~ ဘုရားသခင်သာ မင်းထက်လှတဲ့အရာတစ်ခုဖန်ဆင်းခဲ့တယ်ဆိုရင် ကိုယ်သေချာပါတယ်။ သူ့ အတွက် အဲ့ဒါကို သိမ်းထားလိမ့်မယ်လို့ ။
~ ရဲခေါ်ပါဗျို့ ။ ကျွန်တော့်နှလုံးသားကို သူများခိုးသွားလို့ ။
~ ကိုယ့်နှလုံးသားထဲလာနေပါကွယ်။ အိမ်ငှားခ ပေးစရာမလိုပါ။
~ မင်းကလေးက အိမ်တွင်းအလှဆင်သူလေးများလား။ ဘာလို့ ဆို မင်းကိုတွေ့ တဲ့အခါ အခန်းတစ်ခုလုံး လှပသွားလို့ ပဲ။
~ အနမ်းတစ်ချက်လောက် ငှားပါလား။ ပြန်ဆပ်ပါ့မယ်လို့  ကတိပေးပါတယ်။
~ မင်းလေးဟာ ကိုယ့်အတွက်အဘိဓါန်တစ်အုပ်လိုပါပဲ။ ကိုယ့်ဘ၀မှာ အဓိပ္ပာယ်တွေဖွင့်ဆိုပေးတယ်။
~ မင်းသာ ကိုယ့်မျက်ဝန်းကမျက်ရည်တစ်စက်ဖြစ်ရင် မင်းကိုဆုံးရှုံးရမှာစိုးလို့ ငိုမိမှာ မဟုတ်ဘူး။
~ မင်းလေးမှာဆေးပလာစတာရှိလား။ မင်းရှေ့ မှာဒူးထောက်လဲကျရင်း ဒူးကွဲသွားလို့ ။
~ ကိုယ်သာမီးပွိုင့်လေးဖြစ်ခဲ့ရင် မင်းဖြတ်လာတဲ့အချိန်တိုင်း မီးနီလေးပြမိမှာပဲ။ မင်းကိုကြာကြာလေး ပိုငေးကြည့်ခွင့်ရဖို့ လေ။
~ မင်းသွားရာ လမ်းကလေးတိုင်းမှာရှိနေအောင် မင်းရဲ့ခြေအိတ်ကလေးဖြစ်ခွင့်ရချင်တယ်။
~ မင်းရဲ့အလှတရားကိုတခြားဘက်လှည့်လိုက်ပါလား။ ဒီမှာ ကော်ဇောလေးမီးလောင်တော့မယ်။
~ ဘယ်အရာမှထာဝရမတည်မြဲဘူးဆိုရင် မင်းလေး ကိုယ့်ရဲ့ ဘယ်အရာမှဖြစ်နိုင်ပါ့မလား။
~ ပျော်ရွှင်မှုက H နဲ့ စတယ်လို့ ထင်ထားတာ ဘာကြောင့်ကိုယ့်ပျော်ရွှင်မှုက U (you မင်းနဲ့ ) စရတာလဲ။
~ သရက်ပင်က သရက်သီးတွေသီးတဲ့ ဖေဖော်ဝရီ ၃၀ ရက်နေ့ မှ မင်းကိုမချစ်ဘဲနေလို့ ရမယ်။
~ ခင်ဗျားကြည့်ရတာ ချမ်းနေပုံပဲ။ ကျွန်တော့်ကို စောင်လိုသဘောထားပါလား။
~ မင်းမှာမြေပုံရှိလား။ မင်းမျက်ဝန်းထဲမှာ လမ်းပျောက်နေလို့ ။
~ နေ့ စဉ်တိုင်းမင်းကြောင့်သာ ကြယ်စင်တွေထွန်းလင်းတယ်ဆိုရင် ကိုယ့်ဆီမှာ နဂါးငွေ့ တန်းကြီးပိုင်နေပြီ။
~ မင်းအလှကိုဖော်ပြနိုင်တဲ့စကားလုံး အဘိဓါန်မှာမရှိဘူး။
~ မနေ့ ညက ကိုယ်ဘာလုပ်ခဲ့လဲသိလား။ ကြယ်တွေကိုမော့ကြည့်ပြီး မင်းကိုဘာကြောင့်ချစ်ရလဲဆိုတဲ့အကြောင်းပြချက်တွေကို ကြယ်တစ်လုံးချင်းစီတွဲနဲ့ တွဲထားခဲ့တယ်။
~ ပန်းချီဆရာတစ်ယောက်က နှစ်တစ်ထောင်ဆွဲရင်တောင် မင်းလောက်လှတဲ့ အနုပညာလေး ရမှာမဟုတ်ဘူး။
~ မင်းမရှိတဲ့ဘ၀ဟာ ကျိုးနေတဲ့ခဲတံလိုပဲ။ အဖျားပိုင်းမရှိဘူး။(အဓိပ္ပာယ်မရှိဘူး။)
~ မင်းအကြောင်းတွေးတိုင်းတာကြယ်တွေကြွေမယ်ဆိုရင် ကောင်းကင်ကြီးလဲ ဟင်းလင်းကြီးဖြစ်လိမ့်မယ်။
~ မင်းမျက်ဝန်းတွေဟာ သမုဒ္ဒရာလိုပြာလဲ့နေတယ်။ ကလေးရေ ကိုယ်တော့ ပင်လယ်ပြင်မှာလမ်းပျောက်နေပြီ။
~ ယောင်္ကျားအများစုက အသက်ရှင်ဖို့ ထမင်းသုံးနပ်လိုတယ်။ ကိုယ်ကတော့ မင်းရဲ့အကြည့်တစ်ချက်ပဲလိုတယ်။
~ မင်းအကြောင်းတွေးတိုင်းသာ နှင်းဆီပန်းတွေပွင့်နေရင် အခုလောက်ဆို ကိုယ်လည်း နှင်းဆီခင်းထဲလျှောက်လှမ်းနေလို့ ပေါ့။
<myanmar network (british council) မှ ထုတ်နုတ်ချက်>
True Man
No comments:
Post a Comment