Tuesday, 26 June 2018
!
---------
သမီးရည်းစားစုံတွဲ ချိန်းတွေ့ရာမှ စကားများရန်ဖြစ်ကာ ပုလင်းကွဲဖြင့်ထိုးမှုဖြစ်ပွား
အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စု ထန်းတောကျေးရွာရှိ ရွှေဘုံသာသာသနာ့ရိပ်သာကျောင်းဝင်း အရှေ့တောင်ထောင့်၌ ဇွန် ၂၆ ရက် မွန်းလွဲပိုင်းက ရတနာပုံတက္ကသိုလ်မှ သမီးရည်းစားစုံတွဲ ချိန်းတွေ့ရာမှ စကားများရန်ဖြစ်ကာ ပုလင်းကွဲဖြင့်ထိုးမှုဖြစ်ပွားခဲ့ပြီး ကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်မှ တတိယနှစ် ပထဝီဝင်ကျောင်းသား ထွန်းထွန်းကျော်(၂၀ နှစ်) မိုးမိတ်ခရိုင်၊ မဘိန်းမြို့နယ် ဝိုင်းလုံကျေးရွာနေသူနှင့် ဒုတိယနှစ် ဥပဒေကျောင်းသူ မစောမြတ်မွန်(၁၉ နှစ်) တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာနေသူတို့ သမီးရည်းစားသည် ချိန်းတွေ့ရာမှ စကားမျာရန်ဖြစ်ကာ ထွန်းထွန်းးကျော်မှ မစောမြတ်မွန်အား အနီးရှိပုလင်းခွံဟောင်းအား ရိုက်ခွဲပြီး ထိုးခဲ့သဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအား လူနာတင်ယာဉ်ဖြင့် မန္ထလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး တရားခံ ထွန်းထွန်းကျော်အား အမရပူရမြို့မရဲစခန်း ရဲအုပ် မင်းပိုင်ဦးနှင့်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသတင်းရရှိသည်။
#TheMandalayNewsJournal
Friday, 22 June 2018
အစကတော့ ၄လက်မဆိုတာ ပုံမှန်ဆိုက်ဗျ။ ယောင်္ကျားလေးကော မိန်းကလေးကော အဆင်ပြေတယ်။
နောက်ပိုင်း ခေတ်က ပိုပွင့်လင်းပြီး အမြင်ကျယ်လာကျတော့ ၄လက်မခွဲလောက်ကို သေးတယ်ထင်လာကြတယ်။
၅လက်မခွဲ ၆လက်မ လောက်မှ အားရတယ်လို့ ထင်လာကြတယ်။ တစ်ချို့ မိန်းကလေးတွေကြတော့ ၆လက်မက ကြီးလွန်းတယ် လက်နဲ့မဆန့်ဘူးပေါ့ ၅လက်မခွဲလောက်က အတော်ဘဲပေါ့။
ယောင်္ကျားလေးကြတော့ ကြီးလေကြိုက်လေဆိုတာမျိုး သူတို့ကြတော့ ၆လက်မလောက်မှ အားရတယ်ထင်ကြ တယ်။
အားလုံးက ကိုယ့်အကြိုက်နဲ့ ကိုယ်ပါဘဲနော့်။
..........
ဟန်းဖုန်းဆိုဒ်တွေ တဖြည်းဖြည်း ပြောင်းလဲလာလိုက်ကြတာ 😀
#စိုင်းမြတ်ကိုကိုဘုန်းလှိုင်
Wednesday, 20 June 2018
=======================
=======================
နွေရာသီရောက်လာနဲ့အမျှ ညနေခင်းတွေဆို အပြင်မှာ လေညှင်းလေး ထွက်ခံရင်းနဲ့ အေးအေးဆေးဆေး အနားယူချင်ကြမှာပါ။
ဒါပေမယ့် ခြင်ကိုက်တဲ့ဒဏ်ကို မခံနိုင်လို့ အိမ်ထဲမှာပဲနေနေရကြပါတယ်။
ခြင်ကိုက်တဲ့အခါ ယားယံတာ၊ ယောင်ရမ်းတာတွေအပြင် များစွာသောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ ခြင်မကိုက်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကြက်သွန်ဖြူစားပါ
ကြက်သွန်ဖြူအနံ့ကို ခြင်တွေအပြင် တခြားအင်းဆက်ပိုးမွှားတွေက မခံနိုင်ဘူးလို့ သိရပါတယ်။
ဒါကြောင့် ကြက်သွန်ဖြူစားပေးခြင်းဖြင့် သင့်ရဲ့ ခံတွင်းမှာ ကျန်နေတဲ့အနံ့ကြောင့် ခြင်တွေက သင့်အနားကို လာတော့မှာ မဟုတ်ပါဘူး။
(၂) ပန်းသီးရှာလကာ
ပန်းသီးရှာလကာရည်ကို ချဉ်တာမကြိုက်လျှင် ပျားရည်အနည်းငယ်ရောပြီး ရေတစ်ဖန်ခွက်နှင့် ဖျော်သောက်လိုက်ရင် သင်သတိမထားမိခင်မှာ သင့်ခန္ဓာကိုယ်ကနေ အဲ့ဒီ့အနံ့ထွက်လာမှာပါ။
သင်ကတော့ အဲ့ဒီ့အနံ့ကိုရမှာမဟုတ်ပေမယ့် ခြင်တွေကတော့ အနံ့ရတဲ့အတွက် သင့်ကိုကိုက်တော့မှာ မဟုတ်ပါဘူး။
(၃) သံပုရာနှင့်လေးညှင့်ပွင့်
သံပုရာကို တစ်ခြမ်းခြမ်းလိုက်ပြီး လေးညှင်းပွင့် (၆) ပွင့်ခန့်ကို စိုက်လိုက်ကာ သင့်အနီးအနား ပတ်ဝန်းကျင်မှာ ထားလိုက်ရုံပါပဲ။
ခြင်တွေ လုံးဝမလာတော့ပါဘူးနော်။
Credit shwemom
==============
Myanmar News
သင်နဲ့သင့်ချစ်သူ မှာ နှုတ်ခမ်းတဝိုက်မှဲ့ပါနေလား
=======================
=======================
နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူ အများစုဟာသနားစရာ၊
ချစ်စရာအလွန်ကောင်းကြပါတယ်။
သူတို့တွေဟာအပြင်ပန်းမှာခက်ထန်ကြမ်းတမ်းတယ်
ထင်ရပေမယ့်🎋🎋အတွင်းစိတ်သဘောထားကတော့
အလွန်နူးညံ့သိမ်မွေ့ပါတယ်?🔮🔮
ပွစိပွစိလုပ်တာကတော့ ဝါသနာပါ :-p
သူများကိုကူညီလိုက်လို့ကိုယ့်မှာသုညဖြစ်သွား
ခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူအဆင်ပြေနေတယ်ဆိုရင် ကြည်နူးပီတိဖြစ်နေတတ်တဲ့သူတွေပါ📲🔈🔉
နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာ စေတနာလည်းအရမ်းကောင်းသလိုသံယောဇဉ်လည်းအလွန်ကြီးကြတဲ့သူတွေပါ။🎆သူတို့ဟာစိတ်ဆိုးစိတ်ကောက်လည်းလွယ်ပါတယ်။ခဏခဏလည်းစိတ်ဆိုးစိတ်ကောက်တတ်ပါတယ်😩😫စိတ်ကောက်လည်းခဏပဲ။ ချော့မယ့်သူရှိရင်တော့ဟန်အမူပိုပြီးဆက်ပြီးတော့စိတ်ကောက်ဟန်…ဆောင်နေတတ်ပါတယ်။ချော့မယ့်သူမရှိရင်တော့သူ့အလိုလိုပျော့သွားရော😂😂📹📷📹📷
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူဟာချစ်သူအပေါ်မှာလည်းကလေးတစ်ယောက်လိုဆိုးနွဲ့ချင်ကြပါတယ်။🎋🎉🎊
အချစ်လည်းအရမ်းကြီးပါတယ်။🎈🎌🔮ဒါပေမယ့်အချစ်စိတ်ကြီးတော့ဘယ်လောက်ကြီးတဲ့အပြစ်ဖြစ်ဖြစ်စိတ်ရှည်သည်းခံပြီးနားလည်ခွင့်လွှတ် ပေးနိုင်တဲ့သူတွေပါ။🎤🎤🎧🎧ဒါပေမယ့်စိတ်ထဲမှာတော့မတင်မကျနဲ့အမြဲသံသယဖြစ်နေတတ်တယ်။
ဖြစ်ခဲ့သမျှ အတိတ်တွေကိုတော့ အမြဲမမေ့ဖျောက်နိုင်ပဲ အမှတ်ကြီးတဲ့သူတွေပါ။✂✂✂📂📁
နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာအများအားဖြင့်ကိုယ့် ဘဝကို📏📐စိတ်ညစ်စရာကောင်းတယ်လို့ထင်နေတတ်ပါတယ်။သူများအကြည့်တွေကိုလည်း
သည်းမခံနိုင်သလို သူ့ကိုသူများတွေကစိတ်ထဲမှာ🚴🏇🚴🏇ဘယ်လိုထင်နေမလဲဆိုတာကိုအမြဲသိချင်နေသူတွေပါ။📛📛
Aသွေးလေးတွေဟာကိုယ့်ကိုယ်ကိုလည်းမချစ်တတ်ဘူး။ …..သူများတကာတွေကိုလည်းတော်ရုံတန်ရုံအထင်မကြီးတတ်ဘူး🎼🎵🎶🎶🎵🎼
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာတစ်ခါတစ်လေကိုယ့်ကိုယ်ကို…..တောင်o_O ယုံကြည်ဖို့ခက်ခဲနေတတ်တယ်။
သူ့မှာအတွေးအခေါ်ကောင်းတွေရှိနေတာတောင်…
သူများစကားကိုယုံပြီးလက်ခံတတ်တဲ့အတွက် အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင်လည်းစဉ်းစားနေတာနဲ့ပဲအချနိကုန်သွားတတ်တယ်။@}-;-‘– @}-;-‘-လုပ်လိုက်တဲ့ကိစ္စတစ်ခုကို အများအားဖြင့်ပြဿသ၁နာဖြစ်မယ်🎻🎺🎷၊ဆုံးရှုးံမယ်ဆိုပြီးမကောင်းတဲ့ဘက်ကပဲ အများအားဖြင့် တွေးလေ့ရှိတယ်။🏀⚽🏀
နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာ ငြိမ်းချမ်းခြင်းကိုမြတ်နိုးသူတွေပါ။🍭🍭ဖြစ်နိုင်ရင်ကိုယ်တစ်ယောက်တည်းပဲ
ငြိမ်းချမ်းစွာသာသာယာယာနေသွားချင်ကြတဲ့သူတွေပါ။🍮ငြိမ်းချမ်းရေးကိုမြတ်နိုးပေမယ့်လည်း
တောင်းပန်ရမှာကိုတော့ သေလောက်အောင်မုန်းတယ်။သူအမှားတစ်ခုလုပ်မိပြီဆိုရင်လည်းနောင်တရမဆုံးဖြစ်နေတတ်တာနုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေပါ♕ ♕ ❆
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာသူတစ်ပါးအပေါ်မှာကျတော့…..
ဦးစားပေးတတ်တယ်။ ..❦ ❦ သနားတတ်တယ်။❦ ❦
အားနာတတ်တယ်။❦ ❦ ဒါပေမယ့်ကိုယ့်မိသားစုအပေါ်မှာတော့အနိုင်ယူချင်တယ်။♨ ♨ ♨
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေကိုချစ်သူခင်သူလည်းပေါသလို❦ ❦ အပေါင်းအသင်းလည်းများပေမယ့် ….အများအားဖြင့်တစ်ယောက်တည်းနေရတာကိုပဲ…သဘောကျပြီးတစ်ယောက်တည်းပဲဖစ်နေတတ်ပါတယ်🍑🍑👲👳👲👳
နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေ ကဒေါသကလည်းအရမ်းကြီးတတ်တယ်။ ဒါပေမယ့်တော်ရုံတန်ရုံစိတ်မဆိုးတတ်ပါဘူး။☺☺စိတ်ကလည်းအရမ်းမြန်တယ်။ သူမှန်တယ်ထင်ရင်ဘယ်သူ့ကိုမဆို ရင်ဆိုင်ရဲတယ်။
ဘာမဆိုလုပ်ရဲတယ်။ ကိစ္စတစ်ခုကိုလုပ်ချင်ပြီဆိုရင်လည်းဇွတ်လုပ်တတ်တယ်။😄😃သူ့ကိုမခံချင်အောင်၊…ဒေါသထွက်အောင်မထိတထိသွားလုပ်တဲ့သူတွေဆို …အရွဲ့ပြန်တိုက်ရ်မှကိုကျေနပ်တယ်။
စိတ်တိုနေပြီဆိုရင်တော့😠😠မျက်နှာထားကတင်းတင်းနဲ့ တစ်လောကလုံးသူ့လုပ်စာကိုပဲထိုင်စားနေရသလို 😡😡ဘယ်သူနဲ့မှကိုစကားမပြောချင်တော့ဘူး😷😷😷😷😷
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာသူများအပေါ်မှာလည်းကိုယ့်
သိက္ခာအကျခံပြီးတော့ကိုကူညီပေးတတ်တဲ့သူတွေပါ။ မိသားစုနဲ့ပတ်သတ်ရင်လည်းသံယောဇဉ်အရမ်းကြီးပြီးခင်တွယ်တတ်တယ်။😘😘
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာချစ်သူအပေါ်မှာလည်း….ကိုယ့်ရဲ့စိတ်ကူးထက်ချစ်သူရဲ့ စိတ်ကူးကိုပိုပြီးဦးစားပေးတတ်ကြပါတယ်။ 😍😍😍ကိုယ်ချစ်တဲ့သူကိုလည်းလိုတာထက်ပိုပြီးတော့သဝန်တိုတတ်ကြတယ်။
ပြီးတော့စိထဲမှာရှိတိာကုပွင့်ပွင့်လင်းလင်းမပြောရဲကြဘူး➳ ➳ ➳
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာချစ်သူကိုအရမ်းချစ်သလောက်
မြတ်နိုးသလောက် ဂရုစိုက်သလောက် ကြင်နာ သလောက် တွယ်တာသလောက် အလေးထားသလောက် နားလည်မှု တွေခွင့်လွှတ်မှုတွေရှိသလောက်
အများအားဖြင့် သူ့ချစ်သူအပေါ်သူပေးနိုင်သလောက်ပြန်မရတတ်ကြပါဘူး😥😥
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာတစ်ယောက်ဆိုတစ်ယောက်ပိတောက်ဆိုပိတောက်ပါပဲ်??????ဘူးဆိုဖရုံမသီးတတ်ပါဘူး😎😎စိတ်ခံစားမှုကလည်းအရမ်းပြင်းထန်တဲ့အတွက် ချစ်သူနဲ့ပတ်သတ်ပြီးဘာမဟုတ်တာလေးကအစ စိတ်ထဲမှာဝမ်းနည်းခံစားတတ်ပါတယ်။😩😫
==============
Morning News
Sunday, 17 June 2018
လိုက်ချီးသီး နှင့် ကြောက်စရာ အသက်အန္တရာယ်
=======================
=======================
လိုက်ချီးသီး နှင့် အသက်အန္တရာယ်
လိုက်ချီးသီးသည် မြန်မာနိုင်ငံတွင် အသီး အနေနှင့်တစ်ဖုံ ဖျော်ရည်အနေနှင့်တစ်သွယ် တာရှည်ခံထုပ်ပိုးမှုဖြင့်တစ်မျိုး စားသုံးမှုများပြီး လူကြိုက်များသော အသီး တစ်မျိုးဖြစ် သည်။ ချိုပြီး အလွန်အရသာရှိသောအသီး ဖြစ်သည်။ နှစ်ပေါင်း များစွာ ကျွန်ုပ်တို့စားသုံးခဲ့ကြပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြသည်။ ရာသီစာ အသီး အနှံဖြစ်ပြီး တာရှည်ခံပုံစံဖြင့် တစ်နှစ်ပတ်လုံး ရရှိနိုင် အောင် စီမံစားသုံးကြသည်။ နီညိုရောင်အခွံရှိပြီး အခွံအတွင်းရှိ နူးညံ့ဖြူဖွေး၍ ချိုသောအတွင်း အပိုင်းကို ကျွန်ုပ်တို့ စားသုံးရသည်။ အတွင်းဆုံးတွင်တော့ မာကျော သောအစေ့ရှိသည်။ လိုက်ချီးသီးကိုထမင်းစားပြီး အချိုပွဲအဖြစ် စားသုံးလေ့ ရှိပါသည်။ လိုက်ချီးသီးသည် ရာသီစာ ဆိုသော်လည်း ဆီးသီးလောက်ဈေး မပေါ၊ သရက်သီး လိုလည်း အလွယ် တကူမရရှိနိုင်ပါ။ ထို့ကြောင့် လိုက်ချီးသီးကို အချိုပွဲအဖြစ် စားသုံးသည့်အခါ တစ်လုံးကနေ သုံးလုံး လောက်သာ စားသုံးကြရသည်။
လိုက်ချီးသီးစားသုံးပြီး သေဆုံးနိုင်ပါသလား ယခုနှစ် ဖေဖော်ဝါရီလထုတ် ဘီဘီစီသတင်းအရ အိန္ဒိယမှကလေးငယ်များ လိုက်ချီးသီး စားသုံးပြီးနောက် သေဆုံးခဲ့ကြသည်။ အမေရိကန်နှင့် အိန္ဒိယသိပ္ပံပညာရှင် များအဆိုအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် အစာအိမ် ထဲတွင် အစာမရှိဘဲ လိုက်ချီးသီးစားသုံးခြင်းကြောင့် တစ်နှစ်လျှင် ကလေးငယ် ၁ဝဝ ကျော်ထူးဆန်းသော ရောဂါဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။
လေ့လာဆန်းစစ်မှုများအရ အိန္ဒိယနိုင်ငံ ဘီဟား ဒေသရှိ ပုံမှန်ကျန်းမာသော ကလေးငယ်များသည် ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက်ရောဂါခံစား ရပြီး သတိမေ့ကာဆေးရုံသို့ရောက်ရှိခဲ့ကြသည်။ ဆေးရုံ တက်လူနာများ၏ ထက်ဝက်ခန့်မှာ အသက်ဆုံးပါးသွား ကြသည်။ ဆရာဝန်များသည် လိုက်ချီးသီးကြောင့် အဆိပ်သင့်သည်ဟု သုံးသပ်ခဲ့ ကြသည်။ ဤကဲ့သို့ ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက်ရောဂါဖြစ်ပွားသည့် ကလေးငယ်အများစုမှာ ဆင်းရဲ နွမ်းပါး သူများဖြစ်ကြပြီး လိုက်ချီးသီးအများဆုံးထွက်ရှိသည့် ဒေသတွင်နေထိုင်သူ အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ မြေကြီးပေါ်သို့ ကြွေကျနေသော လိုက်ချီးသီးများကို ဤကလေးများက အားရပါးရ ကောက်ယူ စားသုံးကြသည်။ ဤသို့ စားသုံး သည့်အချိန်မှာ ညနေစာလည်း မစားရသေးပေ။ သူတို့၏ အစာအိမ်ထဲတွင် လိုက်ချီးသီးမှ ထွက်လာသည့် ဓာတ် တစ်မျိုးမှ ကလေးများ၏ ကိုယ်တွင်းရှိ သကြားဓာတ်ကို လျော့စေပါသည်။
