Tuesday, 15 May 2018
==================
==================
မူဆယ်တိုက်ခိုက်ခံရမှု ကြောင့် သေဆုံးသူ တရုတ်နိုင်ငံ သား သုံးဦး ရုပ်အလောင်းကို မီးရှို့သင်္ဂြိုဟ်ပြီးနောက် အရိုးပြာကို တရုတ်နိုင်ငံဘက်သို့ မေလ ၁၄ ရက်က လွှဲပြောင်းပေးခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ရဲကင်းစခန်း နှင့် ပြည်သူ့စစ်များကို တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) က ၀င်ရောက်တိုက်ခိုက်ရာ သေဆုံး သူ ၂၀ ဦးအနက် သုံးဦးသည် တရုတ်နိုင်ငံသားများ ဖြစ်သည်။
‘‘မနေ့က မီးရှို့သင်္ဂြိုဟ်ပြီး အရိုးပြာ သုံးအိုးလုပ်ပြီး ဒီနေ့ပဲ လွှဲလိုက်တယ်။ သေဆုံးသူတွေက တရုတ်ဘက်ကနေလာပြီး ဒီဘက် မှာ ကားမောင်းနေသူတွေလို့ သိရ တယ်’’ဟု မူဆယ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး အေးမြင့်က ပြော ကြားသည်။
တရုတ်နိုင်ငံသားများဖြစ် သည့် အသက် (၂၈) နှစ်နှင့် (၂၉) နှစ်အရွယ် အမျိုးသား နှစ်ဦး၊ (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အရိုးပြာ သုံးအိုးကို တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့နှင့် သေဆုံးသူများ၏ မိသားစုဝင်များက လက်ခံခဲ့သည်။
သေဆုံးမှုတွင် ပါဝင်သောရဲအုပ် ဇော်ရဲနိုင်၏ နာရေးကို မူဆယ်မြို့မသုသာန်၌ မေလ ၁၃ ရက်တွင်ပြုလုပ်ခဲ့ပြီး ယင်းနာရေးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ်တပ်ဖွဲ့မှူးက ဦးဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အရပ်သားအချို့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပါအ၀င် ဒဏ်ရာရသူ ၂၆ ဦးသည် မူဆယ်နှင့် မန္တလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။
===========
7Day News Journal
http://7daydaily.com/story/126579
Subscribe to:
Post Comments (Atom)

No comments:
Post a Comment