Monday, 22 August 2016

//လေးလောင်းပြိုင်လူသတ်မှု သံသယရှိသူတွေရဲ့ ဓာတ်ပုံပေါ်ထွက်လာ


သေဆုံးသွားတဲ့ ရဲအရာရှိဟောင်းရဲ့ ဇနီးက ရိုက်ကူးထားတာပါ။

မင်္ဂလာဒုံမြို့နယ်မှာ သြဂုတ်လ ၂၀ ရက်နေ့က အသတ်ခံခဲ့ရတဲ့ ရဲအရာရှိဟောင်းနဲ့ မိသားစုဝင် သုံးဦးတို့ အသတ်ခံရတဲ့ နောက်ဆက်တွဲအဖြစ် အခင်းဖြစ်ပွားတဲ့ အိမ်နားမှာ ရိုက်ထားတဲ့ မသင်္ကာဖွယ်လူသုံးရဲ့ ဦးဓာတ်ပုံ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ရဲအရာရှိဟောင်းရဲ့ အိမ်နားမှာ ဘေးတိုက်ရပ်နေကြတဲ့ လူ ၃ ဦးရဲ့ဓာတ်ပုံ ထွက်ရှိလာခဲ့ပြီး ထောက်ကြန့်နယ်မြေရဲစခန်းက မသင်္ကာသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ကာ တွေ့ရှိရင်သတင်းပေးကြပါလို့ သတင်းထုတ်ပြန်ထားပါတယ်။

လူသတ်မှုမဖြစ်ခင်က ခြံနားကို အနီးကပ်လာရောက်သွားတဲ့ လူသုံးဦးပုံကို သေသွားတဲ့ ရဲအရာရှိဟောင်းရဲ့ အမျိုးသမီးက မသင်္ကာတဲ့အတွက် ဓာတ်ပုံ ရိုက်ယူထားခဲ့တာပါ။

မိသားစု လေးဦးရဲ့ ဈာပနကို ဒီနေ့မနက် ၁၀ နာရီက ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး အသတ်ခံခဲ့ရသူတွေအတွက် ရက်လည်ဆွမ်းသွပ်ကို သြဂုတ်လ ၂၆ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Source & Photos : DVB

Sunday, 21 August 2016

:>>Pokemon ပိုကီမွန်း ဖမ်းတော့မယ့်ရဲတွေ

Bangkok 22August 2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ပိုကီမွန်း ဂိမ်းကို တရားလွန်ကစားနေကြတဲ့ သူတွေကို ဖမ်းဆီးဖို့  အဖွဲ့ ဝင်(၅၀) ပါတဲ့ ရဲတပ်ဖွဲ့ ကို ဖွဲ့ စည်းပြီး လိုက်လံ
ဖမ်းဆီးကြောင်း သိရပါတယ်။

တာလမ်းမပေါ်မှာ ဆိုင်ကယ်တွေ ကားတွေးစီးရင် ကစားနေသူတွေဟာ မကြာခဏ ကား-ဆိုင်ကယ် တိုက်မှုတွေ ဖြစ်ပွားနေတာကို ကာကွယ် တဲ့အေ နနဲ့  တားဆီးရတာဖြစ်ပါတယ် ။
လက်ရှိမှာပိုကီမွန်းဂိမ်းကစားသူ(၁၄၃) ယောက်ကိုဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ကတော့ အရေးပါတဲ့တားမြစ်နယ်မြေတွေမှာ (တော်ဝင်မိသား စု-ဘုရား - အစိုးရရုံး) ပိုကီမွန်းအကောင်တွေ လိုက်ဖမ်းနေတာတွေ့ ရင် ဖမ်းမိထားတဲ့ ဂိမ်းအကောင် အရည်အတွက်အလိုက် စစ်တပ်ဝင်းထဲမှာလုပ် အားပေးပြစ်ဒဏ်ချမယ် လို့  တရားဝင်ကြေငြာထားပြီး ဖမ်းမိထားတဲ့ ဂိမ်းတစ်ကောင်ကို(၁၀)ရက်လုပ်အားပေးရမယ်လို့  သိရပါတယ်။