ကျွန်ုပ်တို့ခန္ဓာကိုယ်ရှိဆဲလ်များ အလုပ်လုပ်ရန်ရှင်သန် ရန်အတွက် ဂလူးကို့စ် ခေါ် သကြားဓာတ်လိုအပ်ပါသည်။
သကြားဓာတ်နည်းလျှင် ကျွန်ုပ်တို့ခန္ဓာကိုယ်ရှိ ဆဲလ်များ မရှင်သန်နိုင်ပါ၊ သေဆုံးသွားနိုင်ပါသည်။ ခန္ဓာကိုယ်ရှိ သကြား ဓာတ် နည်းခြင်းကို ဆတ်ဆတ်ထိမခံနိုင်သော ဆဲလ်များ ဦးနှောက်တွင်ရှိပါသည်။ သကြားဓာတ်အနည်း ငယ်နည်းလျှင် ခံစားရနိုင်သည့် လက္ခဏာများမှာ မူးဝေခြင်း၊ ရင်တုန်ခြင်း၊ လက်တုန်ခြင်း၊ ချွေးစေးပြန်ခြင်းများဖြစ်ပြီး ဤလက္ခဏာ များကို အသက်ကြီးလွန်းသူ အဘိုး၊ အဘွားများနှင့် အသက်ငယ်သော ကလေးများက ပြောပြတတ်မည် မဟုတ် ချေ။ ထို့ထက်ပို၍ သကြားဓာတ်နည်း လာသော် ဝက်ရူးပြန်သကဲ့သို့တက်ခြင်း၊ ကယောင်ကတမ်း ပြောခြင်းနှင့် သတိမေ့ခြင်း တို့ဖြစ်စေနိုင်သည်။ အသက် အန္တရာယ်ဆုံးရှုံးသွားနိုင်သည်။
ဤဘီဟားဒေသမှ ကလေးများသည် ဝက်ရူးပြန်သကဲ့သို့ တက်ခြင်း၊ သတိမေ့ခြင်း စသောလက္ခဏာများသည် သွေးတွင်း သကြားဓာတ် နည်းခြင်းကြောင့်ဖြစ် ကြောင်း တွေ့ ရှိရသည်။ အချို့ကလေးများသည် ကိုမာခေါ် သတိမေ့မြော သွားပြီး သေဆုံးသွားကြရခြင်းမှာ သကြားဓာတ် အလွန်အမင်း နည်းသွားခြင်းကြောင့်ဖြစ်သည်။ ဤကလေး များတွင် အစာအိမ်ထဲ၌ အစာမရှိသဖြင့် သကြားဓာတ်ကျခြင်းကို ခန္ဓာကိုယ်မှ ပံ့ပိုးပေးနိုင်ခြင်းမရှိပေ။ ထို့ပြင် စားလိုက်သည့် လိုက်ချီးသီး၏ အစွမ်း သည်လည်း စောစော စီးစီး ပြလိုက်ခြင်းဖြစ်သည်။
အခြားအလားတူဖြစ်ရပ်တစ်ခုမှာ ကာရစ်ဘီယံရှိ မူဇက်ဖာပါဆေးရုံတွင် ၂ဝ၁၄ ခုနှစ်၌ဖြစ်ပွားခဲ့သည်။ ဤဒေသတွင် လည်း မူလကသွား သွားလာလာဆော့ကစား နေသည့် ကလေး အများအပြား ရုတ်တရက် ဝက်ရူးပြန်သကဲ့သို့ တက်ပြီး အချို့မှာ သေဆုံးသွားကြောင်းတွေ့ရသည်။ ဤဖြစ်စဉ်ကို လေ့လာကြည့်သောအခါ ထိုကလေးများသည် အက်ကီး ခေါ် အသီးတစ်မျိုးကိုစားပြီး နာရီပိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။
ဓာတ်ခွဲ စမ်းသပ်တွေ့ရှိချက်များအရ ယင်းအက်ကီး သီးတွင် ဟိုင်ပိုဂလိုင်စင်ခေါ် ဓာတ်တစ်မျိုး ပါဝင်ကြောင်း တွေ့ရသည်။ ယင်းဟိုင်ပိုဂလိုင်စင်သည် သွေးအ တွင်းရှိ သကြားဓာတ်ကို လျော့နည်းစေသည်။ လိုက်ချီးသီးတွင်လည်း အက်ကီးသီးကဲ့သို့ ဟိုင်ပို ဂလိုင်စင် ပါဝင်ကြောင်းတွေ့ရသည်။ ဤသုတေသနတွေ့ရှိချက်အပေါ် နောက်ထပ် အလားတူဖြစ်ရပ်များမဖြစ်စေရန် ကျန်းမာ ရေးပ ညာပေးမှုများ ပြုလုပ်ကြရသည်။
ကလေးများနှင့် ကလေး အုပ်ထိန်းသူ မိဘများကို ညနေစာစားပြီးမှ လိုက်ချီးသီးစားရန် အကြံပေး လိုက်ရပါသည်။ တန်ဆေး လွန်ဘေးဆိုသကဲ့သို့ လိုက်ချီးသီးကိုလည်း အများကြီး မစားသင့်ကြောင်း အကြံပြုလိုက်ရပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့်ဝန်ထမ်းများကိုလည်း လိုက်ချီးသီးကြောင့် သကြားဓာတ် နည်းပြီး အထက်ပါလက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သတိပြုရန်အကြံပြုရပါသည်။ ကျွန်ုပ်တို့ တိုင်းပြည်တွင် လိုက်ချီး သီး စားသုံးမှု များပြားသဖြင့် လိုက်ချီးသီးနှင့် အသက်အန္တရာယ် အကြောင်း သတိပြုစေ ရန် ဤဆောင်းပါးဖြင့် တင်ပြလိုက်ရပါသည်။ အခြားနိုင်ငံများ၏ ဖြစ်ပွားမှုနှင့် လေ့လာတွေ့ရှိချက်ကို သင်ခန်းစာ ယူရမည် ဖြစ်ပါသည်။
ကျွန်မတို့ ဆရာဝန်၊ ဆရာမများအပါအဝင် အားလုံး လက်ခံထားသည်မှာ ”ဘယ်အသီးအချိုကို စားစား ခန္ဓာကိုယ် အတွင်းရှိ သကြားဓာတ်တက်မည်”ဟုသာ လက်ခံ ထားကြပါသည်။ ဥပမာ – ဆီးချိုရောဂါဝေဒနာရှင် တစ်ဦး ဆီးချိုဆေး လွန်ကဲ မှုကြောင့် သကြားဓာတ်နည်းပြီး ဆေးရုံသို့ရောက်လာပါက လိုက်ချီးသီးချိုချိုလေး ကို ကျွေး မိကောင်း ကျွေးမိနိုင် ပါသည်။ ဤသို့ပြုမိပါက လူနာအတွက် အသက်အန္တရာယ် ရှိပါသည်။
ထို့ပြင် ကျွန်မတို့ ဆေးလောကတွင် လိုက်ချီးသီးကို ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် ကုသဆေးအနေဖြင့် သုတေ သန စမ်းသပ်မှုများ ပြုလုပ်သင့်ပါသည်။ ။
---
ပါမောက္ခ-ဒေါက်တာ ခင်ဖြူပြာ
Source : မြ၀တီ
Photo credit
==============
Morning News
Saturday, 16 June 2018
အကြမ်းစား ပုံတွေ တင်လိုက်တဲ့ နန်းသီရိမောင်
Hola Mi amour..Bella Bella ??🎶♥️🎶♥️
Model _ Nang Thiri Maung(IsaBella)
Foto - Thein Zaw Win ( Photo Magic )
Makeup - Chuu (TWT)
Saturday, 9 June 2018
ကလေး ၂၂ ယောက်မိခင် စမ်းချောင်းမှာနေသည်
နှင်းမောင်ဦး
'ကျွန်မကလေးတွေကို နှလုံးသားနဲ့ မွေးပါတယ်'
စမ်းချောင်းမြို့နယ် တရုတ်ကျောင်းလမ်း တိုက်နံပါတ် ၃ဝ၊ ရှစ်လွှာတွင် မရှင်ငြိမ်းမယ် တစ်ယောက် ကလေးငယ်များနှင့် ဗျာများနေသည်။
ကလေးငယ်များကို သူပြုစုယုယနေပုံက မြင်ရသူကို ကြည်နူးစေသည်။ လူတိုင်းနီးပါး စားဝတ်နေရေးခက်ခဲနေသည့် ယနေ့အချိန်အခါတွင် ကလေး ၂၂ ယောက်၏ မိခင်ဖြစ်ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်။ ထို့ပြင် သူ့ကို မှီခိုနေသည့် ကိုယ်ဝန်ဆောင်မိခင် ၄ဝ နီးပါး အဆင်ပြေစွာ မွေးဖွားနိုင်ရန်အတွက်လည်း မရှင်ငြိမ်းမယ် လုံးပန်းနေရသည်။
