Thursday, 17 May 2018

  

================== ================== လူတိုင်းမှာတော့ ခပ်ညစ်ညစ် အလေ့ကျင့်လေးတွေရှိပါတယ်။ ဒါပေမယ့် ယောကျာ်းလေးနဲ့မိန်းကလေး တို့ကို အမြင်အတူမပေးနိုင်တဲ့ပတ်ဝန်ကျင်မှာ ရှင်သန်ရတဲ့ အမျိုးသားတစ်ယောက် ခပ်ညစ်ညစ်အလေ့ကျင့်တစ်ခုကို ပတ်ဝန်ကျင်မှာ ထုတ်ပြောဖို့အိုကေပေမယ့် မိန်းကလေးတွေအတွက် ကျ နည်းနည်း ရှက်ဖို့ကောင်းနေတတ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေလဲ တစ်ခါတစ်လေ ညစ်ကျယ်ကျယ် အလေ့ထလေးတွေကို ထုတ်ပြောဖို့အဆင်ပြေပါတယ်။ အဲ့လိုအလေ့ထလေးတွေမှာ ကောင်းကျိုးလေးတွေ ရှိနေတတ်တာကို ဖော်ပြပေးချင်တာမို့ ကိုယ့်ကိုကိုယ် အပြစ်ရှိနေတယ်လို့ခံစားစရာမလိုတော့ပါဘူး။ အက်မင် တို့ပြောနေတဲ့ ညစ်ကျယ်ကျယ်အလေ့ထလေးဆိုတာကတော့ ရေချိုးနေစဉ် အပေါ့သွားခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ ယောကျာ်လေးမို့ လုပ်ရမယ်၊ မိန်းကလေးမို့ မလုပ်သင့်ဘူးတွေ မရှိတော့ပါဘူးနော်။ ရေချိုးနေစဉ်အပေါ့သွားခြင်း ဟာ တကယ်ကောင်းတဲ့အချက်တွေရှိနေတာမို့ နောက်တစ်ကိုယ် ရေချိုးနေတုန်းသွားချင်ရင် Just Let it go, Let it flow ပါနော်။ ၁- ရေကုန်သက်သာ သင်သိပါသလား အပေါ့သွားခြင်းကလဲရေသုံးရတယ်ဆိုတာ။ ပုံမှန် အလေးသွားခြင်းအပြင် အပေါ့သွားတဲ့အခါ လဲ သန့်စင်ခန်းထဲက ရေ ၁ ဂါလန်ခွဲနဲ့ ၃ ဂါလန် အထိသုံးပေးရပါတယ်။ ရေအတွက် ဘေလ် ကုန်စရာမလိုတဲ့ မြို့တွေမှာ မသိသာပေမယ့် တစ်လတစ်ခါ ရေဖိုးကုန်နေတဲ့ မြို့တွေမှာ တော့ ရေဖိုးကသိသာပါတယ်။ ဒါကြောင့် ရေချိုးရင်း အပေါ့သွားလိုက်တဲ့အခါ ကိုယ်သုံးတဲ့ ဆပ်ပြာနဲ့ ရေပမဏအများက အားလုံးကိုတစ်ခါတည်း သန့်စင်ပေးပြီးသားဖြစ်စေမှာပါ။ ဒါ့အပြင် ရေချိုးရင်းအပေါ့သွားလိုက်တဲ့အခါ တစ်ရူးသုံးစရာလဲမလိုတော့ပါဘူး။ ဒါဆို ပတ်ဝန်ကျင်ကိုလဲ ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ၂- အသားပိုပျောက်ကင်း ထူးတော့ထူးဆန်းတယ်။ ဒါပေမယ့် ဒါကတကယ်ပါ။ သုတေသနပြုသူတွေ လေ့လာတွေ့ရှိချက်အရ ဆီးမှာ အသားပို၊ အသားပေါ်မှာ တွေ့ရတတ်တဲ့ မို တစ်မျိုးကို ပျောက်ကင်းစေတဲ့ အက်စစ် နဲ့ အမိုးနီးယားပါဝင်ပါတယ်။ ဒါကြောင့် ရုတ်တရက်ခြေထောက်ပေါ်ကနေ အပေါ့သွားမိတဲ့အခါ ကိုယ့်ကိုကိုယ် စိတ်မပျက်ပါနဲ့လို့။ ဒါက အခြေခံ spa လုပ်တဲ့ treatment တစ်ခုပါလို့။ ၃- လူတိုင်းနီးပါးဖြစ် Galmour မဂ္ဂဇင်းရဲ့ poll (မဲခွဲရေတွက်ခြင်း) မှာ ကမ္ဘာကျော်အနုပညာရှင်တွေ အပါဝင် မိန်းကလေးတွေရဲ့ ၇၅ ရာခိုင်နူန်းကနေ ၈၀ ရာခိုင်နူန်း ဟာ ရေချိုးခန်းထဲမှာ အပေါ့သွားတတ်ကြပါတယ်။ ဒါကြောင့် ကောင်းကျိုးတွေလဲရှိနေတာမို့ ဒီထက်ပိုပြီးရှက်နေစရာမလိုတော့ပါဘူး။ From MM =========== Minglarbar Morning

No comments:

Post a Comment