ညီမလေးရေ ...
စံပယ်ပန်းဟာ သူ့ကိုယ်မှာ မွှေးရနံ့တွေရှိသလို
သူအနီးအနားက ပတ်ဝန်းကျင်ကိုလည်း ...
မွှေးရနံ့တွေ ပေးစွမ်းလေ့ရှိတယ် ...။
ဒီလိုပဲ ...
လူကောင်းဟာ သူ့မှာ ကောင်းမွန်တဲ့ အစွမ်းတွေရှိသလို
သူ့ပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်တဲ့ အစွမ်းတွေနဲ့
လှပအောင် ဖန်တီးပေးလေ့ရှိတယ် ...။
မိသားစုထဲမှာ ကိုယ်က ကိုယ့်မှာရှိသလောက်အစွမ်းနဲ့
အလုပ်လုပ်မယ် ရတာလေးနဲ့ မိဘတွေ မိသားစုတွေကို
ပြုစုစောင့်ရှောက်မယ်။ ဒါဆို ကိုယ့်ရဲ့မိသားစုလေးဟာ
ငြိမ်းချမ်းပျော်ရွှင်မှုတွေနဲ့ ဘ၀ကို ဖြတ်သန်းနိုင်လိမ့်မယ်။
ဘ၀ဆိုတာ ဆင်းရဲတာ ချမ်းသာတာထက် လူကောင်း
အဖြစ်နေနိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ ဘာဖြစ်
လို့လဲဆိုတော့ လူကောင်းတွေများမှ ကောင်းမွန်တဲ့ ...
ပတ်ဝန်းကျင် ကောင်းမွန်တဲ့ လောကကြီးကို ရရှိနိုင်မယ်
မဟုတ်ပါလား ...။
ညီမလေးရေ ...
ပုတ်နေတဲ့အရာဟာ သူ့ကိုယ်မှာ ရနံ့ဆိုးတွေရှိသလို
သူ့အနီးအနားက ပတ်ဝန်းကျင်ကိုလည်း ရနံ့ဆိုးတွေနဲ့
နှိပ်စက်လေ့ရှိတယ် ...။
ဒီလိုပဲ ...
လူမိုက်ဟာ သူ့ကိုယ်သူလည်း ဖျက်ဆီးသလို ...
သူ့အနီးအနားက ပတ်ဝန်းကျင်ကိုလည်း ဖျက်ဆီး
လေ့ရှိတယ် ...။
မိသားစုထဲမှာ ကိုယ်က ဘုရားမကြိုက်တဲ့ မကောင်းမှု
တွေကို ပြုလုပ်မယ်ဆိုရင် ပထမဆုံး မိမိကိုယ်တိုင်
ထိခိုက်နာကျင်ခံစားရပါမယ်။ နောက်မိမိကြောင့်
မိသားစုတွေ ထိခိုက်နာကျင် ခံစားရပြီး ကိုယ့်ရဲ့မိသားစု
လေးဟာ မငြိမ်းချမ်းပဲ သောကတွေနဲ့ ဘ၀ကို ဖြတ်သန်း
ရပါလိမ့်မယ် ...။
ညီမလေးရေ ...
လူမိုက်တွေကို ဝေးစွာ ရှောင်ရှားရသလို မကောင်းတဲ့
ပတ်ဝန်းကျင်၊ မကောင်းတဲ့ အရပ်ဒေသကိုလည်း စွန့်
ခွာ ရမယ် ...။
လူမိုက်တွေများတဲ့ ပတ်ဝန်းကျင်ဟာ မကောင်းမှုတွေ
ကြီးစိုးတတ်သလို လူမိုက်တွေသာ များလာရင် ...
လောကကြီးဟာ ပျက်စီးသွားပါလိမ့်မယ် ...။
ညီမလေးရေ ...
ညစ်ပတ်နေတဲ့ လက်ကို ညစ်ညမ်းနေတဲ့ ရေနဲ့ ...
ဆေးကြောလို့ မရသလို ...
ညစ်နွမ်းနေတဲ့ စိတ်တွေကိုလည်း ဘုရားမကြိုက်တဲ့
မကောင်းမှုတွေနဲ့ ဖြေဖျောက်လို့ စိတ်တွေက ကြည်လင်
လို့ မလာနိုင်ပါဘူး။ စိတ်တွေက ပို၍ ပို၍ ညစ်နွမ်းကာ၊
မှောင်မိုက်ကာ လမ်းပျောက်သွားပါလိမ့်မယ် ...။
ညီမလေးရေ ...
ညစ်ပတ်နေတဲ့ လက်ကို သန့်ရှင်းတဲ့ ရေနဲ့
ဆေးကြောရင် သန့်စင်သွားသလို ...
ညစ်နွမ်းနေတဲ့ စိတ်တွေကို ဘုရားရဲ့အဆုံးအမတရား
တော်တွေနဲ့ နှလုံးသွင်း ဖြေဖျောက်ရင် စိတ်ကြည်လင်ရာ
စိတ်ရဲ့ထွက်ပေါက်လမ်းကြောင်းအမှန်ကို တွေ့လာပါလိမ့်
မယ် ...။
ညီမလေး ...
ကိုယ်စိတ်နှစ်ပါးစလုံး ...
ကျန်းမာ ချမ်းသာပါစေကြောင်း ...
ဆုတောင်း မေတ္တာများ ပို့သလျက် ...
မျိုးဝဏ္ဏ(စာပေဥယျာဉ်)
စာအုပ်မြို့တော်
No comments:
Post a Comment