ရည်းစားဖြစ်သူ (သို့မဟုတ်) ယောက်ျားဖြစ်သူတို့နှင့် စိတ်အလိုလိုက်ကာ ကိုယ်ဝန်ရရှိခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရသည့် အမျိုးသမီး များအဆင်ပြေလွယ်ကူစွာ မီးဖွားနိုင်ရန်အတွက် မရှင်ငြိမ်းမယ်က ၂ဝ၁၄ ခုနှစ်မှစ၍ စတင်ကူညီခဲ့ခြင်း ဖြစ်သည်။ မီးဖွားပြီးနောက် မိခင်ဖြစ်သူများက စွန့်ပစ်ခဲ့သည့် ကလေးငယ်များကို တရားဝင် မွေးစားခြင်းဖြင့် ကလေးများစွာ၏ မိခင်ဖြစ်လာခဲ့သည်။ ကလေးအများကြီးနှင့် နေရသည်ကို သူကိုယ်တိုင်က သဘောကျနေသည်။
''ကျွန်မငယ်ငယ်က အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ပြီးတော့ ကျွန်မတို့ သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲခဲ့ကြတယ်။ အဲဒီမှာ သူနဲ့ရတဲ့ ကိုယ်ဝန်ပါလာတယ်။ သမီးကလေး မွေးတယ်။ အဲဒီအတွက်ကြောင့် ယောက်ျားမရှိဘဲနဲ့ ကလေးမွေးရတဲ့ ခံစားချက်၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဒဏ်တွေကို ခံခဲ့ရတော့ ကိုယ်ချင်းစာစိတ်နဲ့ ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ပါ''ဟု For Mommy - မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေးကို စတင်တည်ထောင်သူ မရှင်ငြိမ်းမယ်က ပြောသည်။
အသက် ၃၈ နှစ် ရှိပြီဖြစ်သည့် မရှင်ငြိမ်းမယ်တွင် သွေးသားနှင့်မွေးရသည့် ကလေးက တစ်ယောက်တည်းသာ ရှိသော်လည်း နှလုံးသားနှင့် မွေးထား သည့် ကလေးက ၂၁ ယောက်ရှိသည်။ ထို့ကြောင့် သူသည် ကလေးငယ် ၂၂ ယောက်၏ မိခင်ဖြစ်သည်။ သမီးအရင်းမှာ မူကြိုတက်နေပြီဖြစ်ပြီး နှလုံးသားနှင့်မွေးထားသည့် ကလေးငယ်များအနက် အကြီးဆုံးမှာ တစ်နှစ်နှင့် ခြောက်လသာရှိပြီး ကျန်ကလေးငယ်အများစုမှာ လသား အရွယ် လေးများ ဖြစ်သည်။ လက်ရှိနေထိုင်သည့် စမ်းချောင်းတွင် နှလုံးသားနှင့် မွေးထားသည့်ကလေးငယ် ၁၆ ဦးရှိပြီး သန်လျင် သဘာဝ တရားရိပ်သာ တွင် ကလေးငယ် ငါးဦးရှိသည်။ နေ့စဉ်သန်လျင်နှင့် စမ်းချောင်းကို ကူးချည်သန်းချည်လုပ်ကာ ကလေးငယ်များကို အချိန်ပေးနေရသည့်အပြင် လှည်တန်းတွင်ရှိ သည့် သွေးသားနှင့်မွေးထားသော သမီးငယ်အတွက် လည်း အချိန်ပေးရပြန်သည်။
သူမွေးစားထားသည့် ကလေးငယ် ၂၁ ယောက်သည် ပုံစံမျိုးစုံ၊ အလွှာမျိုးစုံ က အမျိုးသမီးများ၏ သား သမီးရင်းခြာများဖြစ်သော်လည်း သူသည် ကလေး အားလုံးကို သူ့သားသမီးအရင်းတွေလို ပြုစုစောင့်ရှောက်နေ သည်ကို တွေ့ရသည်။
မရှင်ငြိမ်းမယ်သည် မာမီကွတ်(Mommy Cook) ဟူသော အမည်ဖြင့် Facebook တွင် ကလေးငယ်များအား ကျွေးမွေးသင့်သည့် အစားအစာ များကို မျှဝေခဲ့ရာမှ သူ၏အမည်ကိုလည်း မာမီကွတ်ဟု လူသိများလာခဲ့ သည်။
''ကျွန်မတို့နိုင်ငံမှာ ကလေးငယ်တွေနဲ့ ပတ်သက်လို့ ဖြည့်စွက်စာ ကျွေးတဲ့ နေရာမှာ မိခင်တွေက ဟိုဟာ စားရင်ဘာဖြစ်မယ်၊ ဒီဟာစားရင် ဘာဖြစ်မယ် ဆိုတဲ့ ရှေးရိုးစွဲအယူအဆ ကျင့်သုံးနေကြတုန်းပဲ။ အဲဒီအတွက် အာဟာရပြည့်ဝအောင် ဘယ်လို အစားအစာတွေ ကျွေးသင့်တယ်ဆိုတာ ကို Facebook ကနေ ချက်ပြုတ်ပြရင်းနဲ့ လူသိများလာခဲ့တာ။ နောက်ပိုင်း မှာ Single Mother တွေကို ကလေးမွေးပေးတဲ့အလုပ်ကို ပရဟိတ အနေနဲ့ လုပ်ခဲ့တာ''ဟု ၄င်းက ပြောသည်။
မာမီကွတ်၏ ကလေးမွေးပေးခြင်းအလုပ်သည် အလွန်အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။ လေးနှစ်တာကာလအတွင်း ကိုယ်ဝန်ဆောင်မိခင် ၃ဝဝ နီးပါးကို အောင်မြင်စွာ မွေးဖွားနိုင်ရန် ကူညီပေးနိုင်ခဲ့ပြီး ထပ်မံ၍လည်း အားကိုးတကြီး ဆက်သွယ်လာကြသူများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
''ကျွန်မတို့ For Mommy - မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေး Facebook ရဲ့ Messenger က ဆက်သွယ်ကြတယ်။ ကျွန်မအတွက်က သူတို့ ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အရေးမကြီးဘူး။ မိခင်နဲ့ ဗိုက်ထဲက ကလေးပဲ ကျွန်မအတွက် အရေးကြီးတယ်။ သူတို့အန္တရာယ်ကင်းစွာ မွေးနိုင်ဖို့ပဲ ကျွန်မ ကြိုးစားတယ်။ အကူအညီတောင်းတဲ့သူ အများစုက အသက် (၂ဝ) ဝန်းကျင်တွေ များတယ်။ ပညာတတ်တွေလည်း ပါတယ်။ ဆွေမျိုးအရင်းက အဓမ္မပြု ကျင့်ခံရတာတွေလည်း ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ ကျွန်မတို့က သူတို့ပြောသလောက်ပဲ သိရတာ။ ရောက်လာတဲ့သူတိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကူညီပေးရသလို ဖြစ်နေတယ်''ဟု ၄င်းကပြောသည်။
ကလေးမွေးရန်အတွက် လာရောက်ဆက်သွယ်သူ အများစုကို ပြင်ဦးလွင်မြို့ ဆေးရုံကြီးတွင် မွေးဖွားနိုင်ရန် စီစဉ်ပေးထားပြီး ကိုယ်ဝန်ဆောင်များ နေရန်အတွက် တိုက်နှစ်လုံးကိုလည်း သဘာဝတရား ရိပ်သာ ဆရာတော်က လှူဒါန်းပေးထားသည်။ ပြင်ဦးလွင်တွင် မရှင်ငြိမ်းမယ်၏ မိခင်က ကိုယ်ဝန်ဆောင်များကို စောင့်ရှောက်ပေးလျက် ရှိနေပြီး မာမီကွတ်ကဟုဆိုလျှင် ပြင်ဦးလွင်ဆေးရုံက သေချာစွာ ဂရုစိုက် ကုသ၍ မွေးဖွားပေးကြောင်း သိရသည်။
