Friday, 1 June 2018

" "

"တောက် … မင်းတို့ကောင်တွေ တစ်ယောက်မှ သောက်သုံးမကျဘူး ကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့ ငါတို့တွေက ဒီ မြန်မာနိုင်ငံနဲ့ တွေ့မှ အရှက်ဗြန်းဗြန်းကွဲရတော့မယ်" ISIS ရဲ့ ခေါင်းဆောင်ကြီး အဗူဘကာ ပေါက်ကွဲပြီ အစည်းအဝေးခန်းမကြီး တစ်ခုလုံး တိတ်နေတာဘဲ အဗူဘကာကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ် "ရာရှစ်လဲ သေပြီမလား"
"ဟုတ် ဟုတ်ပါတယ် … ရာရှစ်ဘိုင် ကျသွားပါပြီ…" "တောက်" ရာရှစ်ဆိုတာက နယ်နယ်ရရတော့ မဟုတ်ဘူး ပြင်သစ်ကို ဖောက်ခွဲတုံးက ဦးဆောင်တဲ့လူ ဖောက်ခွဲရေးမှာတော့ ဆရာတစ်ဆူဘဲ ဒါပေမဲ့ ပြင်သစ်မှာတုံးကမသေဘဲ မြန်မာပြည်ရောက်မှ သေတယ် လွန်ခဲ့တဲ့တစ်ပတ်က အဗူဘကာ ကိုယ်တိုင် ရာရှစ်ကို အသေခံဗုံးခွဲဖို့ မြန်မာပြည်ကို လွှတ်လိုက်တာ ရာရှစ်သေတယ် ဒါပေမဲ့ ဗုံးမကွဲသွားဘူး အဗူဘကာ ခံပြင်းတာ အဲ့ဒါ … ရာရှစ်ခမျာမှာလဲ အမိန့်အတိုင်း ဗုံးဂျတ်ကတ်ဝတ်ပြီး လူအစည်ကားဆုံးဖြစ်တဲ့ ရေကျော်ပွဲဈေးကို သွားခဲ့တာဘဲ လူကလဲ များပါ့ ကြိတ်ကြိတ်တိုးဘဲ ရာရှစ် ပြုံးတယ် ဟုတ်တယ်လေ … လူများလေ ရာရှစ် ကြိုက်လေဘဲလေ ရာရှစ်က ဗုံးဂျတ်ကတ်ကို အထဲခံဝတ်ထားတယ် ဒါပေမဲ့ အဲ့ဒါကို ခွဲမှာ မဟုတ်ဘူး ပြေးမလွတ်မှ စနက်တံဖြုတ်ပြီး သတ်သေမှာ သူ့ရဲ့ အဓိက မစ်ရှင်က incoming call bomb ခွဲမှာ ဗုံးထောင်မယ် ခပ်လှမ်းလှမ်းသွားပြီး ဖုန်းခေါ်မယ် ဗုံးကွဲမယ် ပြီးပြီ သူ့အလုပ်က ဒါဘဲ … ရာရှစ် လူအုပ်ထဲ ဇွတ်တိုးဝင်လိုက်တယ် "ဗျစ်" "ဟာ" ရာရှစ် လန့်သွားတယ် သူ့ဖင် သူပြန်စမ်းတယ် ခုနက သူ့ဖင်ကို တစ်ယောက်ယောက် နှိုက်လိုက်တာကို ပြောလို့ရတာမဟုတ်ဘူး အယ်ခိုင်ဒါက ကောင်တွေနဲ့ ရာရှစ်တို့ ISIS က ပြိုင်ဖက်တွေ "ငါ့ဖင်ထဲ ဗုံးလာထောင်သွားတာများလား" "ဗျစ်" "ဟယ်" ထပ်အနှိုက်ခံရတယ် စမ်းကြည့်တော့ ဘာဗုံးမှလဲ မရှိဘူး ရာရှစ် ဖင်မလုံတော့ဘူး ရာရှစ်ပုံစံကလဲ နှိုက်ချင်စရာကိုး ဖင်ကကောက်တယ် ကုလားပေမဲ့ မုတ်ဆိတ်မွှေး တပင်မှမရှိဘူး ဒီကြားထဲ ရင်ဘတ်မှာ လက်ပစ်ဗုံးနှစ်လုံးက ငေါလို့ ရာရှစ် သိသွားပြီ ဒါ အယ်ခိုင်ဒါ နှိုက်တာမဟုတ်ဘူး ပွဲဈေးက ကောင်တွေ လက်ကမြင်းတာ ရာရှစ် မျက်ရည်စို့တက်လာတယ် "အို အိုင်အက်စ်အတွက် အသက်တောင်ပေးပြီးမှဘဲ ဖင်နှိုက်ခံရတာလောက်တော့ ရှက်မနေတော့ပါဘူး" တွေးလို့မှ မဆုံးသေး လက်တစ်ဖက်က အင်္ကျီရင်ဘတ်ထဲကို ဝှစ်ခနဲ ဝင်လာတယ် "အို အမေ့" ရာရှစ် လန့်သွားတယ် အထဲမှာ ဗုံးတွေလေ သကောင့်သားက လက်ပစ်ဗုံးကို ဘာမှတ်နေတယ် မသိဘူး ပယ်ပယ်နယ်နယ် ပွတ်နေတာ ရာရှစ်ခမျာ လှုပ်လဲမလှုပ်ရဲ "ဟောဒီမှာ ကျွန်မကို နှိုက်နေပါတယ်" လို့ အော်လိုက်ရင်လဲ ဗုံးတွေနဲ့လက်ပူးလက်ကြပ်ကြီး မိမှာ အောင်မာ … သကောင့်သားက ဗုံးကို ပွတ်လို့ ဝ တော့ စနက်တံကို လက်နဲ့ ဖိဖိပြီး ချေနေတယ် "ဘုရား ဘုရား ထပေါက်ရင်တော့ သောက်ကျိုးနည်းပြီ" လက်ပိုင်ရှင်ကို ရှာလိုက်တော့ ချာတိတ်တစ်ယောက် အံမယ် … မျက်စတောင် ပစ်ပြလိုက်သေးတယ် "ဗျစ်" "အမေ့" အနောက်ကလဲ လက်ဆော့ပြီး နှိုက်သွားပြန်ပြီ … အရှေ့မှာ ဗုံး အနောက်မှာ ဖင် အသက် ကော အရှက်ကော စမုံတုံးမဲ့အပေါက် "အင်း ကြိတ်ခံ ရာရှစ် ကြိတ်ခံ" ရာရှစ် မျက်စိ စုံမှိတ်ပြီး အံကို ကြိတ်ထား လခွမ်း … ဗုံးကို ပွတ်နေပြီးတော့ ကောင်းလားဟင် တဲ့ ရာရှစ် ဟန်မပျက် ခေါင်းညိတ်ပြလိုက်တယ် "အင်း ကောင်းတယ် စနက်တံကို အရမ်းမကလိပါနဲ့လား ဟင် အယ် ဟုတ်ပေါင်" ရာရှစ် စကားမှား သွားတာတောင် ငတိက မရိပ်မိဘူး သူ့တဏှာနဲ့ သူကိုး "လှလိုက်တာ မမရယ် လက်ပစ်ဗုံးလေး လိုဘဲ" လက်ပစ်ဗုံးဘဲဟဲ့ မသာရဲ့ ရာရှစ် စိတ်ထဲက ကျိန်ဆဲနေပေမယ့် အပြင်မှာတော့ ပြုံးခံနေရတာပေါ့ "မမ နက်ဖန်ညကျလဲ လာခဲ့အုံးနော် ကျနော် လူနာတင်ယာဉ်နားက စောင့်နေမယ်" "အင်း လာခဲ့မယ်" ရာရှစ်လဲ ပြီးပြီးရော ပြောပြီး ပြေးတာပေါ့ အကွယ်တနေရာ ရောက်မှ ဗုံးတွေကို အသာအယာ ပြန်ထုတ်လိုက်တယ် ဗုံး နှစ်လုံးစလုံး ဘတ်လဘိုင်ကို လိုက်လို့ နှိုက်တဲ့လက်ကလဲ ဂျီးတွေ ချွေးတွေနဲ့ ဆိုတော့ စနက်တံတောင် ဗွက်ထတယ် "ခွီး … ဒီဗုံးတွေ ထားခဲ့မှပါ အလကားနေရင်း သေတော့မလို့ ဟူး …" ရာရှစ် လက်ပစ်ဗုံးတွေ ချုံထဲဝှက်ခဲ့လိုက်တယ် incoming call bomb ထည့်ထားတဲ့ အိတ်ကိုပိုက်ပြီး လူအုပ်ကြားထဲ ပြန်တိုးတယ် လမ်းလယ်ခေါင် ထိုင်ချလိုက်တယ် "ဒီမှာ ဟေ့ညူ ဒါဘာညုတ်တာလဲ …" ပတ်တီး တိုးလို့တွဲလောင်းနဲ့ လူတစ်ယောက် ခွက်ကို