Thursday, 1 January 2015

၂၀၁၅ ခုနှစ်တွင် ရောက်ရှိလာမည့် သမိုင်းထဲက ရက်စွဲများ

၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်စေမည့် ကာလဖြစ်ပါသည်။ ထိုကဲ့သို့ပင် ၂၀၁၅ ခုနှစ်အတွင်း ကျရောက်မည့် ရာပြည့်၊ ဆယ်ပြည့်နှစ်များအဖြစ် ၁၉၁၅ ခုနှစ်၊ ၁၉၂၅ ခုနှစ်၊ ၁၉၃၅ ခုနှစ်၊ ၁၉၄၀ ပြည့်နှစ်၊ ၁၉၄၅ ခုနှစ်၊ ၁၉၆၅ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်များ၌လည်း  မြန်မာနိုင်ငံအတွက် အလှည့်အပြောင်းများစွာ ဖြစ်ခဲ့သည်များ ရှိခဲ့သည်။ အဆိုပါ ကာလများအတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သိရှိနိုင်ရန်အတွက် သမိုင်းထဲမှ ရက်စွဲအချို့ကို ပြန်လည်ဖော်ပြလိုက်ပါသည်။

နှစ် ၁၅၀ ပြည့် (၁၈၆၅-၂၀၁၅)

(၁) မန္တလေး ဒင်္ဂါးသွန်းစက်ရုံမှ ဒင်္ဂါးများ စတင်သွန်းလုပ် (နိုဝင်ဘာ ၁၁)

နှစ် ၁၀၀ ပြည့် (၁၉၁၅-၂၀၁၅)

(၁) ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်          (ဖေဖော်ဝါရီ ၁၃)

(၂) မဟတ္တမဂန္ဒီ ရန်ကုန်သို့ ရောက်ရှိခဲ့ခြင်း ရာပြည့် (ဖေဖော်ဝါရီ)

(၃) သူရိယသတင်းစာ နေ့စဉ်ထုတ်ဝေခြင်း ရာပြည့် (မတ် ၂)

(၄)  စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရာပြည့် (မေ ၁)

(၅) သတင်းစာဆရာမကြီး လူထုဒေါ်အမာ ရာပြည့် (နိုဝင်ဘာ ၂၉)

(၆) မောင်ကျော်၏ ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်ဝတ္ထု ရာပြည့်

နှစ် ၉၀ ပြည့် (၁၉၂၅-၂၀၁၅)

(၁) ဂန္တလောကမဂ္ဂဇင်းအကြို The World          of Book: A Monthly Review ကို စတင်ထုတ်ဝေ။ (ဖေဖော်ဝါရီ ၁)

(၂) ဗုဒ္ဓဝေယျဝစ္စ မြို့မတူရိယာအသင်းကို ကိုဘအုံး၊ ကိုငွေ၊ ကိုဘငြိမ်း (မြို့မငြိမ်း) နှင့် ကိုလှဒင်တို့ တည်ထောင်။

(၃) အင်းစိန် တိရစ္ဆာန်မွေးမြူရေးနှင့် တက္ကသိုလ်ဆောက် (ဖေဖော်ဝါရီ ၁၃)

(၄) ၁၉၂၄ ခု ဩဂုတ် ၁၆ ရက် မန္တလေး အဓိကရုဏ်းတွင် ပါဝင်သူများကို ထောင်ချ (မတ် ၁၁)

(၅) လေးပဲတန် ဇေယျသတင်းစာ စတင်ထုတ် (ဧပြီ ၁ဝ)

(၆) ဒီးဒုတ်ဂျာနယ် စထုတ် (ဧပြီ ၂၅)

(၇) သာယာဝတီထောင် စဖွင့် (မေ ၁)

(၈) စာပေးစာယူ မိတ်ဆက်အသင်း (Friendly Correspondence Club) ထူထောင် (ဇွန် ၁၅)

(၉) ဓမ္မဝုနဝံသာနု အသင်းကို မတရားအသင်း ကြေညာ (ဇွန် ၂၇)

(၁ဝ) မန္တလေး ဥပစာကောလိပ်ဖွင့်(ဇွန်)

(၁၁) သရာဇအသင်းကို သူရိယ ဦးတုတ်ကြီး ထူထောင် (ဇူလိုင်)

