Tuesday, 19 May 2015

သင် ၀တ်ဆင်နေတဲ့ ဘရာစီယာကို ဘယ်နှစ်ကြိမ်တစ်ခါ လျှော်ပေးသင့်သလဲဆိုတာ  

ဟန်နီ    အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ဘရာစီယာကို ဘယ်နှစ်ရက်တစ်ကြိမ် လျှော်ပေးသင့်သလဲဆိုတာ အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုတာကို ထည့်မတွက်လို့မရသလို ဘရာစီယာ ကောင်းတစ်ထည်ကို သေချာထိန်းထိန်းသိမ်းသိမ်းလေး ၀တ်နိုင်ဖို့ကလည်း အရေးကြီးနေပြန်ပါတယ်။ ဒီတော့ အဲ့ဒီအချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။   ဘရာစီယာကို တစ်ခါဝတ်ပြီးတိုင်း တစ်ခါ လျှော်စရာ မလိုပါဘူး။ ဘရာစီယာကို ၀တ်ပြီးတိုင်း လျှော်မယ်ဆို၇င် သူ့အထဲမှာ ပါဝင်ဖွဲ့စည်းထားတဲ့ အီလက်စတစ်အသားတွေ လျော့ရဲသွားပါလိမ့်မယ်။ သင့်ရင်သားကို ထောက်ပံ့ပေးထားတဲ့ ပုံစံခွက်ကလည်း ပုံမကျ ပန်းမကျ ဖြစ်လာပါလိမ့်မယ်။ ဒီလို ပုံမကျတဲ့ ဘရာကို ဆက်ဝတ်နေမယ်ဆိုရင်တော့ သင့်ရင်သားအတွက် အဆင်မပြေနိုင်တော့ပါဘူး။   တကယ်လို့ သင်ဟာ ခ္ဈေးအရမ်းမထွက်ဘူးဆိုရင်တော့ နှစ်ခါ သုံးခါ ၀တ်ပြီးမှသာ လျှော်ပေးပါ။ သင်ဟာ အဆီအရမ်းမထွက်ဘူး၊ ခ္ဈေးလည်းအရမ်းမပြန်ဘူးဆိုရင်တော့ သင့်ဘရာကို သုံးလေးခါ ၀တ်ပြီးမှ လျော်ဖို့အဆင်ပြေပါတယ်။ ခ္ဈတ်ပြီး လှန်းထားတာမျိုးလုပ်နိုင်ပါတယ်။ ပြီးတော့မှ ပြန်ဝတ်ချင်ဝတ်လိုက်ပေါ့။ ဒါပေမယ့် သင်က ခ္ဈေးအရမ်းထွက်တတ်တဲ့သူ ဆိုရင်တော့ လျော်ဝတ်ရတော့မှာပါ။ အဆီ ထွက်တဲ့သူကလည်း ဒီလိုပါပဲ။ တစ်ခါဝတ်ပြီးတိုင်း လျှော်ဝတ်ဖို့ လိုပါတယ်။ နောက်တစ်ချက်က အားကစားလုပ်ရင်း ၀တ်ထားတဲ့ ဘရာတွေကိုတော့  လုပ်ပြီးပြီးချင်းကို ခ္ဈတ်လျှော်သင့်ပါတယ်။   လျှော်တဲ့အခါ လက်နဲ့မလျှော်နိုင်ရင် စက်နဲ့အနိမ့်ဆုံးအဆင့်ထားပြီး လျှော်ပါ။ စက်နဲ့တအားထည့်လှည့်လိုက်ရင် ဘရာပုံစံခွက် ပျက်သွားနိုင်တာကြောင့်ပါ။ ဒါ့အပြင် သူ့ကိုထားတဲ့အခါမှာ အံဆွဲထဲ ထည့်သိမ်းတာထက် ချိတ်နဲ့ချိတ်ပြီး ထားတာအကောင်းဆုံးပါပဲ။  