လက်ဒုံးတိနဲ့ ညှပ်ပြီး ဖင်တွန်း ဖင်တွန်းနဲ့ ရာရှစ်ဆီ ရွှေ့လာတယ် "ဒီပွဲဈေးကို ဗုံးခွဲမလို့ ဟား ဟား ဟား …" ရာရှစ် ကိုယ့်ဖာသာ သဘောကျပြီး ကြိတ်ရယ်လိုက်သေးတယ် "ဒါ ဗုံးခွဲတဲ့ နေညာ မဟုတ်ဘူး ပတ်ညံတောင်းတဲ့နေရာ " "ဟင်" "ဗုံးခွဲချင် ဝေးဝေးသွားခွဲ ဗျောက်ကို ဗျောက်လို့မပြောဘူး ဗုံးခွဲမယ်ညေး ဘာညေးလာပြောနေနယ် သောက်ကြီးသောက်ကျယ်နဲ့ သောက်ခလေး" "ညှင်" ရာရှစ်ခမျာ ဗုံးအိတ်လေးပိုက်ပြီး လစ်ထွက်ခဲ့ရပြန်ရော "ဒီနေရာ မဆိုးဘူး လူလဲ အတန်အသင့် စည်သေးတယ် ဒီနားဘဲ ထောင်လိုက်တော့မယ်" ရာရှစ် ဗုံးကို ဖွင့်စစ်တယ် အားလုံးအိုကေပြီ ဖုန်းခေါ်လိုက်ရုံဘဲ … ပွဲဈေးအပြင်ဘက်ထိ ရောက်အောင် တိုးထွက်တယ် အပြင်ရောက်တော့ ဖုန်းခလုတ်နှိပ်လိုက်တယ် … လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင် … "ဟယ်" ဗုံးမှာ တိပ်နဲ့ပတ်ထားတဲ့ ဖုန်းက မအားဘူးတဲ့ ဗုံးဆီ ဆက်စရာက သူကလွဲရင် ဘယ်သူမှ မရှိ "ဗုံးများ ဖုန်းပြောနေသလားဘဲ" ရာရှစ် ပွဲခင်းထဲ ပြန်ဝင်တယ် ထပ်ဆက်တယ် … တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ မအားသေးပါရှင် … "ဟာ" အထဲ ထပ်ဝင်တယ် ထပ်ဆက်တယ် "တူ …" "ဟယ် … ဖုန်းဝင်ပြီ" ငုံ့ကြည့်လိုက်တော့ ဗုံးအိတ်ကို ခွလျက်ကြီး "ဟဲ့ … သောက်ပလုတ်တုပ်" မထူးတော့ဘူး ဖုန်းကလဲ ဒီနေရာမှာဘဲ မိတာလေ ရာရှစ် အသေခံပြီး ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်တယ် ဒါပေမဲ့ ရာရှစ် ဗုံးမကွဲခင် သေချင်တယ် ဗုံးကွဲပြီး သေရင် နာမှာကိုး အဲ့တော့ သူ့လည်ပင်းသူ လှီးသတ်ဖို့ လုပ်လိုက်တယ် အဲ့ဒါက နာကျင်မှု သက်သာတယ် ဆိုလား ရာရှစ် အချိန်တွက်လိုက်တယ် လည်ပင်းကို ဓားနဲ့လှီးမယ် စက္ကန့်ပိုင်း အချိန်ရတယ် အဲ့အချိန် ဖုန်းခေါ်မယ် သေမယ် သေပြီးတာနဲ့ ဗုံးကွဲမယ် … အားလုံး ကွက်တိ ရာရှစ် ဓားထုတ်ပြီး သူ့လည်ပင်းသူ လှီးလိုက်တယ် သွေးတွေ ပန်းထွက်လာတယ် ဖုန်းအမြန်ခေါ်တယ် "တူ …" မကွဲသေးဘူး "တူ …" မကွဲဘူး "ဟင် မှန်းစမ်း …" လက်နဲ့စမ်း ကြည့်တယ် ဗုံးတွေက နည်းနည်းရှည်နေသလိုလို အိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ တိပ်နဲ့ပတ်ထားတဲ့ ကောက်ညှင်းကျည်တောက်တွေက