မရှင်ငြိမ်းမယ်သည် ပိုလန်နိုင်ငံအခြေစိုက် ASEAN DNA Center ၏ အာဆီယံကိုယ်စားလှယ် တာဝန်ယူထားသည့်အတွက် မြန်မာနိုင်ငံမှ DNA စစ်လိုသူများ နှင့် အာဆီယံနိုင်ငံအချို့မှ DNA စစ်လိုသူများကို ကူညီ ဆောင် ရွက်ပေးခြင်းဖြင့် လစာဝင်ငွေကောင်းစွာ ရရှိနေသည်။ သို့သော် ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်များအတွက် ကုန်ကျ စရိတ်များသည် လစဉ်မြင့်တက်လာလျက်ရှိပြီး တစ်လလျှင် သိန်း ၆ဝ နီးပါး ကုန်ကျမှုရှိလာသည့်အတွက် မနိုင်ဝန်ထမ်းရသလို ဖြစ်လာခဲ့ရသည်။ သို့ရာတွင် သူတော်ကောင်းကို နတ်ကောင်းမသည်ဟု ဆိုရမည်ဖြစ်သည်။ သန်လျင် သဘာဝတရား ရိပ်သာဆရာတော်က မာမီကွတ်အတွက် လိုအပ်သည်များကို အဓိကကူညီထောက်ပံ့ပေးလျက်ရှိနေသည်။
''ဆရာတော်ကြီးက ကျွန်မတို့ကို ဆန်၊ ဆီ၊ ဆား ငွေကြေးနဲ့ တိုက်ခန်းတွေ ပေးထားပါတယ်။ ကလေးမွေးပြီးတဲ့ အမျိုးသမီးလေးတွေကို ကလေးတွေနဲ့ တိုက်ခန်း တွေမှာ ထားပါတယ်။ အရင်တုန်းကတော့ ကျွန်မ အလှူငွေ လက်မခံခဲ့ဘူး။ ကျွန်မက မိဘမဲ့ ဂေဟာ ဖွင့်ထားတာလဲ မဟုတ်ဘူးလေ။ အခုတော့ စောင့်ရှောက်ရတဲ့ ကလေးတွေက များလာတဲ့အတွက် လာလှူတဲ့ အလှူငွေတွေကို လက်ခံဖြစ်ပါတယ်။ အခုကျွန်မ ကလေးတွေနဲ့ နေတဲ့ တိုက်ခန်းကိုလည်း အလှူရှင်တွေက ကျွန်မတို့ နေရာအခက်အခဲ ရှိတဲ့အတွက် ပေးနေတာပါ။ ဆရာတော်ကြီးက အများဆုံး ကူညီတာပေါ့''ဟု မရှင်ငြိမ်းမယ်က ပြောသည်။
ပရဟိတ စလုပ်ခါစတွင် စိတ်မထားတတ်သေးသည့်အတွက် ဝမ်းနည်းမှုများ ကြုံတွေ့ခဲ့ရသော်လည်း သဘာဝတရားရိပ်သာ ဆရာတော်ထံတွင် ယောဂီဝတ်ခဲ့ပြီးနောက် စိတ်ထားတတ်သွားပြီး သင့်တင့်စွာ နှလုံးသွင်း တတ်သွားခဲ့သည်ဟု ဆိုသည်။
''အရင်တုန်းက ကိုယ်ဝန်ဆောင်တွေငိုရင် ကိုယ်ပါ လိုက်ငိုတယ်။ ကလေးတွေ ငိုရင်လည်း ကိုယ်ပါ လိုက်ငိုတယ်။ အရင်တုန်းက ကလေးကို မွေးစားဖို့ ပေးလိုက်ရပြီဆိုရင်လည်း ဝမ်းနည်းလို့ မအိပ်နိုင်၊ မစားနိုင်ဖြစ်ခဲ့ရ တယ်။ အခုတော့ ကလေးမွေးစားချင်တယ်လို့ လာတောင်းရင် သဘာဝတရားရိပ်သာ ဆရာတော်ကြီးဆီကိုပဲ လွှတ်လိုက်တော့တယ်။ ဆရာတော်တို့ကျတော့ အသိုင်းအဝိုင်း ပိုတောင့်တယ်လေ။ ရှေ့နေကောင်းကောင်းတွေလည်း ရှိတယ်။ သေသေချာချာမေးမြန်းပြီးတော့မှ မွေးစားခွင့်ပေးတာပေါ့။ စိတ်ခံစားရတာတွေ တအားများတဲ့အတွက် ကျွန်မ နှလုံးရောဂါပါ ရသွားတယ်။ နောက်ဆရာတော်နဲ့ တွေ့တော့မှ စိတ်ထားတတ်သွား တာ''ဟု မရှင်ငြိမ်းမယ်က ပြောသည်။
မည်မျှပင် ကောင်းမွန်သည့်အလုပ်ကို လုပ်စေကာမူ အနှောင့်အယှက် အခက်အခဲများ ကြုံတွေ့ရစမြဲဖြစ်သည်။ မရှင်ငြိမ်းမယ် ကြုံတွေ့ခဲ့ရသည့် အဖြစ်ကလည်း ရင်နာစရာကောင်းလှသည်။ သူစောင့်ရှောက်ထားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးက သူ့ဆီက ကွန်ပျူတာ၊ ရွှေ နှင့် ငွေများကို ခိုးယူထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
''အစက ဒေါသထွက်တာ။ ငါစောင့်ရှောက်ထားတာတောင် ဒီလိုလုပ်ရပါ့ မလား ဆိုပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ ပစ္စည်းကလည်း တချို့ တစ်ဝက် ပြန်ရပါတယ်။ အမှုတော့ မဖွင့်ဖြစ်ခဲ့ပါဘူး''ဟု ၄င်းက ဆိုသည်။
ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအတွက် ပစ္စုပ္ပန်တွင် အကောင်းဆုံး လုပ်ဆောင်ပေးနေသည့် မရှင်ငြိမ်းမယ်က အနာဂတ်အတွက် ကံစီမံရာ အတိုင်း သာဟု ပြောသည်။
''ကျွန်မ တတ်နိုင်သလောက် လုပ်နိုင်သရွေ့တော့ လုပ်သွားဦးမှာပါ။ ကျွန်မ သေသွားရင်တော့ ကလေးတွေရဲ့ ကံအတိုင်းပဲပေါ့ ...''
နှင်းမောင်ဦး
The Speaker သတင်းဂျာနယ်
အတွဲ(၂)၊ အမှတ်(၂၆)
၂၀၁၈ ဇွန် ၈
Saturday, 2 June 2018
ရန်ကုန်၊ ဇွန် ၂
Yangon Police
( unicode )
【 ပြည်တွင်း 】မင်္ဂလာဒုံမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ်အရက်တုများ အတုပြုလုပ်၍ သိုလှောင် ရောင်းချသူများကို ဖမ်းဆီးရမိသဖြင့် အမှုဖွင့်အရေးယူ
======================================
ရန်ကုန်၊ ဇွန် ၂
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ နှင့်ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ်အရက်တုမျိုးစုံကို အတုပြု လုပ်ကာ သိုလှောင်ရောင်းချ သူများအားဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
၁.၆.၂၀၁၈ ရက်နေ့က မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်
များသည် နေ့လယ် ၁၃း၀၀နာရီအချိန်တွင်ထန်းတပင်မြို့နယ်၊ ပေါက်တန်းကျေးရွာကွက်
သစ်နေသူများဖြစ်သည့် အောင်စိုး၊ (၂၅)နှစ်နှင့် မျိုးတင့်၊(၁၉)နှစ်တို့၏ နေအိမ်တွင် နိုင်ငံခြားဖြစ်
အရက်များကို အတုပြုလုပ်ကာ သိုလှောင် ရောင်းချနေကြောင်း သတင်းအရ သက်သေ
များနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ Giang Master တံဆိပ် အရက်ဖာ(၄)ဖာ၊ Black Label တံဆိပ်အရက်ဖာ (၂)ဖာ၊ Ballantines တံဆိပ်အရက်ဖာ (၁)ဖာ၊ Red Label တံဆိပ်အရက်ဖာ (၂)ဖာ၊ kingdon တံဆိပ် အရက်ဖာ (၆)ဖာ၊ ပုလင်းခွံနှင့် ပုလင်းအဖုံးခွံ
များနှင့် အရက်ရောစပ် ရာတွင်အသုံးပြုသည့် စပ်ဆက်ပစ္စည်းများအား ရှာဖွေတွေ့ရှိ