(SAW)Credit Nation TV

ပန်းသီးစားသုံးခြင်း နှင့် အမျိုးသမီးတို့၏အိမ်ထောင်ရေးသုခ

အမျိုးသမီးတွေ ကြုံရတတ်လေ့ရှိတဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်လို့ စိတ်ဆန္ဒနည်းပါးတဲ့ အခြေအနေမျိုးကို ကြုံတွေ့ရစေ တဲ့ အကြောင်း အရာအများကြီး ရှိပါတယ်။ ကျန်းမာရေး ကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ အလုပ်တာဝန်တွေကြောင့်၊ မိသားစု ပြ ဿနာတွေကြောင့် စသဖြင့် အကြောင်း အမျိုးမျိုးတွေထဲမှာ အစားအစာ စားသုံးမှု အလေ့အထက လည်း တခု အပါ အ၀င် ဖြစ်ပါတယ်။

လူတွေ စားတဲ့ အစားအစာတွေက ကျန်းမာရေးကို ညီညွတ်မျှတအောင် ပြုပြင်ပေးနိုင်တယ် ဆိုတာကို အများစုက သိကြ ပါတယ်။ အဲဒီအထဲမှာမှ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး ၀လံ အမျိုးမျိုးဆိုတာ စားသင့်တဲ့ အရာတွေဖြစ် ကြောင်းလည်း လူတိုင်းသိကြပါတယ်။ ငှက်ပျောသီး၊ ထောပတ်သီး စတာတွေက လိင်မှုကိစ္စအတွက် (အထူးသဖြင့် အမျိုးသားတွေ အတွက်) ကောင်းတယ် ဆိုတာလည်း နားလည်ထားကြတာပါပဲ။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စ အတွက်က တော့ အမှတ်တမဲ့ ရှိနေတတ်ကြပါတယ်။

ကမာ၊ ၀ိုင်၊ ချောကလက် စသဖြင့် လိင်စိတ်ဆန္ဒကို အားပေးတဲ့ အစားအစာတွေကိုတော့ သတိထားမိကြပေမယ့် လိင်မှု ကိစ္စမှာ အဆင်ပြေစေတဲ့ တချို့သော အစားအစာတွေကိုလည်း သတိမထားမိတတ်ပါဘူး။ ဥပမာ မက်မွန်သီး ပါ။ မက်မွန် သီးမှာ ဗီတာမင် စီ အများအပြားပါဝင်ပြီးတော့ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ လေ့လာ တွေ့ရှိခဲ့ရပါတယ်။ သွေးလည်ပတ်မှုကိုလည်းကောင်းစေပါတယ်။

နောက်ပြီးတော့ မက်မွန်သီးထက်ပိုပြီးတော့ တွေ့ရလွယ်ကူပြီး အမျိုးသမီးတွေရဲ့ လိင်မှုဆိုင်ရာ စိတ်ဆန္ဒကို မြှင့်တင်ပေး နိုင်တဲ့ သစ်သီးတမျိုးရှိပါသေးတယ်။
နေရာတိုင်းမှာတွေ့နိုင်တဲ့ သာမန် ပန်းသီးတလုံးက အမျိုးသမီးတွေရဲ့ စိတ်အာသီသကိုမြင့်တင်ပေးနိုင်ပါတယ်။ နှိုးဆွ လှုံ့ဆော်ပေးနိုင်ပါတယ်။ လိင်မှုကိစ္စမှာ သာယာမှုကို တိုးမြှင့် ပေးနိုင်ပါတယ်။

သုတေသီတွေက အသက် ၁၈ နှစ်ကနေ ၄၃ နှစ် အတွင်းမှာ ရှိတဲ့ အီတလီ အမျိုးသမီး ၇၃၁ ယောက်ကို လေ့လာကြည့် တဲ့ အခါမှာ တနေ့ကို အနည်းဆုံး ပန်းသီးတလုံး စားလေ့ရှိတဲ့ အမျိုးသမီးတွေဟာ ပန်းသီး စားတာ တနေ့ကို တလုံးထက် နည်းတဲ့ အမျိုးသမီးတွေထက်စာရင် လိင်မှုကိစ္စမှာပို ပြီးတော့ တက်ကြွမှုရှိတယ်ဆိုတာ တွေရှိခဲ့ရပါတယ်။