Monday, 18 May 2015

အနမ်းဇာတ်ဝင်ခန်းတွေကြည့်ပြီးဖွေးဖွေး ဘယ်သူ့ကို မျက်နှာပူခဲ့သလဲ

ဖွေးဖွေးက 'ကျွန်မကနှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး ကြိုးစားသရုပ်ဆောင် ထားတဲ့အတွက် ပရိသတ်တွေဆီကရလာမယ့် ဝေဖန်မှုတွေအပေါ် ရင်ခုန်နေမိကြောင်း ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားက မရိုက်ခင် ကတည်းက ဂယက်တွေရှိခဲ့ပြီး ဒီဇာတ်ကားကြီးထဲမှာပါဝင်တဲ့ အနမ်းဇာတ်ဝင်ခန်းတွေကြောင့် မင်းသမီး အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါရိုက်တာဝိုင်းကိုယုံကြည်တဲ့အတွက် ဒီအနမ်းဇာတ်ဝင်ခန်းတွေ ကို ရိုက်ကူးခဲ့ကြောင်းကို ဖွေးဖွေးက  "အခုပြန်ကြည့်တော့ နောက်မှာ အဖေနဲ့အမေနဲ့လည်းပါလာတော့ နည်းနည်းတော့ မျက်နှာပူတာပေါ့။ တစ်ခါမှ ဒီလိုမျိုးမရိုက်ဖူးဘူး။ ကိုယ့်ဆရာရိုက်တာလည်းဖြစ်နေတယ်။ စွန့်စားမှုတစ်ခုလည်း လုပ်ကြည့်ချင်တာနဲ့ အလုပ်ကို အလုပ်လိုပဲသဘော ထားပြီးလုပ်လိုက်တာပါ။ ကိုဝိုင်းရော၊ ဖွေးရော အစကတည်းက စိန်ခေါ်မှုပါတာကို ပိုပြီးရင်ခုန်တာဆိုတော့ ဒီဇာတ်ကားက ပြဿနာ သိပ်မရှိပါဘူး။  ကိုယ့်ဆရာခိုင်းလို့ ကိုယ့် ဆရာပြုစုပျိုးထောင်ပေးလာလို့ လက်ပံကတည်းက၊ ဖွေးနာမည် မကြီးခင်ကတည်းက ရိုက်ပေးခဲ့တဲ့ ဆရာလည်း ဖြစ်တဲ့အတွက် ဖွေး ဘာမဆိုလုပ်မယ်ဆိုတဲ့စိတ်နဲ့ ရိုက်ခဲ့တာပါ" လို့ပြောပါတယ်။ ဒီဇာတ် ကားထဲမှာ အမှတ်တရ အဖြစ်ဆုံးက နေတိုးကိုနမ်းရတဲ့ ဇာတ်ဝင်ခန်းတွေ ဖြစ်ပြီး ဇာတ်သိမ်းခန်းကိုလည်း သဘောကျကြောင်း ပြောပါတယ်။ အကယ်ဒမီမှတ်တိုင်ထူနိုင်၊ မထူနိုင်ထိ အဝေးကြီးကိုမတွေးသေးဘဲ မေ ၂၉ ရက်နေ့မှာရရှိမယ့် ပရိသတ်ရဲ့ တုံ့ပြန်မှုကိုပဲ ပိုရင်ခုန်မိကြောင်း ဖွေးဖွေးကပြောပါတယ်။ ဒီဇာတ်ကားက သူ့အတွက် အရွယ်နောက်တစ်ခု ကိုကူးပြောင်းတဲ့ ဇာတ်ကားလို့ပြော လို့ရ ကြောင်းကိုလည်း"ဒီဇာတ်ကားမှာ ကလေးဆန်တဲ့ပုံစံမျိုးမဟုတ်တော့ဘဲ ဘဝဇာတ်ကားလေးပေါ့။ အချစ်မှာ မာန်မာန တွေပါလာရင် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားရမှာ မပြီးတော့ဘူး။ အပြင်မှာလည်း တကယ်ရှိတယ်။ မာနတွေထားပြီး ကလဲ့စားချေတာ မျိုးတွေ လည်း ကြုံဖူးပါတယ်" လို့ ပြောပါတယ်။  ဖွေးဖွေးက ဒီရုပ်ရှင်ဇာတ် ကားကိုကြည့်ပြီး မျက်ရည်ကျခဲ့တယ်လို့ ပြောပါတယ်။ ဒီလိုမျက်ရည်ကျ ဖြစ်ခဲ့ပုံကိုတော့ "အဓိကကတော့ ဒီဇာတ်ကား စရိုက်ချိန်မှာ သင်္ခါရတရားတွေ၊ ဘဝ ရဲ့အနိမ့်အမြင့်၊ အတက်အကျတွေ သိပ်မခံစားဖူးသေးဘူး။ ကိုယ့်ကာရိုက်တာကို ဝင်စားပြီးတော့ပဲ သရုပ် ဆောင်ခဲ့တာ။ ရုံတင်ခါစမှာတော့ ဘဝရဲ့သင်ခန်းစာတွေလည်း အများ ကြီးရခဲ့ပါတယ်။ ဥပမာ- ဖွေးအမေ ဆေးရုံတက်ရပြီး တကယ်ကင်ဆာဖြစ် သွားတာ မျိုးတွေ အများကြီးပဲ၊ အခက်အခဲတွေရော၊ ပျော်စရာတွေရော၊ စိတ်ညစ်စရာတွေရော အများ ကြီးကြုံခဲ့ရပါတယ်" လို့ ဖွေးဖွေးက ပြောပါတယ်။ ဒီနှစ်ထဲမှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ ကျူးပစ်ရဲ့ ကျေးကျွန်များရုပ်ရှင် ဇာတ်ကားကြီးကို စောင့်မျှော်ရဦးမှာဖြစ်ပြီး နောက်ထပ် ဒါရိုက်တာသိန်းဟန်ဖီးနစ်နဲ့ ကာတွန်းကားဆန်ဆန် ဟာသရုပ်ရှင် ဇာတ်ကားကြီးလည်း ရိုက်ကူးဖို့ရှိ ကြောင်း ဖွေးဖွေးကပြောပါတယ်။ ခိုင်ဝေလွင် - Popular Journal

