Tuesday, 26 June 2018

   !

--------- သမီးရည်းစားစုံတွဲ ချိန်းတွေ့ရာမှ စကားများရန်ဖြစ်ကာ ပုလင်းကွဲဖြင့်​ထိုးမှုဖြစ်​ပွား အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စု ထန်းတောကျေးရွာရှိ ရွှေဘုံသာသာသနာ့ရိပ်သာကျောင်းဝင်း အရှေ့တောင်ထောင့်၌ ဇွန်​ ၂၆ ရက်​ မွန်းလွဲပိုင်းက ရတနာပုံတက္ကသိုလ်မှ သမီးရည်းစားစုံတွဲ ချိန်းတွေ့ရာမှ စကားများရန်ဖြစ်​ကာ ပုလင်းကွဲဖြင့်​ထိုးမှုဖြစ်​ပွားခဲ့ပြီး ​ကျောင်းသူတစ်​ဦး ​သေဆုံးသွား​ကြောင်း သိရသည်​။ ရတနာပုံတက္ကသိုလ်မှ တတိယနှစ် ပထဝီဝင်​​ကျောင်းသား ထွန်းထွန်းကျော်(၂၀ နှစ်) မိုးမိတ်ခရိုင်၊ မဘိန်းမြို့နယ် ဝိုင်းလုံကျေးရွာနေသူနှင့်​ ဒုတိယနှစ် ဥပဒေ​ကျောင်းသူ မစောမြတ်မွန်​(၁၉ နှစ်) တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာနေသူတို့ သမီးရည်းစားသည်​ ချိန်းတွေ့ရာမှ စကားမျာရန်ဖြစ်ကာ ထွန်းထွန်းးကျော်မှ မစောမြတ်မွန်အား အနီးရှိပုလင်းခွံဟောင်းအား ရိုက်ခွဲပြီး ထိုးခဲ့သဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်​။ ​သေဆုံးသူအား လူနာတင်ယာဉ်ဖြင့် မန္ထလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး တရားခံ ထွန်းထွန်းကျော်အား အမရပူရမြို့မရဲစခန်း ရဲအုပ် မင်းပိုင်ဦးနှင့်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသတင်းရရှိသည်။ #TheMandalayNewsJournal

No comments:

Post a Comment