Tuesday, 15 May 2018

 fb 

စိတ်မကောင်းပါဘူးဒေါက်တာရေ fb ဆိုတာကအဲ့လိုမျိးလေ အားလုံးကိုရိုသေလေးစား တန်ဖိုးထားပါတယ်ခင်ဗျာ ကျွန်တော့်အိမ်မှာရွေ့ ပြောင်းနေတဲ့ ရှေးဟောင်ဘီဒိုကြီးနဲ့ပတ်သက်ပြီး ခင်မင်လေးစားရတဲ့မိတ်ဆွေများ၏ အကြံဥာဏ်များကိုရလိုချင်တဲ့အတွက် အရင်ကလည်းpostတွေရေးပြီး အကူညီတောင်းခံခဲ့ဘူးတာကို ကျွန်တော့်ရဲ့frien
dများသိပါလိမ့်မယ် (13.5.2018)ကမ္ဘာ့အမေများနေ့မှာ ကျွန်တော် ဘာသာရေး စီးပွားရေး လူမှုရေးနှင့်ပါတ်သက်တာများကို နေ့လည်1:55မှာLiveလွှင့်ကာ မိတ်ဆွေများနှင့်ပြောပြဆွေးနွေးပြီး အဲ့ဒီနေ့ည(6:30)ခန့်မှာပဲ ကျွန်တော့်အိမ်ကဘီဒိုကြီး၏ ထူးခြားဖြစ်စဉ်များကိုထပ်မှန်ပြီး Liveလွှင့်လိုက်ပါတယ် ကျွန်တော့်ကိုဘီဒိုကြီးနဲ့ပါတ်သက်ပြီး အားပေးအကြံဥာဏ်ပေးကြတဲ့ commentများ ကျွန်တော်အားလိမ်းညာနေပါတယ်ဟု ဝိုင်းဆဲနေကြတဲ့commentများကို မဖြေရှင်းတော့ပါဘူးမဖြေတော့ပါဘူး စေတနာဖြင့်အကြံဥာဏ်ပေးသူများကို မလေးစားလို့စာမပြန်တာမဟုတ်ပါဘူး ကျွန်တော်စိတ်မကောင်းဖြစ်နေရလို့ပါ လိမ်တယ်ဆိုပြီးဝိုင်းဆဲနေကြသူများ ကျွန်တော့်ကိုယ်ကြိုက်သလိုပြောပါ ကြိုက်သလိုဆဲကြပါခင်ဗျာ ကျွန်တော်ကိုးကွယ်ဆည်းကပ်နေတဲ့ ရတနာသုံးပါကိုမဆော်ကားပါနဲ့ ကျွန်တော်တန်ဖိုးထားလေးစားတဲ့ မိဘနှစ်ပါးကိုမဆဲကြပါနဲ့ ရတနာမြတ်သုံးပါနှင့် မိဘဆရာသမားများကို ဆဲတဲ့commentတွေဖတ်ရတိုင်း ကျွန်တော်မျက်ရည်ကျရလိုပါ အရမ်းခံစားရလို့ပါခင်ဗျာကျွန်တော်အနှးညွတ်တောင်းပန်တာပါ *ကျွန်တော်ဘီဒိုကြီးနဲ့ပါတ်သက်ပြီး အရင်းလေးငါးလကထဲကနေရာတွေ မကြာခဏရွေးပြောင်းနေပါတယ် *ယနေ့ကျမှထူးထူးခြားခြား အသံတွေတစ်နေကုန် ဖြစ်ပေါ်နေပါတယ်ပြောပြတောလည်း *ရှေ့နောက်စကားမညီဘူးတဲ့ *Liveလွှင့်နေစဉ်အချိန်အခါမှာ ကောင်းတာမကောင်းတာသိရအောင် အချက်ရေးနဲ့တီးခိုင်းကြည့်ပါလား တီးခိုင်ရင်အဖြေသိရလိမ့်မယ်ဆိုတဲ့ မိတ်ဆွေများရဲ့comment အကြံဥာဏ်ပေးစကားကိုလက်ခံပြီး တီးတော့လည်းလိမ်နေတာတဲ့ *လက်ဟန်နဲ့ဘီဒိုကြီးကို တောင်းပန်နေတော့လည်း တီးတဲ့လူကိုအချက်ပြနေတာတဲ့ *အမျှတမ်းများပေးဝေတော့လည်း ဘာကုသိုလ်လုပ်လို့ အမျှတမ်းပေးဝေတာလည်းတဲ့ *ဧည့်ခန်းနှင့်ထမင်းစားခန်းမှာရှိတဲ့ အခြာသောဘီဒိုကြီးတွေကဘာသံမှ မကြားရတာကိုရိုက်ပြတော့လည်း ကြွားတာလားအရူးကွက်နင်းတာလား ဘီဒိုတွေရောင်ဖို့ကြော်ငြာနေတာလား နာမည်ကြီးချင်တာလားတဲ့ *ကျွန်တော့်Liveလွှင့်ပြီးကာနီးမှ အပြင်ကရောက်လာတဲ့ တူလေကရေလာတိုက်တော့လည်း *အခန်းစီးနောက်ကွယ်ကနေပြီး တီးနေတဲလူလိုစွတ်ဆွဲကြပြန်တယ် *ကျွန်တော်ကနေပြီးတူလေးကို သားအခုမှလာရသလားဆိုပြီး တူလေးလှမ်းပုတ်လိုက်တော့လည်း လူတွေကိုမလေးမစားလုပ်တာလား လိမ်နေတာသိသာတယ်တဲ့ *အဆိုးဆုံးကသားသမီးအရင်းလို့ သဘောထားတဲ့တူးတူးလေးကို ခွေးကဆွံအနားမကြား