Thursday, 1 January 2015

တရုတ်နိုင်ငံတွင် Gmail အသုံးပြုခွင့် ပြန်လည်ရရှိ ========

တရုတ်နိုင်ငံတွင် လေးရက်ခန့် Gmail ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါတွင် အဆိုပါ email ဝန်ဆောင်မှုကိုအနည်းငယ် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Google ၏ e-mail ဝန်ဆောင်မှုသည် တရုတ်နိုင်ငံအတွင်း အနည်းငယ် ပြန်လည်အသုံးပြုခွင့်ရနေပြီ ဖြစ်ကြောင်း ကုမ္ပဏီ၏ Transparency အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသို့ တရုတ်နိုင်ငံတွင် Gmail ပြန်လည် အသုံးပြုခွင့်ရခြင်းကို Financial Times သတင်းစာက စတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် Gmail လေးရက်ကြာခန့် ပြတ်တောက်မှုအပြီးတွင် မေးခွန်းများစွာ ကျန်ရှိခဲ့ပြီး တရုတ်အခြေစိုက် ဆင်ဆာဖြတ်တောက်မှုကို ဆန့်ကျင်သည့် အဖွဲ့အစည်း Greatfire.orgက Gmail ပြတ်တောက်မှုမှာ အစိုးရတွင် တာဝန်ရှိနိုင်ကြောင်း ပြောကြားထားသည်။

Google က Gmail ပြတ်တောက်မှုတွင် ကုမ္ပဏီ၏ နည်းပညာဆိုင်ရာ အကြောင်းအချက်များ မည်သို့မျှ မသက်ဆိုင်ကြောင်း CNET သို့ပြောကြားထားသည်။ ထို့အပြင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက Gmail ပြတ်တောက်ခြင်းကို ဂရုမပြုမိကြောင်း Reuters သို့ ပြောဆိုခဲ့သည်။

Google သည် တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ရာ ပြဿနာများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့သည့် ဇွန်လက ၂၅ နှစ်မြောက် တိန်အန်မင်ရင်ပြင် အရေးအခင်းမတိုင်မီတွင်လည်း တရုတ်အာဏာပိုင်များက browser များ၌ Gmail အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့သေးသည်။ ယခုအခါ လေးရက်ကြာ Gmail ပြတ်တောက်မှုတွင် သုံးစွဲသူများအနေဖြင့် Microsoft ၏ Outlook သို့မဟုတ် Apple ၏ email client မှတဆင့် Gmail ကို အသုံးပြုခွင့်ရခဲ့ခြင်း ဖြစ်သည်။

Ref: CNET

MPT မိုဘိုင်းဖုန်းဖြင့် ယာဉ်စီးခပေးချေခြင်းကို မကြာခင် ပြုလုပ်နိုင်မည်


မြင့်ကျော်လှိုင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းဖုန်းများကို အသုံးပြု၍ ယာဉ်စီးခပေးချေခြင်းကို ပြုလုပ် ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ဟု ကစ္ဆပနဒီလီမိတက်မှ အထွေထွေ မန်နေဂျာ ဒေါ်နီနီခင်က ပြောသည်။

Seed kyat ဟု အမည်ပေးထားသည့် မိုဘိုင်းဖုန်းမှတစ်ဆင့် ပေးချေခြင်းကို ပြုလုပ်ဆောင်ရွက်လိုပါက *669# ကို ခေါ်ဆို၍ စာရင်းပေးသွင်းရမည်ဟု သိရသည်။ “နောက်နှစ်လလောက်ဆိုရင် အသုံးပြုလို့ရပါပြီ” ဟု ကစ္ဆပနဒီလီမိတက်မှ ကိုသော်ဇင်က ဆိုသည်။

မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံး အသုံးပြုနိုင်မည်ဖြစ်သည့် Speed Kyat ဝန်ဆောင်မှုကို Android မိုဘိုင်းဖုန်းအားလုံး၌ အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေပေးချေခြင်းပြုလုပ်ရန် ကြိုတင် ငွေပေးသွင်းခြင်းကို ကစ္ဆပနဒီနှင့် ပူးပေါင်းထားသည့် အေးဂျင့်များ ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

“ကိုယ်ရဲ့မိုဘိုင်းနံပါတ်က ကိုယ့်အကောင့်တစ်ခုပဲ။ ဒီတော့ လုံခြုံစိတ်ချရမှုလည်း ရှိတယ်။ ငွေပေးချေတဲ့ နေရာမှာ ကိုယ်ပိုင်မိုဘိုင်းဖုန်းနံပါတ်ကို တခြားဘက်မှာ မပေါ်စေချင်ရင် လည်းရတယ်”ဟု ကစ္ဆပနဒီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Speed Kyat ဝန်ဆောင်မှုကို ယာဉ်စီးခပေးချေခြင်းအတွက် ပထမဦးဆုံးဝန်ဆောင်မှု ပေးအပ်မည်ဖြစ်သော်လည်း အစီအစဉ်အရ အခြားသော ငွေပေးချေခြင်း ဝန်ဆောင်မှု အများအပြားကို ဆက်လက်အကောင်အထည် ဖော်ဆောင်သွားမည်ဟု သိရသည်။