အိုဘားမား ဘဏ်စုငွေစာရင်းတွင် ဒေါ်လာတထောင်သာ ရှိ

အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ နှစ်စဉ် ကိုယ်ပိုင်ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ချက်အရ ဘဏ်စုငွေမှာ ဒေါ်လာ ၁၀၀၁ သာ ရှိကြောင်း သိရသည်။ ဝေဖန်သူများက သမ္မတနှင့် သမ္မတကတော်တို့သည် သမီး ၂ ယောက်၏ ကျောင်းစရိတ်အတွက် ဒေါ်လာ ၂ သိန်းနှင့် ၄ သိန်းကြား သုံးနေကြရသောကြောင့် ဖြစ်မည်ဟု ခန့်မှန်းနေကြသည်။ စာရင်းရှင်းတမ်းအရ အိုဘားမားတွင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၇ သန်းနီးပါး ရှိကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်တွင် ၁ ဒသမ ၃ သန်းသာ ပိုင်ဆိုင်မှုတန်ဖိုးရှိခဲ့သောကြောင့် ယခုပိုင်ဆိုင်မှုတန်ဖိုး ၄၃၈ ရာခိုင်နှုန်း ခုန်တက်သွားခြင်းဖြစ်သည်။ အမေရိကန်သမ္မတ၏ လစာမှာ ဒေါ်လာ ၄ သိန်းဖြစ်ပြီး အထွေထွေသုံး ၅ သောင်း၊ ခရီးသွားစရိတ် ၁ သိန်း၊ အပျော်အပါး ၁၉၀၀၀ ပေးသုံးသည်။