သိမ်းဆည်း ရမိခဲ့ပါသည်။
အလားတူ ညနေ ၁၆း၃၀ နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင် များ သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြသီတာရပ်ကွက်ရှိ မျိုးမြင့်ခိုင်(ခ)ကိုမျိုး၊ (၃၆)နှစ်၏ နေအိမ်
တွင် နိုင်ငံခြားဖြစ် အရက်မျိုးစုံကို အတုပြုလုပ်ကာ သိုလှောင်ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ အဆိုပါနေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်၏ဂိုဒေါင် အတွင်း မြေ အောက်ခန်းနှင့် ဂိုဒေါင် အတွင်းခန်းတို့မှ kingdonတံဆိပ် အရက်ဖာ (၉)ဖာနှင့် ပုလင်းခွံ (၂၀)လုံး၊ Giang Master တံဆိပ်အရက်ဖာ(၂)ဖာ၊ Donfife တံဆိပ် အရက်ဖာ
(၄)ဖာနှင့် ပုလင်းခွံ (၃၀)လုံး၊ Red Label တံဆိပ် အရက်ဖာ (၃)ဖာ၊ B&G တံဆိပ်အရက်ဖာ (၂)ဖာ၊ Sired Wards တံဆိပ် အရက်ဖာ (၁)ဖာ၊ ပုလင်းအဖုံးခွံများ၊ အရက်ရောစပ်ရာတွင်
အသုံးပြုသည့် စပ်ဆက် ပစ္စည်းများ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ယင်းသို့ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မျိုးမြင့်ခိုင်(ခ)ကိုမျိုးအား မင်္ဂလာဒုံမြို့နယ်၊
ထောက်ကြန့်နယ်မြေ ရဲစခန်း(ပ)၅၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ဖြင့်
လည်းကောင်း၊ အောင်စိုး၊ မျိုးတင့်တို့နှစ်ဦးအား ထန်း တပင်မြို့နယ်၊ တက်သစ်နယ်မြေ
ရဲစခန်း(ပ)၁၉၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ဖြင့် လည်းကောင်း အသီးသီးအမှု
များရေးဖွင့်ကာအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Yangon Police
Friday, 1 June 2018
" "
"တောက် …
မင်းတို့ကောင်တွေ တစ်ယောက်မှ သောက်သုံးမကျဘူး
ကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့ ငါတို့တွေက
ဒီ မြန်မာနိုင်ငံနဲ့ တွေ့မှ အရှက်ဗြန်းဗြန်းကွဲရတော့မယ်"
ISIS ရဲ့ ခေါင်းဆောင်ကြီး အဗူဘကာ ပေါက်ကွဲပြီ
အစည်းအဝေးခန်းမကြီး တစ်ခုလုံး တိတ်နေတာဘဲ
အဗူဘကာကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်
"ရာရှစ်လဲ သေပြီမလား"
"ဟုတ် ဟုတ်ပါတယ် …
ရာရှစ်ဘိုင် ကျသွားပါပြီ…"
"တောက်"
ရာရှစ်ဆိုတာက နယ်နယ်ရရတော့ မဟုတ်ဘူး
ပြင်သစ်ကို ဖောက်ခွဲတုံးက ဦးဆောင်တဲ့လူ
ဖောက်ခွဲရေးမှာတော့ ဆရာတစ်ဆူဘဲ
ဒါပေမဲ့ ပြင်သစ်မှာတုံးကမသေဘဲ
မြန်မာပြည်ရောက်မှ သေတယ်
လွန်ခဲ့တဲ့တစ်ပတ်က အဗူဘကာ ကိုယ်တိုင်
ရာရှစ်ကို အသေခံဗုံးခွဲဖို့ မြန်မာပြည်ကို လွှတ်လိုက်တာ
ရာရှစ်သေတယ် ဒါပေမဲ့ ဗုံးမကွဲသွားဘူး
အဗူဘကာ ခံပြင်းတာ အဲ့ဒါ …
ရာရှစ်ခမျာမှာလဲ အမိန့်အတိုင်း ဗုံးဂျတ်ကတ်ဝတ်ပြီး
လူအစည်ကားဆုံးဖြစ်တဲ့ ရေကျော်ပွဲဈေးကို သွားခဲ့တာဘဲ
လူကလဲ များပါ့
ကြိတ်ကြိတ်တိုးဘဲ
ရာရှစ် ပြုံးတယ်
ဟုတ်တယ်လေ … လူများလေ ရာရှစ် ကြိုက်လေဘဲလေ
ရာရှစ်က ဗုံးဂျတ်ကတ်ကို အထဲခံဝတ်ထားတယ်
ဒါပေမဲ့ အဲ့ဒါကို ခွဲမှာ မဟုတ်ဘူး
ပြေးမလွတ်မှ စနက်တံဖြုတ်ပြီး သတ်သေမှာ
သူ့ရဲ့ အဓိက မစ်ရှင်က incoming call bomb ခွဲမှာ
ဗုံးထောင်မယ် ခပ်လှမ်းလှမ်းသွားပြီး
ဖုန်းခေါ်မယ် ဗုံးကွဲမယ်
ပြီးပြီ သူ့အလုပ်က ဒါဘဲ …
ရာရှစ် လူအုပ်ထဲ ဇွတ်တိုးဝင်လိုက်တယ်
"ဗျစ်"
"ဟာ"
ရာရှစ် လန့်သွားတယ်
သူ့ဖင် သူပြန်စမ်းတယ်
ခုနက သူ့ဖင်ကို တစ်ယောက်ယောက် နှိုက်လိုက်တာကို
ပြောလို့ရတာမဟုတ်ဘူး
အယ်ခိုင်ဒါက ကောင်တွေနဲ့ ရာရှစ်တို့ ISIS က ပြိုင်ဖက်တွေ
"ငါ့ဖင်ထဲ ဗုံးလာထောင်သွားတာများလား"
"ဗျစ်"
"ဟယ်"
ထပ်အနှိုက်ခံရတယ်
စမ်းကြည့်တော့ ဘာဗုံးမှလဲ မရှိဘူး
ရာရှစ် ဖင်မလုံတော့ဘူး
ရာရှစ်ပုံစံကလဲ နှိုက်ချင်စရာကိုး
ဖင်ကကောက်တယ် ကုလားပေမဲ့ မုတ်ဆိတ်မွှေး တပင်မှမရှိဘူး
ဒီကြားထဲ ရင်ဘတ်မှာ လက်ပစ်ဗုံးနှစ်လုံးက ငေါလို့
ရာရှစ် သိသွားပြီ
ဒါ အယ်ခိုင်ဒါ နှိုက်တာမဟုတ်ဘူး
ပွဲဈေးက ကောင်တွေ လက်ကမြင်းတာ
ရာရှစ် မျက်ရည်စို့တက်လာတယ်
"အို အိုင်အက်စ်အတွက် အသက်တောင်ပေးပြီးမှဘဲ
ဖင်နှိုက်ခံရတာလောက်တော့ ရှက်မနေတော့ပါဘူး"
တွေးလို့မှ မဆုံးသေး
လက်တစ်ဖက်က အင်္ကျီရင်ဘတ်ထဲကို ဝှစ်ခနဲ ဝင်လာတယ်
"အို အမေ့"
ရာရှစ် လန့်သွားတယ်
အထဲမှာ ဗုံးတွေလေ
သကောင့်သားက လက်ပစ်ဗုံးကို ဘာမှတ်နေတယ် မသိဘူး
ပယ်ပယ်နယ်နယ် ပွတ်နေတာ
ရာရှစ်ခမျာ လှုပ်လဲမလှုပ်ရဲ
"ဟောဒီမှာ ကျွန်မကို နှိုက်နေပါတယ်" လို့
အော်လိုက်ရင်လဲ ဗုံးတွေနဲ့လက်ပူးလက်ကြပ်ကြီး မိမှာ
အောင်မာ … သကောင့်သားက ဗုံးကို ပွတ်လို့ ဝ တော့
စနက်တံကို လက်နဲ့ ဖိဖိပြီး ချေနေတယ်
"ဘုရား ဘုရား ထပေါက်ရင်တော့ သောက်ကျိုးနည်းပြီ"
လက်ပိုင်ရှင်ကို ရှာလိုက်တော့ ချာတိတ်တစ်ယောက်
အံမယ် … မျက်စတောင် ပစ်ပြလိုက်သေးတယ်
"ဗျစ်"
"အမေ့"
အနောက်ကလဲ လက်ဆော့ပြီး နှိုက်သွားပြန်ပြီ …
အရှေ့မှာ ဗုံး အနောက်မှာ ဖင်
အသက် ကော အရှက်ကော စမုံတုံးမဲ့အပေါက်
"အင်း ကြိတ်ခံ ရာရှစ် ကြိတ်ခံ"
ရာရှစ် မျက်စိ စုံမှိတ်ပြီး အံကို ကြိတ်ထား
လခွမ်း … ဗုံးကို ပွတ်နေပြီးတော့ ကောင်းလားဟင် တဲ့
