ကိုယ်ဝန်ဆောင်တွေဆို DHA ပါတဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်သုံးလေ့ရှိကြတာသတိထားမိပါသလား။ Om-ega-3 fatty acid တစ်မျိုးဖြစ်တဲ့ DHA ကိုငါးနဲ့ ရေညှိလိုအပင်တွေကနေရရှိနိုင်တာ ဖြစ်ပါတယ်။ သူက ကလေးကိုယ်ဝန်ဆောင်ချိန်ကတည်းက သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမှာအရေးပါလှပါတယ်။ သုတေသနတစ်ခုမှာတော့ DHA စားသုံးမှုက မှတ်ဉာဏ်မကောင်းတော့တဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ မှတ်ဉာဏ်စွမ်းရည် ထိုးတက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Rush Institute for Health Aging နဲ့ MIND Center for Ba-rin Health တို့ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ Martha Clare Morris ရဲ့ သုတေသနအရတစ်ပတ်ကို တစ်ကြိမ် ငါးစားသုံးသူတွေက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေတယ်လို့ သိရပါတယ်။
ဆော်လမွန်၊ တူနာ၊ မက်ကရယ်၊ ငါးသလောက်နဲ့ ဆာဒင်းတို့လို အဆီများတဲ့ငါးတွေမှာ DHA ကြွယ်ဝပါတယ်။ စားသောက်ပုံ အာဟာရထဲမှာ အဆီဓာတ်အထူးသဖြင့် ပြည့်ဝဆီနဲ့ trans fats တွေထက် ဟင်းရွက်ဆီကို ပိုစားတဲ့အခါ ဦးနှောက်အာရုံကြောယိုယွင်းမှု ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
Author:
မအေးသီမွန်
==========
Kumudra
https://www.kumudranews.com/news-26540
No comments:
Post a Comment