Wednesday, 23 May 2018

အသက် ၃၀ အထိ အိမ်မှာပဲနေတဲ့သားကို မိဘတွေက တရားစွဲ

======================= ======================= အနောက်နိုင်ငံတွေမှာတော့ အရွယ်ရောက်လာတဲ့ သားသမီးတွေဟာ မိဘများနဲ့ မနေတော့ဘဲ ထွက်ခွာကြပါတယ်။ နယူးယောက်ပြည်နယ်က အသက် ၃၀ ကျော် အမျိုးသားဟာ မိဘများနဲ့ ဆက်လက်နေထိုင်နေတာမို့ မိဘကိုယ်တိုင်က တရားစွဲလိုက်ပါသတဲ့။ မိဘများကပေးတဲ့ ပိုက်ဆံကိုလည်း နေရာသစ်မှာ အခြေချဖို့ မယူဘဲနဲ့ အိမ်ကိုလည်း အိမ်ငှားခမပေးဘဲ အလကားနေနေမှုနဲ့ မိဘများက တရားစွဲတာဖြစ်ပါတယ်။ နေရာပြောင်းဖို့အတွက် စာငါးကြိမ်တိုင်တိုင် ရောက်ခဲ့ပေမယ့် မိုက်ကယ်ရိုတန်ဒိုဟာ မပြောင်းရွှေ့ခဲ့တာမို့ ခရစ္စတီနာ ရိုတန်ဒိုနဲ့ မာ့ခ်ရိုတန်ဒိုတို့က တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။ မိုက်ကယ်ကတော့ သူ့အတွက် ပြောင်းဖို့အချိန် အလုံအလောက်မရဘူးလို့ ဥပဒေအရ ချေပထားပါတယ်။ သားကို အိမ်ကထွက်ခွာပြီး သတ်သတ်နေဖို့အတွက် ဘယ်လိုမှ တိုက်တွန်းလို့မရတော့တဲ့အဆုံး အဆိုပါနည်းကို သုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ့နေရဲ့ အကူအညီနဲ့ ပြောင်းရွှေ့ဖို့ စာအကြိမ်ကြိမ် ပို့ခဲ့ပေမယ့် မလိုက်နာလို့ တရားရုံးက ခုလိုဆင့်ခေါ်တာ ဖြစ်ပါသတဲ့။ ============== The Voice http://thevoicemyanmar.com/relax/21482-emp

No comments:

Post a Comment