မိုဘိုင်းဖုန်းဖြင့် ငွေပေးချေခြင်းကို အကောင်အထည် ဖော်ဆောင်ရာ၌ ဇန်န၀ါရီလ ၁ ရက်တွင် ပြေးဆွဲမည့် ယာဉ်လိုင်းအသစ်ဖြစ်သော အမြဲစိမ်းယာဉ်လိုင်း၌ အသုံးပြုသွားမည်ဟု သိရသည်။ မိုဘိုင်းဖုန်းဖြင့် ယာဉ်စီးခပေးချေနိုင်သော အမြဲစိမ်းယာဉ်လိုင်း၌ မြင်သာထင်သာသော မိုဘိုင်းနံပါတ်တစ်ခု ထားရှိသွားမည်ဖြစ်ပြီး အသုံးပြုသူသည် အဆိုပါနံပါတ်ထံသို့ SMS ဖြင့် ယာဉ်စီးခကို ပေးချေရမည်ဖြစ်သည်။

ငွေပေးချေခြင်း စနစ်မှန်ကန်ခြင်းအတွက် ငွေပေးချေသူနှင့် ယာဉ်နောက်လိုက်ထံသို့ ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း၊ အသုံးပြုသူအနေဖြင့် SMS အတွက် ကျသင့်သော ကုန်ကျငွေကို ပေးဆောင် ရန် မလိုအပ်ကြောင်း ကစ္ဆပနဒီလီမိတက်က ကြေညာထားသည်။ မိုဘိုင်းဖုန်းဖြင့် ငွေပေးချေခြင်းကို ယာဉ်စီးခပေးချေခြင်းအတွက် စတင်အသုံးပြုခြင်း ဖြစ်သော်လည်း အခြားသော ငွေပေးခြင်းများ အတွက်ပါ ဆက်လက် အသုံးပြုမည်ဖြစ်သည့် အတွက် ၅၀၀ ကျပ်နှင့်အထက် ငွေပေးချေသည့်အခါ လျှို့ဝှက်နံပါတ်များ အသုံးပြုသွားမည်ဟု သိရသည်။

Speed Kyat ၏ အစီအစဉ်အရ ငွေသားများကို Agent များထံ၌ ကြိုတင်ထည့်သွင်းထားရမည် ဖြစ်သော်လည်း ငွေကြေးလွှဲပြောင်းသည့်အခါ ငွေသားအဖြစ် လက်ခံသူများသည် အေးဂျင့်ထံမှ ပြန် လည် ထုတ်ယူနိုင်မည်ဟု သိရသည်။ လက်ရှိအချိန်၌ Speed Kyat အတွက် အေးဂျင့်ပေါင်း ၂၀၀ ဝန်းကျင် ထားရှိသည်ဟု ကစ္ဆပနဒီမှ ကြေညာထားသည်။
internet journal