Archives of Gynecology and Obstetrics ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုမှာ သုတေသီတွေက အမျိုးသမီးတွေရဲ့ အိပ်ခန်းထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ မေးခွန်း ၁၉ ခုကို ဖြေဆိုစေပြီး သုတေသနပြု ဆန်းစစ်ခဲ့ကြတာဖြစ်ပါ တယ်။ အဲဒါဂျာနယ်ဟာ ၁၉၂၂ ခုနှစ်ကထဲက စတင်ထုတ်ဝေခဲ့တဲ့ သားဖွားမီးယပ် ပညာဆိုင်ရာ သက်တမ်းရင့် ဂျာနယ် တခု ဖြစ်ပြီးတော့ နိုင်ငံပေါင်း ၄၀ ကျော်ကို ဖြန့်ချိပေးနေရတဲ့ ဂျာနယ်ဖြစ်ပါတယ်။

မေးတဲ့ မေးခွန်းတွေထဲမှာ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်၊ စိတ်ကျေနပ်မှု ရမရ ဆိုတာတွေလည်းပါဝင်နေပါ တယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို လေ့လာကြည့်တဲ့အခါ နေ့စဉ် ပန်းသီးစားသုံးတဲ့ အမျိုးသမီးတွေဟာ လိင်မှုကိစ္စမှာ ပိုမိုတက် ကြွမှုရှိတဲ့အတွက် လိင်ဆက်ဆံစဉ်မှာ အမျိုသမီးအင်္ဂါက အရည်ထွက်တာ များလာစေသလို စိတ်ကျေနပ်မှု ပိုရတယ်ဆိုတာ ကို တွေ့ရှိခဲ့ရပါတယ်။

သိပ္ပံပညာရှင်တွေက ပန်းသီးက လိင်စိတ်ဆန္ဒကိုတိုးတက်စေတာက သဘာဝအလျှောက် ပါဝင်နေတဲ့ flavonoid phloridzin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidant) ကြောင့် ဖြစ်တယ်လို့ လက်ခံထားကြပါတယ်။ အဲဒီဓာတ် က အမျိုးသမီး လိင်ဟိုမုန်းဖြစ်တဲ့ estradiol နဲ့ ဆင်တူတယ်လို့ သိရပါတယ်။
နောက်တခုကတော့ ပန်းသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidant) တမျိုးဖြစ်တဲ့ polyphenols ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ polyphenols က အမျိုးသမီး အင်္ဂါ ကို သွေးလည်ပတ်စီးဆင်းမှု ကောင်းစေတဲ့ အတွက် လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ်ခံစားမှုကို အလွယ်တကူ ရရှိစေပါတယ်။

သုတေသီတွေကတော့ “ပန်းသီးကို နေ့စဉ်ပုံမှန် စားသုံခြင်းနဲ့ အမျိုးသမီးတွေရဲ့ လိင်မှုဘ၀သာယာကောင်းမွန်ခြင်းရဲ့ကြား မှာ ဆက်သွယ်မှုတခု ရှိနေတယ်ဆိုတာကို ဒီလေ့လာမှုက ဖော်ပြနေပါတယ်။” လို့ပြောခဲ့ပါတယ်။
7day