(၁၂) စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု နှစ်ကိုးဆယ်ပြည့် (စက်တင်ဘာ ၇)

(၁၃) ဘူးအသင်းများအား မတရားအသင်း ကြေညာမှု ရုပ်သိမ်းရန် ဒုတိယအကြိမ် အဆိုတင်၊ ရှုံးနိမ့် (စက်တင်ဘာ ၂၃)

(၁၄) ရွှေဗျိုင်းဖြူ (ဦးညွန့်) တာဝန်ခံအယ်ဒီတာလုပ်သော လန်ဒန်အတ်မဂ္ဂဇင်း ထုတ်ဝေ (စက်တင်ဘာ)

(၁၅) လှိုင်ပုကျော် ဂျီစီဘီအေ အထူးကွန်ဖရင့် ပြုလုပ်။ ဦးပုက သရာဇဟုမ္မရူးဖွဲ့ရန် အဆိုတင်။ ပဲခူးဦးကျော့မောင် ထောက်ခံပြီး ဟုမ္မရူး (Home Rule Party) ပါတီထောင်ရန် ဆုံးဖြတ်၊ ဥက္ကဋ္ဌ သာယာဝတီရှေ့နေ ဦးပုဖြစ်။ ဦးတုတ်ကြီး၏ သရာဇအသင်းနှင့် ပေါင်းရန်ဆုံးဖြတ် (အောက်တိုဘာ ၆)

(၁၆) အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ လူပုဂ္ဂိုလ်  လေးဦးထဲမှ ထရံကာဆရာကြီး ဦးအုန်းညွန့်ကွယ်လွန် (နိုဝင်ဘာ ၅)

(၁၇) ဒိုင်အာခီအုပ်ချုပ်ရေးအရ ဒုတိယအကြိမ် ဥပဒေပြု လွှတ်တော်အမတ် ရွေးကောက်ပွဲ ပြုလုပ်။ ဂျေအေမောင်ကြီး၏ Independent Party (ရွှေတောင်ကြားပါတီ) မှ အမတ် ၂ဝ ရွေးခံရ။ ဟုမ္မရူးပါတီမှ နှစ်ဦးသာ ရွေးချယ်ခံခဲ့ရ။ (နိုဝင်ဘာ ၁၇)

(၁၈) သီပေါမင်း၏ မိဖုရားခေါင် စုဖုရားလတ် ကွယ်လွန် (နိုဝင်ဘာ ၂၄)    

(၁၉) ငွေတာရီမဂ္ဂဇင်း နှစ်ကိုးဆယ်ပြည့်

(၂ဝ) မန္တလေးမောင်မောင်ခင်၏ တပင်ရွှေထီး ဝတ္ထုတော်ကြီး နှစ်ကိုးဆယ်ပြည့်

နှစ် ၈၀ ပြည့် (၁၉၃၅-၂၀၁၅)    

(၁) မြို့မမောင်၏ ဆယ်သန်းသတင်းစာ စထုတ် (ဖေဖော်ဝါရီ ၁)

(၂) ဦးဘရှိန် (မဟာဆွေ) ၏ ရဲသတင်းစာ စထုတ် (ဖေဖော်ဝါရီ ၃)

(၃) ရုပ်ရှင်မင်းသမီးကြီး မြဂနိုင်မြင့်မြင့် ကွယ်လွန် (မတ် ၁၃)

(၄) စွယ်စုံရ အနုပညာရှင် ဝင်းဦး နှစ်ရှစ်ဆယ်ပြည့် (မတ် ၁၃)

(၅) မန္တလေး ရွှေရေးဆောင်ဆရာတော် ဦးအာဒိစ္စရံသီပျံလွန်(ဧပြီ ၂၁)

(၆) ဂျော့ဘုရင်တံဆိပ်ခေါင်းကို စာအိတ်တွင် ပြောင်းပြန်ကပ်ပြီး “ခွေးခေါင်း ပြောင်းပြန်ကပ်လိုက်သည်”ဟု

     ရေးသားစာထည့်ခဲ့သူ သခင်လှမောင်အား ထောင်ခြောက်လချ (ဧပြီ ၁ဝ)

(၇) ဘီအိုင်အေမောင်ကြီး အယ်ဒီတာလုပ်သော မြန်မာ့ဦးစွန်း သတင်းစာထွက် (ဇူလိုင် ၃၁)