ရာရှစ် ဟန်မပျက် ခေါင်းညိတ်ပြလိုက်တယ်
"အင်း ကောင်းတယ်
စနက်တံကို အရမ်းမကလိပါနဲ့လား ဟင်
အယ် ဟုတ်ပေါင်"
ရာရှစ် စကားမှား သွားတာတောင် ငတိက မရိပ်မိဘူး
သူ့တဏှာနဲ့ သူကိုး
"လှလိုက်တာ မမရယ်
လက်ပစ်ဗုံးလေး လိုဘဲ"
လက်ပစ်ဗုံးဘဲဟဲ့ မသာရဲ့
ရာရှစ် စိတ်ထဲက ကျိန်ဆဲနေပေမယ့် အပြင်မှာတော့
ပြုံးခံနေရတာပေါ့
"မမ နက်ဖန်ညကျလဲ လာခဲ့အုံးနော်
ကျနော် လူနာတင်ယာဉ်နားက စောင့်နေမယ်"
"အင်း လာခဲ့မယ်"
ရာရှစ်လဲ ပြီးပြီးရော ပြောပြီး ပြေးတာပေါ့
အကွယ်တနေရာ ရောက်မှ
ဗုံးတွေကို အသာအယာ ပြန်ထုတ်လိုက်တယ်
ဗုံး နှစ်လုံးစလုံး ဘတ်လဘိုင်ကို လိုက်လို့
နှိုက်တဲ့လက်ကလဲ ဂျီးတွေ ချွေးတွေနဲ့ ဆိုတော့
စနက်တံတောင် ဗွက်ထတယ်
"ခွီး … ဒီဗုံးတွေ ထားခဲ့မှပါ
အလကားနေရင်း သေတော့မလို့ ဟူး …"
ရာရှစ် လက်ပစ်ဗုံးတွေ ချုံထဲဝှက်ခဲ့လိုက်တယ်
incoming call bomb ထည့်ထားတဲ့ အိတ်ကိုပိုက်ပြီး
လူအုပ်ကြားထဲ ပြန်တိုးတယ်
လမ်းလယ်ခေါင် ထိုင်ချလိုက်တယ်
"ဒီမှာ ဟေ့ညူ
ဒါဘာညုတ်တာလဲ …"
ပတ်တီး တိုးလို့တွဲလောင်းနဲ့ လူတစ်ယောက်
ခွက်ကို လက်ဒုံးတိနဲ့ ညှပ်ပြီး
ဖင်တွန်း ဖင်တွန်းနဲ့ ရာရှစ်ဆီ ရွှေ့လာတယ်
"ဒီပွဲဈေးကို ဗုံးခွဲမလို့
ဟား ဟား ဟား …"
ရာရှစ် ကိုယ့်ဖာသာ သဘောကျပြီး
ကြိတ်ရယ်လိုက်သေးတယ်
"ဒါ ဗုံးခွဲတဲ့ နေညာ မဟုတ်ဘူး
ပတ်ညံတောင်းတဲ့နေရာ "
"ဟင်"
"ဗုံးခွဲချင် ဝေးဝေးသွားခွဲ
ဗျောက်ကို ဗျောက်လို့မပြောဘူး
ဗုံးခွဲမယ်ညေး ဘာညေးလာပြောနေနယ်
သောက်ကြီးသောက်ကျယ်နဲ့ သောက်ခလေး"
"ညှင်"
ရာရှစ်ခမျာ ဗုံးအိတ်လေးပိုက်ပြီး
လစ်ထွက်ခဲ့ရပြန်ရော
"ဒီနေရာ မဆိုးဘူး
လူလဲ အတန်အသင့် စည်သေးတယ်
ဒီနားဘဲ ထောင်လိုက်တော့မယ်"
ရာရှစ် ဗုံးကို ဖွင့်စစ်တယ်
အားလုံးအိုကေပြီ
ဖုန်းခေါ်လိုက်ရုံဘဲ …
ပွဲဈေးအပြင်ဘက်ထိ ရောက်အောင် တိုးထွက်တယ်
အပြင်ရောက်တော့ ဖုန်းခလုတ်နှိပ်လိုက်တယ်
… လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင် …
"ဟယ်"
ဗုံးမှာ တိပ်နဲ့ပတ်ထားတဲ့ ဖုန်းက မအားဘူးတဲ့
ဗုံးဆီ ဆက်စရာက သူကလွဲရင် ဘယ်သူမှ မရှိ
"ဗုံးများ ဖုန်းပြောနေသလားဘဲ"
ရာရှစ် ပွဲခင်းထဲ ပြန်ဝင်တယ် ထပ်ဆက်တယ်
… တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ မအားသေးပါရှင် …
"ဟာ"
အထဲ ထပ်ဝင်တယ် ထပ်ဆက်တယ်
"တူ …"
"ဟယ် … ဖုန်းဝင်ပြီ"
ငုံ့ကြည့်လိုက်တော့ ဗုံးအိတ်ကို ခွလျက်ကြီး
"ဟဲ့ … သောက်ပလုတ်တုပ်"
မထူးတော့ဘူး
ဖုန်းကလဲ ဒီနေရာမှာဘဲ မိတာလေ
ရာရှစ် အသေခံပြီး ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်တယ်
ဒါပေမဲ့ ရာရှစ် ဗုံးမကွဲခင် သေချင်တယ်
ဗုံးကွဲပြီး သေရင် နာမှာကိုး
အဲ့တော့ သူ့လည်ပင်းသူ လှီးသတ်ဖို့ လုပ်လိုက်တယ်
အဲ့ဒါက နာကျင်မှု သက်သာတယ် ဆိုလား
ရာရှစ် အချိန်တွက်လိုက်တယ်
လည်ပင်းကို ဓားနဲ့လှီးမယ်
စက္ကန့်ပိုင်း အချိန်ရတယ်
အဲ့အချိန် ဖုန်းခေါ်မယ် သေမယ်
သေပြီးတာနဲ့ ဗုံးကွဲမယ် … အားလုံး ကွက်တိ
ရာရှစ် ဓားထုတ်ပြီး သူ့လည်ပင်းသူ လှီးလိုက်တယ်
သွေးတွေ ပန်းထွက်လာတယ်
ဖုန်းအမြန်ခေါ်တယ်
"တူ …"
မကွဲသေးဘူး
"တူ …"
မကွဲဘူး
"ဟင် မှန်းစမ်း …"
လက်နဲ့စမ်း ကြည့်တယ်
ဗုံးတွေက နည်းနည်းရှည်နေသလိုလို
အိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ တိပ်နဲ့ပတ်ထားတဲ့
ကောက်ညှင်းကျည်တောက်တွေက အစည်းလိုက်ကလေး
"ဟာ …ဘယ် ပတ်ပြင်းမသား လက်ကမြင်းပြီး
ဗုံးနဲ့ကောက်ညှင်းကျည်တောက်ကို လဲသွားရတာလဲကွ
ဖာ့ခ် …"
လို့ အသံနက်ကြီးနဲ့ အော်ရင်း ပွဲခင်းထဲ စန့်စန့်ကြီး
ဂန့်သွားခဲ့ရတာလေ …
ရာရှစ် အဲ့သလို အလဟဿ သေခဲ့တော့
အဗူဘကာ ပေါက်ကွဲပြီပေါ့
"ဒီနိုင်ငံကို တစစီ အမှုန့်ချေပြမယ် တောက်"
အဗူဘကာ သူ့တပည့်တွေဘက် လှည့်မေးလိုက်တယ်
"သူတို့ မြို့လည်ခေါင်မှာ ရှိတဲ့ LED ဘုတ်ကြီးတွေကို
hack စမ်း …
ငါ ဒီကောင်တွေကို ပြောစရာရှိတယ်"
"hack လဲ မထူးဘူး ဆရာကြီး
သူတို့ဘုတ်တွေက အကောင်းတစ်ခုမှ မရှိဘူး"
"ကျစ် …
ရုပ်သံမီဒီယာတခုခုကို ဖုန်းဆက်ကွာ"
"ဆက်လိုက်ပြီ ဆရာကြီး
ဘာပြောလိုက်ရမလဲ …"
"အဗူဘကာ တနိုင်ငံလုံးကို ပြောစရာရှိတယ်လို့ ပြောလိုက်
ဟား … ဟား … ဟား …"
ဖုန်းဆက်တဲ့လူကလဲ မေးလိုက်တယ်
"ဘာတဲ့လဲဟေ့ …"
"ဟဒယ လိုင်းဆို အဆင်ပြေမလားတဲ့ ဆရာ"
"ဘာကွ … တောက်
free to air လိုင်းတွေကို ချိတ်စမ်း"
ဖုန်းထပ်ဆက်တယ် ထပ်မေးတယ်
"ဆရာ ညဥ့်နက်မှရမယ်တဲ့
အဲ့ဒါတောင် သင့်အတွက်မနက်ဖြန်ကို ဖြုတ်ပြီး
သင့်အတွက် အဗူဘကာဆိုပြီး ထည့်ပေးရမှာတဲ့"
အဗူဘကာ စိတ်ညစ်သွားတယ်
သူက မြန်မာနိုင်ငံကို ခြိမ်းခြောက်ချင်တာ
အကုန်လုံးအိပ်တဲ့အချိန် သွားလွှင့်တော့ ဘယ်သူက
ကြည့်ပြီး ကြောက်တော့မှာလဲ …
"ငါ အကြံရပြီ
ဟေ့ … ဖေ့ဘုတ်အကောင့် တစ်ယောက် လာဖွင့်ပေးစမ်း"
အဗူဘကာ နာမည်နဲ့ဘဲ အကောင့်ဖွင့်လိုက်တယ်
nick name ကို ISIS leader လို့ထည့်လိုက်တယ်
မြန်မာ အယောက်နှစ်ဆယ်လောက်ကို add လိုက်တယ်
ရပြီ … ဒီလောက်ဆို အစီအစဉ် စ လို့ရပြီလေ
အဗူဘကာ မျက်နှာဖုံးစွပ်လိုက်တယ်
AK 47 တလက်ကို ဟန်ပါပါ ပခုံးပေါ်ထမ်းလိုက်တယ်