://လေးလောင်းပြိုင်လူသတ်မှု မူးယစ်မှုနှင့်ဆက်စပ်ဟု ကောလာဟလထွက်၍ စုံစမ်းစစ်ဆေးနေ

မင်္ဂလာဒုံမြို့နယ် ပတ္တ မြားမြို့သစ်တွင်ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုမှာ မူး ယစ်ဆေးဝါးမှု နောက်ဆက်တွဲ ကြောင့် ရန်ငြိုးဖွဲ့သတ်ဖြတ်ခံရ ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်တွင် ကောလာဟလများ ထွက်ပေါ်လာပြီးနောက် မူးယစ်ရဲ တပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြု လုပ်နေကြောင်း သတင်းရရှိ သည်။မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြား မြို့သစ် ရွှေနံ့သာကျေးရွာအုပ်စု၊ မြအေးချမ်းသာလမ်းသွယ်နေ ရဲ အရာရှိဟောင်းတစ်ဦးနှင့် ၎င်း၏ ဇနီး၊ သားနှစ်ဦးသည် သြဂုတ် ၂၀ ရက်က အသတ်ခံခဲ့ရသည်။ အ ဆိုပါဖြစ်စဉ်မှာ ၂၀၁၄ က ဖြစ်ပွား ခဲ့ဖူးသည်ဆိုသော မူးယစ်ဆေးဝါး မှုကြောင့် ရန်ငြိုးထား သတ်ဖြတ်ခံ ရခြင်းဖြစ်နိုင်ကြောင်း ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင် သြဂုတ် ၂၁ ရက်က ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။‘‘ဘာသတင်းပဲဖြစ်ဖြစ် သ တင်းကို မှန်၊ မမှန်တော့ အတည် ပြုပေးရမှာ အစ်ကိုတို့ တာဝန်လေ။ အခုလောလောဆယ်မှာ ကိုယ်တို့ တပ်ဖွဲ့စုက ရဲမှူးသုံးယောက်ကို မင်္ဂလာဒုံစခန်းကို လွှတ်တယ်။ ဒီ ဖြစ်စဉ်အကြောင်းရင်းနဲ့ ပတ် သက်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ် သက်မှုရှိ၊ မရှိ စုံစမ်းတယ်’’ဟု မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲ (၃) ရန်ကုန်မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ပြောသည်။လူမှုကွန်ရက်တွင် ထွက်ပေါ် နေသော ကောလာဟလမှာ သေ ဆုံးသူ ဦးစိုးနောင်သည် ရဲတပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၄ အတွင်း စိတ်ကြွဆေးပြား ခြောက်သန်းသယ်ဆောင်လာ သော ကားကို လိုက်လံဖမ်းဆီးခဲ့ ဖူးပြီး ယင်းအမှုအတွက် ရန်ငြိုး ထားအသတ်ခံရခြင်းဖြစ်ကြောင်း ရေးသားထားခြင်းဖြစ်သည်။ သေ ဆုံးသူ ဦးစိုးနောင်သည် ဒုရဲအုပ် အဆင့်ဖြင့် ရဲတပ်ဖွဲ့မှ ၂၀၁၄ တွင် နုတ်ထွက်ထားသူဖြစ်သည်။လတ်တလော စစ်ဆေးမှု များအရ မူးယစ်တပ်ဖွဲ့ခွဲ (၃) ရန်ကုန်၏ ထိန်းချုပ်မှုဧရိယာအ တွင်း ၂၀၁၄ တွင် စိတ်ကြွဆေး ခြောက်သန်းကျော် ဖမ်းဆီးရမိမှု မရှိခဲ့ကြောင်း ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ပြောသည်။ လက်ရှိတွင် မူးယစ်တပ်ဖွဲ့ခွဲ(၁) မန္တလေး တပ်ဖွဲ့ခွဲမှူးဖြစ်ပြီး မူးယစ်တပ်ဖွဲ့ခွဲ (၃) ရန်ကုန်တွင် တပ်ဖွဲ့ခွဲမှူးအဖြစ် ၂၀၁၄ က တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယရဲမှူးကြီးမြင့်အောင်ကလည်း ယင်းကဲ့သို့ ဖမ်းဆီးမှုမရှိခဲ့ကြောင်း ထပ်မံအတည်ပြုသည်။ယခုကဲ့သို့ ကောလာဟလ များထွက်ပေါ်လာခြင်းမှာ လူတိုင်း က စိတ်ဝင်စားနေသော ယင်းလူ သတ်မှုကို အမှုမှန်မပေါ်ပေါက်စေ ရန် လူထုအား ရည်ရွယ်ချက်ရှိရှိအာရုံလွှဲခြင်းဖြစ်နိုင်ကြောင်းလည်း ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းက သုံး သပ်ကြသည်။ လက်ရှိတွင် အဆို ပါလူသတ်မှုကို မှုခင်းရဲတပ်ဖွဲ့ (စီ အိုင်ဒီ)နှင့် အထူး စုံစမ်းစစ်ဆေး ရေးဦးစီးဌာန (စသုံးလုံး)တို့က စစ်ဆေးနေပြီး စိတ်ဝင်စားစရာ ကောင်းနေကြောင်း ရဲတပ်ဖွဲ့အ သိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ စီအိုင်ဒီ ၀င်ရောက်စစ်ဆေးခြင်း သည် လူတကာစိတ်ဝင်စားပြီး အ မှုမှန်အမြန်ဆုံးဖော်ထုတ်နိုင်ရန် အရေးပါနေသောကြောင့်ဖြစ်ပြီး စသုံးလုံးက စစ်ဆေးခြင်းသည် ငွေ ရေးကြေးရေး ပြဿနာနှင့် ဆက် စပ်၍ ဖြစ်နိုင်ကြောင်း သုံးသပ်နေ ကြခြင်းဖြစ်သည်။အမှုလက်ခံဖွင့်ထားသော ထောက်ကြန့်မြို့မရဲစခန်းမှ စခန်း မှူး ရဲအုပ်ဌေးဝင်းက လက်ရှိအထိ စစ်ဆေးဆဲအခြေအနေသာဖြစ် ကြောင်းပြောသည်။ သေဆုံးသူ မိသားစုဝင်လေးဦးကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ အသတ်ခံရသူ လေးဦး တွင် ကျောင်းတက်နေဆဲ ကလေး ငယ်နှစ်ဦးပါဝင်နေ၍ လူထုက သနားကရုဏာသက်ကာ အမှုအ ပေါ် စိတ်ဝင်စားမှုများနေသည်။