(၈) ဦးထွန်းဖေ၏ မြန်မာ့နေ့စဉ် သတင်းစာထွက် (ဩဂုတ် ၄)

(၉) မြန်မာနိုင်ငံအား ဗြိတိသျှအင်ပါယာ အတွင်းမှ သီးခြားနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခဲ့သော အိန္ဒိယအစိုးရ

     အက်ဥပဒေပြဋ္ဌာန်း (စက်တင်ဘာ ၉)

(၁ဝ) အောင်မြေဘုံစံ ဆရာတော် ဦးစန္ဒိမာ ပျံလွန် (စက်တင်ဘာ ၁ဝ)

(၁၁) ဦးအေးမောင်၏ တိုင်းရင်းမြန်မာ ဘာသာ ကြီးပွားရေး သတင်းစာထွက် (စက်တင်ဘာ ၁၅)

(၁၂) အမျိုးသားနေ့ အောင်ပွဲနေ့အတွက် ရန်ကုန်တက္ကသိုလ်အား ပထမဆုံး ပိတ်ပေးခဲ့ (နိုဝင်ဘာ ၁၉)

(၁၂) သာသနာ့မာမက (ခေါ်) ရဟန်းပျိုများ အဖွဲ့ချုပ် ဖွဲ့စည်း

(၁၃) မဟာဆွေ၏ ဒို့မေမေ ဝတ္ထု နှစ်ရှစ်ဆယ်ပြည့်

၇၅ နှစ်ပြည့် (၁၉၄၀-၂၀၁၅)     

(၁) ပီမိုးနင်း ကွယ်လွန် (ဇန်နဝါရီ ၁)

(၂) ဗမာ့ထွက်ရပ်ဂိုဏ်း၏ ပြန်တမ်း အမှတ် ၆ ထုတ်ပြန် (ဇန်နဝါရီ ၁ဝ)

(၃) နန်းရင်းဝန် ဦးပုက ဦးဘဘေအား အစိုးရအဖွဲ့မှ နုတ်ထွက်ခိုင်း (ဇန်နဝါရီ ၁၉)

(၄) ဦးဘဘေ မပါသည့် အစိုးရအဖွဲ့သစ်ပြန်ဖွဲ့ (ဇန်နဝါရီ ၂ဝ)

(၅) ငါးပွင့်ဆိုင်ညီညွတ်ရေး အစည်းအဝေးလုပ်၊ ဦးပုအစိုးရကို ထောက်ခံချက် ရုပ်သိမ်း

     (ဇန်နဝါရီ ၂၁)

(၆) ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် စဖွဲ့ (ဇန်နဝါရီ ၃၁)

(၇) ဗမာ့ထွက်ရပ်ဂိုဏ်း ချီတက်အင်အား ပြပွဲပြုလုပ် (ဖေဖော်ဝါရီ ၂၅)

(၈) အိန္ဒိယအမျိုးသား ကွန်ဂရက် စတင်။ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်၊

     ကိုဗဟိန်း၊ တိုးတက်ရေးသခင်အုန်းမြင့်၊ ဗိုလ်ရန်နိုင်တို့တက် (မတ် ၂၂)

(၉) ဆရာတော်ဦးဥတ္တမဈာပနပွဲ (မတ် ၂၂)

(၁ဝ) ဆင်လမ်းနှင့် ဗွိုင်းလမ်း အသွားအပြန်လမ်းမနှင့် အလုံလမ်းဆုံချက်၌ ဦးဝိစာရကြေးရုပ်စိုက်ထူ၊ ဦးဝိစာရလမ်း အမည်ပေး (ဧပြီ ၂၃)

(၁၁) ဗိုလ်မှူးကြီး ဆူဇူကီး ရန်ကုန်ရောက် (မေ)

(၁၂) သခင်အောင်ဆန်းအား ဖမ်းဝရမ်းထုတ် (ဇွန် ၂၉)

(၁၃) အာဏာရှင် ခုနစ်ချက်မိန့်ခွန်းကို မန္တလေးမြို့၌ ဒေါက်တာဘမော် ပြောကြား (ဇွန်)

(၁၄) မြန်မာနိုင်ငံကို ဒိုမီနီယံအဆင့် တိုးပေးမည်ဟု ကြေညာ (ဇူလိုင် ၂)