တစ်ခါတုန်းက မြည်းတစ်ကောင် ရှိတယ်

။ အဲဒီမြည်းလေး ဟာ နေ့တိုင်းနေ့တိုင်း လေးလံတဲ့ ၀န်တွေကို သယ်ရတယ်။ အဲ့ဒါ အပြင်ကို နေ့တိုင်းနေ့တိုင်း ပြင်းပြင်းထန်ထန် အရိုက်လည်းခံရတယ်။ တစ်နေ့မှာ ဘေးရွာက မြည်းတစ်ကောင် အလည်လာတယ်။ အရိုက်ခံရတဲ့ မြည်းရဲ့ ညီဝမ်းကွဲ ဆိုပါတော့။ အကိုလည်း သူ့ညီ မြည်း အလည်လာတာကို ဝမ်းသာအားရနဲ့ သူစားနေကြမြက်တွေ ၊ ဘာလီစေ့တွေနဲ့ ဧည့်ခံတယ်။ တခြားရွာက မြည်းလည်း ဒီနေရာကို အထင်ကြီးသွားပြီး နောက်ထပ်၁ရက် ၂ရက်လောက်နေမယ်လို့ တွေးမိပြန်တယ်။
နောက်နေ့မှာ ထုံးစံအတိုင်း ကြမ်းတမ်းတဲ့သခင်က သူ့အကိုကိုဝန်ထုပ်လေးလေးကြီးတွေ သယ်ခိုင်းပြီးတော့ မတရားရိုက်ပြန်သတဲ့။ ဒီလောက် ကြမ်းတမ်း ရက်စက်တဲ့ ရိုက်နှက်မှုမျိုးကို တစ်ခါမှ မကြုံဖူးတဲ့ ညီမြည်းက အံ့သြကြောက်လန့်သွားတယ်။ နောက်တော့ သူ့အကိုကို `ဒီလိုပဲ အမြဲတမ်းရိုက်သလား?´ လို့မေးတယ်။ အကိုမြည်းက ပြုံးပြီး ခေါင်းညိမ့်တယ်။ အဲဒီအခါ ညီမြည်းက` ဒါဆိုလည်း ဘာလို့ ဒီက ထွက်မသွားတာလဲ?ဘာလို့ ထွက်မပြေးတာလဲ? ဘာများကောင်းလို့ ဆက်နေနေရတာလဲ? ´လို့ ဒေါသတကြီး မေးလိုက်တယ်။ အဲဒီအခါ ရိုက်ခံရတဲ့ အကိုမြည်းက `ဟိုမှာကြည့်လိုက် ငါ့သခင်မှာအရမ်းလှတဲ့ သမီးရှိတယ် တွေ့လား´
`အဲဒါဘာဆိုင်လဲ?´`အဲဒီကောင်မလေး အမှားတစ်ခုခုလုပ်ရင် ဒါမဟုတ် သူ့အဖေစကားနားမထောင်ရင် ငါ့သခင် က ဒီလောက်အသုံးမကျတဲ့ဟာမ ဟိုမြည်းနဲ့ပေးစားပစ်မယ် ကြပ်ကြပ်သတိထား လို့ပြောရော..ဒီလောက်ဆို မင်းနားလည်လား ငါ့ရဲ့တောက်ပနေတဲ့ အနာဂါတ်ကို ဘယ်လို စွန့်ခွာရက်မလဲကွာ´လို့ပြောလိုက်လေတယ်။အဲဒီအခါ ညီမြည်းဟာ အံ့သြမှင်တက်ပြီး ခဏငြိမ်သွားတယ်။ ပြီးမှ`မင်း တော်တော်ရူးမိုက်တဲ့အကိုပဲ...မင်းစောင့်နေတဲ့တစ်နေ့ဆိုတာ ဘယ်တော့မှ ရောက်လာမဟုတ်ဘူး ငတုံးရဲ့´ လို့ပြောပြီး စိတ်ပျက်လက်ပျက် ထွက်ခွာသွားလေတယ်။
အသုံးမကျတဲ့ အကိုမြည်းလဲ မကြာခင်မှာပဲ ရက်စက်တဲ့ သခင့်လက်ချက်ကြောင့် သေဆုံးသွားတော့တယ်။
လက်တွေ့ကျပါ။ မဖြစ်နိုင်တဲ့အရာကို ဖြစ်လာဖို့စောင့်မနေပါနဲ့။ ကောင်းကင်က လကို မြေပြင်ကနေ လက်နဲ့ လှမ်းဖမ်းလို့မရနိုင်ပါ။
S.L.C.M

စာအုပ်မြို့တော်

နှင်းဆီပန်းလေး မွှေးရအောင်


Eagle Breeze

အမေရိကန် မော်တော်ကားလုပ်ငန်း ခရိုက်စလာကုမ္မဏီရဲ့ ဥက္ကဌ အိုင်ယာကော့ကို သူ့အမေက ပြောတယ်။
" သားရေ.... အလုပ်တွေချည်း လုပ်မနေနဲ့။ သားခြံထဲက နှင်းဆီပန်းလေးတွေကိုလည်း နမ်းကြည့်ဖို့ အချိန်ထားဦးကွယ့် .."တဲ့။

ကျွန်တော်က မနက်ပိုင်း ၂ နာရီလောက်၊ နေ့လည်ပိုင်း ၃ နာရီလောက်၊ ညပိုင်း ၄ နာရီလောက် စာသင်ရပါတယ်။ သင်ရတာကလည်း သင်္ချာဆိုတော့ နည်းနည်းတော့ ပင်ပန်းပါတယ်။ ကလေးတွေကလည်း ၁၀ တန်းသာရောက်လာတာပါ။ အပိုင်းကိန်းမတွက်တတ်၊ ဒသမကိန်း မပေါင်းတတ် မနုတ်တတ်၊ အလီတောင် ကောင်းကောင်းမရတတ်တော့ အောက်ခြေသိမ်း ပြန်ပြင်နေရတယ်။ စာသင်ခန်းထဲမှာ နေရတာများတော့ မိသားစုအတူတူ နေဖို့၊ စကားစမြည်ပြောဖို့၊ ဟိုနားဒီနားထွက်ဖို့ ပျက်ကွက်တာ ကြာပါပြီ။ လူမှုရေးတွေလည်း လစ်ဟာပါတယ်။ သာရေးနာရေးတွေဆို လူကြုံနဲ့ လက်ဖွဲ့၊ ကူငွေတွေထည့်ပေးတော့ ရင်းနှီးတဲ့သူတွေဆို ငွေမလိုချင်ပါဘူး မင်းကိုယ်တိုင်လာစေချင်တာလို့ ငေါ့ပြောခံရတဲ့ အထိပါပဲ။ ကိုယ့်သားသမီးတောင် ကိုယ်စာမသင်ဖြစ်ဘူးလေ။ မိသားစုနဲ့ ဘုရားသွားကျောင်းတက် လုပ်ဖို့၊ ကိုယ်စိုက်ထားတဲ့ နှင်းဆီပန်းလေးတွေ နမ်းဖို့ မေ့နေခဲ့ပါလား။