7day

၁၇ လကြာ ကိုယ်ဝန်လွယ်ထားရတဲ့အမျိုးသမီး ကမ္ဘာ့စံချိန်တင်မယ့် အလားအလာရှိ


21.08.2016ရက်ပေါင်း ၅၀၀ ကျော် ကိုယ်ဝန်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အမျိုးသမီးဟာ ကမ္ဘာ့အရှည်ကြာဆုံး ကိုယ်ဝန်ဆောင်သူအဖြစ် စံချိန်တင်မယ့် အလားအလာရှိနေပါတယ်။ ဝမ်ရှီလို့ခေါ်တဲ့ အဆိုပါအမျိုးသမီးဟာ ၁၇ လကြာ ကိုယ်ဝန်ဆောင်ခဲ့ရတာဖြစ်ပြီး သတ်မှတ်ထားတဲ့ မွေးရက်ထက် များစွာကျော်လွန်ကာ ကိုယ်ဝန်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

သူမဟာ ဟူနန်ပြည်နယ်  Tianping မြို့က ဖြစ်ပြီး ဒေသမီဒီယာတွေရဲ့ ဖော်ပြချက်အရ  ၂၀၁၅ ဖေဖော်ဝါရီလောက်ကတည်းက ကိုယ်ဝန်ဆောင်လာခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ သြဂုတ် ၁၈ ရက်နေ့မှာတော့ သူမရဲ့ကလေးကို မွေးဖွားခဲ့ပြီး ကလေးဟာ ၃.၈ ကီလိုဂရမ်ရှိတယ်လို့ CCTV News က ဖော်ပြခဲ့ပါတယ်။

ဒီလိုမျိုး ကိုယ်ဝန်ဆောင်ကာလရှည်ကြာတဲ့ဖြစ်ရပ်ဟာ ယခင်ကလည်း ရှိဖူးပြီး မှတ်တမ်းတွေအရ ဗျူလာဟန်တာလို့ခေါ်တဲ့ အမေရိကန်အမျိုးသမီးတစ်ဦးဟာ ၃၇၅ ရက်ကြာ ကိုယ်ဝန်ဆောင်ပြီး ၁၉၄၅ မှာ မွေးဖွားခဲ့ပါတယ်။ ဝမ်ရှီရဲ့ ကိုယ်ဝန်ဆောင်ရက်ကတော့ ၅၀၀ ကျော်ခဲ့တာ ဖြစ်ပါတယ်။

Photos & Source: CCTV News

Duwun

Wednesday, 10 August 2016

ဆီးကို ဘီယာအဖြစ် ပြောင်းလဲနိုင်တဲ့ စက် တီထွင်

                                                    

သြဂုတ် ၇ ။ ဘယ်ဂျီယံတက္ကသိုလ်က သုတေသီတွေဟာ ဆီးကို နောက်ဆုံးမှာ ဘီယာအဖြစ်တောင် ပြောင်းနိုင်တဲ့ စက်တစ်မျိုးကို တီထွင်ခဲ့တယ်လို့ သိရပါတယ်။ 

တကယ်တော့သည်စက်ကဆီးကို သောက်သုံးလို့ရတဲ့ရေနဲ့ မြေသြဇာတို့အဖြစ် နှစ်မျိုးပြောင်းလဲပေးနိုင်ပါတယ်။ စက်ကဆိုလာစွမ်းအင်ကိုအသုံးပြုပြီး ဆီးကိုအပူဓာတ်ပေးကာအမြှေးပါးတစ်ခုမှတဆင့် ဖြတ်သန်းစေပြီးဆီးထဲမှာပါဝင်တဲ့ဓာတ်တွေထဲကနေ ရေကိုခွဲထုတ်ပေးတာ ဖြစ်ပါတယ်။