မျက်လုံးကမ်းနေတာတဲ့ဗျာ ပြောကြပါကြိုက်သလိုပြောပါ ကျွန်တော်ရှေးဟောင်းပစ္စည်း အရောင်းဝယ်လုပ်တဲ့လူလည်းမဟုတ် နာမည်ကြီးအောင်လုပ်နေတာလည်း မဟုတ်ဘူးဆိုတာကို ကျွန်တော့်ကိုယ်ကျွန်တော်အသိဆုံးမို့ အတုတစ်ထောင်အယောင်တစ်သိန်း ပေါ်ပေါက်နေတဲ့ခေတ်ကာလကြီးမှာ ကျွန်တော့်အပေါ်ထင်ချင်သလိုထင်ပါ မြင်ချင်သလိုမြင်ကြပါ commentတွေကိုလည်း ကြိုက်သလိုရေးပါစိတ်မဆိုပါဘူး စာတော့မပြန်တော့ပါဘူးခင်ဗျာ မြန်မာ့အမွေနှစ်တွေတိုင်းတပါးမှာ မြင်ခဲ့တွေ့ ခဲ့ရလို့ရင်နာလွန်းလို့ တတ်နှိင်သမျှဆုဆောင်းပြီး ပြတိုက်ဖွင့်ဖို့ပြင်ဆင်နေချိန်မှာ ကျူံတွေ့ နေရတဲ့အခက်ခဲကို ရိုးရှင်းစွာအကြံဥာဏ်တောင်းခံတာ ကျွန်တော့်ကိုယ်ကျွန်တော်အသိဆုံးပါ ဆင်သေကိုဆိတ်ရည်နဲ့မဖုံးနဲ့ လိမ်တဲ့လူကဘယ်သူကလိမ်တယ်လို့ ဘယ်လိုဝန်ခံမလည်း စွတ်ဆွဲလည်းပြောလည်းခံပါမယ် တကယ်တမ်းအလိမ်ခံနေရတာက ကျွန်တော်ဆိုတာကို ခင်မင်ကြတဲ့မိတ်ဆွေများသိပါတယ် အထူးသဖြင့်အပြင်မှာ ခင်မင်တဲ့သူတွေ ကျွန်တော့်အိမ်ရောက်ဘူးတဲ့သူတွေက ကျွန်တော်ဘာသာတရားအပေါ်မှာ အလေးနက်ထားရိုသေမှုများနှင့် မိဘရိုသေလေးစားတန်ဖိုးထားမှုကို ထည်ထည်ဝင်ဝင်လူတိုင်းသိပေမဲ့ မသိသေးတဲ့သူတွေအတွက် ခုလိုပစ္စည်းတွေဆုဆောင်းလို့ရအောင် စီးပွားလုပ်ကိုင်တာအစဉ်ပြေအောင် ဘာလုပ်လည်းမေးကြရင် မိဘရိုသေလေးစားတန်ဖိုးထားလို့ပါ မိဘအပေါ်စိတ်ရှည်လို့ပါ မိဘခြေရာလေကိုရိုသေစွာဖြင့် သွားလေရာဆောင်လို့ပါဟု ပြောပြပေးယုံလေးပါခင်ဗျာ ခုဖြစ်နေတာတွေအားလုံးကို ကျွန်တော်အရမ်းခံစားနေရပါတာမို့ ကျွန်တော်ယနေ့မှစပြီးဘီဒိုကြီး ဆက်တတိုက်ဖြစ်ပေါ်တဲ့ videoမှတ်တမ်းCCTVမှတ်တမ်း ဓါတ်ပုံမှတ်တမ်းများကို face bookမတင်တော့ပါဘူးဗျာ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တင်ထားတာတွေကြည့်ပြီး အကုသိုလ်တွေဖြစ်နေကြတာကို စိတ်မကောင်းလည်းဖြစ်ရလို့ပါ ကျွန်တော့်ရဲ့ရည်ရွယ်ချက်အမှန်နဲ့ စေတနာမေတ္တာများကို ကျွန်တော်အသိဆုံးဖြစ်တာမို့ ကျွန်တော့်ရဲ့ကာယကံ ဝစီကံ မနှောကံများအားလုံးကို ကျွန်တော့်ပဲခံယူမှာမို ဘာမှမဖြေရှင်းတော့ပါဘူး ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားမိဘများကို မဆဲကြပါနဲ့မဆဲပါနဲ့လို့ အနှးညွတ်တောင်းပန်အပ်ပါတယ် ကျွန်တော်ကလေးဘဝမှစပြီး ယနေ့အရွယ်အထိ့ပြုလုပ်ခဲ့တဲ့ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်အပေါင်းတို့အား အားလုံးအမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော *သဒ္ဓမ္မဇောတိကဓဇ *သီရိသုဓမ္မမဏိဇောတဓရ *သီဟသုဓမ္မမဏိဇောတဓရ *သုဓမ္မမဏိဇောတဓရ *(စည်သူဒေါက်တာလှဝင်းအောင်) *(လူမှုထူးချွန်ပထမအဆင့်) *(နိုင်ငံစွမ်းဆောင်ရည်ဆုရ) *ဘစိုးဥ မြန်မာမှုအနှပညာရတနာ ကျောက်မျက်ရတနာရောင်းဝယ်ရေး Credit*Hla Win Aung #Wynn Zaw Latt

No comments:

Post a Comment