထားပြီး အဲ့ဒီ စာသားတွေရဲ့ အောက်မှာ စိတ်ဝင်တစားရှိကြတဲ့ အမျိုးသားတွေက ထင်ကြေးအမျိုး မျိုးပေး မေးမြန်းကြတာမျိုးတွေရှိပါတယ်။ဒါ့အပြင် သူမရဲ့ ဖိတ်ခေါ်ကမ်းလှမ်းမှုကို စိတ်ဝင်စားကြတဲ့ အမျိုးသားတွေကိုလည်း သူမကိုယ်တိုင်က သန္ဓေအောင်မအောင် စစ်ဆေးပြီးမှ ငှားရမ်းယူမယ်လို့လည်းစည်း ကမ်းဖော်ပြရေးသားထားတာကို တွေ့ရပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Subscribe to:
Posts (Atom)














