Thursday, 1 January 2015

ရင်သားကြီးဆေး သောက်သုံးသူများ သိကောင်းစရာ


===================================

ရင်သားကို ဘာနဲ့ ဖွဲ့ စည်းထား လဲဆိုတာ ဦးစွာသိသင့်ပါတယ်။ အဆီတစ်ရှူး များ ဖြင့်ဖွဲ့ စည်းထား ခြင်း ဖြစ်ပြီး အမျိုးသမီးဟော်မုန်း ဓာတ်ကြောင့် ရင်သား ကြီးထွား လာခြင်းဖြစ်သည်။ မျိုးရိုးဗီဇ နှင့် သာသက်ဆိုင်ပါသည်။ မိမိ အမျိုးထဲမှ အမျိုးသမီးများ နှင့် မိခင်ကို ကြည့်၍ ဆုံးဖြတ်နိုင်ပါသည်။ ရင်သားတွင်ကြွက်သား များမရှိပါ။ ကြွက်သားဖြင့်ဖွဲ့ စည်းထား သော ခန္ဓာကိုယ်အစိတ်အပိုင်းများ ကို ကြွက်သားတက်အောင်လေ့ကျင့် ခန်းလုပ်နိုင်သော်လဲ ရင်သားတွင် အဆီများသာရှိ၍ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် မဖွံ့ ဖြိုးပါ။ ထို့ အပြင် အားကစားသမား များ၏ ရင်သား သေးခြင်းမှာ ကိုယ်ခန္ဓာ တွင်အဆီနည်း ခြင်း ကြောင့်ဖြစ်သည်။ဝသောသူအများစု တွင်ရင်သားပို ကြီးသည်ကို တွေ့ ရမည်။ ရင်သားကြီးဆေးအများစုတွင် အမျိုးသမီးဟော်မုန်း ဓာတ်မြင့်စေသည့် ဓာတုဆေးဝါးများ ပါဝင်သည်။ မည်မျှပင် သဘာဝအပင်များဖြင့် ထုတ်စေကာမူ ဟော်မုန်း ဓာတ်လှုံ့ ဆော်သည့် အပင်များ သုံးထားခြင်းဖြစ်သည်။ ဥပမာ : Pueraria mirifica နှင့် saw palmetto များပါဝင်သည်။ ထိုဓာတ်များသည် သာ ရင်သားအနည်းငယ်ဖွံ့ ဖြိုးစေပါသည်။ သို့ သော် အမျိုးသမီးဟော်မုန်း များသည်ရင်သား ကြီးထွားမှု ဖြစ်မည် မဖြစ်မည် မသေချာသော်လည်း ရင်သားကင်ဆာ ( CA breast) ဖြစ်နိုင်ချေကိုမြင့်တက်စေသည်။ ရင်သားကြီးဆေး များ လုံးဝ မသုံးသင့်သူများကတော့ သွေးအားနည်းသူများ၊ အသည်းမကောင်းသူများ၊ ပန်းနာရင်ကြပ် ၊ ဆီးချိုသွေးချိုသမားများ၊ တက်လွယ်သူများ၊ ခေါင်းကိုက်ဝေဒနာ ရှိသူများ၊ သွေးရောဂါသည်များ၊ Calcium ဓာတ် များသူများ၊ သွေးထဲအဆီများသူ၊ နှလုံးနှင့် သွေးကြော ရောဂါရှိသူများ၊ သွေးကျဲဆေးသုံးနေသူများ၊ အဆုတ်အားမကောင်းသူ၊ ကိုယ်ဝန်ဆောင်များ နှင့် နို့ တိုက်မိခင်များ ဖြစ်ပါတယ်။ ဆိုးကျိုး တွေကတော့ ရင်သားကင်ဆာ၊ ရာသီမမှန်ခြင်း၊ ကလေးမရခြင်း၊ လေဖြတ်နိုင်ခြင်း၊ အဝလွန်ခြင်း နှင့် ကာမဆန္ဒလျော့နည်းခြင်း တို့ ဖြစ်စေနိုင်ပါတယ်။ ထို့ ကြောင့် နိုင်ငံတကာတွင် ငွေကုန်ကြေးကျခံ၍ ဆီလီကွန်ထည့်၍ခွဲစိတ်မှု ခံယူပြီး ရင်သားကြီးအောင်လုပ်နေရခြင်း ဖြစ်ပါသည်။ အဆိုပါဆေးများသာအမှန်တကယ်ထိရောက်လျှင် အသားအနာခံ၍ခွဲစိတ်မှု ပြုလုပ်စရာ တောင်မလို တော့မှာကို စဉ်းစားကြည့်နိုင်ပါသည်။ ထိရောက်မှုမရှိဘဲငွေကုန်ရုံ သာမက လူကိုပါဆိုးရွားစွာ ထိခိုက်စေနိုင်သည့်အတွက် ခန္ဓာကိုယ်ထဲမထည့်မီ ဆင်ခြင်သုံးသပ်နိုင်ရန် အကြံပေး တင်ပြလိုက်ပါတယ်ရှင်။ ။
မှတ်ချက်။ ရင်သားပုံသွင်းဆေးနှင့်ရင်သား ကြီးရန်သောက်သောဆေး 
မတူပါ။ ရင်သား ကြီးဆေး သောက်ခြင်းကိုရည်ညွှန်းပါသည်။
Dr.Marie

credit to သိလိုရာမေး online ဆေးခန်း

No comments:

Post a Comment