သည်လိုစက်မျိုးက အသုံးချစရာအလားအလာတွေအများကြီးရှိတယ်လို့ ဆိုပါတယ်။ သန့်ရှင်းတဲ့ရေ မရှိတဲ့ ကမ္ဘာပေါ်က ကျေးလက်ဒေသတွေအတွက် သောက်သုံးရေတွေပေးနိုင်တာကအစ လေဆိပ်တွေမှာတပ်ဆပ်ခြင်းဖြင့် ငွေကုန်ကျသက်သာစေနိုင်တာအဆုံး အမျိုးမျိုးသောအကျိုးကျေးဇူးတွေရလိမ့်မယ်လို့ သုတေသီ ဆီဘတ်ရှန်ဒဲရက်စ် ကပြောပါတယ်။ ဒါမှမဟုတ်ရင် ဘီယာချက်ဖို့တောင် အသုံးပြုလို့ရနိင်တယ်လို့ ဆိုပါတယ်။

ဘယ်ဂျီယံသုတေသီတွေက သည်စက်ကိုတီထွင်နိုင်ဖို့ နှစ်နှစ်ခွဲကြာအောင် ကြိုးစားခဲ့တာဖြစ်ပြီး ဂျန့်မှာ ကျင်းပတဲ့ ဂီတဖျော်ဖြေပွဲမှာ စမ်းသပ်ခဲ့ကြပါတယ်။ သည်ပွဲမှာ ပရိသတ်တွေရဲ့ကောင်းမှုနဲ့ ရေ လီတာ ၁၀၀၀ လောက်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

kumudar

Saturday, 6 August 2016

//:ပန်ကန်ပြားပျံ လမ်းမပေါ် သွားနေလို့ ရဲလိုက်ဖမ်း၊ အနုပညာရှင် တစ်ဦးရဲ့ တင်ဆက်မှုဖြစ်

အိုင်ယာလန်နိုင်ငံ ဂိုရီမြို့မှာ လူတွေ အကုန်လုံး အံ့အားသင့် သွားတဲ့ဖြစ်စဉ် တစ်ခု ဖြစ်ခဲ့ပါတယ်။ ပန်းကန်ပြားပျံ တစ်စင်း လမ်းမပေါ်မှာ မောင်းပြီး ရွေ့လျားနေလို့ ဖြစ်ပါတယ်။

ရဲတွေလည်း မနေသာတော့ဘဲ ပန်းကန်ပြားပျံ နောက်ကို ကားနဲ့ လိုက်ရပါတော့တယ်။

အဲဒီအရာကို မိတော့ ရဲတွေက စစ်ဆေးတဲ့အခါ အထဲက ဘာဂြိုဟ်သားမှ ထွက်မလာခဲ့ဘဲ ဒေသခံ အနုပညာရှင် အလီကီမယ်အလီ ဖန်တီးထားတဲ့ အနုပညာလက်ရာ တစ်ခုမှန်း သိသွားကြပါသတဲ့။

အဆိုပါ ယာဉ်ဟာ လျှပ်စစ်စကူတာ ယာဉ်လေး နှစ်ခုကို ငုံကာ တပ်ဆင်ထားတာ ဖြစ်ပြီးတော့ မီးခိုးထွက်တဲ့စ က်ကလေးနဲ့ လေဆာတွေ တပ်ထားတာ ဖြစ်ပါတယ်။

ဒီအရာကို ဖန်တီးခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် အနုပညာရှင်ကတော့ အဲဒါရဲ့ဘေးကို ခင်ဗျား လာကြည့်မယ်ဆိုရင် ဒါဟာ အသက်ဝင်နေတယ်လို့ ခင်ဗျား မြင်ရလိမ့်မယ်လို့ ပြောကြားပါတယ်။

အဆိုပါ ပန်းကန်ပြားပျံကို လာမယ့် လမှာ ပြသမယ့် လျှပ်စစ်ပစ္စည်းနဲ့ အနုပညာပြပွဲမှာ ထည့်သွင်း မောင်းနှင် ပြသသွားမှာ ဖြစ်ပါသတဲ့။

The Voice