(၁၅) သခင်နုကို ထောင်တစ်နှစ်ချ (ဇူလိုင် ၂၄) 

(၁၆) ဒေါက်တာသိန်းမောင်အား ပုဒ်မ ၁၂၄ (က) ဖြင့်ဖမ်းဆီး (ဇူလိုင်၂၆)

(၁၇) သခင်အောင်ဆန်းအား ဖမ်းဝရမ်းရုပ်သိမ်း (ဩဂုတ် ၂)

(၁၈) ဗမာ့ထွက်ရပ်ဂိုဏ်းခေါင်းဆောင် ဒေါက်တာဘမော်ကို ဖမ်းဆီး (ဩဂုတ် ၆)

(၁၉) သခင်အောင်ဆန်းနှင့် သခင်လှမြိုင် အမွိုင်သို့ ထွက်ခွာ (ဩဂုတ် ၈)

(၂ဝ) ဂဠုန်ဦးစောက ဦးပုအစိုးရအား အယုံအကြည်မရှိ အဆိုတင်ပြီး ဖြုတ်ချ (စက်တင်ဘာ ၇)

(၂၁) ဂဠုန်ဦးစော ညွန့်ပေါင်းအစိုးရအဖွဲ့ ဝင်စာရင်းကြေညာ (စက်တင်ဘာ ၁ဝ)

(၂၂) ဦးစောအစိုးရကို အယုံအကြည်မရှိ အဆိုအား လွယ်အိတ်ကြီး ဦးဘလှိုင် တင်သွင်း၊ ရှုံးနိမ့် (စက်တင်ဘာ ၁၇)

(၂၃) သခင်ဗစိန် ထိုင်းမှတစ်ဆင့်          ဂျပန်သွားရန် ရုပ်ဖျက်ထွက်ခွာ (အောက်တိုဘာ ၁၃)

(၂၄) သခင်အောင်ဆန်းနှင့် သခင်လှမြိုင် တိုကျိုရောက် (နိုဝင်ဘာ ၁)

(၂၅) ဗိုလ်အောင်ကျော် ကြေးရုပ်ဖွင့်ပွဲ ရန်ကုန်တက္ကသိုလ် ပရဝဏ်၌ ပြုလုပ် (ဒီဇင်ဘာ ၂၇)

(၂၆) ရွှေလင်းယုန်-သူ ၇၅ နှစ်ပြည့်

နှစ် ၇၀ ပြည့် (၁၉၄၅-၂၀၁၅)    

(၁) ဝစီရဗုဒ္ဓိဘွဲ့ရ မြန်မာစာပေပညာရှင်

     ဦးဖိုးစိန် ကွယ်လွန် (ဇန်နဝါရီ ၂၆)

(၂) လီဒိုလမ်းမဖွင့်၊ ချန်ကေရှိတ်က

     စတီးဝဲလ်ဟု အမည်ပေး (ဇန်နဝါရီ ၂၇)

(၃) တေးပြုစာဆို ရွှေတိုင်ညွန့် ကွယ်လွန် (ဖေဖော်ဝါရီ ၂၆)

(၄) ဗမာ့တပ်မတော်ကို ပြည်သူ့လွတ်လပ်ရေး တပ်မတော် အမည်ပြောင်း (မတ်၂၇)

(၅) ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန် (ဧပြီ ၁၂)

(၆) နဂါးဦးထွန်းရွှေကွယ်လွန် (ဧပြီ ၁၈)

(၇) မင်းသမီးကြီး လေဘာတီမမြရင် ကွယ်လွန် (ဧပြီ ၂၉)

(၈) ဗမာ့မျိုးချစ်တပ်မတော် ရန်ကုန်ကိုသိမ်းယူ (ဧပြီ ၃ဝ)

(၉) စက္ကူဖြူစီမံကိန်း ထုတ်ပြန် (မေ ၁၇)

(၁ဝ) ဗိုလ်မှူးကြီးဗထူးကွယ်လွန် (ဇွန် ၂)

(၁၁) ကာတွန်းရွှေကလေး (ဦးရွှေရိုး) ကွယ်လွန် (ဇွန် ၅)

(၁၂) ရုပ်ရှင်မင်းသား ခင်မောင်ရင် ကွယ်လွန် (ဇွန် ၁၈)

(၁၃) ဒေါ်အောင်ဆန်းစုကြည် ၇ဝ ပြည့် (ဇွန် ၁၉)

(၁၄) မြန်မာ့အနာဂတ် အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးအတွက် ဆွေးနွေး၊ ကမ်ဘာလင် စစ်သင်္ဘောပေါ်၌ မြန်မာ ပြည်ပြေး ဘုရင်ခံ ဒေါ်မန်စမစ်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးဘဘေ၊ ဦးဆက်၊ ဆာမောင်ကြီး၊ ဦးဘဦး၊ ဆစ်ဒနီလူနီ၊ ဦးဘသန်း၊ ဦးဘိုဗျော့၊ ဦးဘကလေး အစရှိသူတို့ ဆွေးနွေးခဲ့။ (ဇွန် ၂ဝ)

(၁၅) ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်အောင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်(ဇွန် ၂၄)

(၁၆) မြန်မာ့တပ်မတော်ဖွဲ့စည်းရေးမူကို ဗိုလ်ချုပ်အောင်ဆန်းက မောင့်ဘက်တန်ထံတင်ပြ (ဇူလိုင် ၁၁)

(၁၇) နေသူရိန်အစည်းအဝေး (ဇူလိုင် ၂၉)

(၁၈) အမျိုးသား ညီညွတ်ရေး ပန်ကြားချက် ထုတ်ပြန် (ဩဂုတ် ၁၂)

(၁၉) ဂျပန်လက်နက်ချစာချုပ် လက်မှတ်ထိုး (ဩဂုတ် ၂၇)

(၂ဝ) ဒုတိယကမ္ဘာစစ် ပြီးဆုံး (စက်တင်ဘာ ၂)

(၂၁) ကန္နီစာချုပ် လက်မှတ်ရေးထိုး (စက်တင်ဘာ ၁-၈)

(၂၂) စစ်အုပ်ချုပ်ရေးမှ မြို့ပြအုပ်ချုပ်ရေးပြောင်း၊ ဆာပေါ်ထွန်း အစိုးရဖွဲ့ (အောက်တိုဘာ ၉)

(၂၃) ဒေါ်မန်စမစ်၏ စက္ကူဖြူအစိုးရ မြန်မာနိုင်ငံကို တစ်ကျော့ပြန် အုပ်ချုပ် (အောက်တိုဘာ ၁၅)

(၂၄) ဗမာ့မျိုးချစ်တပ်မတော် ဖဆပလအဖွဲ့မှ နုတ်ထွက်ကြောင်း ကြေညာ (အောက်တိုဘာ ၂၃)

(၂၅) ရဲဘော်သုံးကျိပ်ဝင် ကိုဆောင်း (ဗိုလ်ထိန်ဝင်း) ကွယ်လွန် (နိုဝင်ဘာ၂ဝ)

(၂၆) ဗြိတိသျှဘားမား ဦးညွန့် ဟံသာဝတီသတင်းစာကို ဆက်ထုတ် (နိုဝင်ဘာ ၂၉)

(၂၇) ဒေါက်တာဘမော် တိုကျိုသို့ သွားရောက်ပြီး လက်နက်ချ

နှစ် ၅၀ ပြည့် (၁၉၆၅-၂၀၁၅) 

 (၁) ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း ဖောင်ကြီး ဖွင့် (ဇန်နဝါရီ ၁)

(၂) ဝန်းသိုစော်ဘွား ဦးအောင်မြတ် ကွယ်လွန် (ဇန်နဝါရီ ၅)

(၃) တော်လှန်ရေးအစိုးရက ဝိနိစ္ဆယဌာနနှင့် ဝိနိစ္ဆယစုံ အက်ဥပဒေကို ရုပ်သိမ်း။ (ဇန်နဝါရီ ၁၈)

(၄) မိုးကြိုးသတင်းစာ ထုတ်ဝေခွင့် ရပ်စဲခံရ (ဖေဖော်ဝါရီ ၉)

(၅) ဗုဒ္ဓသာသနာတော် သန့်ရှင်း ပြန့်ပွားရေးဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပြုလုပ်။ ဗုဒ္ဓသာသာနာတော်လုံးဆိုင်ရာ သံဃာ့အဖွဲ့အစည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ(မူကြမ်း) ရေးဆွဲ။ (မတ် ၁၇ -၁၉)