အိန္ဒိယ သူဌေးကြီး အမ်ဘာနီက 
"တစ်နေ့ ၁၀နာရီကျော် အလုပ်လုပ်တယ်ဆိုတဲ့ လူဟာ အလွန်နှေးတဲ့လူ ဒါမှမဟုတ် ညာနေတဲ့လူပဲ ဖြစ်မယ်"တဲ့။
ကျွန်တော်တို့ ဘဝကိုစီမံခန့်ခွဲပုံ ညံ့လို့၊ ဆုံးဖြတ်ချက် စိတ်ကူးစိတ်သန်း အတွေးအခေါ်တွေ လွဲလို့များ နှင်းဆီပန်းလေးတွေ နမ်းဖို့ အချိန်မရတာလား။

စိုက်ပျိုးထားပြီးမှတော့ နှင်းဆီပန်းလေးတွေကိုလည်း နမ်းမွှေးဖို့ အချိန်ပေးရပါဦးမယ်။

ဝန်ထမ်းလစာ၊ ကုန်ဈေးနှုန်းနှင့် သံသယကို မီးပြင်းတိုက်ခြင်း ============

=============================
စောနိုင်(အသုံးချဘောဂဗေဒ)
==========================================
ဒုက္ခလော၊ ပြဿနာလော
ဝန်ထမ်းတွေ လစာတိုးရင်တော့ ပြဿနာပဲဟုမိတ်ဆွေတစ်ယောက်ကပြော လာသဖြင့် ဘာပြဿနာလဲဟု ပြန်မေးမိ သည်။ သူက ''တကယ်တော့ ပြဿနာ ထက် ဒုက္ခမှဒုက္ခ၊ ဒုက္ခကိုပြောတာဗျ'' ဟု တုံ့ပြန်ဆိုလာသည်။ မေးလိုက်သည့် သူ စာရေးသူမှာ အစိုးရဝန်ထမ်းဖြစ်နေပြီး ပြန်ဖြေသည့် မိတ်ဆွေက ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်းဖြစ်သည်။ အယူအဆတိုက်ပွဲငယ် ကစတော့မည်။ အစိုးရဝန်ထမ်းလစာ တိုး မြှင့်မှုကြောင့် ကုန်ဈေးနှုန်းများတက်မည်။ ထိုမြင့်မားလာသော ကုန်ဈေးနှုန်းများကို မြင့်မားလာသောလစာရရှိနေသည့် အစိုးရ ဝန်ထမ်းများသာရင်ဆိုင်နိုင်မည်ဖြစ်ပြီးပုဂ္ဂလိ ကလုပ်ငန်းများမှဝန်ထမ်းများနှင့် အများ ပြည်သူအားလုံးစားဝတ်နေရေးတွင် အခက် အခဲများရင်ဆိုင်လာရမည့်အခြေအနေသည် အားလုံးအတွက်ဖြေရှင်းစရာပြဿနာ၊ ဒုက္ခ များဟု မိတ်ဆွေက ဆိုလိုခဲ့ခြင်းဖြစ်လိမ့် မည်ထင်သည်။ 
စဉ်းစားဖို့ကောင်းသည့်အကြောင်း တစ်ရပ်ဖြစ်လာသည်။ မေးခွန်းများရှိလာ သည်။ မိတ်ဆွေထင်ထားသကဲ့သို့ ဝန်ထမ်း များကို လစာတိုးပေးခြင်းသည် ကုန်ဈေး နှုန်းတက်ခြင်းကိုဖြစ်စေသည့် အဓိက အကြောင်းအရင်းပေလော။ ဤအကြောင်း နှင့်ပတ်သက်၍ သီအိုရီမရှိ၊ ဖော်မြူလာမရှိ သဘောတရား မကြားဖူးပေ။ အစိုးရ ဝန်ထမ်းများလစာတိုးခြင်းသည် ဈေးနှုန်း တက်ခြင်းဖြစ်စေသည့် အဓိကအကြောင်း တရားမဟုတ်၊အကြောင်းများစွာထဲမှအဓိက မကျလှသော အကြောင်းတစ်ရပ်သာဖြစ် သည်ကို အကြောင်းအကျိုးဆက်စပ်စဉ်း စားရန်လိုသည်။ တရားဝင်ကိန်းဂဏန်း များအရ အစိုးရဝန်ထမ်းဦးရေမှာစီးပွားရေး အဆောက်အအုံထဲရှိ လူဦးရေ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းခန့်သာရှိပြီး အလုပ်လုပ်နိုင်သူ လူဦးရေ၏ ၄ ဒသမ ၅ ရာခိုင်နှုန်းခန့် သာရှိသည်။ (စီမံဝန်ကြီး နိုဝင်ဘာလက လွှတ်တော်တွင်ရှင်းလင်းဖြေဆိုခဲ့သောအချက် အလက်များအရ)ဟု သတိထားမိသည်။ ထိုအခြေအနေမဖြစ်ခင် (သတင်းကြားရုံ) နှင့်ဖြစ်ပြီးနောက် ဈေးနှုန်းများတက်သည့် အခြေအနေကိုကြည့်သည့်အခါတွင်လည်း ဇိမ်ခံကုန်စည်များအပါအဝင်နှင့်လုပ်ငန်းသုံး ကုန်ပစ္စည်းများထက် နေ့စဉ်လိုအပ်သည့် အခြေခံစားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်း အတော်များများ၏ ဈေးနှုန်းများတက်နေ သည်ကိုတွေ့ရသည်။ ထိုကုန်စည်များသာ ကနဦးလှုပ်ခတ်မြင့်တက်နေသည်ကို တွေ့ နေရ၏။
လိုလျှင်အကြံရှိ နည်းလမ်းမိ
ကြုံတွေ့ခဲ့ရပြီးသော အတွေ့အကြုံ များအရဝယ်လိုအားများလာ၍ မဖြစ်နိုင် ပေ။ ဝယ်လိုအားများသလောက်လစာ ပမာဏမှာလည်း တိုးမြှင့်ထားခြင်းမဟုတ်။ တစ်နိုင်ငံလုံး စားသုံးသူဦးရေ၏ ၂ရာခိုင် နှုန်းမှ ၃ရာခိုင်နှုန်းသာရှိသည့် လူဦးရေ တစ်ဦးချင်းစီ ငွေစအနည်းငယ်ပိုရခြင်းသာ ဖြစ်သည်ကို စေ့စေ့တွေးကြည့်နိုင်ပါက ဈေးနှုန်းတက်ခြင်းဖြစ်စေသော အခြေခံ အကြောင်းအရင်းတချို့ကို သတိပြုမိနိုင် လိမ့်မည်။ စီးပွားရေးအဆောက်အအုံ၏ မူလအားနည်းချက်များဖြစ်သည့် ပြည်တွင်း ထုတ်လုပ်မှုအားနည်းခြင်း၊ တရားမဝင်ကုန် စည်များအဝင်အထွက်ရှိနေခြင်း၊ နယ်စပ် ဒေသများ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ကုန်စည်များ (ဖမ်းဆီး မှုများကြောင့်) စရိတ်စက ပိုမိုကုန်ကျလာ ခြင်းနှင့် ကဏ္ဍများအကြား ဆက်စပ်မှုအား နည်းသောေိ့ သခ မူဝါဒများပေါ်တွင် စဉ်းစားသုံးသပ်ရန်ရှိလာသည်။ ထို့အပြင် မကြာခဏဖြစ်တတ်သည့်အပြောင်းအလဲ များပေါ်တွင် လုပ်စားတတ်သူများနှင့်ဆုံးရှုံး နစ်နာနိုင်မှုများအတွက် ကြိုတင်အကာအရံ လုပ်တတ်သူများကိုလည်း လက်ညှိုးထိုး နိုင်သည်။ ပြောင်းလဲမှုအကြောင်းတစ်စုံ တစ်ရာ(ကြိုတင်)သိရသည်နှင့် (ကောလာ ဟလပင်လျှင်) အခြေခံစားကုန်ဈေးကွက်ရှိ ဈေးနှုန်းများအမြင့်ကိုဦးတည်သည့် လှုပ် လှုပ်ရှားရှားဖြစ်လာတတ်သည်ကို ကြုံတွေ့ ခဲ့ရပြီးဖြစ်၏။ လစာငွေအမှန်တကယ်ပင် မတိုးသေး။ တိုးမည်ဟု ကြားရုံမျှဖြင့် ရောင်းသူများက စိတ်ကူးဖြင့် ဈေးတက်ရန် ပြင်နေတတ်ကြသည်။ဝယ်သူများကလည်း ထပ်၍တက်နိုင်သည်ဟု စိတ်ကူးဖြင့်ပင် ဝယ်ယူတတ်ကြရာ အမှန်ပင်ဈေးနှုန်းများ တက်လာကြတော့သည်။ လစာငွေတိုးမြှင့် မှုက အရိပ်အယောင်ပင်မရှိသေးချိန်တွင် ဈေးကွက်ထဲတွင် ဈေးနှုန်းက တင်ကြို တက်ရိပ်ပြနေခြင်းဖြစ်သည်။စားသုံးသူတစ်ဦးချင်းနှင့် နီးနီးကပ် ကပ်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် များရှိ လက်လီဆိုင်များအနေဖြင့် ဈေးနှုန်း မြှင့်တင်နိုင်ခြင်းမပြုလုပ်နိုင်ပေ။ မြင့်တက် ထားလျှင် အချိန်တိုခဏသာ ဖြစ်နိုင်ပေ မည်။ ဈေးနှုန်းမြင့်တက်ခြင်းကို လက်ကား ကုန်သည်ကြီးများနှင့် လက်ကားဆိုင်ကြီး များကသာ စတင်နိုင်ပေလိမ့်မည်။ အများ ပြည်သူတို့ဖြစ်စေချင်သည့်အစိုးရက ဈေး နှုန်းများကျဆင်းစေရန် ဆောင်ရွက်ပေးရန် မှာလည်း ဈေးကွက်စီးပွားရေးစနစ်အတွင်း ရေရှည်ကာလအတွက် မည်သို့မျှဖြစ်နိုင် ခြေမရှိပေ။ ဈေးကွက်စနစ်တွင် အမိန့်များ၊ ညွှန်ကြားချက်များဖြင့် ဈေးနှုန်းလမ်း ကြောင်းကိုဟန့်တား၍မရ၊ ထိန်းချုပ်၍ မရပေ။ မှောင်ခိုဈေးကွက်ဖြစ်ထွန်းလာ ကာ ပိုမိုဆိုးရွားသွားနိုင်သည်ကို သတိပြု သင့်သည်။ သက်ဆိုင်ရာဌာနများမှလက်ကား ကုန်သည်ကြီးများကို ခေါ်ယူညှိနှိုင်းခြင်း ပြုလုပ်မှသာ ဖြစ်နိုင်ခြေရှိမည်ဟု ထင်ရ သည်။ ဤအခြေအနေသည်လည်းကာလ တိုအတွက် ဆေးမြီးတိုအဆင့်လောက်သာ အထောက်အကူရပေလိမ့်မည်။ ပြုပြင် ပြောင်းလဲရေးကာလအတွင်း ဈေးကွက် ပရမ်းပတာမဖြစ်စေရေးအတွက် သက်ဆိုင် ရာဌာနများမှ တာဝန်ရှိသူများနှင့်ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်များ၊ ကုန်သည်ကြီး များညှိနှိုင်းလျက် ကုန်ဈေးနှုန်းအဆင့်ကို ထိန်းသိမ်းနိုင်ရေးဆောင်ရွက်နိုင်သည်။ ထိုအစီအစဉ်မျိုးဖြင့် ဆောင်ရွက်ပေးနိုင်ရန် ယူအမ်အက်ဖ်စီစီအိုင်(UMFCCI) အဖွဲ့ ကြီး၏အကူအညီအပြည့်အဝလိုအပ်သည်။ ယူအမ်အက်ဖ်စီစီအိုင် (UMFCCI) အဖွဲ့ ကြီးမှဦးဆောင်၍ တစ်နိုင်ငံလုံးရှိကုန်သည် ပွဲစား၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်း၍လည်းကောင်း၊ သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ၍လည်းကောင်း ဈေးကွက်နှင့်ဈေးနှုန်း အလှုပ်အခါကိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ထိုသို့ညှိနှိုင်းဈေးနှုန်းကိုထိန်းသိမ်းပေးနေစဉ် အခြေခံစားကုန်များ၊ လူသုံးကုန်များကို ပြည်တွင်းတွင်ထုတ်လုပ်မှုတိုးမြင့်လာနိုင် ရေးအတွက်လည်း ယူအမ်အက်ဖ်စီစီအိုင် (UMFCCI) အဖွဲ့ကြီးက အစိုးရဌာနများ ကို အကြံဥာဏ်ပေးခြင်း၊ အဖွဲ့ဝင်ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် လိုအပ်သည်များ ဝိုင်းဝန်းကူညီပေးခြင်းများကို ထိထိရောက် ရောက်ပြုလုပ်ပေးရန်လိုသည်။ သွင်းကုန် ပမာဏများစွာ ဝင်ရောက်နေသော ပြည် တွင်းရှိ အခြေခံစားကုန်များ၊ လူသုံးကုန် များဈေးကွက်ထဲတွင် မဖြစ်သင့်သည့်ဈေး နှုန်းမြင့်တက်မှုများမရှိလာစေရန် သက်ဆိုင် ရာဌာနများနှင့် ယူအမ်အက်ဖ်စီစီအိုင် (UMFCCI) အဖွဲ့ကြီး ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်နိုင်မှသာ ဖြစ်နိုင်ခြေရှိပေမည်။
မီးပြင်းတိုက်ခံရသောသံသယ
