Friday, 28 April 2017

   

တချိန်က အားပေးခဲ့တဲ့ မမတွေ အန်တီ၊ဒေါ်ဒေါ်အရွယ်သို့ ပြောင်းလဲသွားကြပေမယ့် စိုင်းစိုင်းခမ်းလှိုင်ကတော့ နှစ်ကာလတွေရဲ့ အပြောင်းအလဲဟာ သူနဲ့မသက်ဆိုင်လှသလို ရုပ်ရည်ထူးထူးခြားခြားပြောင်းလဲသွားတာမရှိပဲ နုပျိုစွာဖြင့်ဆက်လက်ဖျော်ဖြေနေတုန်းပါပဲ။ သက္ကရာဇ်တွေရဲ့ အပြောင်းအရွှေ့ဟာ စိုင်းစိုင်းနဲ့သိပ်မသက်ဆိုင်လှသလိုပါပဲ။ ဒါပေမယ့် ဒီနှစ်သင်္ကြန်မှာ ဇရာဆိုတဲ့ သဘာဝက စိုင်းစိုင်းကို ရာဇသံပေးလိုက်ဟန်တူပါရဲ့။ TMF မှာ သင်္ကြန်ရေဆော့စဉ် အဆိုတော်မင်းသား စိုင်းစိုင်းခမ်းလှိုင် တစ်ယောက် ရေစိုတော့ မိတ်ကပ်ပျက် အလှပျက်သွားလို့ လှောင်ကြပြောင်ကြနဲ့ ပွဲဆူသွားခဲ့ပါတယ်။ “ဒီရုပ်ကြီးကိုချစ်နိုင်မှ ငါ့ဘဝထဲကိုဝင်လာခဲ့ပါ” မိတ်ကပ်နဲ့ နုပျိုအောင်ပြင်ဆင်ပြီး ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့စိုင်းစိုင်းတစ်ယောက်Application နဲ့ အိုမင်းအောင်လုပ်ပြီး ပရိသတ်ကို ထပ်မံဆွဲဆောင်ပြန်ပါပြီ။ စိုင်းစိုင်းပရိသတ်ကတော့ မည်သို့ပင်ဆိုစေ စိုင်းစိုင်းကိုဆက်လက်အားပေနေဦးမည်ဖြစ်ပါကြောင်း။

   

------ ------- ------ ------ ------ မော်ဒယ် သရုပ်ဆောင် ရွှေမြင့်မိုရ်ကို ဧပြီ ၂၇ နေ့က သူမနေထိုင်ရာ တာမွေမြို့နယ်ရှိ တိုက်ခန်း၌ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ရွှေမြင့်မိုရ်နေထိုင်ရာ မ/ ၃၇-၅ လွှာ တိုက်ခန်းသို့ ရဲတပ်ဖွဲ့မှ သတင်းအရ ၀င်ရောက်ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က၀င်ရောက်ဖမ်းဆီးချိန်၌ မော်ဒယ်သရုပ်ဆောင် ရွှေမြင့်မိုရ်အတူ အမျိုးသား ၂ ဦးရှိနေခဲ့ကြောင်း၊ ထို့ကြောင့် ရွှေမြင့်မိုရ်အပါအ၀င် ၃ ဦးတို့အား မယ (ပ) ၁၉/၂၀၁၇ ၊ မူးစိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း တာမွေမြို့မ ရဲစခန်းမှ သိရသည်။ “သူတို့နေ ထိုင်တဲ့နေအိမ်မကိုသွားရောက်စစ်ဆေးတော့ ဆေးပြားတွေရယ်၊ ကျန်တဲ့သုံးစွဲထားတဲ့ အသုံးအဆောင် ပစ္စည်းတွေရယ် တွေ့တယ်။ ဒါကြောင့် အမှုဖွင့် အရေးယူထားတယ်။ တရားရုံးကနေ ရမန်ယူထားတယ်။ လော လောဆယ် ဒီလောက်ပဲပြောလို့ရမယ်” ဟု အထက်ပါ စခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။ ရွှေမြင့်မိုရ်သည် အနုပညာလှုပ်ရှားမှုအဖြစ် လတ်တလောတွင် Photo Model ပိုင်းကို အာရုံစိုက်လုပ်ကိုင်လျက်ရှိကြောင်း အထူးသဖြင့် Sexy Photo များရိုက်ကူးခြင်းကိုနှစ်သက်ကြောင်း ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းနှင့်အင်တာဗျုးတွင် ပြောကြားထားသည်။ သူမသည် ၂၀၁၀ ခုနှစ်တွင် Miss Mandalay Queen ဆုကိုရရှိခဲ့ပြီးနောက် အနုပညာလောကထဲသို့ ၀င်ရောက်လာသူဖြစ်သည်။ လင်းလင်းအောင် Photo - ကိုလင်း News Watch

Thursday, 27 April 2017

       

                                 () ()()() /    (Sex Drops)()                ()  / () ()() () /      () () ()  () / ()   () () /()   () ()  ()  / /  ()  ()  ,                             () /   ()() Spanish Tog Ophery    () Vimax  () (,)            https://www.facebook.com/yezarnimedia/

အမျိုးသား လိင်အင်္ဂါနဲ့တူတဲ့ ပီလောပီနံ ဥကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး

ဖီလစ်ပိုင်အမျိုးသမီးတဦးသည် ပီလောပီနံဥအား အမျိုးသား လိင်အင်္ဂါနဲ့တူသောကြောင့် အမြဲတမ်း သူမသည် ပီလောပီနံဥအား လိင်ဆက်ဆံဖြစ်ခဲ့ရာ တနေ့တော့ လိင်ဆက်ဆံရင်း ပြန်ဆွဲထုက်မရဖြစ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ယင်းအမျိုးသမီး လိင်ဆက်ဆံဖြစ်သော ပိလောပီနံ ဥများသည် အမျိုးသား လိင်အင်္ဂါများနဲ့တူခဲ့ပြီး ပိလောပီနံဥများ စိုက်ပျိုးရေး ခြံများ၌ အထူးအော်ဒါ မှာယူခဲ့ခြင်း ဖြစ်ပါတယ်လို့ ဖိလစ်ပိုင် သတင်းများ၏ ဖော်ပြချက်များအရ သိရှိရပါတယ်။အဆိုပါအမျိုးသမီးသည် အမျိုးသား လိင်အင်္ဂါနဲ့ တူသော ပီလောပီနံဥများ အထူးမှာယူ၍ ဝယ်ယူခဲ့ရာ သူမသည် အမြဲတမ်း ပီလောပီနံ ဥများနဲ့ လိင်ဆက်ဆံခဲ့ပါသည်ဟူ၍ ဒေသခံ သတင်းမီဒီယာများက ရေးသား ဖော်ပြခဲ့ကြပါတယ်။ သူမသည် တနေ့တော့ ပီလောပီနံဥနဲ့ အတူ လိင်ဆက်ဆံရာ ပြန်ဆွဲထုတ်မရ ဖြစ်ပြီး ဆေးရုံသို့ အမြန်ပြေးကာ ခွဲစိတ်ပြီးထုတ်ခဲ့ပေမယ့်လဲ သူမသေဆုံးခဲ့ရပါတယ်။ ကဲ သခွားသီး ဇာတ်လမ်းက မပြီးသေးဘူး ပီလောပီနံ ဇာတ်လမ်းက လာပြန်ပြီ MCNews ပရိတ်သတ်ကြီးလဲ သခွားသီးကြိုက်လား ပီလောပီနံဥ ကြိုက်လား ဖြေခဲ့ကြပါ။ အရင်းအမြစ်: elitereaders.com Credit: MCNews

Wednesday, 26 April 2017

ပလတ်စတစ် ဘူးခွံ ကို ပန်ကာ နဲ့တွဲပြီး Air-con ဖြစ်အောင်ဖန်တီးမယ်

ဖျော်ရည်ဗူးခွံနဲ့ ရေသန့် ဗူးခွံ တွေကို ပန်ကာနောက်မှာ တပ်ဆင်လိုက်ရင် သိပ်အေးတဲ့ Air-con တစ်လုံးဖြစ်လာနိုင်တယ်ဆိုတာ သိပါသလား။ စိတ်ဝင်စားသွားရင် တူတူလိုက်လုပ်ကြည့်ရအောင်နော်။ ပထမဆုံး ပလတ်စတစ် ဗူးခွံ (၂)ခုလိုပါတယ်။ ဓားတစ်လက်ကို အသုံးပြုပြီး ဗူးခွံရဲ့အောက်ပိုင်းကို ဓားနဲ့ဖြတ်ပါမယ်။ ဗူးခွံပြတ်သွားသည်အထိ မဖြတ်ရပါ။ တစ်ဝက်ကျော်ကျော်လောက်ဆို ရပါတယ်။ နောက် အပါက်ဖောက်တဲ့ ကိရိယာကို အသုံးပြုပြီး ပုံမှာပြထားတဲ့အတိုင်း အပေါက်လေးတွေဖောက်ပါ။ ဗူးခွံ နှစ်ခုရဲ့ အဝဘက်ကို အော်ဘက်မှာထားပြီး သွပ်နန်းကြိုးဖြင့် ပန်ကာ ရဲ့အနောက်ဘက် တစ်ဖက်စီမှာ တွဲချည်ပါ။ ပြီးလျှင် ဗူး ထဲကို ရေခဲတုံး များ ထည့်ပါ။ အားလုံးပြီးသွားပြီဆိုလျှင် ပန်ကာ ကို ဖွင့်လိုက်ပါ။ အေးမြခြင်းကို အသေအချာခံစားရမှာ သေချာပါတယ်။

