Saturday, 2 June 2018
ရန္ကုန္၊ ဇြန္ ၂
မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ၾကန္႔ၿမိဳ႕ ႏွင့္ထန္းတပင္ၿမိဳ႕နယ္တို႔တြင္ ႏိုင္ငံျခားျဖစ္အရက္တုမ်ိဳးစံုကို အတုျပဳ လုပ္ကာ သိုေလွာင္ေရာင္းခ် သူမ်ားအားဖမ္းဆီးရမိခဲ့ၿပီး သက္ဆိုင္ရာရဲစခန္းမ်ားတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။
၁.၆.၂၀၁၈ ရက္ေန႔က ေျမာက္ပိုင္းခရိုင္ရဲတပ္ဖဲြ႕မွဴးရံုး၊ မႈခင္းႏွိမ္နင္းေရးဌာနစုမွတပ္ဖဲြ႕၀င္
မ်ားသည္ ေန႔လယ္ ၁၃း၀၀နာရီအခ်ိန္တြင္ထန္းတပင္ၿမိဳ႕နယ္၊ ေပါက္တန္းေက်းရြာကြက္
သစ္ေနသူမ်ားျဖစ္သည့္ ေအာင္စိုး၊ (၂၅)ႏွစ္ႏွင့္ မ်ိဳးတင့္၊(၁၉)ႏွစ္တို႔၏ ေနအိမ္တြင္ ႏိုင္ငံျခားျဖစ္
အရက္မ်ားကို အတုျပဳလုပ္ကာ သိုေလွာင္ ေရာင္းခ်ေနေၾကာင္း သတင္းအရ သက္ေသ
မ်ားႏွင့္အတူ သြားေရာက္ရွာေဖြခဲ့ရာ Giang Master တံဆိပ္ အရက္ဖာ(၄)ဖာ၊ Black Label တံဆိပ္အရက္ဖာ (၂)ဖာ၊ Ballantines တံဆိပ္အရက္ဖာ (၁)ဖာ၊ Red Label တံဆိပ္အရက္ဖာ (၂)ဖာ၊ kingdon တံဆိပ္ အရက္ဖာ (၆)ဖာ၊ ပုလင္းခြံႏွင့္ ပုလင္းအဖံုးခြံ
မ်ားႏွင့္ အရက္ေရာစပ္ ရာတြင္အသံုးျပဳသည့္ စပ္ဆက္ပစၥည္းမ်ားအား ရွာေဖြေတြ႕ရွိ
သိမ္းဆည္း ရမိခဲ့ပါသည္။
အလားတူ ညေန ၁၆း၃၀ နာရီအခ်ိန္တြင္ ေျမာက္ပိုင္းခရိုင္ရဲတပ္ဖဲြ႕မွဴးရံုးမွတပ္ဖဲြ႕၀င္ မ်ား သည္ မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ၾကန္႔၊ ျမသီတာရပ္ကြက္ရွိ မ်ိဳးျမင့္ခိုင္(ခ)ကိုမ်ိဳး၊ (၃၆)ႏွစ္၏ ေနအိမ္
တြင္ ႏိုင္ငံျခားျဖစ္ အရက္မ်ိဳးစံုကို အတုျပဳလုပ္ကာ သိုေလွာင္ေရာင္းခ်ေနေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူ အဆိုပါေနအိမ္သို႔ သြားေရာက္ရွာေဖြခဲ့ရာ ၎ေနအိမ္၏ဂိုေဒါင္ အတြင္း ေျမ ေအာက္ခန္းႏွင့္ ဂိုေဒါင္ အတြင္းခန္းတို႔မွ kingdonတံဆိပ္ အရက္ဖာ (၉)ဖာႏွင့္ ပုလင္းခြံ (၂၀)လံုး၊ Giang Master တံဆိပ္အရက္ဖာ(၂)ဖာ၊ Donfife တံဆိပ္ အရက္ဖာ
(၄)ဖာႏွင့္ ပုလင္းခြံ (၃၀)လံုး၊ Red Label တံဆိပ္ အရက္ဖာ (၃)ဖာ၊ B&G တံဆိပ္အရက္ဖာ (၂)ဖာ၊ Sired Wards တံဆိပ္ အရက္ဖာ (၁)ဖာ၊ ပုလင္းအဖံုးခြံမ်ား၊ အရက္ေရာစပ္ရာတြင္
အသံုးျပဳသည့္ စပ္ဆက္ ပစၥည္းမ်ား ရွာေဖြေတြ႕ရွိသိမ္းဆည္းရမိခဲ့ပါသည္။
ယင္းသို႔ရွာေဖြေတြ႕ရွိ သိမ္းဆည္းရမိခဲ့သျဖင့္ မ်ိဳးျမင့္ခိုင္(ခ)ကိုမ်ိဳးအား မဂၤလာဒံုၿမိဳ႕နယ္၊
ေထာက္ၾကန္႔နယ္ေျမ ရဲစခန္း(ပ)၅၄၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၈၆ျဖင့္
လည္းေကာင္း၊ ေအာင္စိုး၊ မ်ိဳးတင့္တို႔ႏွစ္ဦးအား ထန္း တပင္ၿမိဳ႕နယ္၊ တက္သစ္နယ္ေျမ
ရဲစခန္း(ပ)၁၉၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၈၆ျဖင့္ လည္းေကာင္း အသီးသီးအမႈ
မ်ားေရးဖြင့္ကာအေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
Yangon Police
( unicode )
【 ပြည်တွင်း 】မင်္ဂလာဒုံမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ်အရက်တုများ အတုပြုလုပ်၍ သိုလှောင် ရောင်းချသူများကို ဖမ်းဆီးရမိသဖြင့် အမှုဖွင့်အရေးယူ
