Friday, 16 January 2015

မြို့နယ်နှစ်ခုတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်အား ကျပ်သိန်း ၂၅၀၀၀ ကျော် လိမ်လည်သ ည်ဟုဆိုကာ ဗဟန်းရဲစခန်း၌ ထပ်မံအမှုဖွင့်


ဦးကျော်မြင့်ကို ကျောက်တံတားမြို့နယ် တရားရုံးတွင် ဇန်န၀ါရီ ၁၃ ရက်က ရုံးထုတ်လာစဉ် တွေ့ရပုံ (ဓာတ်ပုံ-
မင်းခန့်ဖြိုး)
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နှစ်ခုတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father
Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ထံမှ
စုစုပေါင်းငွေကျပ် ၂၅၃၆ သန်းကျော် (သိန်း ၂၅၀၀၀ ကျော်) လိမ်လည်သွားသည်ဟုဆိုကာ ဗဟန်းမြို့မ ရဲစခန်
းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း ဇန်န၀ါရီ ၁၆ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းသိရသည်။
အဆိုပါ ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည့် တရားလိုတစ်ဦးမှာ ဦးထွန်းနိုင်ဦးဆိုသူဖြစ်ကြောင်း သိရ
ပြီး ၎င်းကို ဗဟန်းမြို့နယ် မြေတိုင်းရပ်ကွက်၊ အမှတ် ၃၆/L၊ ရှေ့နောက် ၈၂ ပေရှိ မြေကွက်တစ်ကွက်
အား ငွေကျပ် ၃၉၀၀၀၀၀၀၀ ဖြင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်၊ ဦ
းဘိုဘိုဦးနှင့် ဒေါ်သူဇာဆိုသူတို့က ၀ယ်ရန် ကမ်းလှမ်းသဖြင့် ၀ယ်ယူလိုက်စဉ် လိမ်လည်ခံရခြင်းဖြစ်ကြောင်း
သိရသည်။
အလားတူ တရားလိုတစ်ဦးမှာ ဗိုလ်မှူးသီရိထွန်း(ငြိမ်း)ဆိုသူဖြစ်ပြီး အထက်ပါ မြေတိုင်းရပ်ကွက် အမှတ် ၃၆/
L ၌ပင် မျက်နှာစာ ၆၄ ပေ၊ ရှေ့နောက် ၄၁ ပေကျယ်ဝန်းသော မြေကွက်အား ငွေကျပ် ၆၃၀၀၀၀၀၀၀ ဖြင့်ပင်
ဦးကျော်မြင့် အပါအ၀င် သုံးဦးကပင် ၀ယ်ယူရန် ကမ်းလှမ်းခဲ့ပြီး အထက်ဖြစ်စဉ်အတိုင်း လိမ်လည်ခံခဲ့ရမ
ှု၊ ထို့အပြင် အခြားတရားလို တစ်ဦးမှာ ဦးသန်းထွန်းဆိုသူဖြစ်ပြီး ယင်း အမှတ် ၃၆/L ၌ပင် မြေဧရိယာ
၇၀×၃၀ ရှိ မြေကွက်အား ငွေကျပ် ၁၅၁၆၉၀၀၀၀၀ ဖြင့် ၀ယ်ယူလိုက်စဉ် လိမ်လည်ခံရမှုတို့အတွက်
သက်ဆိုင်ရာ ရဲစခန်းတွင် တရားလိုသုံးဦးက ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း အသီးသီး လာရောက်အ
မှုဖွင့်ခဲ့ကြောင်း သိရသည်။
“မြေကွက်တစ်ကွက်ပေါ်မှာပဲ ခွဲစိတ်ရောင်းချတယ်လို့ သိရတယ်။ ပြီးတော့ ဂရန်ကို ခွဲစိတ်ပြီး အမည်ပေါက်
ရအောင် လုပ်ပေးမယ်ဆိုတဲ့ ပုံစံနဲ့ လိမ်သွားတာလို့ တရားလိုတွေက လာအမှုဖွင့်တယ်။ ဒီဂရန်က သူအမည်ပေါက်
မဟုတ်ဘူးလို့ သိရပြီးတော့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၄ မှာလည်း ဂရန်ကို ပေါင်နှံထားတယ်လို့ သိရတယ်။ လက်ရှိ
မှာတော့ ဦးကျော်မြင့်ကို စစ်ဆေးနေပါတယ်။ ကျန်နှစ်ဦးကိုတော့ ဖမ်းဖို့ ဆောင်ရွက်နေတယ်၊ အာမခံပေးလို့ရရင် အာမ
ခံပေးသွားမယ်။ အားလုံးကို တရားစွဲဆိုတင်ပို့ဖို့ လုပ်ဆောင်သွားမှာပါ” ဟု ဗဟန်းမြို့နယ်ရဲစခန်းမှ ဒုရဲမှူ
းသိန်းဝင်းက ဆိုသည်။

eleven

No comments:

Post a Comment