အားလုံး စိတ်လျှော့ကြပါ လို့ ပြောတဲ့ အဆိုတော်မျိုးကြီးနဲ့ ခဏတာ

အဆိုတော်မျိုးကြီး (ဓာတ်ပုံ – ငြိမ်းဇော် / ဧရာဝတီ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရောက်ရှိနေသည့် Iron Cross တေးဂီတဝိုင်းရဲ့ ပင်တိုင် အဆိုတော်တဦး ဖြစ်တဲ့ မျိုးကြီးကို ဧရာဝတီ သတင်းဌာနက ရန်ပိုင်နဲ့ မင်းကိုကိုတို့က တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး။    ။ ကိုမျိုးကြီး အခု လတ်တလော ဂီတနဲ့ပတ်သက်လို့ ဘာလှုပ်ရှားမှုတွေ လုပ်နေပါ သလဲ။ ဖြေ။    ။ Iron Cross နဲ့ “ပြောင်းလဲ ခြင်းများ”  ဆိုတဲ့  အခွေသစ်  လုပ်နေပါတယ်။ ကိုယ်ပိုင်သံစဉ်တွေ ချည်းပါပဲ။ မေး။    ။ ဒီစီးရီးသစ်က ဘယ်အချိန်လောက် ထွက်ဖြစ် မယ်မှန်းလဲ။ ဖြေ။    ။ မေလကုန် မထွက်ဖြစ်ရင် ဇွန် ပထမပတ်မှာ ထွက်ပါမယ်။ မေး။    ။ သီချင်းခွေ တခွေနဲ့ တခွေကြားမှာ ဘာကြောင့် အချိန်ကြာနေရတာလဲ။ ဖြေ။    ။ သီချင်းတွေ စိတ်ကြိုက် မရတာရယ်၊ IC ကလည်း ပွဲတွေ များနေတာရယ် ကြောင့်ပါ။ နောက် ခရီးထွက် တာလည်း များတယ်၊ ပွဲကတော့ တော်တော်များတယ် ပြောရမယ်၊ ဒီ ၂၀၁၅ မှာဆို ပိုများလာတယ်၊ နိုင်ငံခြား ခရီးစဉ်တွေလည်း များလာတယ်။ မေး။    ။ လက်ရှိ မြန်မာ့ဂီတလောကကိုရော ကိုမျိုးကြီး စိတ်ကျေနပ်မှု ရှိလား။ ဖြေ။    ။ နိုင်ငံတကာ အဆင့်တော့ မရောက်သေးပါဘူး၊ အများကြီးတော့ ကြိုးစားရဦးမှာပါ၊ ကျနော်တို့က အစ ကြိုးစားရဦးမှာပါ။ မေး။    ။ ကိုမျိုးကြီးက ဘာသာရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေပဲ ဆိုတော့မယ်လို့ ကြားတယ်၊ ဟုတ်ပါသလား။ ဖြေ။    ။ မဟုတ်ပါဘူး၊ သီချင်းတွေ ဆက်ဆိုနေဦးမှာပါ၊ အရက် ဘီယာကြော်ငြာတွေကိုသာ မရိုက်တော့တာ ပါ။ မေး။    ။ ဒီနေ့ခေတ်မှာ ဘာသာရေးနဲ့ လူမျိုးရေးနဲ့ ပတ် သက်ပြီး တဦးနဲ့တဦး အမုန်းတရားတွေ ပြောကြ ဆိုကြ ရေးကြ သားကြတာတွေကို ကိုမျိုးကြီးတို့လို ကျော်ကြားတဲ့ ဂီတသမား တယောက်အနေနဲ့ ဘယ်လိုများ ပြောချင်ပါ သလဲ။ ဖြေ။    ။ အားလုံးစိတ်လျှော့ကြပါလို့ပဲ ပြောချင်ပါတယ်။ မေး။    ။ ကိုမျိုးကြီးရဲ့ ပရိသတ်ကို ဘာများပြောချင်ပါ သေးလဲ။ ဖြေ။    ။ ဒီနေ့၊ ဒီအချိန်အထိ IC ကို အားပေးလာတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။

ဖုန်းငွေဖြည့်ရင် အခွန်ပေးဆောင်ရမည်

  By ဒီဗွီဘီ 18 May 2015 Print Email ဇွန် ၁ ရက်မှစပြီး ဖုန်းငွေဖြည့်ခြင်းမှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံတော့မှာ ဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၈ ရက်နေ့ နေပြည်တော်မှာ  ဆက်သွယ်ရေး ဝန်ကြီးရုံးတွင် မွန်းလွဲ ၂ နာရီမှာ ကျင်းပတဲ့ Commercial Tax Implementation Press Conference မှာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ ဧပြီလ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ အခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်လိုက်တာဖြစ်ပြီး ဖုန်းသုံးစွဲသူတွေအနေနဲ့ ဖုန်းငွေဖြည့်ရင် ၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာပါ။ ဥပမာအနေနဲ့ ငွေဖြည့်ကတ် ၁ ထောင်မှာ သုံးစွဲခွင့်က ၉၅၂ ကျပ်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၄၈ ကျပ် ပေးဆောင်ရမှာပါ။ လက်ရှိ အော်ပရေတာတွေလည်း ဒီနှုန်းအတိုင်းပေးရမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှာ စတင် ကောက်ခံမှာ ဖြစ်ပါတယ်