"ဟေ့ကောင်တွေ … ငါ့ကို Live ရိုက်ပေးစမ်း"
အဗူဘကာ Live စ လွှင့်ပြီ
"ဟား ဟား ဟား …"
viewer 20 တဲ့
အဗူဘကာ ထပ်ရယ်တယ်
"ဟား ဟား ဟား …"
viewer 150 ကျော်လာပြီ ချက်ချင်းဘဲ
အဗူဘကာ ထပ်ရယ်တယ်
"ဟား ဟား ဟား အဟွတ် အဟွတ် …"
viewer 300
ရပြီ … ဒီလောက်ဆို စ ပြော လို့ရပြီ
"ISIS ခေါင်းဆောင် အဗူဘကာ ဆိုတာ ကျုပ်ဘဲ
ငွား ငွား ငွား …"
comment တွေ တက်လာပါပြီ
… ဟယ် ISIS ခေါင်းဆောင်တဲ့ cele ကြီးတော့် …
… ကွီး အဗူ add me …
"ဟယ်"
စခရင်မှာ အသဲပုံတွေလဲ ဖလပ် ဖလပ်နဲ့ တက်လာတယ်
"ငြိမ်ငြိမ်နားထောင်ကြပါ
မင်းတို့မြန်မာတွေကို ပြောစရာရှိတယ်"
… နာမည် ခေါ်ပေး …
"ဟင် … ရိန်းဘိုး ဘေဘီ ကဲ ခေါ်ပေးပြီးပြီနော်"
… bro ကျနော့် နာမည်လဲ ခေါ်ပေးအုံးလေ …
"အာကွာ … ကိုစိုးမိုးသူ ကိုစိုးမိုးသူ ကိုစိုးမိုးသူ"
… တခါခေါ်ရင် ရပါပြီဗျာ …
"ခင်ဗျား user name မှာကိုက သောက်ကြောရှည်ပြီး
သုံးခါ ရေးထားတာလေ ခွီးထဲမှ …
ကဲ ဆက်ပြောတော့မယ် …
ခင်ဗျားတို့ မြန်မာနိုင်ငံကို …"
… မျက်နှာဖုံး ချွတ်ပြပါ ဗျို့ …
"ကျုပ်တို့ ISIS က …"
… သေနတ်က အစစ်လား …
"အစစ်ပေါ့ "
… တစ်ချက် နှစ်ချက် ပစ်ပြ …
"အယ် … ပြောနေတာလေးလဲ သောက်ဖက်လုပ်ပြီး
နားထောင်ပေးကြပါအုံးဗျာ …
ခင်ဗျားတို့ မြန်မာနိုင်ငံကို ကျုပ်တို့ ISIS က …"
… ကွီး follow ဘဲရတော့တယ် …
"ဒါလေး ပြောပြီးရင် add ပေးပါ့မယ်ဗျာ … ခွီးထဲမှ …
ခင်ဗျားတို့ မြန်မာနိုင်ငံကို ကျုပ်တို့ ISIS က
မကြာတော့တဲ့ ကာလမှာ …"
… ကွီး video တွေ အရမ်းကြိုက်တယ် …
"ညှယ် … အခုမှ အကောင့်ဖွင့်တာကို"
… see first လုပ်ထားတယ် သက်လား
တပတ်ကို တစ်ခု နှစ်ခုလောက် တင်ပေး …
"ဟုတ်ကဲ့ … ဟယ်
ဒါ ခြိမ်းခြောက်နေတာလေ ဟာသမှ မဟုတ်တာ"
… ကွီး အတွင်းခံဘောင်းဘီအနက်ကြီးနဲ့ စွန်းဖိုင်း …
"ခွီးထဲမှာ … မျက်နှာဖုံးဟ မျက်နှာဖုံး"
… ဟိုနေ့က သတင်းမှာ တွေ့လိုက်တယ် …
"ဟုတ်လား ဟီ ဟီ … ကျေးဇူး"
… စကားပြောတာတောင် ဒီလောက်အသံကောင်းတာ
ကုလားသီချင်း တစ်ပိုဒ်လောက် ဆိုပြ …
" ခစ် ခစ် ရှက်စရာကြီး ဆိုတတ်ဝူးဆို
မျက်နှာဖုံး စွပ်ထားတာတောင် မျက်နှာတွေ ပူလာပြီ "
အဗူဘကာခမျာ သူ့ကို ဘယ်သူကမှ
ဒီလောက် မြှောက်မပြောဘူးတော့
ခြိမ်းခြောက်စကားပြောဖို့တောင် မေ့ပြီး ဖီးလ်တွေတက်တော့တာပေါ့
… ကွီးက စင်ဂယ်လား …
"အို … စင်ဂယ်ပေါ့
မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ဖို့ဆိုတာ
စနက်တံ ဖြုတ်ရတာ လောက် မလွယ်ပါဘူးကွယ်"
… ဟာ တော်ကီ အလန်းဘဲ
ပြန်တင်မယ်နော် စာသားကြိုက်လို့ …
"တင် တင် ခိ"
… ဒါနဲ့ ဘာပြောမလို့ Live လွှင့်တာလဲ …
… ဟုတ်တယ် ပြောစရာရှိတာ ပြောပါ အားမနာနဲ့ …
"သြော် … ဟိုလေ …
ကျုပ်တို့ ISIS က ခုတလော အားလဲအားနေတာ ဆိုတော့
မြန်မာနိုင်ငံမှာ ဗုံးလေး ဘာလေး လာထောင်မလားလို့
အဲ့ဒါ … ဟီ ဟီ"
… မကောင်းဘူး …
… ဟုတ်တယ် မကောင်းဘူး …
… ဘာလုပ်မှာလဲ ကွီးရာ
အခုဆို cele တောင် ဖြစ်နေပြီကို …
"ဗုံး မထောင်ရင်လဲ တခြား ဘာမှ လုပ်စရာမရှိလို့
အဲဒါ ဟီ ဟီ "
… ဒါမျိုး Live ခဏခဏ လွှင့်ပေါ့ …
… ဟုတ်ပ cele ဆိုတာ လူတွေသေအောင်မလုပ်ရဘူး
လူတွေရီအောင် လုပ်ရတာ …
… funny video တွေရိုက် ဒီထပ်တောင် လူပိုကြိုက်အုံးမှာ …
"တကယ် … ဟီ ဟီ ရိုက်ပြီ ရိုက်ပြီ "
အဲ့သည်အချိန်က စပြီး facebook မှာ IS Funny Group ကြီး
ပေါ်လာပါလေရော …
အဗူဘကာကတော့ ပင်တိုင် သရုပ်ဆောင်ပေါ့
ဝီလပ်ဖ် အဗူဘကာ ဆိုတဲ့ Fan Page ကြီးလဲ ပေါ်လာတယ်
အဗူဘကာခမျာ အရင်က သေနတ်ကိုင်ပြီး
ကျားခဲ့လျားခဲ့သမျှ အခု မုတ်ဆိတ်ကြီး တကားကားနဲ့
အခြောက်လိုလဲ သရုပ်ဆောင်ရ …
ပရိတ်သတ် ရီဖို့က အဓိက ကိုး
ရိုက်စရာ video မရှိရင် သေနတ်ကြီး တကားကားနဲ့
mirror selfie ဆွဲ ဓာတ်ပုံ ခဏခဏတင်
ဒါမှ ပရိတ်သတ်နဲ့ in touch ဖြစ်မှာကိုး
အားနေ လျားနေရင် တာလီဘန်တို့ အယ်ခိုင်ဒါတို့ကို
စတေးတပ်နဲ့ သောက်ဖောင်းထု
( ဟိုက မြင်တာမှ မဟုတ်တာ )
အောက်က ဘုမသိ ဘမသိနဲ့ IS Fan တွေကလဲ
… အဗူဘကာ ကွ အားပေးတယ် ချ ချ … ဆိုပြီး
အောက်ဆီဂျင်လုပ်
တချို့ကလဲ တာလီဘန် တို့ အယ်ခိုင်ဒါ တို့ကို ဘာမှတ်နေတယ် မသိဘူး
… သူတို့က ငါတို့ IS လောက် ရီ ရလို့လား …
ဆိုတာက ပါသေးတယ်
အဗူဘကာ ကျေးဇူးနဲ့ ISIS တဖွဲ့လုံး လူချစ်လူခင် များလာတယ်ပေါ့ …
သေနတ်နဲ့ သိမ်းတာထက် ဟာသလုပ်ပြပြီး သိမ်းပိုက်တာက
သူတို့အတွက် ထောက်ခံသူ ပိုရတယ် ဆိုတာ သဘောပေါက်သွားတယ်လေ …
ဒါပေမဲ့ မကြာပါဘူး
အဗူဘကာ ရဲ့ "ISIS funny group "နှင့် အပြိုင်
အယ် ဇဝါ ဟီရီ ခေါင်းဆောင်တဲ့ "ရီစရာ ပျော်စရာ အယ်ခိုင်ဒါ"
ဟာသ အဖွဲ့ဆိုတာတွေကော
ဟိုက်ဘာသူလာ ခေါင်းဆောင်တဲ့ " ဟီးဟီးဟားဟား
တာလီဘန် အိုပါးများ " ဆိုတာတွေကော
မုတ်ဆိတ်တကားကားနဲ့ ဟာသလူရွှင်တော်တွေ
မြန်မာ့ facebook တခွင်မှာ မှိုလိုပေါက်လာပါတော့တယ်
credit
[ 21.10.2016 ရက်နေ့ထုတ် IJ MOBILE ဂျာနယ်၌ ဖော်ပြပြီး]
Subscribe to:
Comments (Atom)
