(၆) ငွေစက္ကူသစ်များ ထုတ်ဝေခြင်း ကြေညာချက်ထုတ်ပြန် (ဧပြီ ၂ဝ)

(၇) ငပလီရွှေဝါချိုင် လူရည်ချွန်စခန်း ဖွင့်လှစ် (မတ် ၂၄)

(၈) ရေနံတွင်းလုပ်ငန်းများ ပြည်သူပိုင်သိမ်း (ဧပြီ ၁)

(၉) ရန်ကုန်ရှိ ပုဂ္ဂလိက စာသင်ကျောင်း ၁၂၉ ကျောင်းကို ပြည်သူပိုင်သိမ်း(ဧပြီ)

(၁ဝ) မြန်မာနိုင်ငံရှိ မီးပြတိုက် ၃၄ ခု ကို မြန်မာအမည်ပြောင်း (ဧပြီ)

(၁၁) “မန္တလေး ရတနာပုံမြို့တည် နန်းတည် စာတမ်း” စာအုပ်ပြုစုခဲ့သူ စည်သူ မောင်မောင်ကျော် ကွယ်လွန် (ဧပြီ ၈)

(၁၂) ကိုယ်ပိုင်ကျောင်း ၆၈၅ ကျောင်းကို ပြည်သူပိုင်ထပ်သိမ်း (မေ ၅)

(၁၄) အဆောက်အဦကန်ထရိုက်စနစ် ဖျက်သိမ်း (မေ ၂၈)

(၁၅) သုတေသနလုပ်ငန်းများဆိုင်ရာ မူဝါဒညွှန်ကြားရေးအဖွဲ့ ဖွဲ့(ဇူလိုင် ၂)

(၁၆) ပုဂ္ဂလိက ဆေးရုံများ၊ ကုသိုလ်ဖြစ် ဆေးရုံများကို ပြည်သူပိုင်သိမ်း (ဇူလိုင် ၅)

(၁၇) ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ် ခေါင်းဆောင်၊ အမျိုးသားကျောင်းများ တည်ထောင်ခဲ့သူ တစ်ဦးဖြစ်သည့် ဆရာကြီး ဦးဖိုးလတ်ကွယ်လွန် (ဇူလိုင် ၃ဝ)

(၁၈) လမ်းစဉ်ပါတီ ဌာနချုပ်မှ လမ်းစဉ်သတင်းဂျာနယ်ထုတ် (အောက်တိုဘာ ၁၅)

(၁၉)သုဝဏ္ဏမြို့သစ်စဖွင့် (နိုဝင်ဘာ ၁)

(၂ဝ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပထမဆုံးအကြိမ် ပါတီနှီးနှောဖလှယ် ပွဲကျင်းပ (ဒီဇင်ဘာ ၆)

(၂၁) ဌေးမောင်၏ တိုက်ပွဲခေါ်သံဝတ္ထု နှစ်ငါးဆယ်ပြည့်

၂၅ နှစ်ပြည့်(၁၉၉၀-၂၀၁၅)   

(၁) Iron Cross တေးဂီတဝိုင်းကို စတင် ဖွဲ့စည်း (ဇန်နဝါရီ)

(၂) ရွှေတိဂုံဘုရား သိင်္ဂုတ္တရဥယျာဉ်ဖွင့်(ဇန်နဝါရီ ၁)

(၃) မန္တလေး-မြစ်ကြီးနား ပြည်ထောင်စု လမ်းဖွင့် (ဇန်နဝါရီ ၃)

(၄) မန္တလေး မြို့ပတ်ရထားလမ်းများ ဖွင့်(ဇန်နဝါရီ ၄)

(၅) အင်းစိန်ခုံးကျော်တံတားဖွင့် (ဇန်နဝါရီ ၂ဝ)

(၆) သခင်ကျော်စိန်ကွယ်လွန် (ဖေဖော်ဝါရီ ၃)

(၇) ဂျူဗလီဟောနေရာတွင် စစ်သမိုင်း ပြတိုက်ဆောက်ရန် ပန္နက်ချ (ဖေဖော်ဝါရီ ၈)

(၈) ရန်ကုန် ဆူးလေခုံးကျော်တံတား ဖွင့် (ဖေဖော်ဝါရီ ၁၂)