======================================
ရန်ကုန်၊ ဇွန် ၂
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ နှင့်ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ်အရက်တုမျိုးစုံကို အတုပြု လုပ်ကာ သိုလှောင်ရောင်းချ သူများအားဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
၁.၆.၂၀၁၈ ရက်နေ့က မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်
များသည် နေ့လယ် ၁၃း၀၀နာရီအချိန်တွင်ထန်းတပင်မြို့နယ်၊ ပေါက်တန်းကျေးရွာကွက်
သစ်နေသူများဖြစ်သည့် အောင်စိုး၊ (၂၅)နှစ်နှင့် မျိုးတင့်၊(၁၉)နှစ်တို့၏ နေအိမ်တွင် နိုင်ငံခြားဖြစ်
အရက်များကို အတုပြုလုပ်ကာ သိုလှောင် ရောင်းချနေကြောင်း သတင်းအရ သက်သေ
များနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ Giang Master တံဆိပ် အရက်ဖာ(၄)ဖာ၊ Black Label တံဆိပ်အရက်ဖာ (၂)ဖာ၊ Ballantines တံဆိပ်အရက်ဖာ (၁)ဖာ၊ Red Label တံဆိပ်အရက်ဖာ (၂)ဖာ၊ kingdon တံဆိပ် အရက်ဖာ (၆)ဖာ၊ ပုလင်းခွံနှင့် ပုလင်းအဖုံးခွံ
များနှင့် အရက်ရောစပ် ရာတွင်အသုံးပြုသည့် စပ်ဆက်ပစ္စည်းများအား ရှာဖွေတွေ့ရှိ
သိမ်းဆည်း ရမိခဲ့ပါသည်။
အလားတူ ညနေ ၁၆း၃၀ နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင် များ သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြသီတာရပ်ကွက်ရှိ မျိုးမြင့်ခိုင်(ခ)ကိုမျိုး၊ (၃၆)နှစ်၏ နေအိမ်
တွင် နိုင်ငံခြားဖြစ် အရက်မျိုးစုံကို အတုပြုလုပ်ကာ သိုလှောင်ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ အဆိုပါနေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်၏ဂိုဒေါင် အတွင်း မြေ အောက်ခန်းနှင့် ဂိုဒေါင် အတွင်းခန်းတို့မှ kingdonတံဆိပ် အရက်ဖာ (၉)ဖာနှင့် ပုလင်းခွံ (၂၀)လုံး၊ Giang Master တံဆိပ်အရက်ဖာ(၂)ဖာ၊ Donfife တံဆိပ် အရက်ဖာ
(၄)ဖာနှင့် ပုလင်းခွံ (၃၀)လုံး၊ Red Label တံဆိပ် အရက်ဖာ (၃)ဖာ၊ B&G တံဆိပ်အရက်ဖာ (၂)ဖာ၊ Sired Wards တံဆိပ် အရက်ဖာ (၁)ဖာ၊ ပုလင်းအဖုံးခွံများ၊ အရက်ရောစပ်ရာတွင်
အသုံးပြုသည့် စပ်ဆက် ပစ္စည်းများ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ယင်းသို့ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မျိုးမြင့်ခိုင်(ခ)ကိုမျိုးအား မင်္ဂလာဒုံမြို့နယ်၊
ထောက်ကြန့်နယ်မြေ ရဲစခန်း(ပ)၅၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ဖြင့်
လည်းကောင်း၊ အောင်စိုး၊ မျိုးတင့်တို့နှစ်ဦးအား ထန်း တပင်မြို့နယ်၊ တက်သစ်နယ်မြေ
ရဲစခန်း(ပ)၁၉၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ဖြင့် လည်းကောင်း အသီးသီးအမှု
များရေးဖွင့်ကာအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Yangon Police
Subscribe to:
Post Comments (Atom)

No comments:
Post a Comment