Monday, 21 May 2018

သေဆုံးသွားသည့် သူတောင်းစားအဘွားအို၏ ဘဏ်စာရင်းတွင် ပေါင် ၁ သန်းခန့် ဘာကြောင့် ရောက်နေတာလည်း

======================= ======================= လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ သေဆုံးသွားခဲ့တဲ့ မသန်စွမ်း သူတောင်းစားတဦးရဲ့ ဘဏ်စာရင်းထဲမှာ ပေါင် ၁ သန်းနီးပါးရှိနေခဲ့တာကို တွေ့ရှိရချိန်မှာ ရဲတွေဟာ အံ့အား သင့်ခဲ့ကြရပါတယ်။ ဖာတီမာ အော့သ်မန်အမည်ရတဲ့ အသက် ၅၂ နှစ်အရွယ် အဆိုပါသူတောင်းစား အဘွားအို ရုတ်တရက်သေဆုံးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ချိန်မှာ ခုလို စစ်ဆေးတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ရဲတွေဟာ သူ့ရဲ့ အိတ် ၂ အိတ်ထဲက ငွေတွေကိုလည်း တွေ့ရှိခဲ့ကြပြီး ဘဏ်ငွေစု စာအုပ်တအုပ်ကိုပါ တွေ့ရှိခဲ့ကြတာလို့ မေရာသတင်းမှာ မေလ ၂၀ ရက်နေ့က ဖော်ပြပါတယ်။ ရဲပြောရေးဆိုခွင့်ရှိသူ ဂျိုးဆက်ပ် မူဆာလာမ်ကတော့ အဘွားအိုရဲ့ သေဆုံးမှုမှာတော့ သံသယဖြစ်ဖွယ် တစုံတရာ မတွေ့ရပဲ နှလုံးတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ရတာလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အဘွားအိုရဲ့ ဘဏ်စာအုပ်ထဲက ခုလို ငွေပမာဏ အမြောက် အမြားရှိနေတာကိုတော့ အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ အဘွားအိုမှာ လက် ၂ ဘက်လုံးမရှိဘဲ ခြေထောက်တွေကိုလည်း အသုံးပြုလို့ မရသူတဦးဖြစ်ကာ ကြင်နာတတ်တဲ့ လက်ဘနွန်စစ်သားတဦးကြောင့် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စစ်သားက အဘွားအိုကို ကြင်ကြင်နာနာနဲ့ အစာရေစာတွေ တိုက်ကျွေးခဲ့တဲ့ ပုံဟာ တစစနဲ့ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အဘွားအို သေဆုံးပြီးနောက်မှာတော့ ရဲတွေက သူ့ရဲ့ ဆွေမျိုးသားချင်းတွေကို လိုက်ရှာခဲ့ကြပြီးနောက်မှာတော့ နိုင်ငံမြောက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မိသားစုဝင်တွေက အဘွားအိုမှာ ငွေကြေးတွေ ခုလောက်ရှိနေလိမ့်မယ်လို့ တကယ်သိမထားခဲ့ကြဘူးလို့ ဆိုပါတယ်။ အဘွားအိုဟာ ဓားပြတိုက်ခံခဲ့ရဖူးတာမို့ ဒီအကြောင်းကို ပြောဖို့ ထိတ်လန့်နေခဲ့တာ ဖြစ်နိုင်တယ်လို့ သူတို့က ပြောပါတယ်။ သူ့ရဲ့ လက် ၂ ဘက်စလုံးဟာ လက်ဘနွန်ပြည်တွင်းစစ် ကာလတုန်းက ဆုံးရှုံးခဲ့ တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ============== DVB TV News http://burmese.dvb.no/archives/270999

No comments:

Post a Comment