ပြည်သူ့ဝန်ထမ်းများသည် အစိုးရ ယန္တရားကြီးတွင်ပါဝင်သောကိရိယာအစိတ် အပိုင်းလေးများဖြစ်ကြသည်။ သွေးသားနှင့် တည် ဆောက်ထားသော သက်ရှိအစိတ် အပိုင်းလေးများဖြစ်သောကြောင့် အချိန်တန်လျှင် တောက်လောင် တတ်သောဝမ်းမီးရှိ၏။ ကြုံတွေ့ ရမည့် လူမှုအရေးအရာများရှိ၏။ ဝမ်းမီးကို ပုံမှန်ငြှိမ်းသတ်နိုင်မှဖြစ် မည်။ လူမှုသောကများကို အတိုင်း အတာတစ်ခုအထိ ငွေကြေးလုံ လောက်စွာဖြေရှင်းနိုင်စွမ်းရှိရန် ပုံမှန်လှုပ်ရှားနိုင်သည်။ သို့မှသာ အစိုးရယန္တရားကြီးအတွင်းကျရာ နေရာတွင် စွမ်းရည်ပြည့်လှုပ်ရှား နိုင်မည်ဖြစ်သည်။ ချမှတ်ထား သော စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ ပိုမိုစွမ်းဆောင်ရည်ရှိ သော၊ အကျင့်စာရိတ္တကောင်းမွန် သော ပြည့်ဝန်ထမ်းများအဖြစ် ရှင် သန်ရပ်တည်နိုင်မည်ဖြစ်သည်။ အိမ်တစ်အိမ်၊ မိသားစုတစ်စုဖြင့် ထပ်မံ၍ နမူနာပေးချင်သည်။ မိ သားစုဝင်ငွေမကောင်းသည်နှင့် ထမင်းလွတ်၊ ဟင်းလွတ်ထားနေ မရ၊ ဝင်ငွေမရှိ၍ ကလေးများ ကျောင်းမှထုတ်ပစ်၍မရ လက်ရှိ ဝမ်းမီးငြိမ်းနိုင်ရေး ဝင်ငွေရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေရှာဖွေဖန်တီးရယူ၍ ထမင်းနပ်မှန်အောင် စားကြရမည်။ သားသမီးများ၏ အနာဂတ်အကျိုးစီးပွားအတွက် ပညာတတ်မြောက်နိုင်ရေး ကျောင်းထားရန်လည်းအရေးကြီး သည်။ ရင်းနှီးမြှုပ်နှံမှုသဖွယ် သ ဘောထားရမည်သာ။ လက်ရှိအ ခက်အခဲများအတွက် စိတ်သောက ဖြစ်မနေဘဲ တစ်နည်းမဟုတ် တစ် နည်းအားဖြင့် ဖန်တီး၍ သုံးစွဲရ မည်သာဖြစ်သည်။ အသုံးနှင့်အ ဖြုန်းခွဲခြားသဘောပေါက်နားလည် ရင်း ဖြစ်ပေါ်လာနိုင်သည့် အခက် အခဲများကို သတိပြုကြိုတင်ပြင် ဆင်သင့်သည်။ နည်းလမ်းရှာဖွေ ရင်း ကုန်ဈေးနှုန်းမြင့်တက်မှု တပ် လှန့်သံများကိုလည်းနားပါးပါးဖြင့် နားထောင် ဝိုင်းဝန်းဖြေရှင်းရမည်။ ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်း များအတွက်လည်း အနည်းဆုံးလုပ် ခလစာသတ်မှတ်နိုင်ရေးအားထုတ် နေကြပြီဖြစ်သဖြင့် ပိုမိုဂရုစိုက်၍ အားထုတ်ဆောင်ရွက်ရန်လိုအပ် သည်။ ပြည်သူများကြား ဝန်ထမ်း များလစာတိုးခြင်းကြောင့် ကုန်ဈေး နှုန်းများတက်သည်ဟူသော ယူဆ ချက်အလွဲဖြင့် စိုးရိမ်နေကြသူများ ကိုလည်းကောင်းစွာသဘောပေါက် နားလည်မှုရှိလာစေရန်အတွက်လည်း နည်းလမ်းအမျိုးမျိုးသုံး၍ရှင်းလင်း မှုများ လိုအပ်မည်ထင်သည်။ ထို အချက်သည် မှန်ကန်သည့် 'ဤ' အက္ခရာအသံမှ အများလက်ခံသွား ရသည့် 'ကျွဲ'ဖြစ်သွားသော အခြေ အနေသာဖြစ်သည်။ မှားယွင်းစွာ ယုံကြည်ထားသော အယူအဆကို ကိုယ်ကျိုးစီးပွားအတွက် ချိန်ကိုက် အခွင့်ကောင်းယူသူများက လူအ များပို၍ခိုင်ခိုင်မာမာလက်ခံလာစေ ရန် အကြောင်းရှာဖန်တီးနေခဲ့ကြ သည်။ ထိုသူတို့သည် သံသယကို ပို၍ပြင်းထန်လာစေရန် သိသိသာ သာမီးပြင်းတိုက်နေကြခြင်းသာ ဖြစ်ပေသတည်း။
ဓာတ်ပုံ - လှိုင်မျိုးထွန်း
The Union Daily