အစည်းလိုက်ကလေး "ဟာ …ဘယ် ပတ်ပြင်းမသား လက်ကမြင်းပြီး ဗုံးနဲ့ကောက်ညှင်းကျည်တောက်ကို လဲသွားရတာလဲကွ ဖာ့ခ် …" လို့ အသံနက်ကြီးနဲ့ အော်ရင်း ပွဲခင်းထဲ စန့်စန့်ကြီး ဂန့်သွားခဲ့ရတာလေ … ရာရှစ် အဲ့သလို အလဟဿ သေခဲ့တော့ အဗူဘကာ ပေါက်ကွဲပြီပေါ့ "ဒီနိုင်ငံကို တစစီ အမှုန့်ချေပြမယ် တောက်" အဗူဘကာ သူ့တပည့်တွေဘက် လှည့်မေးလိုက်တယ် "သူတို့ မြို့လည်ခေါင်မှာ ရှိတဲ့ LED ဘုတ်ကြီးတွေကို hack စမ်း … ငါ ဒီကောင်တွေကို ပြောစရာရှိတယ်" "hack လဲ မထူးဘူး ဆရာကြီး သူတို့ဘုတ်တွေက အကောင်းတစ်ခုမှ မရှိဘူး" "ကျစ် … ရုပ်သံမီဒီယာတခုခုကို ဖုန်းဆက်ကွာ" "ဆက်လိုက်ပြီ ဆရာကြီး ဘာပြောလိုက်ရမလဲ …" "အဗူဘကာ တနိုင်ငံလုံးကို ပြောစရာရှိတယ်လို့ ပြောလိုက် ဟား … ဟား … ဟား …" ဖုန်းဆက်တဲ့လူကလဲ မေးလိုက်တယ် "ဘာတဲ့လဲဟေ့ …" "ဟဒယ လိုင်းဆို အဆင်ပြေမလားတဲ့ ဆရာ" "ဘာကွ … တောက် free to air လိုင်းတွေကို ချိတ်စမ်း" ဖုန်းထပ်ဆက်တယ် ထပ်မေးတယ် "ဆရာ ညဥ့်နက်မှရမယ်တဲ့ အဲ့ဒါတောင် သင့်အတွက်မနက်ဖြန်ကို ဖြုတ်ပြီး သင့်အတွက် အဗူဘကာဆိုပြီး ထည့်ပေးရမှာတဲ့" အဗူဘကာ စိတ်ညစ်သွားတယ် သူက မြန်မာနိုင်ငံကို ခြိမ်းခြောက်ချင်တာ အကုန်လုံးအိပ်တဲ့အချိန် သွားလွှင့်တော့ ဘယ်သူက ကြည့်ပြီး ကြောက်တော့မှာလဲ … "ငါ အကြံရပြီ ဟေ့ … ဖေ့ဘုတ်အကောင့် တစ်ယောက် လာဖွင့်ပေးစမ်း" အဗူဘကာ နာမည်နဲ့ဘဲ အကောင့်ဖွင့်လိုက်တယ် nick name ကို ISIS leader လို့ထည့်လိုက်တယ် မြန်မာ အယောက်နှစ်ဆယ်လောက်ကို add လိုက်တယ် ရပြီ … ဒီလောက်ဆို အစီအစဉ် စ လို့ရပြီလေ အဗူဘကာ မျက်နှာဖုံးစွပ်လိုက်တယ် AK 47 တလက်ကို ဟန်ပါပါ ပခုံးပေါ်ထမ်းလိုက်တယ် "ဟေ့ကောင်တွေ … ငါ့ကို Live ရိုက်ပေးစမ်း" အဗူဘကာ Live စ လွှင့်ပြီ "ဟား ဟား ဟား …" viewer 20 တဲ့ အဗူဘကာ ထပ်ရယ်တယ် "ဟား ဟား ဟား …" viewer 150 ကျော်လာပြီ ချက်ချင်းဘဲ အဗူဘကာ ထပ်ရယ်တယ် "ဟား ဟား ဟား အဟွတ် အဟွတ် …" viewer 300 ရပြီ … ဒီလောက်ဆို စ ပြော လို့ရပြီ "ISIS ခေါင်းဆောင် အဗူဘကာ ဆိုတာ ကျုပ်ဘဲ ငွား ငွား ငွား …" comment တွေ တက်လာပါပြီ … ဟယ် ISIS ခေါင်းဆောင်တဲ့ cele ကြီးတော့် … … ကွီး အဗူ add me … "ဟယ်" စခရင်မှာ အသဲပုံတွေလဲ ဖလပ် ဖလပ်နဲ့ တက်လာတယ် "ငြိမ်ငြိမ်နားထောင်ကြပါ မင်းတို့မြန်မာတွေကို ပြောစရာရှိတယ်" … နာမည် ခေါ်ပေး … "ဟင် … ရိန်းဘိုး ဘေဘီ ကဲ ခေါ်ပေးပြီးပြီနော်" … bro ကျနော့် နာမည်လဲ ခေါ်ပေးအုံးလေ … "အာကွာ … ကိုစိုးမိုးသူ ကိုစိုးမိုးသူ ကိုစိုးမိုးသူ" … တခါခေါ်ရင် ရပါပြီဗျာ … "ခင်ဗျား user name မှာကိုက သောက်ကြောရှည်ပြီး သုံးခါ ရေးထားတာလေ ခွီးထဲမှ … ကဲ ဆက်ပြောတော့မယ် … ခင်ဗျားတို့ မြန်မာနိုင်ငံကို …" … မျက်နှာဖုံး ချွတ်ပြပါ ဗျို့ … "ကျုပ်တို့ ISIS က …" … သေနတ်က အစစ်လား … "အစစ်ပေါ့ " … တစ်ချက် နှစ်ချက် ပစ်ပြ … "အယ် … ပြောနေတာလေးလဲ သောက်ဖက်လုပ်ပြီး နားထောင်ပေးကြပါအုံးဗျာ … ခင်ဗျားတို့ မြန်မာနိုင်ငံကို ကျုပ်တို့ ISIS က …" … ကွီး follow ဘဲရတော့တယ် … "ဒါလေး ပြောပြီးရင် add ပေးပါ့မယ်ဗျာ … ခွီးထဲမှ … ခင်ဗျားတို့ မြန်မာနိုင်ငံကို ကျုပ်တို့ ISIS က မကြာတော့တဲ့ ကာလမှာ …" … ကွီး video တွေ အရမ်းကြိုက်တယ် … "ညှယ် … အခုမှ အကောင့်ဖွင့်တာကို" … see first လုပ်ထားတယ် သက်လား တပတ်ကို တစ်ခု နှစ်ခုလောက် တင်ပေး … "ဟုတ်ကဲ့ … ဟယ် ဒါ ခြိမ်းခြောက်နေတာလေ ဟာသမှ မဟုတ်တာ" … ကွီး အတွင်းခံဘောင်းဘီအနက်ကြီးနဲ့ စွန်းဖိုင်း … "ခွီးထဲမှာ … မျက်နှာဖုံးဟ မျက်နှာဖုံး" … ဟိုနေ့က သတင်းမှာ တွေ့လိုက်တယ် … "ဟုတ်လား ဟီ ဟီ … ကျေးဇူး" … စကားပြောတာတောင် ဒီလောက်အသံကောင်းတာ ကုလားသီချင်း တစ်ပိုဒ်လောက် ဆိုပြ … " ခစ် ခစ် ရှက်စရာကြီး ဆိုတတ်ဝူးဆို မျက်နှာဖုံး စွပ်ထားတာတောင် မျက်နှာတွေ ပူလာပြီ " အဗူဘကာခမျာ သူ့ကို ဘယ်သူကမှ ဒီလောက် မြှောက်မပြောဘူးတော့ ခြိမ်းခြောက်စကားပြောဖို့တောင် မေ့ပြီး ဖီးလ်တွေတက်တော့တာပေါ့ … ကွီးက စင်ဂယ်လား … "အို … စင်ဂယ်ပေါ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ဖို့ဆိုတာ စနက်တံ ဖြုတ်ရတာ လောက် မလွယ်ပါဘူးကွယ်" … ဟာ တော်ကီ အလန်းဘဲ ပြန်တင်မယ်နော် စာသားကြိုက်လို့ … "တင် တင် ခိ" … ဒါနဲ့ ဘာပြောမလို့ Live လွှင့်တာလဲ … … ဟုတ်တယ် ပြောစရာရှိတာ ပြောပါ အားမနာနဲ့ … "သြော် … ဟိုလေ … ကျုပ်တို့ ISIS က ခုတလော အားလဲအားနေတာ ဆိုတော့ မြန်မာနိုင်ငံမှာ ဗုံးလေး ဘာလေး လာထောင်မလားလို့ အဲ့ဒါ … ဟီ ဟီ" … မကောင်းဘူး … … ဟုတ်တယ် မကောင်းဘူး … … ဘာလုပ်မှာလဲ ကွီးရာ အခုဆို cele တောင် ဖြစ်နေပြီကို … "ဗုံး မထောင်ရင်လဲ တခြား ဘာမှ လုပ်စရာမရှိလို့ အဲဒါ ဟီ ဟီ " … ဒါမျိုး Live ခဏခဏ လွှင့်ပေါ့ … … ဟုတ်ပ cele ဆိုတာ လူတွေသေအောင်မလုပ်ရဘူး လူတွေရီအောင် လုပ်ရတာ … … funny video တွေရိုက် ဒီထပ်တောင် လူပိုကြိုက်အုံးမှာ … "တကယ် … ဟီ ဟီ ရိုက်ပြီ ရိုက်ပြီ " အဲ့သည်အချိန်က စပြီး facebook မှာ IS Funny Group ကြီး ပေါ်လာပါလေရော … အဗူဘကာကတော့ ပင်တိုင် သရုပ်ဆောင်ပေါ့ ဝီလပ်ဖ် အဗူဘကာ ဆိုတဲ့ Fan Page ကြီးလဲ ပေါ်လာတယ် အဗူဘကာခမျာ အရင်က သေနတ်ကိုင်ပြီး ကျားခဲ့လျားခဲ့သမျှ အခု မုတ်ဆိတ်ကြီး တကားကားနဲ့ အခြောက်လိုလဲ သရုပ်ဆောင်ရ … ပရိတ်သတ် ရီဖို့က အဓိက ကိုး ရိုက်စရာ video မရှိရင် သေနတ်ကြီး တကားကားနဲ့ mirror selfie ဆွဲ ဓာတ်ပုံ ခဏခဏတင် ဒါမှ ပရိတ်သတ်နဲ့ in touch ဖြစ်မှာကိုး အားနေ လျားနေရင် တာလီဘန်တို့ အယ်ခိုင်ဒါတို့ကို စတေးတပ်နဲ့ သောက်ဖောင်းထု ( ဟိုက မြင်တာမှ မဟုတ်တာ ) အောက်က ဘုမသိ ဘမသိနဲ့ IS Fan တွေကလဲ … အဗူဘကာ ကွ အားပေးတယ် ချ ချ … ဆိုပြီး အောက်ဆီဂျင်လုပ် တချို့ကလဲ တာလီဘန် တို့ အယ်ခိုင်ဒါ တို့ကို ဘာမှတ်နေတယ် မသိဘူး … သူတို့က ငါတို့ IS လောက် ရီ ရလို့လား … ဆိုတာက ပါသေးတယ် အဗူဘကာ ကျေးဇူးနဲ့ ISIS တဖွဲ့လုံး လူချစ်လူခင် များလာတယ်ပေါ့ … သေနတ်နဲ့ သိမ်းတာထက် ဟာသလုပ်ပြပြီး သိမ်းပိုက်တာက သူတို့အတွက် ထောက်ခံသူ ပိုရတယ် ဆိုတာ သဘောပေါက်သွားတယ်လေ … ဒါပေမဲ့ မကြာပါဘူး အဗူဘကာ ရဲ့ "ISIS funny group "နှင့် အပြိုင် အယ် ဇဝါ ဟီရီ ခေါင်းဆောင်တဲ့ "ရီစရာ ပျော်စရာ အယ်ခိုင်ဒါ" ဟာသ အဖွဲ့ဆိုတာတွေကော ဟိုက်ဘာသူလာ ခေါင်းဆောင်တဲ့ " ဟီးဟီးဟားဟား တာလီဘန် အိုပါးများ " ဆိုတာတွေကော မုတ်ဆိတ်တကားကားနဲ့ ဟာသလူရွှင်တော်တွေ မြန်မာ့ facebook တခွင်မှာ မှိုလိုပေါက်လာပါတော့တယ် credit [ 21.10.2016 ရက်နေ့ထုတ် IJ MOBILE ဂျာနယ်၌ ဖော်ပြပြီး]

No comments:

Post a Comment