Thursday, 20 April 2017

သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ အသတ်ခံရမှု သံသယရှိသူကို ဖမ်းမိ

21-Apr-2017 ရန်ကုန်၊ ဧပြီ ၂၀ သံမဏီနှင်းဆီဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသားတစ်ဦးကို ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင်တွင် ဖမ်ဆီးနိုင်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။ လူသတ်မှုအတွက် သံသယရှိသူ အမျိုးသားမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၅ လမ်းတွင် နေထိုင်သူဖြစ်ပြီး နိုင်ငံခြား သင်္ဘောလိုက်ရာမှ ပြန်လည် ရောက်ရှိလာသည်မှာ လပိုင်းသာ ရှိသေးကြောင်း ၎င်းတို့ထံမှ သိရသည်။ သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ အသတ်ခံရခြင်းမှာ လူမှုရေးကိစ္စကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ရကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “သူ့အမျိုးသမီးနဲ့ သေဆုံးသူ လူမှုရေးကိစ္စ ပတ်သက်နေတယ်လို့ ဘေးပတ်ဝန်းကျင်က သိရပြီး လူသတ်မှု ကျူးလွန်ခဲ့တာလို့ ကနဦး စစ်ဆေးချက်အရပဲ သိရသေးတယ်၊ အခိုင်အမာ သိရအောင် စစ်ဆေးနေဆဲပါ”ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်းရှိ သံမဏိနှင်းဆီ ဂျာနယ်ရုံးခန်းတွင် ဧပြီလ ၁၆ ရက်နေ့က အပုတ်နံ့ရသဖြင့် ဘေးချင်း ကပ်လျက်နေထိုင်သူ အသက် ၅၈ နှစ်အရွယ် အမျိုးသားက ယင်းဂျာနယ် အယ်ဒီတာချုပ်ကို ဖုန်းဆက် အကြောင်းကြားသဖြင့် လာရောက် စစ်ဆေးခဲ့ရာ ထုတ်ဝေသူ အသက် ၂၇ နှစ်အရွယ် ကိုဝေယံဟိန်းမှာ ထိုးသွင်းဒဏ်ရာ ၁၄ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ပုဇွန်တောင်မြို့မရဲစခန်းမှ သိရသည်။ ယင်းအသတ်ခံရသူ ကိုဝေယံဟိန်းမှာ လူပျိုတစ်ဦးဖြစ်ပြီး မိဘများနှင့်အတူ မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ အမှတ် (၄) ရပ်ကွက်တွင် မိဘများနှင့် အတူ နေထိုင်ကြောင်း၊ တစ်ခါတစ်ရံ ရုံးခန်းသို့ လာရောက် အိပ်လေ့ရှိပြီး မသေဆုံးမီ နှစ်ရက်ခန့်က မိဘများနှင့် ဖုန်းအဆက်အသွယ် ရရှိခဲ့ကြောင်း၊ ယင်း လူသတ်မှုနှင့် ပတ်သက်၍ ပုဇွန်တောင် မြို့မရဲစခန်းက (ပ) ၈၅/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရရှိနိုင်ရန် စုံစမ်း ရှာဖွေလျက်ရှိကြေင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။ The Voice

Saturday, 15 April 2017

မြောက်ကိုရီးယားက နျူကလီးယားဖြင့် တကမ္ဘာ

မြောက်ကိုရီးယားက နျူကလီးယားဖြင့် တကမ္ဘာလုံးကို ခြိမ်းခြောက်နေဟု တောင်ကိုရီးယား ပြော northkorea-usa By ဒီဗွီဘီ 16 April 2017 Print မြောက်ကိုးရိးယားဘက်က နျူကလီးယားစမ်းသပ်မှု အကြိမ်ကြိမ်လုပ်ပြနေတာဟာ ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေတာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ချက်ချင်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။ “မြောက်ကိုရီးယားဟာ မနေ့က စစ်ရေးပြအခမ်းအနားမှာ ဒုံးလက်နက်အမျိုးမျိုးကို ပြသခဲ့ပါတယ်။ ဒီနေ့ တာဝေးပစ်ဒုံးလက်နက်ကို ပစ်ခတ်ပြီး တကမ္ဘာလုံးကို ခြိမ်းခြောက်ကြောင်း ပြသခဲ့ပါတယ်” လို့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် CHO JUNE-HYUCK က ပြောကြားသွားပါတယ်။ “နောက်ထပ် ဒီလို ပြင်းထန်တဲ့ နျူကလီးယား စမ်းသပ်မှုမျိုး၊ တာဝေးပစ်ဒုံးကျည်ပစ်လွှတ်မှုမျိုး ထပ်လုပ်မယ်ဆိုရင် ပြင်းထန်တဲ့ ဆုံးမမှုတွေ လုပ်ရလိမ့်မယ်။”