လေယာဉ်ပျက်ကျမှုကြောင့် ဂျာဗားကျွန်းတွင် နှစ်သစ်ကူးပွဲတော်ဖျက်သိမ်း


================================================
ဂျကာတာ ဒီဇင်ဘာ ၃၁
================================================
ရာသီဥတုဆိုးရွားမှုကြောင့် အင်ဒိုနီးရှားမှ စင်ကာပူသို့ပျံသန်းစဉ် ဘော်နီယိုကျွန်းစုအနီး ပင်လယ်ထဲသို့ပျက်ကျခဲ့သည့် အဲအေးရှား လေယာဉ်ျှဇ၈၅ဝ၁ နှင့်အတူလိုက်ပါသွားခဲ့ ပြီးသေဆုံးခဲ့သည့်ခရီးသည်များအတွက် ဝမ်း နည်းခြင်းအထိမ်းအမှတ်အဖြစ်ယခုနှစ်နှစ်သစ် ကူးပွဲတော်များကိုဖျက်သိမ်းလိုက်ကြောင်း ဂျာဗားကျွန်းအရှေ့ပိုင်း အာဏာပိုင်များက ပြောသည်။ ပျက်ကျခဲ့သည့်လေယာဉ်၏ အပိုင်းအစများနှင့်ရုပ်အလောင်းများကို ယမန် နေ့ ညနေပိုင်းတွင် ဘော်နီယိုကျွန်းစုအနီး ဂျာဗားပင်လယ်အတွင်းတွင် တွေ့ရှိခဲ့သော် လည်း ရာသီဥတုဆိုးရွားခြင်းကြောင့် ကယ် ဆယ်ရေးလုပ်ငန်းများခက်ခဲခဲ့ရပြီးအလောင်း ၄ဝခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသော် လည်း ယနေ့တွင် အလောင်းခုနစ်လောင်းကို သာ ဆယ်ယူနိုင်ခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည်နှင့်လေယာဉ် အမှုထမ်း ၁၆၂ဦးပါဝင်ခဲ့သည်။ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီရိုဒိုက ရှာဖွေရေးလုပ်ငန်းများ ကို အင်တိုက်အားတိုက် ဆောင်ရွက်မည်ဟု ကတိပေးထားပြီး နိုင်ငံတကာမှရှာဖွေရေး အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ရိုက်တာသတင်းဌာန၏ ယနေ့ဖော်ပြ ချက်တွင်ဆယ်ယူရရှိခဲ့သည့် အလောင်း တစ်လောင်းကိုအသက်ကယ်အင်္ကျီ ဝတ်ဆင် ထားလျက်တွေ့ရှိရကြောင်း ကယ်ဆယ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားသောကြောင့် လေယာဉ်မည်သို့မည်ပုံပျက်ကျခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးခွန်းများမြင့်တက်လျက်ရှိ ကြောင်းဖော်ပြထားသည်။ ရေအောက်တွင် အသံလှိုင်းဖြင့်အရာဝတ္ထုရှာဖွေသည့်ကိရိယာ ၏သတင်းပေးပို့ချက်အရအလောင်းများတွေ့ ရှိသည့်ဧရိယာအောက် ပင်လယ်ကြမ်းပြင် တွင်ကြီးမားသည့်အစိတ်အပိုင်းတစ်ခုတည်ရှိ နေကြောင်းကယ်ဆယ်ရေးအဖွဲ့များကသတင်း ထုတ်ပြန်ထားသည်။ T 1 P (Ref : Reuters)
The Union Daily