Tuesday, 15 May 2018

【  】  / 

=============================================== ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လုိေသာ ကိစၥမ်ားအတြက္ အဂၤါသားသမီးမ်ားႏွင့္ တုိင္ပင္ေဆာင္ရြက္ပါ။ ယခု ရက္ပုိင္း အတြင္း ေငြကံေတြေကာင္းေနတတ္ေပမယ့္ ဘာသာေရးပါ တြဲလုပ္မွေကာင္း တတ္တဲ့ အခ်ိန္အခါပါ။ ျပည္တြင္းျပည္ပ ခရီးေကာင္း မ်ားသြားရတတ္တဲ့ အခ်ိန္ပါ။ ဒီရက္ေတြမွာ မိတ္ေကာင္း ေဆြေကာင္းေတြ ရတတ္ပါတယ္။ စပ္တူ ကိစၥေတြ စာခ်ဳပ္နဲ႔ လုပ္ရတဲ့လုပ္ငန္းေတြ ေအာင္ျမင္ မႈပါ လိမ့္မယ္။ ဘာကိစၥမဆို အထစ္အေငါ့ အေႏွာက္အယွက္မ်ားေနရင္ မနက္ေစာေစာ ဘုရားကို ေသာက္ေတာ္ ေရခ်မ္းကပ္ပါ။လုပ္ငန္းခြင္အတြင္း စိတ္ပန္းကုိယ္ပန္းျဖစ္တတ္သလုိ လက္ေအာက္ငယ္သားေတြေၾကာင့္ စိတ္ရႈပ္ရတတ္ပါတယ္။အထည္လုပ္ငန္းလုပ္သူေတြထင္သေလာက္မ ေကာင္းေပမယ့္ စက္ပစၥည္း လုပ္ငန္းသမားေတြ ကေတာ့ ေကာင္းေနတတ္ ပါ တယ္။ ဒီကာလမွာ ပညာသင္ေနတဲ့သူေတြတဲ့ ပညာရည္မွန္းခ်က္ ျပည့္စုံပါမယ္။က်န္းမာ ေရးက ေတာ့ ေကာင္းေပမယ့္ ေလထုိးေလေအာင္စတဲ့ ေလေရာဂါေတြ၊ဒူးနာခါးနာစတဲ့ ေရာဂါေတြ ျဖစ္တတ္ပါ တယ္။ အိမ္ေထာင္ရွင္မ်ား ၊ ခ်စ္သူေတြကေတာ့အဆင္မျပျဖစ္တတ္ေပမယ့္ ျပန္ေျပ လည္ကာ ပုိခ်စ္သြား ပါလိမ့္မယ္။ ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားေစတီမ်ားတြင္ ရွင္သီ၀လီဂါထာ ပုတီး ၃ ပတ္စိပ္ကာ အိမ္တြင္ ေဇာ္စိမ္း၊ေဇာ္က်ားပန္းကုိ စပၸယ္ပန္းႏွင့္ေရာထုိးေပးပါ။ ျပည္ပထြက္ခြာလုိသူမ်ား။ ။ ကုိယ္သြားလုိေသာအရပ္မ်က္ႏွာေထာင့္ရွိ ဘုန္းႀကီးေက်ာင္း သုိ႔ သြားကာ ေနရာထုိင္ခင္းလွဴေပးပါ။ အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားေစတီမ်ားရွိ အဂၤါေထာင့္ တြင္ ကုိယ္ေလွ်ာက္ထား သည့္အလုပ္ကုိ အာရုံျပဳကာ ေမတၱသုတ္ သက္ေစ့ရြတ္ဆုိပူေဇာ္ပါ။ အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အခ်စ္ေရးအဆင္ မေျပပါက တနလၤာနံ သတၱ၀ါမ်ားကုိ ကုိယ္လက္ႏွင့္ ကုိင္ကာ အစာေကၽြး ေပးပါ။ လူမႈေရးအတုိက္အခံမ်ားသူမ်ား။ ။ လမ္းထဲတြင္ နံနက္ေစာေစာ အမႈိက္ မ်ား ရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိ ခဲမ်ားကုိ ဖယ္ေပးျခင္းက အေကာင္း ဆုံးျဖစ္သည္။ က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းႏွင့္ ေခ်ာင္းအကူးမ်ားတြင္ တံတားထုိး ေပးပါ။ ထီကံေကာင္းလုိသူမ်ား။ ။ ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းဆုိင္မွ ၃ အပူးဂဏန္းထုိးေပးပါ။ ( unicode ) 【 ဗေဒင် 】ဗုဒ္ဓဟူး သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ ရှောင်ရန် =============================================== ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် အင်္ဂါသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခု ရက်ပိုင်း အတွင်း ငွေကံတွေကောင်းနေတတ်ပေမယ့် ဘာသာရေးပါ တွဲလုပ်မှကောင်း တတ်တဲ့ အချိန်အခါပါ။ ပြည်တွင်းပြည်ပ ခရီးကောင်း များသွားရတတ်တဲ့ အချိန်ပါ။ ဒီရက်တွေမှာ မိတ်ကောင်း ဆွေကောင်း တွေ ရတတ်ပါတယ်။ စပ်တူ ကိစ္စတွေ စာချုပ်နဲ့ လုပ်ရတဲ့လုပ်ငန်းတွေ အောင်မြင်မှုပါ လိမ့်မယ်။ ဘာကိစ္စမဆို အထစ်အငေါ့ အနှောက် အယှက်များနေရင် မနက်စောစော ဘုရားကို သောက်တော် ရေချမ်းကပ်ပါ။လုပ်ငန်းခွင်အတွင်း စိတ်ပန်းကိုယ်ပန်းဖြစ်တတ်သလို လက်အောက်ငယ်သားတွေကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။အထည်လုပ်ငန်းလုပ်သူတွေထင်သလောက်မကောင်းပေမယ့် စက်ပစ္စည်း လုပ်ငန်း သမားတွေ ကတော့ ကောင်းနေတတ် ပါ တယ်။ ဒီကာလမှာ ပညာသင် နေတဲ့သူတွေတဲ့ ပညာရည်မှန်းချက်ပြည့်စုံပါမယ်။ကျန်းမာ ရေးက တော့ ကောင်းပေမယ့် လေထိုးလေအောင်စတဲ့ လေရောဂါတွေ၊ ဒူးနာ ခါးနာစတဲ့ ရောဂါတွေ ဖြစ်တတ်ပါ တယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူတွေကတော့အဆင်မပြဖြစ်တတ်ပေမယ့် ပြန်ပြေလည်ကာ ပိုချစ်သွား ပါလိမ့်မယ်။ ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားစေတီများတွင် ရှင်သီဝလီဂါထာ ပုတီး ၃ ပတ်စိပ်ကာ အိမ်တွင် ဇော်စိမ်း၊ဇော်ကျားပန်းကို စပ္ပယ်ပန်းနှင့်ရောထိုးပေးပါ။ ပြည်ပထွက်ခွာလိုသူများ။ ။ ကိုယ်သွားလိုသောအရပ်မျက်နှာထောင့်ရှိ ဘုန်းကြီးကျောင်း သို့ သွားကာ နေရာထိုင်ခင်းလှူပေးပါ။ အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ဘုရားစေတီများရှိ အင်္ဂါထောင့် တွင် ကိုယ်လျှောက်ထား သည့်အလုပ်ကို အာရုံပြုကာ မေတ္တသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။ အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အချစ်ရေးအဆင် မပြေပါက တနင်္လာနံ သတ္တဝါများကို ကိုယ်လက်နှင့် ကိုင်ကာ အစာကျွေးပေးပါ။ လူမှုရေးအတိုက်အခံများသူများ။ ။ လမ်းထဲတွင် နံနက်စောစော အမှိုက် များ ရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိ ခဲများကို ဖယ်ပေးခြင်းက အကောင်း ဆုံးဖြစ်သည်။ ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းနှင့် ချောင်းအကူးများတွင် တံတားထိုးပေးပါ။ ထီကံကောင်းလိုသူများ။ ။ ယခုတစ်ပတ်သင့်အိမ်ရှေ့ရောက်လာသည့် ထီလှည်းဆိုင်မှ ၃ အပူးဂဏန်းထိုးပေးပါ။

No comments:

Post a Comment