Thursday, 1 January 2015

လေယာဉ်ပျက်ကျမှုကြောင့် ဂျာဗားကျွန်းတွင် နှစ်သစ်ကူးပွဲတော်ဖျက်သိမ်း


================================================
ဂျကာတာ ဒီဇင်ဘာ ၃၁
================================================
ရာသီဥတုဆိုးရွားမှုကြောင့် အင်ဒိုနီးရှားမှ စင်ကာပူသို့ပျံသန်းစဉ် ဘော်နီယိုကျွန်းစုအနီး ပင်လယ်ထဲသို့ပျက်ကျခဲ့သည့် အဲအေးရှား လေယာဉ်ျှဇ၈၅ဝ၁ နှင့်အတူလိုက်ပါသွားခဲ့ ပြီးသေဆုံးခဲ့သည့်ခရီးသည်များအတွက် ဝမ်း နည်းခြင်းအထိမ်းအမှတ်အဖြစ်ယခုနှစ်နှစ်သစ် ကူးပွဲတော်များကိုဖျက်သိမ်းလိုက်ကြောင်း ဂျာဗားကျွန်းအရှေ့ပိုင်း အာဏာပိုင်များက ပြောသည်။ ပျက်ကျခဲ့သည့်လေယာဉ်၏ အပိုင်းအစများနှင့်ရုပ်အလောင်းများကို ယမန် နေ့ ညနေပိုင်းတွင် ဘော်နီယိုကျွန်းစုအနီး ဂျာဗားပင်လယ်အတွင်းတွင် တွေ့ရှိခဲ့သော် လည်း ရာသီဥတုဆိုးရွားခြင်းကြောင့် ကယ် ဆယ်ရေးလုပ်ငန်းများခက်ခဲခဲ့ရပြီးအလောင်း ၄ဝခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသော် လည်း ယနေ့တွင် အလောင်းခုနစ်လောင်းကို သာ ဆယ်ယူနိုင်ခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည်နှင့်လေယာဉ် အမှုထမ်း ၁၆၂ဦးပါဝင်ခဲ့သည်။ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီရိုဒိုက ရှာဖွေရေးလုပ်ငန်းများ ကို အင်တိုက်အားတိုက် ဆောင်ရွက်မည်ဟု ကတိပေးထားပြီး နိုင်ငံတကာမှရှာဖွေရေး အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ရိုက်တာသတင်းဌာန၏ ယနေ့ဖော်ပြ ချက်တွင်ဆယ်ယူရရှိခဲ့သည့် အလောင်း တစ်လောင်းကိုအသက်ကယ်အင်္ကျီ ဝတ်ဆင် ထားလျက်တွေ့ရှိရကြောင်း ကယ်ဆယ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားသောကြောင့် လေယာဉ်မည်သို့မည်ပုံပျက်ကျခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးခွန်းများမြင့်တက်လျက်ရှိ ကြောင်းဖော်ပြထားသည်။ ရေအောက်တွင် အသံလှိုင်းဖြင့်အရာဝတ္ထုရှာဖွေသည့်ကိရိယာ ၏သတင်းပေးပို့ချက်အရအလောင်းများတွေ့ ရှိသည့်ဧရိယာအောက် ပင်လယ်ကြမ်းပြင် တွင်ကြီးမားသည့်အစိတ်အပိုင်းတစ်ခုတည်ရှိ နေကြောင်းကယ်ဆယ်ရေးအဖွဲ့များကသတင်း ထုတ်ပြန်ထားသည်။ T 1 P (Ref : Reuters)
The Union Daily

No comments:

Post a Comment