(၉) စုဝေးခွင့်နှင့် မဲဆွယ်ခွင့်ဆိုင်ရာ အမိန့်အမှတ် ၃/၉ဝ ထုတ်ပြန် (ဖေဖော်ဝါရီ ၂၃)

(၁ဝ) တစ်ကျပ်တန်ငွေစက္ကူသစ် ထုတ်ဝေ (မတ် ၁)

(၁၁) ဦးထောင်ဘိုလမ်းကျော် တံတားဖွင့် (မတ် ၁ဝ)

(၁၂) ရန်ကုန်ရှိ မြို့နယ် ၁၄ မြို့နယ်တွင် မာရှယ်လောရုပ်သိမ်း (မတ် ၁၁)

(၁၃) မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဖွင့်ပွဲ ပြုလုပ် (မတ် ၁၂)

(၁၄) ပြည်လှဖေ ကွယ်လွန် (မတ် ၁၃)

(၁၅) မိုးမိုး(အင်းလျား) ကွယ်လွန်

(၁၆) နှစ်ကျပ်တန်ငွေစက္ကူသစ် ထုတ် (မတ် ၂၇)

(၁၇) အာဇာနည်ဗိမာန်၌ သူရဲကောင်း စစ်သည် ဗိမာန်ဖွင့် (မတ် ၂၇)

(၁၈) ၂၅ ပြားတန် ငွေအကြွေသစ်များ ထုတ်ဝေ (ဧပြီ ၁)

(၁၉) မြန်မာပြည်စာအုပ်တိုက်ပိုင်ရှင် ဦးကြီးခင်ကွယ်လွန်(ဧပြီ ၁၅)

(၂ဝ) ခေတ်ဟောင်းအဆိုတော်ကြီး မန္တလာမြင့်ကွယ်လွန် (မေ ၃)

(၂၁) ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအမှတ် ၁၂/၉ဝ ထုတ်ပြန် (မေ ၁၅)

(၂၂) သတင်းစာဆရာကြီး ယူပီအိုင် ဦးဘသန်းကွယ်လွန် (မေ ၁၉)

(၂၃) ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲပြုလုပ် (မေ ၂၇)

(၂၄)   ယုဝတီကြည်ဝေ ကွယ်လွန် (ဇွန် ၃ဝ)

(၂၅) တိုင်းရင်းသားပေါင်းစုံ ညီလာခံ (ဇွန်) 

(၂၆) ဗဂျီအောင်စိုး ကွယ်လွန် (ဇူလိုင် ၆)

(၂၇) ပြေငြိမ်း ကွယ်လွန် (ဇူလိုင် ၁၂)

(၂၈) အမျိုးသားစာဆိုဆရာဇော်ဂျီ ကွယ်လွန်

(စက်တင်ဘာ ၂၆)

(၂၉) ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲနိုင်ကြောင်း ရည်ရွယ်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့ တပ်မတော် အစိုးရ၏ ကြေညာချက် ၁/၉ဝ ကို ထုတ်ပြန် (ဇူလိုင် ၂၇)

(၃ဝ)NLD ဗဟိုဦးစီးအဖွဲ့နှင့်NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပထမအကြိမ် ပဏာမ အစည်းအဝေး ဂန္ဒီခန်းမ၌ ပြုလုပ် (ဇူလိုင် ၂၈-၂၉)

(၃၁)   ပေဖူးလွှာ ဦးမြလှိုင်ကွယ်လွန် (အောက်တိုဘာ ၁၄)

(၃၂) လိပ်ခုံးခန်းမကို ဖျက် (အောက်တိုဘာ ၃ဝ)

(၃၃) လက်ဝဲမင်းညို(ဦးချမ်းသာ) ကွယ်လွန်(နိုဝင်ဘာ ၂ဝ)

(၃၄) မြို့တော်သိန်းအောင် ကွယ်လွန် (ဒီဇင်ဘာ ၃ဝ)

ကျမ်းကိုး- မြန်မာ့ရက်စဉ်သမိုင်း (ယဉ်ကျေး မှုဝန်ကြီးဌာနနှင့် သမိုင်းသုတေသန ဦးစီးဌာန)၊ ၂၀ ရာစု မြန်မာ့သမိုင်းကို ပြောပြနေ သော နေ့ရက်များ (သန်းဝင်းလှိုင်)နှင့် အခြားစာအုပ်စာတမ်းများ

- eleven

No comments:

Post a Comment