Saturday, 16 May 2015

မိုးကုတ် ထမင်းပေါင်း လုပ်စားကြည့်ရအောင်

ဝင်းနိုင်သိန်း| May 16, 2015 | Hits:1 0 | | မိုးကုတ်ထမင်းပေါင်း မိုးကုတ်ထမင်းပေါင်း ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ) ဒီတပတ်တော့ ပတ္တမြားမြေလို့ ခေါ်တွင်တဲ့ မိုးကုတ်မြို့လေးရဲ့ ဒေသအစားအစာ တခုဖြစ်တဲ့ မိုးကုတ် ထမင်းပေါင်းနဲ့ မိတ်ဆက် ပေးလိုက်ပါတယ် …။ ကျနော်တို့မြို့မှာ … ထမင်းပေါင်းလို့ ခေါ်ကြပါတယ်။ အငွေ့နဲ့ ပေါင်းထားတာမဟုတ်ဘဲ တခြား တွဲဖက်တွေနဲ့ ပေါင်းစားလို့သာ ထမင်းပေါင်း ခေါ်ကြပေမယ့် တကယ်တော့ ထမင်းသုပ် တမျိုးပါပဲ။ မိုးကုတ်ထမင်းပေါင်း အတွက် လိုအပ်တဲ့ ပစ္စည်းများ (၄ ယောက်စာ) ဆန် – ၁ ဘူး ဝက်သား – ၂၀ ကျပ်သား ဝက်အူချောင်း – ၄ ပိုင်းခန့် ဆားဘဲဥ – ၂ လုံး မြေပဲဆံကြော် – အနည်းငယ် နံနံပင် – အနည်းငယ် ကြက်သွန်ဖြူ မြွှာသေး – ၁၀ တက်ခန့် ရှမ်းပဲငါးပိအစပ် – ၄ ဇွန်းခန့် ငရုတ်နှစ်အဆီ – ၁ ဇွန်း ပထမဆုံး ဝက်သားကို ဆား၊ သကြား၊ ဟင်းခတ်မှုန့် အရသာလေး နယ်ပြီး ချင်းဓားပြားရိုက် ထည့်ကာ ရေခမ်းအောင်ပြုတ်ပါ။ ဆီပူပူမှာ ရွှေနီရောင်ရအောင် ကြော်ပြီး ဆီစစ်ထားပါ။ ဝက်အူချောင်းကိုလည်း ကြော်ယူပြီး ဆီစစ်ထားပါ။ ထမင်းဖြူ ချက်ပါ။ ဆားဘဲဥကို ပြုတ်ပြီး ရေအေးစိမ်ထားပါ။ မြေပဲဆံကြော်ပြီး အရံသင့်ပြင်ထားပါ။ ဒယ်အိုး တလုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူကို မွှေးအောင် ဆီသတ်ပါ။ ရှမ်းပဲငါးပိအစပ်နဲ့ ငရုတ်နှစ်အဆီကို ထည့်ပေါင်း ဆီသတ်ပြီး အအေးခံထားပါ။ ပြင်ဆင်မယ်ဆိုရင် ထမင်းဖြူ ပူပူမှာ ပဲငံပြာရည်အကြည် အနည်းငယ်၊ ဟင်းခတ်မှုန့်၊ ဆီသတ်ထားတဲ့ ပဲငါးပိအနှစ်တွေကို ရောနယ်ပြီး တွဲဖက်ဖြစ်တဲ့ ဝက်သားကြော်၊ ဝက်အူချောင်းကြော်၊ မြေပဲဆံကြော်၊ နံနံပင်တို့နဲ့ ပြင်ဆင်ပါ။ အကြော် (သို့မဟုတ်) ဟင်းပေါင်းတွေနဲ့ တွဲဖက်စားသုံးကြပါတယ်။

--အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့မှု သက်တမ်း ထပ်တိုး

ဧရာဝတီ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံသော်လည်း ရခိုင်ပြည်နယ်နှင့် လူမျိုးစုဒေသများ တွင် ပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်းကြောင့် အခြေအနေမှာ စိုးရိမ်နေရဆဲ ဖြစ်ကြောင်း ထို့အတွက်  အမေရိကန်၏ မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှု သက်တမ်းကို တနှစ်ထပ်မံတိုး လိုက်ကြောင်း သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။ မြန်မာအစိုးရကတော့ ပြီးခဲ့သည့် လအတွင်းက အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပြေလည်ပြီး ပိတ်ဆို့မှုများ ရုပ်သိမ်းဖို့ ပိုဒက်စတာကဲ့သို့သော် အကျိုးဆောင်အဖွဲ့ ငှားရမ်းကာ ဆွဲဆောင်စည်းရုံးဖို့ လုပ်ဆောင်နေပါတယ်။